Pages

Friday, January 4, 2013

ဗိုလ်ချုပ်ပြောတယ် လွတ်လပ်ပြီဆိုပေမယ့် သောက်ကျင့်တွေပြင်တဲ့

နိုင်ငံတော် လွတ်လပ်ရေး အတွက် အသက်ပေးလှူ ခဲ့ရသော အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အော င် ဆန်း မကျဆုံးမီ ၁၉၄၇ ခုနှစ် ဇွန် ၁၃ ရက်တွင် ရန်ကုန်မြို့တော်ခန်းမ၌ လွတ်လပ်ရေး တည်တံ့ ခိုင်မြဲေ ရးနှင့် တိုင်းရင်းသား စည်း လုံး ညီညွတ်မှု အခိုင်အမာ တည်ဆောက်ရေး၊ နယ်မြေ အေးချမ်း သာယာရေးနှ င့် တရား ဥပဒေ စိုးမိုးရေးတို့ အတွက် ဆူပူ သောင်းကျန်းမှုများ မဖန်တီးရေး၊ မင်းမဲ့စရိုက် ပပျောက်ရေး၊ လွတ်လပ်မှုကို အလွဲသုံးစား မပြုလုပ်ရေးနှင့် တာဝန်သိသိ၊ စည်းကမ်းရှိရှိ နေထိုင်လုပ်ကိုင် ဆောင်ရွက်ရေး တို့နှင့် ပတ်သက်၍ ဗိုလ်ချုပ်၏ မိန့်ခွန်းတွင် 

''လွတ်လပ်ရေး ဆိုတာ စည်းမဲ့ ကမ်းမဲ့ သဘောမျိုး မဟုတ်ဘူး စည်းကမ်းနဲ့ သဘောမျိုးသာ ဖြစ်တယ်၊ စည်းနဲ့ကမ်းနဲ့ ရှိမှသာလျှင် လွတ်လပ် ရေး ဆိုတာ ရှိနိုင်တယ်၊ အဲဒီတော့ လွတ်လပ်ရေး ဆိုတာကို ကျွန်တော်တို့ ရတဲ့ အခါမှာလည်း နားလည် ရမှာက ငါတို့ တိုင်းပြည်ဟာ ပိုပြီး စည်းကမ်းရှိဖို့ လိုတယ်- --'' ''အလုပ်မလုပ် ဘဲနဲ့တော့ လွတ်လပ်ရေး ရပေမယ့် ဘယ်နည်းနဲ့မှ ခင်ဗျားတို့ လွတ်လပ်ရေး အရ သာကို ကျပ်ပြည့်တင်းပြည့် ခံစားရမှာ မဟုတ်ဘူး။ ဘယ်အစိုးရ တက်တက်၊ ကွန်မြူနစ် အစိုးရ တက် တက်၊ ဆိုရှယ်လစ် အစိုးရ တက်တက်၊ ဘာအစိုးရ တက်တက်၊ အဲဒီအလုပ် မလုပ်ဘဲနဲ့တော့ ခင်ဗျားတို့ မဖြစ်ဘူး ဆိုတာကို ကျွန်တော် တထစ်ချ ရဲရဲကြီး ပြောရဲတယ်။ ဒီဗမာပြည်ကို ကျုပ်တို့ လွတ်လပ်ရေး ရတဲ့အခါမှာ ကျုပ်တို့ ဗမာတွေ သာလျှင် ဗမာပြည်ကို ကာကွယ်ရမယ့် တာဝန်ဟာ အဓိကဖြစ်တယ် ၊ ရှေ့ကို လွတ်လပ်ရေး အရသာကို ခံစားစံစား ချင်တယ်ဆိုရင် အလုပ်လုပ်ကြဖို့၊ စည်းကမ်း ရှိကြဖို့၊ ယခုကတည်းက ခင်ဗျားတို့ အကျင့်ဆိုးတွေ၊ ဒီအကျင့်ဟောင်းတွေ၊ သောက်ကျင့်တွေကို ပြင်ကြဖို့ လိုပြီဆိုတာ ကျွန်တော် ကနေ့ ပြောခဲ့ချင်တယ်---''

 စသည်ဖြင့် တစ်တစ်ခွခွ မိမိရရ နောက်ဆုံး အန္တိမ သြဝါဒ စကား ပြောကြားခဲ့သည်။
Zay Phyo
 
No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: