Pages

Friday, January 4, 2013

ဧရာဝတီတံတား (ရတနာသိင်္ဃ)၏ သံပေါင်များ ဧရာဝတီမြစ် အတွင်းမှ ဆယ်ယူခြင်း လုပ်ငန်းတွင် မြန်မာ့ တပ်မတော်(ရေ)မှ ဆက်လက် ပါဝင်ကူညီ ဆောင်ရွက် လျက်ရှိ

၂ဝ၁၂ ခုနှစ် နိုဝင်ဘာ ၁၁ ရက်  နံနက်ပိုင်းက လှုပ်ခတ်သည့် အင်အားပြင်း ငလျင်ဒဏ်ကြောင့် ပျက်စီး ခဲ့သော စစ်ကိုင်းတိုင်း ဒေသကြီး ရွှေဘိုခရိုင် ကျောက်မြောင်းမြို့နယ်ခွဲအတွင်းရှိ ဧရာ ဝတီတံတား (ရတ နာသိင်္ဃ)၏ ၅၉၅ တန်ခန့်ရှိသံမဏိ သံပေါင်များနှင့် အခြား ဆက်စပ် ပစ္စည်းများအား ဧရာဝတီ မြစ်အ တွင်းမှ ဆယ်တင်ခြင်း လုပ်ငန်းများကို ဒီဇင်ဘာ ၁၁ ရက်မှစ၍ မြန်မာ့ တပ်မတော်(ရေ)မှ  အင်တိုက် အား တိုက် ဆက်လက် ဆောင်ရွက် ပေးလျက်ရှိရာ ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်မှ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီ ၁ ရက်အထိ ရေလယ်တိုင်အမှတ် A-16 မှ A-19 ကြားရှိ ရေအောက်ပိုင်း Verical သံပေါင်နှင့် Diagonal သံပေါင်များ  ဆယ်ယူရေး အတွက် ရေငုပ် တပ်ဖွဲ့များဖြင့် လိုအပ်သော ဘိုးနတ်များ ဖြုတ်ခြင်း၊ A-15 မှ A-21 ကြားရှိ တံတား ကိုယ်ထည်အား မတင်ရန် Barge နှစ်စီး ပေါ်တွင် Beam များအထိုင်ချခြင်း၊ A-18 မှ A-21 ကြားရှိ လေအိတ် Air Lift Bag ရှစ်လုံးကို တံတား အောက်ခြေတိုင်တွင် ချိတ်ဆွဲ၍ လေဖိအား သွင်းခြင်း၊ A-17မှ A-21ထိ ရေပေါ်နှင့် ရေအောက်ပိုင်းရှိ vertical သံပေါင်များ ဖြုတ်ယူခြင်း၊ A-18, A-20နှင့် A-21 တို့၏ ရေအောက်ရှိ Diagonal သံပေါင် ခုနစ်ချောင်းနှင့် Diaphram နှစ်စုံအား ဖြုတ်ယူခြင်း၊ Lateralနှင့် Top Chord သံချောင်း၊ သံပေါင်များ ဖြတ်တောက်ခြင်း၊ RP-2 နှင့် A-15မှ A-19 ကြားရှိ တံတား ကြမ်းခင်းများ ဖြတ်တောက်ခြင်း၊ Barge နှစ်စီးအား RP-3 တိုင်ဘက်ခြမ်းသို့ ရွှေ့ပြောင်း ပြင်ဆင်ခြင်း တို့အား ကူညီ ဆောင် ရွက် ပေးနိုင်ခဲ့ပြီး သံပေါင်နှင့် ဆက်စပ် ပစ္စည်းများ ဆယ်တင်မှု ၄၂၅ ဒသမ ၇၄ တန်ခန့် ပြီးစီးခဲ့ကြောင်းနှင့် ရေအောက်ရှိ အပျက်အစီး အပိုင်းအစ ၁၆၉ ဒသမ ၂၆ တန်ခန့်သာ ကျန်ရှိပြီး အမြန်ဆုံး ဆယ်တင် ပြီးစီး နိုင်ရေးအတွက် ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်သူ့ ဆောက်လုပ်ရေး လုပ်ငန်းမှ တံတား တည်ဆောက်ရေး ပညာရှင်များနှင့် ဆက်လက် ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။      
 
MWD
 
No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

ဧရာဝတီတံတား (ရတနာသိင်္ဃ)၏ သံပေါင်များ ဧရာဝတီမြစ် အတွင်းမှ ဆယ်ယူခြင်း လုပ်ငန်းတွင် မြန်မာ့ တပ်မတော်(ရေ)မှ ဆက်လက် ပါဝင်ကူညီ ဆောင်ရွက် လျက်ရှိ

Labels:

၂ဝ၁၂ ခုနှစ် နိုဝင်ဘာ ၁၁ ရက်  နံနက်ပိုင်းက လှုပ်ခတ်သည့် အင်အားပြင်း ငလျင်ဒဏ်ကြောင့် ပျက်စီး ခဲ့သော စစ်ကိုင်းတိုင်း ဒေသကြီး ရွှေဘိုခရိုင် ကျောက်မြောင်းမြို့နယ်ခွဲအတွင်းရှိ ဧရာ ဝတီတံတား (ရတ နာသိင်္ဃ)၏ ၅၉၅ တန်ခန့်ရှိသံမဏိ သံပေါင်များနှင့် အခြား ဆက်စပ် ပစ္စည်းများအား ဧရာဝတီ မြစ်အ တွင်းမှ ဆယ်တင်ခြင်း လုပ်ငန်းများကို ဒီဇင်ဘာ ၁၁ ရက်မှစ၍ မြန်မာ့ တပ်မတော်(ရေ)မှ  အင်တိုက် အား တိုက် ဆက်လက် ဆောင်ရွက် ပေးလျက်ရှိရာ ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်မှ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီ ၁ ရက်အထိ ရေလယ်တိုင်အမှတ် A-16 မှ A-19 ကြားရှိ ရေအောက်ပိုင်း Verical သံပေါင်နှင့် Diagonal သံပေါင်များ  ဆယ်ယူရေး အတွက် ရေငုပ် တပ်ဖွဲ့များဖြင့် လိုအပ်သော ဘိုးနတ်များ ဖြုတ်ခြင်း၊ A-15 မှ A-21 ကြားရှိ တံတား ကိုယ်ထည်အား မတင်ရန် Barge နှစ်စီး ပေါ်တွင် Beam များအထိုင်ချခြင်း၊ A-18 မှ A-21 ကြားရှိ လေအိတ် Air Lift Bag ရှစ်လုံးကို တံတား အောက်ခြေတိုင်တွင် ချိတ်ဆွဲ၍ လေဖိအား သွင်းခြင်း၊ A-17မှ A-21ထိ ရေပေါ်နှင့် ရေအောက်ပိုင်းရှိ vertical သံပေါင်များ ဖြုတ်ယူခြင်း၊ A-18, A-20နှင့် A-21 တို့၏ ရေအောက်ရှိ Diagonal သံပေါင် ခုနစ်ချောင်းနှင့် Diaphram နှစ်စုံအား ဖြုတ်ယူခြင်း၊ Lateralနှင့် Top Chord သံချောင်း၊ သံပေါင်များ ဖြတ်တောက်ခြင်း၊ RP-2 နှင့် A-15မှ A-19 ကြားရှိ တံတား ကြမ်းခင်းများ ဖြတ်တောက်ခြင်း၊ Barge နှစ်စီးအား RP-3 တိုင်ဘက်ခြမ်းသို့ ရွှေ့ပြောင်း ပြင်ဆင်ခြင်း တို့အား ကူညီ ဆောင် ရွက် ပေးနိုင်ခဲ့ပြီး သံပေါင်နှင့် ဆက်စပ် ပစ္စည်းများ ဆယ်တင်မှု ၄၂၅ ဒသမ ၇၄ တန်ခန့် ပြီးစီးခဲ့ကြောင်းနှင့် ရေအောက်ရှိ အပျက်အစီး အပိုင်းအစ ၁၆၉ ဒသမ ၂၆ တန်ခန့်သာ ကျန်ရှိပြီး အမြန်ဆုံး ဆယ်တင် ပြီးစီး နိုင်ရေးအတွက် ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်သူ့ ဆောက်လုပ်ရေး လုပ်ငန်းမှ တံတား တည်ဆောက်ရေး ပညာရှင်များနှင့် ဆက်လက် ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။      
 
MWD
 
0 comments: