မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)မှ ကျင်းပသည့် လုပ်ငန်းလုပ်ဆောင်ချက် သတင်းစာရှင်းလင်းပွဲ အား ဇန်န၀ါရီလ ၁၂ ရက်နေ့က တွေ့ရစဉ်
မီဒီယာသမားများအား တရားစွဲဆိုမည်ဆိုပါက စာနယ်ဇင်းကောင်စီအနေဖြင့်
ကြားဝင်ငြိနှိုင်းပေးမည်ဟု စာနယ် ဇင်းကောင်စီ(ယာယီ) အတွင်းရေးမှူး
ဦးကျော်မင်းဆွေက ပြောပါသည်။
အဆိုပါ ပြောကြားချက်အား ဇန်န၀ါရီလ ၁၂ ရက်နေ့က ရန်ကင်းမြို့နယ်ရှိ
ဘဏ်လုပ်ငန်းရှင်များ အသင်း တွင် ကျင်းပသည့် မြန်မာနိုင်ငံ
စာနယ်ဇင်းကောင်စီ(ယာယီ) ၏ လုပ်ငန်းလုပ်ဆောင်ချက်များ သတင်းစာ ရှင်းလင်း
ပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။
'' ကျွန်တော်တို့အနေနဲ့ သ တင်းမီဒီယာတစ်ခုရဲ့ ဖော်ပြချက်ကို
တရားစွဲမယ်ဆိုရင် တရားစွဲလို သူအေ နနဲ့ ကောင် စီ ကို တင်ပြပါ။ အသိပေးပါ။
ကျွန်တော်တို့အနေနဲ့ ကြားဝင် ညှိနှိုင်းပေးနိုင်ပါမယ်။ အဲ့ဒီအ ချက် က မြန်
မာနို င်ငံရဲ့ သတင်းမီဒီယာတွေကို ကာကွယ်ပေးနိုင်မယ်လို့ ထင်ပါတယ်'' ဟု
ကိုကျော်မင်းေ ဆွ က ပြော ပါ သည်။
လွတ်လပ်သော စာနယ်ဇင်းကောင်စီ ဖြစ်ပေါ်လာရန် ကာလအတန်ကြာ ကြိုးစားခဲ့ရသည့်
စာနယ်ဇင်းေ ကာင် စီသို့ သတင်းမီဒီယာများတွင် ရေးသားဖော်ပြချက်နှင့် ပက်သတ်၍
အစိုးရအဖွဲ့အစည်း ၄ခု၊ ပါတီ တစ်ခု၊ လူပုဂ္ဂိုလ်တစ်ဦးတို့မှ သတင်းဂျာနယ်
၂၉စောင်နှင့် မဂ္ဂဇင်းတစ်စောင်တို့အား တိုင်ကြားမှုများ ရှိ ခဲ့ပြီး ညှိနှို
င်းပေးခဲ့မှုများလည်း ရှိကြောင်း Complaint ကော်မတီတာဝန်ခံ ဦးဖေမြင့်က
ပြောပါသည်။
လက်ရှိကာလတွင် တရားရင်ဆိုင်နေရသည့် လျပ်တပြက်ဂျာနယ် အမှုအတွက်လည်း ကောင်စီမှ
ကူညီ ညှိနှို င်းေ ပး သွားမည်ဖြစ်ကာ လက်ရှိ ကျေအေးလိုက်ပြီးဖြစ်သည့် The
Voice ဂျာနယ်နှင့် သတ္ထုတွင်း ၀န်ကြီး ဋ္ဌာန၏ အမှုတွင်လည်း ကောင်စီအနေ ဖြင့်
ပါဝင်ညှိနှိုင်းမှုများ ပြုလုပ်ပေးခဲ့ကြောင်းလည်း သိရှိရ ပါသည်။
''ညှို့မဂ္ဂဇင်းနဲ့ ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဌာနက ကျွန်တော်တို့ Press
Council ကို တိုင်ကြားတဲ့ သဘောနဲ့ စာပို့လာတာ ရှိပါတယ်။ကျွန်တော်တို့
စာနယ်ဇင်းကောင်စီမှာ ဘာအခွင့်အာဏာမှ မရှိပါဘူး။အဲဒီ မဂ္ဂဇင်းက ပုဂ္ဂိုလ်ကို
ကျွန်တော်တို့ ခေါ်တယ်။သူကလည်း သူ့ဘက်က သဘောထားကို ပြောပါတယ်။
ရုပ်ပုံတစ်ခုသည် ညစ်ညမ်းပုံ ဟုတ်မဟုတ်ဆိုတာ ဘယ်အပေါ်မှာ ကြည့်ရမလဲဆိုတော့
ကျွန်တော်တို့ ကျင် လည်နေတဲ့ ပတ်ဝန်းကျင် လူမှုအသိုင်းပေါ် မူတည်ပါတယ်။
သူကလည်း သူ့ဘာသာသူ ထိန်းသိမ်းပြီး ဆောင်ရွက်မယ်လို့ ကျွန်တော်တို့ကို
ပြောသွားပါတယ်။ ဒီမဂ္ဂဇင်းကို ထုတ်ဝေခွင့် ရုပ်သိမ်းတယ်ဆိုတဲ့ အကြောင်း
သိရပါတယ်။ကျွန်တော်တို့ သဘောကို ပြောရရင် သတိပေးတယ်ဆိုတဲ့ အဆင့်မျိုးရှိရင်
ပိုေ ကာင်း မယ်လို့ ထင်ပါတယ်'' ဟု ဦးဖေမြင့်က ပြောသည်။
စာနယ်ဇင်းသမားများအား ကာကွယ်နိုင်ရန် စာနယ်ဇင်းများ အနေဖြင့် ကျင့်ဝတ်အား
စောင့်ထိန်း လိုက် နာပြီး မှန်မှန်ကန်ကန် လုပ်ကိုင်နေရန် လိုအပ်ပြီး
စာနယ်ဇင်းကောင်စီ ဖွဲ့စည်းပြီးသည့်နောက်တွင် အ ရည် အသွေးမြှင့်တင်ခြင်း
ကျင့်ဝတ်၊စည်းကမ်းထိန်းသိမ်းခြင်း အလုပ်များအား ထိရောက်စွာ
လုပ်ကိုင်နိုင်မှု မရှိသည့် အတွက် ညှို့မဂ္ဂဇင်းအား ပိတ်သိမ်းခြင်း ဂျာနယ်
၆စောင်အား သတိပေးခြင်း လုပ်ငန်းများအား စာပေစိစစ်ေ ရးမှ
လုပ်ကိုင်ခဲ့ကြောင်း ဦးဖေမြင့်က ဆက်လက်ပြောပါသည်။
Weekly Eleven
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။