Pages

Sunday, January 13, 2013

ကေအိုင်အေ ခေါင်းဆောင်များကြောင့် အလှမ်းဝေး နေသော ကချင်ပြည်နယ် ငြိမ်းချမ်းရေး

အစိုးရတပ်များနဲ့ တိုက်ပွဲတွေဖြစ်လာပြီးနောက်ပိုင်း KIA ထိန်းချုပ်မှုအောက်ရှိတဲ့ ရွာတွေက လူအား လုံး လိုင်ဇာမြို့ကို ရွှေ့ခိုင်းပြီး ဒုက္ခသည်များအဖြစ် နေထိုင်စေခဲ့ပါတယ်။ အစပိုင်းမှာတော့ ဆန်နဲ့စားစရာ အသင့် အတင့်ရရှိပြီး အချိန်ကာလကြာမြင့်လာတဲ့နောက်မှာ ထမင်းဝအောင် မစားရတဲ့ အခြေအနေေ တွ ဖြစ်ပေါ်လျက် ရှိပါတယ်။
 
ဒုက္ခသည်စခန်းအတွင်း ရောက်ရှိလာသူများထဲက ကျန်းမာသန်စွမ်း သူအမျိုးသားများကို KIA လက်နက် ကိုင် အဖြစ် ၀င်ရောက်စေပြီး ရှေ့တန်းစစ်ဆင်ရေးနှင့် မိုင်းထောင်ဖောက်ခွဲရေး တာဝန်များ   ပေးအပ်ခဲ့တဲ့ အတွက် တိုက်ပွဲတွေမှာ သေဆုံးသူ၊ ထိခိုင်ဒဏ်ရာရသူအများအပြားရှိနေ၍ ပါဝင်   ဆောင်ရွက်ခြင်း မပြုလိုသော်လည်း ဒုက္ခသည်စခန်းမှာရှိတဲ့ သားသမီး၊ ဇနီး၊ မိသားစုများမှာ KIA ထိန်းချုပ်မှုအောက်မှာ ရှိတဲ့အတွက် ထွက်မပြေး နိုင်တာကြောင့် ဆက်လက်တိုက်ပွဲဝင် နေကြရပါတယ်။ တိုက်ခိုက်မှုတွေ အတွင်း သေဆုံးသွားသူ တွေရဲ့ မိသားစုတွေမှာ မည်သည့် ထောက်ပံ့မှုမှမရဘဲ ဒုက္ခသည် စခန်းမှာ အမှန် တကယ် ဒုက္ခရောက်လျက်ရှိကြောင်း သတင်းများ ရရှိပါတယ်။

မြို့ပေါ် ဒုက္ခသည်စခန်းရောက် အချို့မိသားစုများတွင် ၎င်းတို့၏ ခင်ပွန်းနှင့် သားသမီးအချို့ တိုက်ပွဲတွင် ရာမှာလည်းကောင်း၊ မိုင်းထောင်ရာမှာလည်းကောင်း သေဆုံးမှုများဖြစ်ပေါ်လျက်ရှိရာ လူသိမှာ စိုး၍ ပွင့်လင်းစွာ ပင် ငိုကြွေးနိုင်မှုမရှိကြောင်း၊ ဆုတောင်းပွဲများလည်း မလုပ်ရဲ ဖြစ်နေကြပါတယ်။ KIA နယ်မြေရှိ ဒုက္ခသည် စခန်းမှ မိသားစုများမှလည်း KIA ၏ ထိန်းချုပ်ထားမှု ကြောင့် လည်းကောင်း၊ အသိ မပေးဘဲ လျှို့ဝှက်ထားခြင်း ကြောင့် လည်းကောင်း များစွာဒုက္ခရောက် လျက်ရှိပါတယ်။
 
အစိုးရက ကူညီထောက်ပံ့ပေးနေသော ဒုက္ခသည်စခန်းတွင် ရှိနေသူများမှာလည်း စားသောက်ရေး မှာကူညီ ထောက်ပံ့မှုများကြောင့် အဆင်ပြေနေသော်လည်း ၀င်ငွေရသော စီးပွားရေး မလုပ်နိုင်ခြင်း၊ ကျန်းမာရေး လိုအပ်ချက်များ ရှိလာပါက အခက်အခဲဖြစ်နေခြင်းကြောင့် အရွယ် ရောက်သော မိန်းမပျိုလေး များနှင့် ညဦးပိုင်း နှင့် ညဥ့်နက်ပိုင်းတွင် လုပ်ငန်းခွင်ဝင်၍ ငွေကြေး ရှာဖွေနေရခြင်း၊ လူငယ်များမှလည်း ဖိစီးမှုများကြောင့် မူးယစ် ဆေးဝါးသုံးစွဲခြင်း၊ ပစ္စည်းများခိုးယူခြင်း၊ လုယက်မှုကျူးလွန်နေခြင်းတို့ကြောင့် ညပိုင်းအပြင်သွားလာမှုများ အခက်အခဲနှင့် ကြုံတွေ့ လျက်ရှိ ကြောင်း သိရှိရပါတယ်။ ဒီလိုဖြစ်နေရတာ ဘယ်သူ့ကြောင့်လဲ သေချာကြည့်မယ်ဆိုရင် ကချင် ပြည်နယ် ကိုချစ်ပါတယ်ဆိုတဲ့   ကေအိုင်အေ   ခေါ င်းေ ဆာင်တွေကြောင့်ဖြစ်နေရပါတယ်။ ကချင်ပြည်နယ် ကိုတယ်ဆိုပြီးသူတို့၏ စီးပွားရေး၊ အာဏာရ ရှိရေးတာကြည့်နေတာကြောင့် ငြိမ်းချမ်းရေးနဲ့ အလှမ်း ကွာဝေးနေလျက်ရှိသည်။ 

ကချင်ပြည်နယ်အတွင်း နှစ်ဘက်တိုက်ခိုက်မှုကြောင့် စီးပွားရေး အခက်အခဲဖြစ်ပေါ်ခြင်း၊ မူးယစ်   ဆေး သုံးစွဲ သူများပြားခြင်း၊ မိန်းကလေးများ အကျင့်စာရိတ္တပျက်ပြား ခြင်း၊ ခိုး၊ ဆိုး၊ လုယက်မှု များပြား လာခြင်းကြောင့် အရပ်သားပြည်သူများနှင့် ဒုက္ခသည်စခန်းများမှ ဒုက္ခသည်များ အနေဖြင့် ငြိမ်းချမ်းရေး အမြန်ဆုံးရရှိစေရန် ဆန္ဒရှိကြပါကြောင်း ပြောကြားခဲ့ ပါတယ်။

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: