သမ္မတရဲ့ လွတ်ငြိမ်းခွင့်နဲ့
လွတ်လာကြသူအသီးသီးဟာ အကျဉ်းကျစဉ်က မတွေ့ရသူ မိဘဆွေမျိုးတွေ ၊
လုပ်ဖေါ်ကိုင်ဘက်တွေ ၊ မိတ်ဆွေအပေါင်းအသင်းတွေ နဲ့ တွေ့ကြဆုံကြ ၊
ပြောကြဆိုကြနဲ့ မြင်ရ တဲ့ မြင်ကွင်းတွေဟာ ကြည်နူးစရာပါဘဲ ၊ဒီလို
တွေ့ကြဆုံကြ ပြောကြဆိုကြရာမှာ အဓိက အကြောင်းအရာ ကတော့ ထောင်ထဲမှာ
သူတို့နေခဲ့ရတဲ့အခြေအနေတွေ ၊ အတွေ့အကြုံတွေ ၊ အခက်အခဲတွေ ကို မေးကြမြန်းကြ
ပြောကြဆိုကြတာပါဘဲ ၊ ပြောရဆိုရမှာပေါ့လေ... ထောင်ဆိုတာ ပျော်စရာကောင်းတဲ့
အရပ်မှမဟုတ်တာကိုး ... ၊ အပြင်မှာနေတဲ့ သူတွေကလည်း
သူတို့မရောက်ဘူတဲ့ထောင်ဆိုတာကြီးဟာ ဘယ်လိုပါလိမ့်ဆိုပြီး သိချင်ကြ ရှာမှာ
သဘာဝပါဘဲ ...။
ဒီနေရာမှာ ပြောစရာရှိတာက တချို့က
ဒီထောင်ဆိုတဲ့အကြောင်းကို ပြောဆိုရာမှာ သူ့ရဲ့ခံစားချက်မူရင်း
အတွေ့အကြုံမူရင်းတွေကို ပြန်ဖောက်သည်ချနေပေမယ့် အများစုကတော့
ဒီထောင်ကျတာကိုပဲ အင်မတန်ကြီးမားတဲ့ အံ့ဘွယ်အနစ်နာခံမှုကြီးတစ်ခုလိုလို ၊
ဟိမ၀န္တာ စွန့်စားခန်းကြီးတစ်ခုလိုလို ၊ငရဲပြည်ကနေ ပဲ နေ့ချင်းညချင်း
ပြန်လာသလိုလို ၊ ချဲ့ကားပြောဆိုနေကြတာကိုလည်း တွေ့နေရပါတယ် ၊ဒီလိုလူတွေကို
ရည်ရွယ်ပြီးဒီဆောင်းပါးကို ရေးပါတယ် ။
ဒီပုံလေးကိုကြည့်စမ်းပါဗျာ...ခင်ဗျားတို့
ထောင်ကချက်ပြီးသား အဆင့်သင့် ထမင်းကို မကောင်းပါဘူးလို့ ညီးညူနေချိန်မှာ
ဒီရဲဘော်လေးတွေက ကိုယ်စားဘို့ ဆန်အညံ့စားလေးတွေ ကို ကျောပေါ်လွယ်ပြီးသွား
လာနေရတယ် ၊ ဒီလိုနေရာမျိုးမှာ ထမင်းချက်စားဘို့ဝေးစွ မီးဘယ်လိုမွှေးရ
မလဲတောင် စဉ်းစားလို့မရပါဘူး ဒါပေမယ့် ဒီရဲဘော်တွေက ခင်ဗျားတို့လို
မညည်းဘူး ၊ အော်မနေဘူး ၊ အပြုံးမပျက်ဘူး ။
ကဲဒီပုံကိုလည်း ကြည့်ပါဦး ၊
အန္တရာယ်မများဘူးလား ?..... ထောင်ထဲမှာ အမိုးအကာ နဲ့ ခြောက်ခြောက်သွေ့သွေ့
၊လုံလုံခြုံခြုံ နေနေရတဲ့သူတွေက ကျန်းမာရေးနဲ့မညီညွတ်ဘူး ၊
အင်္ကျီအထူကြီးတွေဝတ်ပြီး ခန္တီးထောင်ကဘယ်လိုအေးတာ တို့ဘာတို့
အော်နေတဲ့သူတွေကို ဒီလို မိုးရေထဲမှာ လနဲ့ချီပြီးနေနေတဲ့သူတွေက
ရယ်နေမှာပေါ့ဗျ မဟုတ်ဘူးလား ...၊ ဒါပေမယ့် ခင်ဗျားတို့လို ခိုညည်း
ညည်းမနေဘူး ၊ ဝေလံခေါင်ဖျားတဲ့ အရပ်တွေကို ပို့ပါတယ်တို့ ၊ မိသားစုနဲ့
ဝေးတယ်တို့ ဒီရဲဘော်တွေပါးစပ်က မပြောကြဘူး ။မကွာဘူးလား ခင်ဗျားတို့နဲ့။
ဒါတောင် ဘယ်အချိန်
ရန်သူကချောင်းပစ်လိုက်မလဲ ၊ ဘယ်အချိန် မိုင်းတက်နင်းလိုက်မလဲဆိုတာ
တထင့်ထင့်နဲ့ သွားနေလာနေရတဲ့ စိုးရိမ်စိတ်မပါသေးဘူး...။
ခင်ဗျားတို့ ထောင်ထဲမှာ
လမ်းလျှာက်ချိန်နည်းလို့ ၊ လမ်းလျှောက်ရတဲ့ဧရိယာ ကျဉ်းလို့တိုလို့
ဆူပူအော်ဟစ်နေကြပေမယ့် မိုးရွာရင်စိုလိုက် ၊ နေပူရင်ခြောက်လိုက် ၊
ချောင်းဖြတ်ရင်စိုလိုက် ၊ မဖြတ်တာကြာရင်ပြန်ခြောက်လိုက်နဲ့
တစ်နေ့မိုင်ပေါင်းများစွာနဲ့ နေ့စဉ် လမ်းလျှောက်နေရတဲ့
ဒီခြေထောက်ပိုင်ရှင်တွေကတော့ ရယ်နေကြတယ် ။
ဒါ မြန်မာ့တပ်မတော်က
ရှေ့တန်းစခန်းကလေးတစ်ခုပါဘဲ...ဘယ်မှာများ စားရသောက်ရ နေရထိုင်ရတာ
ကျန်းမာရေးနဲ့ ညီညွတ်ပါ့မလဲ ၊ ဘယ်မှာလာပြီး အဟာရဖြစ်ပါ့မလဲ ၊ဘယ်မှာလာပြီး
သောက်ရေသန့်တွေ ရပါ့မလဲ ၊ ဘယ်မှာလာပြီးဂျာနယ်ဖတ်ရပါ့မလဲ ၊ ဘယ်မှာလာပြီး
လုံခြုံမှုရှိပါ့မလဲ ၊ ဒါပေမယ့် သူတို့တွေ စစ်သားအခွင့်အရေးဆူံးရှုံးနေပါတယ် ၊
စာအုပ်ထဲမှာပါတဲ့ စစ်သားအခွင့်အရေးတွေမရ ဘူးဆိုပြီး အစာအငတ်ခံ ဆန္ဒပြတာများ
တစ်ခါတစ်လေ ကြားဘူးကြသလား ၊ ထောင်ထဲကနေ အကျဉ်းသား အခွင့်အရေးမရလို့
အော်နေတဲ့သူတွေကို ဒီစစ်သည်လေးတွေက ပြုံးနေမှာပေါ့ဗျာ... မဟုတ်ဘူးလား ။
ဒါ တပ်မတော်စစ်ကြောင်းတစ်ခု
ချီတက်နေတဲ့ပုံပါ ၊ ကြည့်ပါဦးဗျာ.. နေ့စဉ် ရာသီဥတုဒဏ်ခံနေရတော့
အ၀တ်အစားတွေ ၊ စစ်ဘိနပ်တွေ ၊ ချပ်ဝတ်တန်ဆာတွေဟာ မကောင်းနိုင်တော့ပါဘူး ... ၊
စုတ်ပြတ်နေတာပါဘဲ ... ၊ သူတို့လဲ လူတွေပဲ ... အမေရိကန် မရိန်းတပ်သားတွေလို
သွားချင်တဲ့နေရာကို ရဟတ်ယာဉ်ကြီးတွေ နဲ့သွား ၊ လေယာဉ်တွေနဲ့
လာချပေးတဲ့စည်သွတ်ဘူးတွေစား ၊ ဂြိုလ်တု ဆက်သွယ်ရေးတွေပါတဲ့ ခေတ်မီ
ချပ်ဝပ်တန်ဆာတွေနဲ့ သွားရရင် ကောင်းမှန်း သိတာပေါ့ ... ၊ ဒါပေမယ့်
တိုင်းပြည်ဆင်းရဲနေတော့ ပြောမထွက်ဘူး ၊ မတောင်းရက်ဘူး ၊ ဆင်းရဲတဲ့ မိဘဆီက
မရနိုင်တာတွေတောင်းပြီး မိဘကို စိတ်ဆင်းရဲစေမယ့် အလုပ်တွေ
သူတို့မလုပ်ဘူး...၊ ဘာလို့လဲဆိုတော့ ပေးဆပ်နေရတာကို ဂုဏ်ယူနေကြတာကိုး...။
ဒီလိုဖြစ်နေတာတောင်
စစ်အသုံးစရိတ်များနေပါတယ်တို့ ထပ်လျော့ရမယ်တို့ ပြောနေတဲ့ ခင်ဗျားတို့ကို
မေတ္တာ မပျက်ဘူး ၊ စစ်ခွေးလို့ခေါ်လဲ အပြုံးမပျက်ဘူး ၊ ခင်ဗျားတို့ရဲ့
ထောင်တွင်းဟိမ၀န္တာ စွန့်စားခန်းတွေကို ပြည်ပအသံလွှင့်
ဌာနတွေကတစ်ဆင့်နားထောင်ရင်း သူတို့ ပြုံးနေကြတယ် ၊ လှောင်ပြုံးမဟုတ်ပါဘူး
... ပေးဆပ်သူတို့ရဲ့အပြုံး ၊ နှလုံးလှသူတို့ရဲ့ အပြုံးတွေနဲ့ပါ.....။
ဒေါက်တာဆိတ်ဖွား
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။