ဒီရက်ပိုင်းသတင်းတွေထဲမှာထိပ်တန်းရောက်နေတဲ့သတင်းကတော့
ကချင်ပြည်နယ်တိုက်ပွဲ သတင်းတွေ ပါပဲ.....၊ ဒီသတင်းတွေထဲမှာမှ
ထပ်ပြီးလူစိတ်ဝင်စားနေတာက KIA ကတပ်မတော်သားနဲ့ ရဲတပ်ဖွဲ့ ၀င် သုံ့ပန်း ၃၀
ကို ၈၈ မျိုးဆက်ကျောင်းသားတွေကနေတဆင့် လွှဲပေးမယ် ဆိုတဲ့သတင်းပါပဲ
...ဒီသတင်းကိုကြားရသူတွေအပေါင်းကလည်း လူအမျိုးမျိုးစိတ်အထွေထွေဆိုသလို
အမျိုးမျိုးတွေးကြတယ် ။ပြည်တွင်းကစစ်ပွဲတွေရဲ့သဘောကိုနားလည်သဘောပေါက်ပြီး
အဖြစ်မှန်ကိုတွေးနိုင်တဲ့သူအနည်းစု ရှိပေမယ့် အများစုကတော့ အဖမ်းခံရတဲ့
တပ်မတော်သားတွေ ရဲတပ်ဖွဲ့ဝင်တွေ အရေအတွက်ကိုကြည့်ပြီး တပ်မတော်ဘက်က
စစ်ရေးကျွမ်းကျင်မှုမရှိပဲ KIA ဘက်ကပဲ စစ်ရေးအသာစီးရနေသယောင် ထင်သွားကြတယ် ၊
စစ်တပ်ဖြစ်ပြီးဒီလောက်တောင်အဖမ်းခံရလားကွာဆိုပြီးမချိတင်ကဲ ဖြစ်သူတွေ
လည်းရှိသလို ၊ စစ်တပ်ကကောင်တွေခံရတာကောင်းတယ် ဆိုပြီး
အားရ၀မ်းသာဖြစ်သူတွေလည်းရှိတယ် ၊ စိတ်မကောင်းစရာကောင်းတာက
အဲဒီနောက်ဆုံးအမျိုးအစားထဲမှာ မီဒီယာအချို့လည်းပါနေတယ် ။
ပုလင်းတူဗူးဆို့
တပ်မတော်သားတွေကို KIA ကဘာလို့
အလွယ်တကူဖဖ်းသွားနိုင်တာလဲ ဆိုတာပြန်သုံးသပ်ကြည့်ရင် အဓိက အကြောင်း ( ၃ )
ခုတွေ့ရတယ် ။ ပထမဦးဆုံးတစ်ခုကတော့ အရင်စစ်အစိုးရ လက်ထက် KIA နဲ့
ငြိမ်းချမ်းရေးယူထားတုန်းက စစ်သားတွေနဲ့ KIA တပ်ဖွဲ့တွေဟာ အကောက်အတူတူကောက်
၊ အတူတူခွဲယူ ၊ အတူတူသောက် အတူတူစား ၊ တစ်ယောက်နဲကတစ်ယောက် ယောက်ဖချင်း
ထပ်အောင်ခေါ်ပြီး ပုလင်းတူဗူးဆို့ဆိုသလို နေခဲ့ထိုင်ခဲ့ကြတဲ့သူတွေဖြစ်တယ် ။
ခု လိုင်ဇာကိုသွားတဲ့လမ်းက ရွှေညောင်ပင် ဆိုတဲ့အရပ်မှာ တာဝန်ကျတဲ့ တပ်ဟာ
အင်မတန် ကိုဝင်ငွေကောင်းတယ်လို့ ကြားဘူးတယ် ၊ တချို့အရာရှိတွေဆိုရင်
အဲဒီမှာတာဝန်ကျဘို့ ကကထူးကို ငွေအမြောက်အများဆိုသလို ပေးကမ်းပြီး
လဘ်ထိုးရတယ်လို့ ဆိုတယ် ။ ဘယ်လောက်ပဲကုန်ကုန် အဲဒီမှာ တာဝန်ကျလိုက်ရင် ၂
လလောက်ဆို အကုန်ကျေဆိုပဲ ၊ ဆိုလိုချင်တာက အဲဒီနယ်မြေထဲမှာ KIA နဲ့စစ်တပ်ဟာ
လုံးထွေးနေတယ် ၊ အဲဒီလိုအခြေအနေကနေ ရုတ်တရက် ဆိုသလို စစ်တပ်နဲ့ KIA ဟာ
အခြေအနေတင်းလည်းတင်းမာလာရော အဲဒီပုလင်းတူဗူးဆို့ချင်း ဖမ်းသွားလို့
သေနတ်တစ်ချက်မှမဖေါက်ရပဲ ပါသွားတဲ့သူတွေ အများအပြားရှိတယ် ။
အခြေအနေတင်းမာလာပြီး မကြာခင်မှာ စစ်တပ်ဟာ
တပ်နေရာအရွှေ့အပြောင်းတွေ လုပ်တယ် ၊ ပြည်မက တပ်တွေကိုအင်အားထပ်ဖြည့်တယ် ၊
ကချင်ဒေသမှာရှိတဲ့ ရွာတွေအကုန်လုံးဟာ KIA တပ်ဖွဲ့တွေနဲ့
တချို့မိသားစုဝင်တွေ ၊ တချို့ ဆွေမျိုးသားချင်းတွေ စသည်ဖြင့်
တနည်းမဟုတ်တနည်းဆက်စပ် ပတ်သက်နေကြတယ် ၊ ပြောချင်တာက ခုမှ ပြည်မကတက်လာတဲ့
တပ်တွေဟာ KIA သတင်းဘယ်လိုမှမရနိုင်ဘူး ကိုယ့်ဆွေမျိုးသားချင်း
မိသားစုဝင်တွေကို ဘယ်သူက သေတွင်းထဲပို့ပါ့မလဲလေ.... ။ KIA ဆိုတာကလည်း
ဂြိုလ်ပါတာ မဟုတ်တော့ သေနတ်မကိုင်ထားရင် ကိုယ့်အနားရောက်နေတာတောင် KIA
မှန်းမသိနိုင်ဘူး ၊ ဒီလိုနဲ့ အခြားတစ်ဘက်မှာကျတော့ တပ်ကသတင်းတွေကို KIA က
ဒီရွာသားတွေ သူ့အထောက်တော်တွေကနေတဆင့်အတိအကျသိနေပြန်တယ် ၊ တပ်ကစခန်းချရင်
စစ်ကြောင်းရဲ့ပတ်လည် ၀င်လမ်းထွက်လမ်းလေးတွေမှာ အဖွဲ့ငယ်လေးတွေနဲ့
လုံခြုံရေးချလေ့ရှိတယ် ၊ လက်ရှိတပ်အင်အားအခြေအနေအရ အဲဒီအဖွဲ့ငယ်လေးတွေဟာ ၅
ယောက်ထက်မပိုဘူး ၊ အဲဒီလို ကင်းစခန်းငယ်လေးနေရာကိုအတိအကျသိနေတဲ့ KIA
ကအလစ်အငိုက်မှာဝင်စီးပြီး ဆွဲသွားလို့ ပါသွားတာတွေရှိတယ်
။ဒီလိုပါသွားပြီဆိုတာနဲ့ တပ်ကဒီရွာကလက်ထောက်ချတာပဲဆိုပြီး
ရွာမှာရှိတဲ့လူတွေကို အတင်းစစ်လားဆေးလားလုပ်ပြီး
မိမိတပ်ဖွဲ့ဝင်တွေကယ်တင်ဘို့လုပ်လေ့ရှိတာမို့
ရွာနားမှာတစ်ခုခုဖြစ်ပြီဆိုတာနဲ့ ရွာသားတွေဟာ ပြေးတော့တာပဲ ဒီလိုနဲ့
တိုက်ပွဲဧရိယာ ကျယ်ပြန့်လာတာနဲ့အမျှဒုက္ခသည်စခန်းတွေမှာလူတွေများလာတာဖြစ်တယ်
။ ဒါဒုတိယအချက်ဖြစ်တယ် ။
တတိယ တစ်မျိုးကတော့ တိုက်ပွဲတွေမှာ
အဖမ်းခံရတာဖြစ်တယ် ၊ ဒါကလည်း ဒုတိယအချက်နဲ့ ဆက်စပ်နေတယ် ၊ တပ်တွေရဲ့ အင်အား
၊လက်နက် ၊ ခေါင်းဆောင် ၊တပ်လှုပ်ရှားမှုတွေကို အတိအကျသိနေတဲ့ KIA
တပ်ဖွဲ့တွေဟာ သူတို့ကျွမ်းကျင်လှတဲ့နယ်မြေထဲမှာ ဘယ်နားကစောင့်တိုက်ရင်
ဘယ်လိုဆိုတာ အသေအချာစီစဉ်ပြီးတိုက်ဖို့ အခွင့်အရေး အသာစီး၇နေတာမို့
ဒီလိုချုံခိုတိုက်ခိုက်မှုတွေကနေ အဖမ်းခံရတာဖြစ်တယ် ။ စစ်ကြောင်းတစ်ခုဟာ
တစ်ဘက်ကအပိုင်စောင့်ပြီးအတိုက်ခံရပြီဆိုရင် ရုတ်တရက် ပြန်ခုခံဘို့ဆိုတာ
တကယ့်မြေပြင်မှာ လွယ်တာမဟုတ်ဘူး ၊ ရုပ်ရှင်တွေထဲမှာလို ဗိုလ်လုပ်တဲ့သူက
ရဲဘော်တို့ တက် ၊ ရှေ့မှာရန်သူ ၊ ဟိုနေရာကို 40mm နဲ့ပစ် ၊ ဒီနေရာကိုတော့
BA 100 နဲ့ထောက် ဘာညာ လုပ်နိုင်တာမဟုတ်ဘူး ၊ စစ်ကြောင်းကိုခါးလည်လောက်က
အတိုက်ခံရပြီဆိုတာနဲ့ အဲဒီစစ်ကြောင်းကြီးဟာ သူ့သဘောသူဆောင်
ကိုယ့်သဘောကိုယ်ဆောင်ဖြစ်ကုန်ကြတာ ၊ သေနတ်သံကြားတဲ့ဘက်ကို
စွတ်ပြီးပြန်ပစ်ကုန်ကြတာ ၊ ဘယ်သူ့အမိန့်မှစောင့်နေတာမဟုတ်ဘူး ၊
နီးစပ်ရာအကာအကွယ်ရှိတဲ့နေရာတွေကို အလိုလိုရောက်ကုန်ကြတာ ၊
အဲဒီလိုကစဥ့်ကလျား ဖြစ်နေချိန်မှာ တစ်ဘက်က အပိုင်စောင့်နေတဲ့သူက
အသာစီးရပြီး ကျွံထွက်လာတဲ့သူတွေ ၊ ကွဲထွက်လာတဲ့သူတွေကို
ဖမ်းမိကုန်တာဖြစ်တယ် ။
ဒီလိုဖြစ်ဖြစ်နေတော့ ဒါမျိုးကို ဘယ်လိုမှမတတ်နိုင်တော့ဘူးလားလို့မေးရင် နည်းတွေတော့ရှိတာပေါ့လေ ထင်ရှားပြီးလူသိများတာကတော့ လူသားတံတိုင်းတွေပေါ့ ၊ ရွာတစ်ရွာကိုအခြေပြုမိပြီဆိုတာနဲ့ ရွာထဲကလူတွေ အ၀င်အထွက်ပိတ်လိုက် ၊ ပြီးရင် အဲဒီလူတွေကို တပ်တွေနဲ့ရောထားလိုက် ၊ ဘယ်သူမှလာမပစ်တော့ဘူး ၊ နောက် တနေရာကနေတစ်နေရာကိုကူးရင် ဒီဘက်ရွာကလူတွေကိုစစ်ကြောင်းတွေ ကြားမှာညှပ်ခေါ်သွား ဟိုဘက်ရောက်မှပြန်လွှတ် ဒီလိုလုပ်ရင် ရသားပဲ.... ၊ ကိုယ့်တပ်တစ်ခုခုအပစ်ခံရပြီဆို ရန်သူဘက်ကခေါင်းဆောင်စုံစမ်း ၊ရပြီဆိုတာနဲ့ သူ့ဆွေမျိုးတွေရှိတဲ့ရွာတွေဝင် ၊ မ၀င်ရင်လဲလက်နက်ကြီးနဲ့ထု ဘယ်မှာလာနောက်ချောင်းပစ်ရဲမလဲ ၊ ဘာမဆိုင်ညာမဆိုင်ဒေသခံတွေ ခံနေရမှာစိုးလို့ တပ်ကကိုယ့်တပ်တွေချည်းပဲ လှုပ်ရှားနေရာကနေ ခုလိုဖြစ်နေတယ်ဆိုတာ သိရုံလောက်လေး ရေးလိုက်ပါတယ် ။
တခြားသူတွေအသက်အတွက် ကိုယ့်အသက်ကိုပေးရဲတဲ့သူတွေကိုမှ မြင့်မြတ်တဲ့သူတွေလို့မခေါ်ရင် ကျွန်တော်တို့ ဘယ်သူ့ကိုခေါ်ကြမလဲဗျာ.....
ရဲဘော်တို့ဘေးရန်ကင်းကွာ ကျန်းမာကြပါစေ...........
ဒီလိုဖြစ်ဖြစ်နေတော့ ဒါမျိုးကို ဘယ်လိုမှမတတ်နိုင်တော့ဘူးလားလို့မေးရင် နည်းတွေတော့ရှိတာပေါ့လေ ထင်ရှားပြီးလူသိများတာကတော့ လူသားတံတိုင်းတွေပေါ့ ၊ ရွာတစ်ရွာကိုအခြေပြုမိပြီဆိုတာနဲ့ ရွာထဲကလူတွေ အ၀င်အထွက်ပိတ်လိုက် ၊ ပြီးရင် အဲဒီလူတွေကို တပ်တွေနဲ့ရောထားလိုက် ၊ ဘယ်သူမှလာမပစ်တော့ဘူး ၊ နောက် တနေရာကနေတစ်နေရာကိုကူးရင် ဒီဘက်ရွာကလူတွေကိုစစ်ကြောင်းတွေ ကြားမှာညှပ်ခေါ်သွား ဟိုဘက်ရောက်မှပြန်လွှတ် ဒီလိုလုပ်ရင် ရသားပဲ.... ၊ ကိုယ့်တပ်တစ်ခုခုအပစ်ခံရပြီဆို ရန်သူဘက်ကခေါင်းဆောင်စုံစမ်း ၊ရပြီဆိုတာနဲ့ သူ့ဆွေမျိုးတွေရှိတဲ့ရွာတွေဝင် ၊ မ၀င်ရင်လဲလက်နက်ကြီးနဲ့ထု ဘယ်မှာလာနောက်ချောင်းပစ်ရဲမလဲ ၊ ဘာမဆိုင်ညာမဆိုင်ဒေသခံတွေ ခံနေရမှာစိုးလို့ တပ်ကကိုယ့်တပ်တွေချည်းပဲ လှုပ်ရှားနေရာကနေ ခုလိုဖြစ်နေတယ်ဆိုတာ သိရုံလောက်လေး ရေးလိုက်ပါတယ် ။
တခြားသူတွေအသက်အတွက် ကိုယ့်အသက်ကိုပေးရဲတဲ့သူတွေကိုမှ မြင့်မြတ်တဲ့သူတွေလို့မခေါ်ရင် ကျွန်တော်တို့ ဘယ်သူ့ကိုခေါ်ကြမလဲဗျာ.....
ရဲဘော်တို့ဘေးရန်ကင်းကွာ ကျန်းမာကြပါစေ...........
ဒေါက်တာဆိတ်ဖွား
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။