Pages

Saturday, January 5, 2013

စိုးရိမ်မိတယ် စုကြည်ရယ်

မယောင်ရာဆီလူး အာလေးနဲ့တင်နိုင်ငံရေးအမြတ်ထုတ်မယ့် မယ်တော်ကြီးဒေါ်စုရဲ့ပါတီဝင် များဆန္ဒပြပုံ ကိုအံ့သြ၍မဆုံးဖြစ်မိပါတယ်။ ကချင်ပြည်နယ်မှာဖြစ်နေတဲ့စစ်ပွဲများသည် KIA တို့ဘက်မှ ပြည်သူ တို့ ၏ အသက်အိုးအိမ်စည်းစိမ်ကိုပါထိခိုက် တိုက်ခိုက်လာသည့်အတွက် တပ်မတော်မှစစ်ရေးအရ တုံ့ပြန်တိုက်ခို က်နေရခြင်းဖြစ်ပါတယ်။ ဒါပေမယ့် အစိုးရအတိုက်အခံများကတော့ အခြေကျကျသိပေမယ့် နိုင်ငံရေးအမြ တ် ထုတ်လိုဇောနှင့် စစ်ပွဲတွေကိုပဲမနှစ်သက်လို့ရပ်ခိုင်းသလိုလို၊ ကချင်ပြည်သူတွေကိုပဲစာ နာလို့တားမြစ် သလို လိုလုပ်လာပါတယ်။
 
အကယ်၍သာ ကချင်ပြည်နယ်က တိုက်ပွဲများမဖြစ်စေလိုပါက KIA တို့အား မိုင်းထောင်ဖောက်ခွဲခြင်း၊ ရထားလမ်းကားလမ်းတံတားများဖျက်စီးခြင်း၊ တပ်မတော်ဘက် သို့ထိုးစစ်များဆင်နွှဲခြင်း၊ ကချင်တိုင်းရင်း သားဒုက္ခသည်များအား အနှောင့်အယှက်ပေးခြင်း၊ ကချင်ပြည်သူများကိုမိုင်းထောင်ဗုံးခွဲသတ်ဖြတ်ခြင်း စသည့်လုပ်ရပ်တို့ကိုမလုပ်စေရန်သာအရင်ရပ်တန့် ခိုင်းလိုက်ပါ။ ကချင် ပြည်နယ် ဟာ ချက်ခြင်းငြိမ်းချမ်း သွားပါလိမ့်မည်။ထိုသို့ လည်း မလုပ် လုပ်ပြန်တော့ လည်းေ-ာက်တလွဲ မြောက်ပိုင်း ကချင်မှာ ဖြစ်တဲ့ စစ်ပွဲကို တောင်ပိုင်း ကော့သောင်းမြို့မှာ ဆန္ဒပြတာ For Show ကြီးဖြစ်နေမှန်းသိသာလွန်း လှ ပါတယ်။ ကချင်ပြည်နယ်မှာ NLD ရုံးခွဲဖွင့်လှစ်မထားဘူးဆိုလျင် တော့တစ်မျိုးတစ်ဖုံဖြစ်နိုင်ပါသေးတယ်။ သို့သော် NLD ပါတီဝင်ခြင်းအတူတူ အခြား မြို့နယ်တွေက ပါတီ ၀င်တွေက ကချင်စစ်ပွဲများကိုမရပ်တန့်စေ ချင် တာလား ကချင်ပြည်နယ်ကတိုက်ပွဲတွေကြားမှာ ဆန္ဒမပြ ရဲလို့လား မသိတော့ပါ။ ငြိမ်းချမ်းစွာ စီတန်း လှည့် လည်ပြီး တပ်မတော်နှင့် KIA စစ်မျက်နှာကြားသွား၍ ဆန္ဒပြကြပါလား။

ဒါမှမဟုတ် လိုင်ဇာထိသွားပြီးဆန္ဒပြကြပါလား။ ဒါမှမဟုတ်ရင်လည်း  (၈၈) မျိုးဆက် ကိုမြအေးတို့လို လိုင်ဇာ ထိသွားပြီးဂမ်ရှောင်တို့ ဂွမ်မော်တို့နှင့် တိုးတိုးတိတ်တိတ်ကြံစီပြီးနိုင်ငံ ရေး အမြတ်ထုတ် တာမှ နည်းနည်း လောက်ကြားကောင်း ပါအုံးမယ်။မယ်တော်ကြီး ဒေါ်စု မယ် လည်း ခုမှ ခြံထဲက လွှတ်လိုက်တဲ့ နွားမ အလကားမနေရသလို ကချင်ဘက်လည်းမလှည့်နိုင်ဘူး၊ ရခိုင်ကျတော့ လည်းဥရောပသွား၊ ကျေး နီတောင်လည်းအဖြေကတိတိကျကျမထွက်သေး ဟိုစပ်စပ်ဒီစပ်စပ်နှင့် ပဲပိစပ် ဖြစ်နေပါပြီ။ ဒါနဲ့များသမ္မတ က လုပ်ချင်သေးတယ်။

ကျေးနီတောင်ကိစ္စလောက်ကိုတောင် အချိန်တော် တော်ကြာ မဖြေရှင်းနိုင်သေးတာ သမ္မတလုပ်ချင်သေး တယ်။ အောက်ကလူတွေကလည်း သားသမီးပီသ လွန်းတော့ မြောက်ဖျားက စစ်ပွဲကို တောင်ဖျားမှာ သွားဆန္ဒပြလေသတဲ့။ ဒီပါတီနဲ့ဒီဥက္ကဌ ရီလည်းရီရပါ တယ်။ ဒေါ်စုကြည်သာ သမ္မတဖြစ်လျင်ေ တာ့ နိုင်ငံ ကြီး ဇောက်ထိုးမိုးမျှော် ဖြစ်ကုန်မှာ စိုးရိမ်မိ ပါသေးတယ် ဒေါ်စုကြည်ရယ်။
 
သဘာဝမြေ

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: