Pages

Wednesday, December 19, 2012

“““ KIA ၏ စွမ်းအားကောင်း မီဒီယာ လက်နက်တွင် အကျဆုံးများ နေသော ဗမာ စစ်သားများ ”””

၂၀၁၁ခုနှစ်၆လပိုင်း လောက်ကစပြီး ရေအားလျှပ်စစ်ကို အကြောင်းပြုပြီးတိုက်ပွဲတွေ ဖြစ်လာနေတာ ၁နှစ် ခွဲကျော်လို့ ၂နှစ်ထဲရောက်လာနေပါသည်။ ငြိမ်းချမ်းရေးတွေ ဆွေးနွေးမှုတွေ အကြိမ်ကြိမ် ပြု လုပ်ေ နပေ မယ့်လဲ ငြိမ်းချမ်းရေးမရရှိသေးကြပါဘူး။ သတင်းဆိုဒ်တွေကိုဘဲကြည့်ကြည့် facebookတွေကိုဘဲကြည့် ကြည့် အစိုးရတပ် တွေက ဓာတုလက်နက်တွေသုံးတယ်၊ ရွာသားတွေကို အတင်းအဓမ္မနှိပ်စက် တယ်၊ နှိပ် စက်တယ်ဆိုတဲ့သတင်းတွေ ဒီစစ်ပွဲတွေက အစိုးရတပ်တွေ လုပ်လို့ဖြစ်နေရတယ် အစိုးရတပ်တွေက က ချင် ကိုကျူးကျော်နေတယ်ဆိုတာဘဲ မြင်တွေ့နေရပါတယ်။ အခုလဲ အစိုးရတပ်တွေက ဟက်စကီးတွေနဲ့ တိုက်နေ တယ်။ ကေအိုင်အေက ပြန်ပစ်လို့ ဟက်စကီး ပျက်ကျတယ်။ 

ဗမာစစ်သားတွေဘယ်လောက်သေတယ်။ ဘယ်လောက်ထိခိုက်တယ်။ ဒဏ်ရာရတဲ့သူ တွေတောင် ပုံရာ ပုံဘဲဆိုပြီး သတင်းတွေ ပုံတွေဗွီဒီယိုဖိုင်တွေက ပလူပျံတောင်ကို တွေ့နေရပြန်ပါတယ်။ အမှန် တကယ်ဘဲဖြ စ်ေ နတာလား။ ၀ါဒဖြန့်နေတာလားဆိုတာကို သေချာစဉ်းစားဖို့လိုနေပါပြီ။
 
အခုရက်ပိုင်းမှာလဲ တရုတ်နယ်စပ်တို့ မိုင်ဂျာယန်တို့လဂျားယန်တို့မှာ တိုက်ပွဲတွေအပြင်းအထန်ဖြစ်နေ ပါတယ်။ အဲဒီတိုက်ပွဲမှာလဲ ဗမာစစ်တပ်က (၁၇)ဦးသေ(၁၀)ဦးအပြင်အထန်ထိခိုက်(၁၀)ယောက်အဖမ်းခံရ ဆိုတာကြားသိရပါတယ်။ ဒါပေမယ့်လဲ သတင်းတွေမှာ ကေအိုင်အေက ဘာမှမဖြစ်ဘူးလားတော့မသိဘူး ဘာမှကို မမြင်တွေ့ရပါဘူး။ ဗမာတပ်က ဘာတွေနဲ့ပစ်လို့လဲတော့မသိဘူးနော် ကေအိုင်အေက မထိခိုက် မသေဘူးဆိုတော့ ဒါမှမဟုတ်ကေအိုင်အေက စက်ရုပ်တွေဖြစ်နေလို့လား စဉ်းစားစရာတွေဖြစ်နေ ရပါ တယ်။ တောင်ယာလုပ်တဲ့သူတွေ၊ ကျောက်လုပ်သမားတွေ၊ ရွှေလုပ်သားတွေနဲ့ ကျောင်းသား တွေ ပါ ကျန် ကချင်ပြည်နယ်ကိုကာကွယ်ဖို့ဆိုပြီး လက်နက်ကိုင်ခိုင်းပြီး ရက်အနည်းငယ်သာ လေ့ကျင့်ပြီး တိုက်ခို င်းနေ ပါတယ်။ သူတို့လူသစ်စုဆောင်တဲ့နေရာမှာ မိန်းကလေးတွေကိုပါ စုဆောင်းနေပါတယ်။ 

သတင်းတွေမှာတော့ ကေအိုင်အေတွေက လူဖမ်းတာ၊ ငွေတောင်း၊ ဆန်တောင်း၊ စပါးတောင်းတာ မတွေ့ရ ပါဘူး။ 
      
လိုင်ဇာမှာရှိတဲ့ ဆေးရုံမှာတော့ သေနတ်ဒဏ်ရာနဲ့ လူတွေပြည့်နှက်နေတာပါဘဲ နေရာမလော က် လို့ေ တာင် ဆေးရုံမှာ အဖီတဲလေးတွေနဲ့ထားနေရပါတယ်။ ဆေးဝါး တွေလဲလုံလောက်မှုမရှိ၊ ပတ်တီးတောင်း မရှိလို့ ကိုယ့်ပုဆိုး စုတ်ကို ပြန်ပြီး စည်းနေရတဲ့အနေအထားတွေ တောင် ရှိနေပါတယ်။ ကေအိုင်ေ အ ခေါ င်းဆောင်တွေနဲ့ ပိုက်ဆံ ရှိတဲ့သူတွေက ကိုယ့်ပိုက်ဆံနဲ့ကိုယ် တရုတ်ကဆေးရုံ တွေမှာသွား ကုနေရ ပါတ ယ်။ တိုက်ပွဲဖြစ်နေတာဘဲ တစ်ဖက်နဲ့ တစ်ဖက် ပန်းနဲ့ပေါက်နေတာမှမဟုတ်တာ သေမယ်ပြတ်မယ်ဆိုတာ ရှိတာမဆန်းပေမယ့် သေချာလေ့ကျင့်ထားတဲ့ ဗမာစစ်တပ်က လူတွေကဘဲထိခိုက်ကျဆုံးနေပြီး တွေ့သမျှ လူတွေ ကုလားတွေပါမကျန် ခေါ်ပြီး သေနတ်ကိုင်ပြီး အနည်းငယ်သာ လေ့ကျင့်မှုတွေလုပ်ပြီး တိုက်ခိုက်တဲ့ သူတွေကျတော့ မထိခိုက်ဘူး မသေဘူးအနည်းငယ်ဆိုတာ ဖြစ်နိုင်မလား။ အခုရက်ပိုင်းက တိုက်ပွဲတွေ ပိုပြင်း ထန်လာပါတယ်။ ဗမာစစ်တပ်ကသူ့ဘာသာသူ ဆန်တွေပို့တာကို ချောင်းပြီးတော့ တိုက်တယ်နေ တာ ရပ်ကွက်ထဲ ယှဉ်ပြိုင်ပြီးမထိုးရဲလို့ မှောင်ရိပ်ထဲက ချောင်းရိုက်တဲ့ပုံစံ မိန်းမကျင့် မိန်းမဥာဏ်တွေနဲ့ လုပ်ဆောင်နေတာတွေ့ရပါတယ်။ 
 
အဲဒါကြောင့် ဗမာစစ်တပ်က ကေအိုင်အေရဲ့ သေနတ်ထိလို့သေတဲ့သူက တစ်ယောက် သူတို့ရဲ့ မီဒီယာေ သနတ်ထိလို့သေတာ ၁၀ယောက်ဖြစ်နေပါတယ်။ နောက်ပြီး လူဖမ်းနှိပ်စက်တာကေအိုင်အေ တွေ့ တဲ့ သတင်း ကျတော့ ဗမာစစ်တပ်၊ ဆက်ကြေးကောက်တာ ကေအိုင်အေ သတင်းမှာက ဗမာစစ်တပ် ဖြစ်နေ တဲ့အတွက် ဗမာစစ်တပ်က တိုက်ပွဲမှာ မသေရဘဲနဲ့ ကေအိုင်အေရဲ့စွမ်းအားကောင်း မီဒီယာ လက်နက်နဲ့ ဆုံးရှုံး သေဆုံးနေတာ ဖြစ်ပါတယ်လို့သိရှိအောင်ပြောပြလိုက်ပါတယ်။ 
Myanmar online News facebook မှကူးယူဖော်ပြသည်။ 

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: