Pages

Saturday, December 22, 2012

“““ လွှတ်တော်တွင် KIA ကို ပြည်ထောင်စု ရန်သူအဖြစ် တင်သွင်းတော့မည် ”””

ယနေ့နံနက် ၁ နာရီ ၂၀ မိနစ်ခန့်တွင် မန္တလေးမှ မြစ်ကြီးနားသို့ ခုတ်မောင်းလာသော ကုန်တင်ရထား အမှတ် ၉၃၇ သည် နမ်းမား ဘူတာအလွန် မိုင်တိုင်အမှတ် ၆၄၃/၂၂ နှင့် ၂၃ ကြားတွင် KIA အကြမ်း ဖက်သောင်းကျန်းသူများမှ အဝေးထိန်းမိုင်းဖြင့် အချိန်ကိုက်ဖောက်ခွဲ ခဲ့သဖြင့် ရထားတွဲ ၁၀ တွဲ အနက် ၅ တွဲ လမ်းချော်တိမ်းမှောက်ခဲ့ပြီး ရထားမောင်းသူ ၀န်ထမ်း ၃ ဦး ဒါဏ်ရာရှိခဲ့ကြောင်း သိရှိရသည်။

KIA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ပွင့်လင်း ကာလတွင် အဖျက်အမှောင့်လုပ်ငန်းများ တိုးချဲ့လုပ်ဆောင်ရန်စီမံချက်များကို လက်တွေ့အကောင်အထည်ဖော်လျက်ရှိရာ အပြစ်မဲ့ပြည်သူ များနှင့် ဒေသခံတိုင်းရင်းသားများအတွက်သာ အနှောက်အယှက်ထိခိုက်မှု ပိုမိုများပြား လာသဖြင့် KIA များကိုနာကျည်း မုန်းတီးလာလျက် ရှိကြောင်း၊ ရှမ်းနှစ်သစ်ကူးပွဲတော်နှင့် အချိန်ကိုက် လုပ်ဆောင်မှုသည် ရှမ်းအမျိုးသားများအပေါ် ရည်ရွယ်ချက်ရှိရှိ နှိပ်ကွပ်လိုခြင်းဖြစ်ကြောင်း၊ ထိုကိစ္စအတွက် လာမည့် လွှတ်တော်တွင် KIA ကို ပြည်ထောင်စု ရန်သူအဖြစ် အဆိုတင် သွင်းနိုင်ရေး ကချင်ပြည်နယ်မှ ရှမ်းတိုင်း ရင်းသား ကိုယ်စား လှယ်များက ပြင်ဆင်လျက်ရှိကြောင်း ဒေသခံ ရှမ်းလူမျိုး ရပ်မိရပ် ဖ တစ်ဦး က ပြောကြားခဲ့သည်။
 
ဒီလို လမ်းတွေ ဟာ မိုင်းခွဲဖို့ အတွက်ဆောက်ပေးထား တာ မဟုတ်ဖူး ပြည်သူတွေ ဆက်သွယ်ရေး အဆ င်ပြေအောင်လို့  လမ်းဖောက်ရင်း ကျခဲ့ရတဲ့ ပေးဆပ်ရတဲ့ သွေးတွေ ချွေးတွေ အများကြီး ဒါတွေ ကို လွယ်လွယ် နဲ့ မဖျက်ဆီးလိုက်ပါနဲ့  စစ်တပ် စစ်တန်းလျာ မှာ ဘဲ ရှိသင့်တယ် လူသတ်တရားခံ မဒိမ်းကော င် စစ်ခွေးတွေဆိုပြီး အသံကောင်းဟစ်သူများ ဖျင်နီကြမ်း နဲ့  လမ်းဖောက်တဲ့ စစ်သားတွေချွေးပုံရိပ်တွေ ကို နိုင်ငံရေး ဆန်ဆန် စကားတွေနဲ့  မစော်ကားလိုက်ပါနဲ့ ...

နာကျည်းလို့ တော့  မဟုတ်ပါဘူး .....။ လက်တဆုပ် စာ မျှော်လင့် ချက်တွေနဲ့  ငါ့ တို့  အသက်ရှင်နေကြ ရတာပါ ...။ တဖြည်းဖြည်းရုန်းကန်လာပြီး တိုင်းပြည် အတွက် သစ္စာလေးချက် ငါတို့  ဟစ်ကြွေးခဲ့ ကြ တာ ပါ..။

ပြည်ပရောက်တွေပြောတော့  စစ်ခွေးပေါ့.။ ရင်ထဲမှာလှိုက်ရင်း တစစ်စစ်နာတယ်...။ ဘယ်သူ့ ကိုမှလည်း မတိုက်ခိုက်သလို ပေးအပ်တဲ့  တာဝန်ကျေဖို့  ၊တိုင်းပြည် တိုးတက်ဖို့  တထောင့်  တနေရာကနေ သဲပွင့် သာသာပေးဆပ် ငါ့  တို့  ဘ၀တွေ ပေးအပ်ခဲ့ ကြတာပါ..။

စစ်တပ်ထဲဝင်မယ် ဆိုကတည်း က ၁၅ ကျော် ၁၆ နှစ်နဲ့  အိမ်နဲ့ ခွဲခဲ့ ကြရတယ်.. တွေးကြည့် စရာ မလိုပါဘူး ကွာ။အဲချိန်မင်းတို့ က အိမ်မှာ နွဲ့ ဆိုး ဆိုးလို့ ကောင်းတုန်း ၊ဒါမှမဟုတ် မိဘ ငွေလေးနဲ့  တက္ကသိုလ် တက်ဖို့  ပြင်နေတုန်းဖြစ်မှာပါ ။

မိဘနဲ့ ဝေး ၊အိမ်နဲ့ ဝေးပြီးနေရတဲ့  ဒုက္ခဆိုတာ ကိုယ်တွေ့ ကြုံမှ ကိုယ်ချင်းစာနိုင်တဲ့  အရာမျိုးပါ ။အဲ ဒီအချိန်တုန်းက ပိုက်ဆံမက်ရအောင်လည်း အရာရှိလစာက ၂သောင်းခွဲပဲ ရှိတဲ့  အချိန် ဗိုလ်လောင်းလစာ က ၅၀၀၀ ပဲ၇ှိတဲ့  အချိန်ပါ။ ကိုယ်ပိုင် ပိုက်ဆံ၇ှိလို့  ပြည်ပမှာ ကျောင်းတက်ရတာပဲဖြစ်ဖြစ်၊ ကိုယ်စီးပွားရေး အတွက် ပြည်ပမှာ အလုပ်လုပ်တာပဲဖြစ်ဖြစ် တိုးတက်ရာ တိုးတက်ကြောင်း ၇ှာနိုင်တဲ့  ခေတ်မှာ နဖူးကချွေး ခြေမပေါ် ဘယ်နှစ်စက် ကျကျ ဒီလစာက ပြောင်းမသွားပါဘူး ။

တချို့ ကလည်းပြောကြတယ် ဦးသန့်းရွှေ ရဲ့  ခွေးတွေတဲ့ လေ ။ပြောရက်လိုက်ကြတယ်နော်။ တချို့ ကလည်း ကိုယ်ချင်း မစာနာ ပေးထားတဲ့ ကွန့်  မန့် မှာတောင် like လိုက်ကြသေးတယ်..။
ငါ တို့  က စစ်သားပါ ။အုပ်ချူပ်သူ ဘယ်သူပြောင်းပြောင်း ပြည်သူကို ကာကွယ်ဖို့  အတွက် နဲ့  ပြည်သူ့  အကျိုးပြုတွေလုပ်ဖို့  သက်သက် ငါ့ တို့ ရပ်တည်နေခဲ့ ကြတာ...။ တချို့ ပြောတာ ကြားသေးတယ် ကြံ ဖွံ့  စစ်ခွေးတွေတဲ့ လေ။ စာလည်း မတက် ၊အသိပညာလည်းမရှိ ၊ကိုယ်ကိုကိုယ် စာမဖတ်ဖူးဆိုတာကို လူလည်ခေါင် ချပြသလိုမျိုးလည်း တွေ့ ခဲ့ ကြုံခဲ့ ဖူးတယ်။ ဒီမိုကရေစီ ဖော်ဆောင်ကတည်းက စစ်တပ်က ကာကွယ်ရေး အပိုင်းသွားနေတဲ့  အချိန်မှာ ပြည်သူတွေရဲ့  ၀ိဝါဒတွေ ပျက်ပြားသွားအောင် ပြောတဲ့ သူတွေက ပြောနေတုန်း။

ရန်ကုန်မှာ မီးလောင်တော့  မီးသတ်ကားက ရေ ကြာကြာမပတ်ဖူးတို့  ၊မီးမလောင်ခင် မီးသတ်တွေ ဘယ်နားသွားသေနေတာတုန်းတို့ ၊ ဗုံးပေါက်ကွဲ မှ ၇ဲ က ဘာလာလုပ်တာတုန်းတို့ ပေါ့။ မီးသတ်ကားက (၃)မိနစ်ပဲ ပတ်လို့ ရတာရယ် ၊မီးမလောင်ပဲနဲ့  ဘယ်မီးသတ်ကားက သြသြော်ဆွဲပီ လမ်းတကာ လျောက်လည်နေရမလဲရယ် ၊ဗုံးမပေါက်ပဲနဲ့  အရေးကြီးနေရာကလွဲလို့  ဘယ်နိုင်ငံတကာ ရဲ ကများ အချိန်ပြည့် လုံခြုံရေး ယူတာတွေတွေ့ ဖူးလို့ လားဆိုတာ တွေကို ပြောပြချင်လိုက်တာ...။ ဒီလိုနဲ့  ကွန့် မန့် သူတွေကြည့် လိုက်တော့  အသက် ငယ်ငယ်၇ွယ်ရွယ်လေး တွေ။နိုင်ငံအတွက် ပခုံးပြောင်းမဲ့ သူတွေက ဒီလိုမြင်နေမှတော့  အနာဂတ်အတွက် ရင်လေးလို့ မဆုံးဘူး...။

ငါတို့  လည်းနှလုံးသား နဲ့  လူလုပ်တာပါ...။ ခံစားတက်တာပေါ့ ။ကြေကွဲတက်တာပေါ့ ။အိမ်ကိုလည်း လွမ်းတက်တော့ ပေါ့။ နာကျဉ်တက်တာပေါ့။စာဖွဲ့ လုပ် ပြီးဂုဏ်ခြင်းပြိုင်တာတော  မဟုတ်ဘူးပေါ့...။ ငါ့ တို့ အားလုံးကလည်း တိုင်းပြည်အကျိုးကို ထမ်း၇ွက်နေသူတွေပဲလေ။။မီးသတ်တွေကမှ ဈာပနာ အခမ်းအနားနဲ့  သူကောင်းပြုခြင်းခံရပါသေးတယ်...။ အွန်လိုင်း မှာ လည်း ချီးကျူး သြဘာ ထာပနာတွေ လည်း ရင်တုန်ပန်းတုန် ငါ ဖတ်ခဲ့ ရတယ်။

တချိန်တည်းမှာ ရှေ့ တန်းစစ်မြေပြင်မှာ ငါ့ ရဲဘော်တွေ နဲ့  ငါ့ သူငယ်ချင်း ၊ငါ့ ညီအကိုတွေအတွက်ကျတော့ ရော တွေးတော့  ရင်ထဲမှမချိဘူး။တာဝန်ထမ်းဆောင်ခြင်းတူတာ တောင် ပစ်ပယ်ထားခံရတဲ့  ငါ့ တို့  ဘ၀တွေကိုက မြေသြဇာသက်သက်လေပဲလား..။ စစ်အကြောင်း စစ်သားတွေပဲသိပါတယ်။ကိုယ်အိုး ကိုယ်အိမ် ကိုယ်ယာနဲ့ ဖြစ်နေမှတော့ သံယောဇဉ်ကို စွန့် ပြီး ဘယ်သူကများ စစ်တိုက်ထွက်ချင်ပါ့ မလဲ..။ဘယ်သူကများ ခြေလက်အင်္ဂါ စွန့် ချင်ပါ့ မလဲ ။ မျက်လုံးတဘက်ကမ်းတဲ့ စစ်ဗိုလ်၊ခြေပြက်သွားတဲ့  စစ်ဗိုလ်ကို ချစ်လှပါပြီဆိုတဲ  ဘယ်မိန်းကလေးမှ လက်ထက်ဖို့ ခေါင်းငြိမ့် တော့ မှာမဟုတ်ပါဘူး။။

တခါတလေ ငါစဉ်းစားတယ် ။မြန်မာနိုင်ငံမှာ စစ်မှု့ မထမ်း မနေရ စနစ်များ ဖြစ်လာရင်ကောင်းမယ်လို့ ။ဒါမှ ငါ့ တို့ ဘ၀ အခြေအနေနဲ့ ငါ့ တို ခံစားချက် တွေကို နားလည်နိုင်မှာလေ။ပဲဟင်းမကြိုက်တဲ့ သူတွေ ။ အိပ်ရေးမက်သူတွေ၊ ဆင်းရဲ ဒဏ်မခံနိုင်တဲ့ သူတွေ ကိုယ်ချင်းစာနိုင်မယ်ဆိုရင် ငါ မြန်မာနိင်ငံမှာ စစ်သား ဖြစ်ရတာ ဂုဏ်ယူနေမှာပါ

တခါလာလည်း ဘုရားနားကယူနီးဖောင်ခန့် ခန့် နဲ့  ကောင်မလေးလေးလှလှ့  စစ်ဗိုလ်ဇာတ်ဝင်ခန်းတွေ ၇ိုက်နေမှတော့  လက် တွေ့ နယ်ပယ်မှာ ၀ဲစွဲနေတဲ့  စစ်ဗိုလ်တွေက အပယ်ခံလိုလိုလေ။

ဒီလိုနဲ့  ငါ့ တို့  ကပြည်သူတွေနဲ့ ကင်းကွာခဲ့တာလားလို တွေးနေမိတယ်.။ ငါတို့ လက်တွေ က အကြောင်းမဲ့ ရန်ရှာပြီး လူသတ်ဖို့ အတွက် စစ်သွေးကြွနေတာမဟုတ်ရပါဘူး။ ပြည်သူတွေကိုကူညီဖို့  အကျိုးပြုဖို့  အတွက်သက်သက် ရယ်ပါ။မြန်မာနိုင်ငံက မီးရထားလမ်းတော်တော်များများက စစ်သားကပဲဖောက်ပေးတာပါ။ ဆည်တမံတွေကို ဗိုလ်ချူပ်တွေဦးစီးပြီး တည်ဆောက်ခဲ့တာပါ။

ဖောက်ပြီးသား ကားလမ်းတွေ ၊ရထားလမ်းတွေမှာ စစ်သားတွေပဲ လုံခြုံရေးယူပေးတာပါ ။ဘုရားရင်ပြင်မှာလည်း စစ်သားတွေရှိပါတယ်။ဘူတာတိုင်းမှာလည်း စစ်သားတွေ ရှိပါတယ်။နာဂစ်တုန်း ကလည်း ရန်ကုန်က သစ်ပင်ကျိုးပျက်တွေ ၊လူသေကောင်တွေကို ဘယ်သူတွေကများ ဖယ်ရှင်းပေးခဲ့ တာလဲ။စစ်သားတွေပါပဲ။

လုပ်သလောက်နဲ့  တန်ပြန်မေတ္တတရားတော့ ငါ့ တို့  ခံစားချင်တာပေါ့။မနေ့ က KNU နဲ့  ငြမ်းချမ်းရေး စာချူပ်ချူပ်တယ်။၇င်ထဲမှာပျော်တဲ့  အပျော်ကိုထိမ်းမထားနိုင် ခဲ့ ဘူး။ အဲ ပြည် နယ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ငါ့ စစ်သည်တွေ ငါတို့  သူငယ်ချင်း ညီ အကို တွေ အားလုံး နောက်တန်းပြန်ဝင်နိုင်ပြီဆိုတဲ့ အသိနဲ့  ပိတိဆိုတာ ပြော မပြတက်ခဲ့ ဘူး။ဒါကို ပဲ ဖြုတ်ဦးနှောက်
ပြည်ပရောက်တချို့ က ကရင်ပြည်နယ်ခွဲ ထွက်ခွင့် ပေးရေးဆိုပြီး လုပ်လိုက်ကြသေးတယ်လေ။

ငါလေ ငါ မြန်မာနိုင်ငံကြီးကိုတလက်မလေး ပျောက်ကွယ်သွားမှာကိုတောင် သေမလောက်ကြောက်တာပါ။

သင်္ကြန်ပွဲတွေကိုပဲ ကြည့် ။ပြည်သူတွေပျော်ဖို့ ငါ့ တို့ တာဝန်ကို ထမ်းဆောင်နေကြရတယ် ။မညီငြူခဲ့ ကြဘူးလေ။ ဒီခေတ်လူငယ်တွေ သင်္ကြန် ၁၇က်လောက် မလည်ရရင် သေလောက်တဲ့ မျက်နှာနဲ့ ။အများကြီးမကြည့် ပါနဲ့  ။ အပြင်စည်းမှာငါ့ တို ရှိနေတယ်။အတွင်းစည်းမှာ ရဲ တွေရှိနေတယ်။ကားလမ်းထက်မှာ မော်တော်ပီကယ်ရှိနေတယ်။ အခါကြီး ၇က်ကြီးမှာ ငါ့ တို့ လည်း ဥပုဒ်လေးတော့ စောင့် ချင်တာပေါ့။ဒါမှမဟုတ်လူငယ်ပီပီ ရေကစားချင်တာပေါ့။ ဒါတွေအားလုံးကို မျက်ကွယ်ပြုပြီး Duty ကို ဦးထိပ်ပန် ဆင်ခဲ့ ကြတာ။ဒါတွေကိုလည်း သိရက်နဲ့  မမြင်ချင် ယောင်ဆောင်ခံရတယ်။
တကယ်ပါ

နာကျည်းလို့ တော့  မဟုတ်ပါဘူး .....။ လက်တဆုပ် စာ မျှော်လင့် ချက်တွေနဲ့  ငါ့ တို့  အသက်ရှင်နေကြရတာပါ ...။တဖြည်းဖြည်းရုန်းကန်လာပြီး တိုင်းပြည် အတွက် သစ္စာလေးချက် ငါတို့  ဟစ်ကြွေးခဲ့ ကြတာပါ..။

မင်းသန့် 
********************

ဒီလမ်းကြမ်းက ဆူးခလုတ်တွေ ဘယ်လောက်ကြမ်းပါစေ ရှိသမျှ အားလေး စုစည်းတည်ဆောက် လမ်းကိုဖောက် ငါတိုင်းပြည် လမ်းကြောင်းကောင်းမွန်ဖို့ ရာငါတို့ မျော်လင့်၏။

အရှေ့ နဲ့ အနောက် တောင်နဲ့ မြောက် သားသမီးကိုခွဲငါတို့ ရောက်လည်း ဇနီဗာတုံးတစ်တုံးဆီထမ်းကာ ဒီပြည်ရထားလမ်း ကောင်းမွန်ရေးတွက် ငါတို့ ချွေးတွေပေး၏။

တိုင်းပြည်တွက် စစ်ခွေးမင်းတို့ ပြောစကား ငါတို့ ကြားလည်းအပြုံးမပျက် ချွေးတစ်စက်နဲ့  သွေးသားများစွာ ဒီပြည်သာယာရေးအတွက် ငါတို့ ပေး၏။

လေးစားစွာဖြင့်

ဖိုးသားလေး

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: