Pages

Wednesday, December 5, 2012

“““ အမေရိကန် သမ္မတ အိုဘားမား ၏ ရိုဟင်ဂျာလူမျိုး ဆိုသည့် သုံးနှုံးမှုအပေါ် ကန့်ကွက်ကြောင်း ( IFBNC ) ၏ သဘောထား ထုတ်ပြန်ချက် ”””

၁။ ၂၀၁၂ ခု နိုဝင်ဘာလ (၁၉) ရက်နေ့ အမေရိကန်သမ္မတ အိုဘားမား မြန်မာ ပြည်ခရီးစဉ် တွင် ရန်ကုန်ဝိ ဇ္ဇာ နှင့် သိပ္ပံတက္ကသိုလ် ဘွဲ့ နှင်း သဘင်ခန်းမ၌ မြန်မာပြည် သူလူထုအား မိန့်ခွန်းပြော ကြားရာတွင် ရိုဟင် ဂျာဟူသော အမည်ကို သုံးနှုံး ပြောဆိုခြင်းမှာ မြန်မာနိုင်ငံ ရာဇ၀င်သမိုင်း ခေတ် အဆက်ဆက်တွင် ထို ရို ဟင်ဂျာ လူမျိုး မရှိကြောင်းနှင့် မြန်မာ့သမိုင်း ကိုကောင်းစွာနားမလည်ပဲ မှားယွင်းသုံးစွဲ လိုက်ခြင်းဖြစ်ပြီး၊ ထို သို့ သမ္မတအိုဘားမား၏ သုံးစွဲပြောဆိုမှု အပေါ် မိမိတို့ IFBNC အနေဖြင့် လုံးဝ လက်မခံနှိုင်ကြောင်း ကန့် ကွက် ပယ်ချလိုက်သည်။

၂။ သမ္မတ အိုဘားမားအနေဖြင့် စဉ်းစားရမည့်အချက်မှာအမေရိကနိုင်ငံသို့  တရားဝင်မဟုတ် ဘဲ မက္ကဆီ ကို နယ်စပ်နှင့်အခြားဒေသများမှလျှိ့ဝှက်ဝင်ရောက်လာသောနိုင်ငံခြားသားများကို မျိုး နွယ်စု တိုင်းရင်း သားအဖြစ်သတ်မှတ်ရန် မဆိုထားနှင့် အမေရိကန်သားအဖြစ်တောင် ပေးနိုင်ပါ မည်လော။ အဘယ့်ကြော င့် အမိမြေလုံခြုံရေးဌာန(Homeland Security Department)တခုသီး သန့်ဖွင့်ကာ နယ် စပ်ထိန်းချုပ်ရေး (Border Control)ကိုတင်းတင်းကြပ်ကြပ်ဆောင်ရွက်နေပါ သ နည်း။ အမေရိကန် လုံခြုံရေးနှင့်အမျိုး သား အကျိုးစီးပွား အတွက်ဤသို့ဆောင်ရွက်ရသည့်ဟုနား လည်စာနာမိပါသည်။ထိုအတူ ကမ္ဘာတခြားနိုင်ငံ များ တွင်လည်း အလားတူနိုင်ငံခြားလာရောက်အ ခြေချသူများကို တရားဝင်တိုင်းရင်းသားအနွယ်များ အဖြစ်သော်လည်းကောင်း၊ နိုင်ငံသားအဖြစ် သော်လည်းကောင်း၊ လွယ်လင့်တကူပေးနိုင်ကြပါ၏လော။ ကနေဒါကွီဘက်ဒေသ၊ ဂျပန်အိုင်းနု လူမျိုးစုတို့ ကသက်သေပြနေပါသည်။

၃။ သမ္မတအိုဘားမားအနေဖြင့် ဤသို့ပြောဆိုလိုက်ခြင်းသည် မြန်မာ့လုံခြုံရေးနှင့်အမျိုးသား အကျိုးစီးပွား ကိုထိခိုက်နစ်နာစေသလို မြန်မာလူနေမှုဘ၀ဖြစ်စဉ်ပြိုကွဲပျက်ဆီးမှုများ(The Clash of the Civilizations ) ဖြစ်လာစေရန်ပိုမိုတွန်းအားပေးရာကြပေသည်။

၎။ နှစ်ပေါင်း(၅၀)ကျော်နီးပါးဖြတ်သန်းခဲ့ရသောယနေ့ကာလများသည်မြန်မာစစ်အာဏာရှင်များ၏ ညံ့ဖျင်း တကိုယ်ကောင်းဆန်လှသောဖိနှိပ် အုပ်ချုပ်မှုအောက်တွင် မြန်မာပြည် သူပြည်သား များ ၏ လုံခြုံရေးနှင့်အ ကျိုး စီး ပွားတို့သည် အိမ်နီးနားချင်းနိုင်ငံကြီးများ၏ အသွင်သဏဏ္ဍာန်မျိုးစုံဖြင့် ၀ါးမျိုးစော်ကားနေခြင်းကို အလူးအ လဲ ခံနေရသည့်အချိန်ကာလဖြစ်လေသည်။

၅။ သို့ဖြစ်ပါ၍သမ္မတအိုဘားမားအနေဖြင့် မြန်မာပြည်သူပြည်သားများ၏လုံခြုံရေးနှင့် အကျိုးစီးပွားကို အ လေးအနက်ထားစဉ်းစားကာ မြန်မာပြည်သူများ စစ်မှန်စွာလွတ်မြောက်လာရေးအတွက် ဆက်လက် အားပေး သွားရန်တိုက်တွန်းလိုက်ပါသည်။

၆။ တဆက်တည်းတွင်(၆၇) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ (၄၃) ကြိမ်မြောက် တတိ ယ ကော်မတီအစည်းအဝေး အတွင်း၌လည်း လူနည်းစု ရိုဟင်ဂျာ မူဆလင်ဟူ၍ မှားယွင်းရောထွေးစွာ ခေါ် ဆိုထား သည်ကိုလည်း တွေ့နေရပြီး၊ ထိုသို့ပြောဆိုသုံးနှုန်းနေသော ကုလသမဂ္ဂအဖွဲ့ကြီးကိုလည်းကျွန်ုပ်တို့ (IFBNC) မှလုံး ၀ ကန့် ကွက် ပယ်ချ လိုက်ကြောင်းသဘောထား ထုတ်ပြန်လိုက်သည်။

အလုပ်အမှူဆောင်အဖွဲ့
နိုင်ငံတကာမြန်မာအမျိုးသားကွန်ဂရက်ဖောင်ဒေးရှင်း

နေ့ စွဲ ၁-၁၂- ၂၀၁၂
International Foundation for Burma National Congress ( IFBNC )

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

“““ အမေရိကန် သမ္မတ အိုဘားမား ၏ ရိုဟင်ဂျာလူမျိုး ဆိုသည့် သုံးနှုံးမှုအပေါ် ကန့်ကွက်ကြောင်း ( IFBNC ) ၏ သဘောထား ထုတ်ပြန်ချက် ”””

Labels:

0 comments: