Pages
Saturday, December 29, 2012
လက်ရှိ နိုင်ငံရေးနှင့် Facebook ပေါ်မှ Keybord ရန်သူကြီး များ
ခုလက်ရှိဖြစ်ပျက်နေတာကို ပြည်သူများအားလုံး သိရှိကြပြီ ဖြစ်သော်လည်း အားလုံး ကို အနှစ်ချုပ် သုံးသပ် ပြချင်ပါတယ်
ကချင်ပြည်နယ် စစ်မီးတောက်လောင်နေတာ ဘယ်သူမှ ၀မ်းမသာပါဘူး။ အမြန်ဆုံး ငြိမ်းချမ်းစေ ချင် တာ မြန်မာနိုင်ငံသားတိုင်းရဲ့  ဆန္ဒပဲ။ ဒါပေမယ့် အခု ဖြစ်စဉ်တွေကို သေသေ ချာချာ ပြန်သုံးသပ်လေ့ လာဖို့ တော့ လိုလိမ့်မယ်။ ဒါမှလည်း ပြည်သူတွေ အမြင်ရှင်းမယ်။
ခုတစ်လော မှာJade Land , Lachid Kachin ဆိုတဲ့ FB အကောင့်တွေ၊ မေဇင်အေး (ခ) ဒီမိုဖက်တီး (ခ) ခွန်ဒီးယမ် အကောင့်၊ ပြီးတော့ ငရဲသား ဆိုတဲ့ အကောင့် ဒီအကောင့်တွေကနေပြီးတော့  ၀ါဒဖြန့် ချီေ ရး များ ပြုလုပ်နေတာကို တွေ့ရှိရပါတယ်။ မြန်မာစစ်သားတွေ သေသွားတာ၊ တပ်ရင်းမှူး ဗိုလ်မှူးသေ သွား တာ၊ အရာရှိတွေ သေသွားတာ၊ မြန်မာစစ်သားတွေ ဖမ်းမိတာ စတဲ့ သတင်းတွေ၊ ဓါတ်ပုံတွေ၊ ဗီဒီ ယိုတွေ ကို မြိန်ရည်ယှက်ရည်နဲ့  တင်တယ်။ မြန်မာစစ်တပ်ကို ရိတယ်။ အသုံးမကျတဲ့စစ်တပ်ဆိုတဲ့ အပေါက်မျိုးေ တွ ချိုးတယ်။
အဲဒီအချိန်မှာ စစ်ဘီလူး ဂွမ်မော်က အင်တာဗျူးတွေလုပ် စစ်တပ်ကို ရိသဲ့သဲ့ ပြော၊ ငြိမ်းချမ်းရေး တောင်း ဆိုနေ တာကို မထီမဲ့မြင်တွေ လုပ်ပြ။ ဒီအချိန်မှာ စစ်တပ်ဘက်က ဘာသတင်း မှ မတက်ဘူး။ ဘာဖြေရှင်း ချက်မှ မပေးဘူး။ ဒီအချိန်မှာ အပေါ်မှာ ပြောခဲ့တဲ့ အကောင့်တွေက ပိုပိုပြီး ဆိုးလာတယ်။ အများပြည်သူ သွားလာတဲ့ ကားလမ်း၊ ရထားလမ်း၊ တံတားတွေကို မိုင်းခွဲလာတယ်။ ဒီအချိန်မှာ တပ်မတော်သား များ ကမခံမရပ်နိုင်ဖြစ်ပြီး သမ္မတဦးသိန်းစိန်ကို တိုက်စစ်ဆင်ဖို့  ခွင့်ပြုဖို့ တွေ ပြောလာတယ်။
ဒီအချိန်မှာ KIA က တပ်သားသစ် သင်တန်းဆင်းလာတဲ့ ရဲဘော်သစ်တွေနဲ့  တပ်ပါလေ့ကျင့်ခန်း သဘော မျိုး ကာမိုင်းကို ၀င်ဆော်တယ်။ အပြစ်မဲ့ ပြည်သူတွေ သေရတယ်။ ချသွားတာကလည်း သင်ခန်းစာကို လက်တွေ့ ကွင်းဆင်းတဲ့ ပုံစံမျိုးနဲ့  အင်အား ၅ ဆ လောက် တင်ပြီး ဆော်တယ်။ဒီအကောင့်တွေ က ပဲ အောင်ပွဲတွေ ခံပြ၊ တဟားဟား တဟီးဟီး လုပ်ပြနဲ့  မခံချင်အောင် ရွဲ့ လား စောင်းလားတွေ လုပ်တယ်။
အခု စစ်တပ်က ရိက္ခာတွေပို့မယ်- အုပ်ချုပ်မှု လုပ်မယ် ဆိုတော့ တံတားတွေမိုင်းခွဲ၊ ကားလမ်းတွေ ခြုံခို တိုက် နဲ့  ထင်တိုင်းကြဲနေတယ်။အခု မြန်မာစစ်တပ်ဘက်က နည်းနည်းလေး မောင်းတင်လိုက်တာနဲ့  ပြည် သူေ တွ ဒုက္ခရောက်နေပါပြီ ဆိုပြီး အော်တယ်။ စစ်တပ်က လိုင်ဇာကို တိုက်တော့မယ် ဆိုတဲ့ သတင်း လည်း ထွက်လာရော လိုင်ဇာတစ်ဝိုက်မှာ ဒုက္ခသည်တွေ တန်းစီထားပြီး လူတံတိုင်းလုပ်တယ်။
ပြည်သူတွေ သေကုန်တော့မယ်၊ တိုက်လေယာဉ်တွေ သုံးတယ်၊ ဓါတုလက်နက်တွေ သုံးတယ်၊ ပါးစပ်ထဲ ရှိတာတွေ လျှောက်ပြော။ ၀ါဒတွေဖြန့်  ကြောက်ချီးပါပြီး လျှောက် လုပ်တော့တာပဲ။
ငြိမ်းချမ်းရေးကို ဘာလို့  ရှောင်နေသလဲ
နားမလည်စရာ ကောင်းတာက KIO-KIA ငြိမ်းချမ်းရေး မယူချင်ဘဲ ဟန်ပြကလေး ဆွေးနွေး ဟိုတစ်ခု ပေး ရင် ဒီတစ်ခု ဒီတစ်ခု ပေးရင် ဟိုတစ်ခု အမျိုးမျိုးပြော ရမယ် ရှာပြီး ရှောင်လွှဲနေတာ ဒီလိုစစ်တိုက်ချင်လို့  မဟုတ်ကြဘူးလား။ စစ်တပ်က အခု တစ်ကယ် မတိုက်ပါဘူး။လိုင်ဇာကို တစ်ကယ် တိုက်တော့မယ် ထင်ပြီး နောက်ကျတဲ့ ခြေထောက် သစ္စာဖာက် ဆိုပြီး ဂွမ်မော်တို့  ခေါင်းဆောင်ပိုင်းက ရွှေလီထဲ ၀င်ပြီး ပြေးပြီးပါပြီ။အဲဒီအချိန်မှာ Jade Land , Lachid Kachin ဆိုတဲ့ FB အကောင့်တွေ၊ မေဇင်အေး (ခ) ဒီမိုဖက်တီး (ခ) ခွန်ဒီးယမ် အကောင့်၊ ပြီးတော့ ငရဲသား ဆိုတဲ့ အကောင့်ဒီအကောင့်တွေကနေပြီးတော့ပဲ ပင်လုံစာချုပ်တွေ ပြပြီး ဖွကြ။
တစ်နိုင်ငံလုံး ငြိမ်းချမ်းရေး လိုချင်လွန်း လို့  ။ ဘယ်သူ့ ကို မေးမေး လိုချင်ကြတာ သေချာတယ်။
စစ်မီး မငြိမ်းနိုင်တဲ့ ကချင်ပြည်နယ် ဘယ်တော့ ငြိမ်းချမ်းရေး ရမလဲ မျှော်နေတာတောင် မ၀ံ့မရဲ။
အခုလို ဆောင်းတွင်း ခိုက်ခိုက်တုန်အောင် ချမ်းနေချိန်မှာ တောထဲတောင်ထဲ ဒုက္ခ ရောက်နေတာ ကချင်ပြည်သူတွေရော ရှမ်းတွေရော ဗမာတွေရော ဖြစ်ပါတယ်။အဲဒီအချိန်မှာ ကီးဘုတ် ၀ါဒဖြန့်
နေတဲ့သူတွေက အိမ်ထဲမှာ နှပ်နေပြီ ကားတွေနဲ့လျောက်လည် နေကြပါပြီ။Facebook ဆိုတာက သတင်းမှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ အင်မတန်မှကို ပြန့် နှံ့  လွယ်တဲ့ မီဒီယာပါ။
လက်တွေ့ မှာ ဒီမိုရော စစ်ဘက်ရော အစိုးရရော အကုန်လုံးက နိုင်ငံကောင်းဖို့ လုပ်နေကြတဲ့ အချိန်၊ အကုန်လုံး ၀ိုင်းပြီး ပူးပေါင်းဆောင်ရွက်နေကြတဲ့ အချိန်မှာ ဒီလိုလုပ်ရပ်တွေကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး အကုန်လုံးကို ထိခိုက်နစ်နာစေပါတယ်။ပြောရရင် သင်စိုက်ပျိုးသမျှ သင် ပြန်လည်ရိတ်သိမ်းရခြင်းသာ ဖြစ်တယ် ဆိုတာ အမှန်ပါ။ ဒါပေမယ့် ကြားထဲက ခံရတာက ကချင်ပြည်သူတွေ၊ ရှမ်းတိုင်းရင်းသားတွေ၊ ဗမာတွေ၊ ကချင်တွေနဲ့  မြန်မာစစ်တပ်က တိုင်းရင်းသား စစ်သားတွေပါ။
အွန်လိုင်းမှာ ဖက်တီးတို့  သောင်းကျန်းပြီး စစ်အစိုးရကို ပုတ်ခတ် သိက္ခာချ၊ လက်ရှိအစိုးရကို ပုတ်ခတ် သိက္ခာချ၊ အဆိုးဆုံးက မြန်မာစစ်တပ်ကို ရှုတ်ချ လုပ်ထားသမျှ အသုံးပြုတဲ့ လူတွေ ကြားမှာ အတော် ကလေးကို သက်ရောက်မှု ရှိပါတယ်။ ဖက်တီးတို့  ဒီလိုပြောနေတာတွေကို မကျေနပ် လို့  မြန်မာ စစ်ဗိုလ်ေ တွ၊ ဒီမိုဆန့် ကျင်ဘက်တွေကလည်း တုံ့ပြန်မှုတွေ ပြင်းပြင်းထန်ထန် လုပ်လာကြတော့ ဒေါ်စုကို သိက္ခာ ချတာတွေ ပုတ်ခတ်တာတွေ ဖြစ်လာခဲ့ပါတယ်။
ဒီလို အဆိုးတွေပဲ အထပ်ထပ် ကျော့နေတဲ့ သံသရာက လွတ်မြောက်ဖို့  အားလုံး ဆင်ခြင်ကြဖို့  ကောင်းပြီ လို့  တိုက်တွန်းချင်ပါတယ်။
ကချင်ပြည်နယ် အမြန်ဆုံး ငြိမ်းချမ်းဖို့  လိုပါပြီ။ ကိုယ့်ညီအစ်ကိုချင်းတွေ ငြိမ်းချမ်းရေးစာပွဲဝိုင်းမှာ ထိုင်ပြီး ဆွေးနွေးကြဖို့  အချိန်တန်ပါပြီ။
ပလေတို ဒီမို
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။
သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်
ဖတ်ရှုမှု များသော သတင်းများ
® GOLDEN LAND MYANMAR NEWS & KNOWLEDGE
0 comments: