Pages

Sunday, December 9, 2012

“““ တအာင်း - ပလောင်တွေလည်း ဒို့တိုင်းရင်းသားတွေပါ ”””

ရှမ်းပြည် မြောက်ပိုင်း၊ ကျောက်မဲ ခရိုင်၊ မိုင်းငေါ့မြို့နယ်ခွဲ ခွန်ခါ ကျေးရွာ အုပ်စု၊ကောင်းကေ လာ့ ကျေးရွာ အုပ်စု၊ ကျောက်လုံးကြီး ကျေးရွာအုပ်စု၊ ကွမ်းစလန်း ကျေးရွာ အုပ်စု ။မိုင်းလုံမြို့နယ်ခွဲ ပါလိုင် ကျေးရွာ အုပ် စု နှင့် သီပေါမြို့ နယ်ခွန်ဟော့ ကျေးရွာအုပ်စု ဒေသတွင် ကချင်၊ ရှမ်း၊ တအာင်း ( ပလောင် )၊ လီဆူး လူမျိုး များ နေထိုင် ကြပါသည်။ 

ရှမ်းပြည်မြောက်ပိုင်းက ရွှာလေးတစ်ရွှာ
ကချင်လက်နက်ကိုင်များဟာ မိုင်းငေါ့မြို့နယ်၊လွယ်ခန်း၊ ဖာဖိန့်ကချင်ရွာများတွင် နေထိုင်ပြီး လှုပ်ရှားကြ သ ည် ။ ရှမ်းလက်နက်ကိုင်များသည် 2011ခုနှစ် တွင် အင်းအား 70 ဝန်းကျင်ခန့်ပြန်လည် စတင်လှုပ်ရှားခဲ့ပါ သည် ။ 2012ခုနှစ် ၊ 3 လပိုင်းဝန်းကျင်တွင်တပ်ဖွဲ့ 1 မှ 7 အထိ စိုင်းလမ်း၊ စဝ်ခေမာ၊ စိုင်းစွမ်းခေး၊စိုင်း စွမ်း မိန်း စသည်ရှမ်းလက်နက်ကိုင်ခေါင်းဆောင်များသည် အင်းအားမခန့်မှန်းနိုင်လောက်အောင် တပ်အင်အား တိုးချဲ့ လာပါသည်။ တိုးလာပုံတိုးလာနည်းကို အတိအကျ မသိရသော်လည်း နယ်မြေခံဒေသနေထိုင်သူတို့ ၏ကြောက်ရွှံထိပ်လန့်ပြီး နေထိုင်စားသောက်နေရပုံ၊ ပြေးလွှာနေရပုံ၊ပျက်စီးပုံများကို ကြည့်ခြင်းအားဖြင့် လူ့ အခွင့်အရေးကျူးလွန်နေသောလက်နက်ကိုင်များ ရှိနေပြီဟု ယုံမှတ်မှားစရာ မရှိပေ။

ရှမ်းလက်နက်ကိုင်များသည် ဘိန်းများကို ကိုယ်တိုင် စိုက်ပျိုး ရောင်းဝယ်သုံးစွဲ သောကြောင့် ဒေသခံ တ အာင်း၊ လီဆူလူမျိုးစုငယ်များ၏ဘိန်းသုံးစွဲမှုနှုန်းသည် များသထက်များလာသည်။ ယခင်က ဘိန်းမဲ သာ ကြား ဖူးသော်လည်း ယခုနှစ်တွင် ဘိန်းဖြူ နှင့် ယာမ များ ပေါ်ပေါ်တင်တင်သုံးစွဲနေကြ သည်ကို မြင်ေ တွ့ေ န ရသည်။ ဘိန်းစွဲသောဒေသခံလူများကိုသတင်းထောက်ချကာ ဆန်ကျင့်သူများ အား နှိပ်စက်ညှင်းပန်း သ တ်ဖြတ်မှုများလည်းရှိသည်ဟု ကြားဖူးသည်။လူမျိုးစုငယ်များအား ရှမ်းလူမျိုးတို့နှင့် တန်းတူပညာဗ ဟု သုတ မရှိနိုင်စေရန် ၊ မတိုးတက်နိုင်စေရန် မူးယစ်ဆေးဖြင့်လူမျိုးအညွန်းတုံးနည်းကို ကျင့်သုံးသည်။ ထို အပြင် တ အာင်း၊ လီဆူးရွာများအား ဆပ်ကြေးကောက်ခြင်း၊ စစ်ကောက်ခြင်းများကိုလည်း ကျင့်သုံးသည် ။တအာင်း၊ လီဆူးရွာ အိမ်ခြေ 100 အထက်ရှိလျှင် ကျပ်10 သိန်းမှ အထက် ၊ကားပိုင်ရှင်များမှာ ကျပ် 2 သိန်း မှ အထ က် ကို ကျေးရွားလူကြီးမှတဆင့်အမိန့်အာဏာသုံးကာ ပေးဆောင်ကြရသည်။ ဆန်အိတ်များ လည်း ပေးေ ဆာင်ရပါသေးသည်။

ဆက်ကြေးတောင်း လူစု တာနဲ့ ပလောင်ရွှာတွေလည်း ပြောင်ပြီပေါ့ကွယ်
အဓမ္မစစ်ကောက်ခြင်းကို ရွာအိမ်ခြေအကြီး အငယ်အလိုက် 12 ယောက်မှ အနဲဆုံး 3ယောက်အထိေ ကာ က်ခံခဲ့ကြသည်။ ကျေးရွာများတွင် မဲနှိုက်ပြီး မဲကျသည့်အိမ်သည် ယောက်ကျားသား ရှိက သွားကို သွားရ သည်။ ယောက်ကျားသားမရှိက ငွေ 15 သိန်းအထက်လူငှါး ပြီး အလိုက်သွားပေးရသည်။ မသွားလျှင် မိဘ ၊ ညီအကို များကိုအန္တရယ်ပြုတတ်သည်။တပ်ဖွဲ့မှ ထွက်ပြေးလျှင် မိဘ၊ ညီအကိုများအားဖမ်းချုပ်ထား သ ည် ။ တပ်ဖွဲ့တွင် ရှမ်းလူမျိုးတပ်သားနှင့် တန်တူအခွင့်အရေးမပေးချေ။ ကြမ်းတမ်းခက်ခဲသော၊ အသက် အန္တ ရယ် များသောလုပ်ရပ်များတွင် လူမျိုးစုငယ် တအာင်း၊ လီဆူတပ်သားများကို အသုံးချသည်။ တအာင်း လူမျိုးများသည် 95% ဗုဒ္ဓ ဘာသာဖြစ်သည့်အားလျော်စွာ မိရိုးဖလာထုံတမ်းအ ရ အေးအေးချမ်း ချမ်း နေ ထိုင်လိုပြီး စစ်တိုက်ခြင်း ကိုရှောင်ရှား လိုကြသောကြောင့် လက်နက်ကိုင်ခြင်းကို စွန့်ထားကြသည်။ 

စစ်တပ်ကဖမ်းမိတဲ့ SSA စစ်ကြောင်းတစ်ခု

ဤသည်ကိုအခွင့်ကောင်းယူသော ရှမ်းလက်နက်ကိုင်အဖွဲ့များသည် အဓမ္မစစ်ကောက်ခြင်း၊ ဖိနှိပ်ချုပ် ချ ယ် ခြိမ်းခြောက်ခြင်း တို့ ကြောင့် ရှမ်းလက်နက်ကိုင် တပ်ဖွဲ့တွင် တပ်သား 100 လျှင် တအာင်းလူမျိုး 50 အ ထက်တွင် ရှိသည်ဟု ဒေသခံများကပြောဆိုကြသည်။ အများအားဖြင့် ရွာတွင်သုံးမရသော ဘိန်းစားများကို ငှါးပြီးထည့်ပေးလိုက်သောကြောင့် ရှမ်းလက်နက်ကိုင် များတွင် ဘိန်းစားသူ များသည်။ ငါးကြင်ဆီ ဖြင့် ငါး ကြင်ကျော် သလို ရွာခံတပ်သား ကိုသာ ရွာထဲသို့ပြန် ကောက်ခိုင်းတတ်သည်။ နဂိုကတည်း ကမှ စားဝတ်ေ နရေးကို ပင်ပန်းစွာ ရုန်းကန်းနေရသောတောသူတောင်သားများသည် ဤစစ်ဘေးဒဏ်ကြောင့် ကလေးလူ ငယ်များအားကျောင်းမှန်မှန် မဖွင့်ပေးနိုင်ခြင်း၊ ကျောင်းမထားနိုင်ခြင်း၊ စသော ဒုက္ခများကို ကြုံတွေ့နေရပါ သည်။ ကျီးလန့်စား စားသကဲ့သို့ လက်ဖက်ခြံ ၊တောင်ယာများကို သွားလာလုပ်ကိုင်နေရသည်။

ရှမ်းလက်နက်ကိုင်များသည် လူမျိုးကြီးဝါဒ စွဲကိုင်ထားပြီး မြန်မာသီးချင်းမဖွင့်ရ၊ နားမထောင်ရ ။ မြန်မာစ ကား မပြောရ၊ တွေ့ရှိလျှင်အော်ဟစ်ခြိမ်းခြောက်ရိုက်နှက်တတ်၏။ ရှမ်းရိုးရာ စာပေ၊ သီချင်းများကိုသာေ လ့ လာဖို့ သင်ကြားဖို့ အမိန့်နှင့် ပြုလုပ်သည်။ တအာင်းရွာများမှ အခြေခံပညာ တန်းကျောင်းသင်ပေးသော ဆရာ ဆရာမ ဝန်းထမ်းများ၊ ရွာစာရေးများအားလုပ်ကြံသည်မှာ လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက ကျင့်သုံးလာသည်။ လူကိုလုပ်ကြံသည့်အပြင် အိမ်တွင်းရှိ ရွှေငွေ ပစ်စည်းများကိုလည်း ယူဆောင်တတ် သ ည်။မိသားစုဝင်ပုံများ ယူဆောင်ပြီး ခြိမ်းခြောက်စကားများ ပြောတတ်ကြသည်မှာဓမြအကြီးစား ကဲ့သို့ ပင်။

ရှမ်းလား တအောင်းတွေလား
မိုင်းငေါ့မြိုနယ်ခွဲ၊ သီပေါမြိုနယ်ခွဲ၊ မိုင်းလုံးမြိုနယ်ခွဲ အတွင်းရှိအချို့သောရှမ်းရွာများသည် တချိန်က တအာင်း ရွာများဖြစ်ပြီးရှမ်းလက်နက်ကိုင်များ၏ အဓမ္မဖိနှိပ်အကြပ်ကိုင်မှုကြောင့် မိခင်တအာင်းရိုးရာ စာပေ များ ကို မမြတ်နိုး မလိုက်စားဝံ့ဘဲ ရှမ်း ရိုးရာများလေ့လာလိုက်စားရင်း ၇ှမ်းအတု များ ဖြစ်လာကြသည်မှာ ဒုနှင့်ဒေး ။ရှမ်းပြည် အရှေ့ပိုင်း ရှိ ကျိုင်းတုံ တအာင်းလူမျိုးများကိုလည်း ထိုနည်းမက ရှမ်းလက်နက်ကိုင်များ ဖိနှိပ်သိ မ်း သွင်းထားကြသည်။ မိမိကိုယ်ကိုတအာင်း(ပလောင်)ဟု မပြောရဲလောက်အောင် ဖိနှိပ် ချုပ်ချယ်ခံခဲ့ရ သ ည်။ 

ရှမ်းတွေကိုယ်စား တအောင်းတွေ ရှေ့တန်းထွက်ရတော့ သူမျက်နှာမှာ စိုးရိမ်နေသလား ပူပန်နေသလား စစ်သွေးတွေကြွနေသလား စာဖတ်သူပဲ ဆုံးဖြတ်ပေးတော့

ဤသို့ ရှမ်းဟုသုံးနှုန်းရေးသားသော်လည်း ရှမ်းလူမျိုးအကုန်လုံးကိုမဆိုလိုပါ။ ယဉ်ကျေးသိမ့်မွေ့ပြီး စိတ်ဓာ တ်မြင့်မြတ်ကောင်းမွန်ရှမ်းလူမျိုးလည်း များစွာရှိပါသေးသည်။ လူမျိုးနှင့်မဆိုင်သော အမြင်ကျဉ်းမြောင်ပြီး အ တ္တဆန်သော လူတစ်စု၏ လုပ်ရပ်သာ ဖြစ်သည်။ ကျီးကန် သည် ဒေါင်းယောင်ဆော င်သော် လည်း ဒေါ င်းမဖြစ်နိုင်ဘဲ ကျီးကန်းဟာ ကျီးကန်းပဲ ဖြစ်သည်။

သူခမျာလည်း တောင်ယာခုတ်ချင်ရှာမပေါ့ခုတော့လည်း SSA က ဆင်ပေးထားတဲ့  ယူနီဖောင်းနဲ့သေနတ်ကြီးထမ်းလို့
ရှမ်းလူမျိုးသည်ရှမ်းလူမျိုးသာဖြစ်သည်။ အခြားလူမျိုး မဖြစ်နိုင်။ ထိုနည်းတူစွာတအာင်းလူမျိုးသည် တ အာင်းလူမျိုးပင်။ အခြား လူမျိုး မဖြစ်နိုင်။ အဓမ္မဖိနှိပ်မှုကြောင့် အခြားလူမျိုးဖြစ်လျှင် အတုပင် ဖြစ်မည်။ အ စစ်မဖြစ်နိုင်။ သ မိုင်းကို ပြင်၍ မရစကောင်းသလို ပြင်၍ ရကောင်းလျှင်လည်း သမိုင်း မမည်။လူ မျိုးမုန်း တီးရေး ကြီးမားစေဖို့ ဤစာကို ရေးသားတင်ပြရခြင်းလည်း မဟုတ်ပါ။ ရှမ်းလူမျိုးကို မုန်းတီး၍လည်း မ ဟုတ်ပါ။

တိုးတက်ပြောင်းလဲလာသော ဒီမိုကရေစီခေတ်နှင့်အညီ ပြည်သူများအားလုံးတန်းတူညီမျှ ဖြစ်ဖို့ရန် ကျန်ရှိေ နသေးသော ၊ လူ့အခွင့်အရေး ဆုံးရှုံးနေသောမီဒီယာနှင့် ဝေးလံခေါင်းပါးသော တောရွာကျေးလက်များကို ကူညီချင်သောကျနော့်စေတနာမျှသာ။

နေမင်းနွယ် ( ကျောက်မဲ )

မောင်ကျောက်ခဲ

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

“““ တအာင်း - ပလောင်တွေလည်း ဒို့တိုင်းရင်းသားတွေပါ ”””

Labels:

0 comments: