Pages

Monday, December 17, 2012

“““ ဆန္ဒပြမှု အများဆုံး၊ အစိုးရကို အပြစ်တင်သူ အများဆုံး၊ ဒီမိုကရေစီနှင့် မထိုက်တန်သူ အများဆုံး နေထိုင်ရာ ရန်ကုန်မြို့ ”””

မြန်မာလူမျိုးတို့၏ အဆင့်အတန်းအား နိုင်ငံခြားသားများရှေ့တွင် ပြသလိုက်သော ရန်ကုန်လူထု
 
နိုင်ငံရဲ့ အထင်ကရ ရင်ပြင်ကြီးကို အမှိုက်ပုံဖြစ်အောင်လုပ်တဲ့ ရန်ကုန်လူထု

  ကိုယ့်အမှိုက်ကို စည်းကမ်းရှိရှိ ပြန်သိမ်းသွားဖို့ မတတ်ပေမယ့် လိုတာမရရင်တော့ အစိုးရကို ဆန္ဒပြ အပြစ်တင်တတ်တဲ့ ရန်ကုန်လူထု

တွေ့ရာနေရာမှာ အမှိုက်ပစ်ပြီး မြို့ညစ်ပက်ရင် အစိုးရကို လက်ညိုးထိုးတဲ့ ရန်ကုန်လူထု

အမှိုက်ပုံးမရှိရင် အပြစ်တင်ပြီး အမှိုက်ပုံးချပေးတော့ ခိုးပြီးရောင်းစားတဲ့ ရန်ကုန်လူထု 

ကိုယ်တိုင် စည်းကမ်းမရှိ၊ စိတ်ဓာတ်အဆင့်အတန်း မတိုးတက်ပေမယ့် 
ဒီလိုလူတွေ နေတဲ့နိုင်ငံ မတိုးတက်တာကို အစိုးရကို အပြစ်ပုံချတတ်တဲ့ ရန်ကုန်လူထု
 
နိုဘယ်ဆုရှင်ကြီးနေထိုင်ရာ ရန်ကုန်မြို့

 သမဂ္ဂပေါင်းမျိုးစုံ၊ ကွန်ယက်ပေါင်းမျိုးစုံ၊ အသင့်အဖွဲ့ပေါင်းမျိုးစုံ အခြေချရာ ရန်ကုန်မြို့

ဆန္ဒပြမှု အများဆုံးဖြစ်ပေါ်ရာ ရန်ကုန်မြို့

စာပေဟောပြောပွဲတွေမှာ ဆုံးမ စကားတွေပြောတတ်တဲ့ ဆရာကြီးများ နေထိုင်ရာ ရန်ကုန်မြို့

နိုင်ငံ တိုးတက်ချင်လှပါသော၊ လူထု တိုးတက်စေချင်လှပါသော ဂျာနယ်၊ သတင်းဌာန မျိုးစုံ ရုံးစိုက်ရာ ရန်ကုန်မြို့

ဒီလူတွေ၊ ဒီစိတ်ဓာတ်တွေ၊ ဒီအကျင့်ဆိုးတွေကြောင့် အစိုးရတောင် ပြောင်းပြေးရတဲ့ ရန်ကုန်မြို့
ကားတွေကြပ်တော့ အစိုးရကို အပြစ်တင်ပြီး ကားတွေရှေ့မှာ လမ်းပိတ်ဆန္ဒပြကြတဲ့ ရန်ကုန်မြို့
 
အချိန်ကိုတန်ဖိုးမထား လူငယ်လူရွယ်တွေ အားတိုင်းလမ်းပေါ်ထွက် ဆန္ဒပြမယ့်အစား လမ်းပေါ် အမှိုက်ကောက်ထွက် သင့်တဲ့ မြန်မာလူထု

စည်းမဲ့ ကမ်းမဲ့ လူတွေ များသလောက် ဘယ်ခေါင်းဆောင်၊ အဖွဲ့အစည်း ၊ ဘယ်ဂျာနယ်ကမှ အဝေဖန် မခံရတဲ့ ရန်ကုန်လူထု 

ခေါင်းဆောင်များ၊ သမဂ္ဂများ၊ ကွန်ယက်များ၊ အဖွဲ့အစည်းများ နဲ့ သတင်းသမားများကိုယ်တိုင် စည်းကမ်းနဲ့ အဆင့်အတန်းမရှိကြတဲ့ မြန်မာလူထု

အစိုးရတွေ ဘယ်လောက်ပြောင်းပြောင်း၊ 
စနစ်တွေ ဘယ်လောက်ပြောင်းပြောင်း 
စောက်ကျင့်တွေ မပြောင်းကြတဲ့ မြန်မာလူထု 

Myanmar Express ဘယ်လောက် ပြောပြော ကျွဲပါးစောင်းတီး ရတဲ့ မြန်မာလူထု

အလျှော့ပေး ဆက်ဆံ ပြည်သူ့အသံနားထောင်တဲ့ ဦးသိန်းစိန် အစိုးရနဲ့ မထိုက်တန်တဲ့ မြန်မာလူထု
ဗိုလ်ချုပ်အောင်ဆန်းလို ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆိုပြီး ဦးနေဝင်း လို ပြတ်ပြတ်သားသား အုပ်ချုပ်မှုနဲ့မှ ထိုက်တန်တဲ့ မြန်မာလူထု

www.MyanmarExpress.net

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: