Pages

Saturday, December 29, 2012

မြန်မာနိုင်ငံသားတွေ သေဆုံးမှု ထိုင်း ၄ ဦး ကို ထောင်ဒဏ်ချမှတ်

ပြီးခဲ့တဲ့ ၂ဝဝ၈ ခုနှစ်က ထိုင်းနိုင်ငံထဲကို ခိုးသွင်းလာတဲ့ မြန်မာနိုင်ငံ သားတွေ သေဆုံးခဲ့မှုနဲ့ ပတ်သက်ပြီး ထိုင်းလူမျိုး ၄ ယောက်ကို သူတို့နိုင်ငံတရားရုံးက ဒီကနေ့ ပြစ်ဒဏ်အသီးသီး ချမှတ်လိုက်ပါတယ်။

ထိုင်းနိုင်ငံ ရနောင်းခရိုင်အတွင်း အအေးခန်းကွန်တိန်နာ ကုန်ကားပေါ်တွင် အသက်ရှုကြပ်ပြီး သေ ဆုံးသွားခဲ့ရသော မြန်မာရွေ့ပြောင်း အလုပ်သမား ၅၄ ဦးရဲ့ ရုပ်အလောင်းများကို ဧပြီ ၁၀ ရက်နေ့က ထိုင်းကယ်ဆယ်ရေးဝန်ထမ်းများ စစ်ဆေးကြည့်ရှုနေပုံ
 
အဲဒီ လူမှောင်ခိုကုန်ကူး သူ ထိုင်းနိုင်ငံ သား ၄ ဦး က   တရားမဝင် မြန်မာနိုင်ငံသား ၁၂၁ ယောက်ကို ထိုင်းနိုင်ငံတောင်ပိုင်း Phuket ဒေသကို   အလုံပိတ်ပစ္စည်းတင် ကွန်တိန်နာကားထဲမှာ အပြည့်အကြပ် တင်ပြီး သွားပို့ခဲ့တုန်းမှာ လေပေးစက်ပျက်ပြီး အဲဒီအထဲက လူတဝက်နီးပါးလောက် အသက်ရှု မွန်းကြပ်ပြီး သေဆုံးခဲ့ပါတယ်။

အဲဒီ ထိုင်းလူမျိုး ၄ ယောက်ကို  လူမှောင်ခိုကူးမှု၊ လူဝင်မှုကြီးကြပ်ရေးဥပဒေ ချိုးဖောက်မှု ၊ လူသေမှုတွေနဲ့ တရားရုံးတင်စစ်ဆေးပြီးနောက်  ကွန်တိန်နာကားပိုင်ရှင်ကို ထောင်ဒဏ်၁ဝ နှစ်၊ သူနဲ့ပူးတွဲကြံစည်သူ ကို ထောင်ဒဏ် ၉ နှစ်  နောက်ထပ်အကူအညီပေးသူတဦးကို ၆ နှစ် ပြစ်ဒဏ်အသီးသီး ချမှတ်လိုက်ပါ တယ်။

သူတို့ ၄ ဦးထဲမှာပါဝင်တဲ့ ထိုင်းအမျိုးသမီးကိုတော့ ဖြစ်စဉ်အားလုံး ဖြောင့်ချက်ပေးတဲ့အတွက် သက်ညှာတဲ့ အနေ နဲ့ ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်ပါတယ်။

 www.MyanmarExpress.net

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

မြန်မာနိုင်ငံသားတွေ သေဆုံးမှု ထိုင်း ၄ ဦး ကို ထောင်ဒဏ်ချမှတ်

Labels:

ပြီးခဲ့တဲ့ ၂ဝဝ၈ ခုနှစ်က ထိုင်းနိုင်ငံထဲကို ခိုးသွင်းလာတဲ့ မြန်မာနိုင်ငံ သားတွေ သေဆုံးခဲ့မှုနဲ့ ပတ်သက်ပြီး ထိုင်းလူမျိုး ၄ ယောက်ကို သူတို့နိုင်ငံတရားရုံးက ဒီကနေ့ ပြစ်ဒဏ်အသီးသီး ချမှတ်လိုက်ပါတယ်။

ထိုင်းနိုင်ငံ ရနောင်းခရိုင်အတွင်း အအေးခန်းကွန်တိန်နာ ကုန်ကားပေါ်တွင် အသက်ရှုကြပ်ပြီး သေ ဆုံးသွားခဲ့ရသော မြန်မာရွေ့ပြောင်း အလုပ်သမား ၅၄ ဦးရဲ့ ရုပ်အလောင်းများကို ဧပြီ ၁၀ ရက်နေ့က ထိုင်းကယ်ဆယ်ရေးဝန်ထမ်းများ စစ်ဆေးကြည့်ရှုနေပုံ
 
အဲဒီ လူမှောင်ခိုကုန်ကူး သူ ထိုင်းနိုင်ငံ သား ၄ ဦး က   တရားမဝင် မြန်မာနိုင်ငံသား ၁၂၁ ယောက်ကို ထိုင်းနိုင်ငံတောင်ပိုင်း Phuket ဒေသကို   အလုံပိတ်ပစ္စည်းတင် ကွန်တိန်နာကားထဲမှာ အပြည့်အကြပ် တင်ပြီး သွားပို့ခဲ့တုန်းမှာ လေပေးစက်ပျက်ပြီး အဲဒီအထဲက လူတဝက်နီးပါးလောက် အသက်ရှု မွန်းကြပ်ပြီး သေဆုံးခဲ့ပါတယ်။

အဲဒီ ထိုင်းလူမျိုး ၄ ယောက်ကို  လူမှောင်ခိုကူးမှု၊ လူဝင်မှုကြီးကြပ်ရေးဥပဒေ ချိုးဖောက်မှု ၊ လူသေမှုတွေနဲ့ တရားရုံးတင်စစ်ဆေးပြီးနောက်  ကွန်တိန်နာကားပိုင်ရှင်ကို ထောင်ဒဏ်၁ဝ နှစ်၊ သူနဲ့ပူးတွဲကြံစည်သူ ကို ထောင်ဒဏ် ၉ နှစ်  နောက်ထပ်အကူအညီပေးသူတဦးကို ၆ နှစ် ပြစ်ဒဏ်အသီးသီး ချမှတ်လိုက်ပါ တယ်။

သူတို့ ၄ ဦးထဲမှာပါဝင်တဲ့ ထိုင်းအမျိုးသမီးကိုတော့ ဖြစ်စဉ်အားလုံး ဖြောင့်ချက်ပေးတဲ့အတွက် သက်ညှာတဲ့ အနေ နဲ့ ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်ပါတယ်။

 www.MyanmarExpress.net
0 comments: