Pages

Wednesday, December 5, 2012

“““ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ဘရူနိုင်း နိုင်ငံရောက် မြန်မာ မိသားစုများ၊ မြန်မာ သံရုံးဝန်ထမ်း မိသားစုများ နှင့် မြန်မာ ပညာသင်များအား တွေ့ဆုံ ၍ သြဝါဒ စကား ပြောကြား ”””

ဘရူနိုင်းဒါရုဆလမ်နိုင်ငံ၌ ရောက်ရှိနေသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦး သိန်းစိန်သည်  ဒီဇင်ဘာ (၃)ရက် ညနေ (၆)နာရီတွင် ဘရူနိုင်းဒါရုဆလမ်နိုင်ငံ ဘန်ဒါဆရီဘီဂါဝန်မြို့ရှိ  မြန် မာနိုင်ငံသံရုံး၌ ဘရူနိုင်းဒါရုဆလမ် နိုင်ငံတွင် လာရောက်အလုပ်လုပ် ကိုင်လျက်ရှိကြသော ဆရာဝန် ကြီး များ အပါအဝင် သူနာပြုများ၊ အင်ဂျင်နီယာများ၊ တက္ကသိုလ်မှဆရာ၊ ဆရာမကြီးများ၊ မြန်မာပညာရှင် များ၊ သံအမတ်ကြီးနှင့် သံရုံး ဝန်ထမ်းမိသားစုများနှင့် တွေ့ဆုံ၍ သြဝါဒစကား ပြောကြားသည်။
 
ရှေးဦးစွာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဘရူနိုင်းဒါရုဆလမ်နိုင်ငံတွင်  လာရောက် အလုပ်လုပ်ကိုင် လျ က် ရှိကြသော ဆရာဝန်ကြီးများ အပါအဝင် သူနာပြုများ၊ အင်ဂျင်နီယာများ၊ တက္ကသိုလ်မှ ဆရာ၊ ဆရာ မ ကြီးများ၊ မြန်မာပညာရှင်များနှင့် တွေ့ဆုံရာတွင် ယခုကဲ့သို့ မိမိနိုငံသားများနှင့် တွေ့ဆုံရ၍ ဝမ်းမြောက်ပါေ ကြာင်း၊ နိုင်ငံသားများ အနေဖြင့် မိမိ၏ အတတ်ပညာကို အသုံးချ၍ ပညာရှင်များအဖြစ် ယခုလိုလာရောက် အလုပ်လုပ်နေမှုကိုလည်း ဂုဏ်ယူပါကြောင်း။
ဘရူနိုင်းနိုင်ငံသည် အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံဘက်မှ အမြဲတမ်း ရပ်တည်၍ ထော က်ခံမှုပေးနေသော နိုင်ငံဖြစ်သည့်အပြင် မြန်မာနိုင်ငံနှင့် ခင်မင်ရင်းနှီးမှုရှိသော နိုင်ငံဖြစ်ပါကြောင်း၊  အလုပ် ကို ကြိုးကြိုးစားစားဖြင့် ဂုဏ်ရှိစွာ လုပ်စေလိုပါကြောင်း၊ သို့မှသာ နိုင်ငံနှင့်လူမျိုး၏ ပုံရိပ်ကောင်းမွန်မည် ဖြစ်ပါကြောင်း။
မိမိတို့နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်ရန် သဘာဝ အရင်းအမြစ်များ ရှိသော်လည်း အရင်းအနှီး၊ နည်းပညာ၊ လူ့ စွမ်းအားအရင်းအမြစ် နည်းပါးသေး၍ ဖွံ့ဖြိုးတိုးတက်မှုနောက်ကျ ကျန်နေခဲ့ပါကြောင်း၊ ထို့ကြောင့် အမြန် ဆုံး ဖွံ့ဖြိုးတိုးတက်ရန်  ပညာရှင်များနှင့် တိုင်ပင်ဆွေးနွေး၍ နည်းလမ်းများ  ရှာဖွေ ဆောင်ရွက်နေ ပါေ ကြာင်း။
       
ယခုအခါ မိမိတို့ နိုင်ငံသည် ကမ္ဘာ့နိုင်ငံများတွင် ဝင်ဆံ့နိုင်ပြီး ဆက်ဆံရေး ကောင်းမွန်လာပြီဖြစ်ပါကြောင်း၊ ပထဝီအနေအထားအရ ကြီးမားသော ဈေးကွက်ကြီးများလည်း ရှိပါကြောင်း၊ ထို့ပြင် အာဆီယံမှသည် အေ ရှ့အလယ်ပိုင်းအထိ ဆက်သွယ် ကူးလူးနိုင်သည့်အတွက် တောင်အာရှနှင့် အရှေ့အာရှတို့ကို ဆက် သွယ်ေ ပးသည့် အချက်အချာကျသည့် နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါကြောင်း၊ ယခုအခါ ခင်မင်ရင်းနှီးသည့် နိုင်ငံများထံမှ ငွေကြေးအကူအညီ၊ ဖွံ့ဖြိုးမှု အကူအညီများ ကမ်းလှမ်း လာနေကြပြီ ဖြစ်ပါကြောင်း။
ယခုဆိုလျင် မိမိတို့နိုင်ငံသည် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရန် အခြေအနေကောင်းများသို့ ရောက်ရှိနေ ပြီ ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဘရူနိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာပြည်သူများ အနေဖြင့်လည်း မိ မိ တို့တိုင်းပြည် ဖွံ့ဖြိုး တိုးတက်အောင် တတ်အားသမျှ ဝိုင်းဝန်းမြှင့်တင် ပေးစေလိုပါကြောင်း။
နိုင်ငံတော် အစိုးရအနေဖြင့် ဒီမိုကရေစီကျင့်စဉ်နှင့်အညီ အသွင်ကူးပြောင်း လျှောက်လှမ်းနေပြီး တိုင်းပြည် အ မြန်ဆုံး ဖွံ့ဖြိုးတိုးတက်မှု ရရှိအောင် ဆောင်ရွက်လျက် ရှိပါကြောင်း။
ထိုသို့ ဆောင်ရွက်ရာတွင် နိုင်ငံတော် အစိုးရနှင့်အတူ သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ ပြည်သူများကလည်း ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံတည်ဆောက်ရေးတွင် အားလုံးပါဝင်ဆောင်ရွက်ခွင့် ရရှိနိုင် ရန်အတွက်လည်း မိမိတို့ အစိုးရသစ် တာဝန်ယူလာခဲ့သည့် သက်တမ်း(၂)နှစ် အတွင်း  အကြောင်းအမျိုး မျိုးဖြင့် ပြည်ပတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများကို ပြန်လည် လာရောက်ကြရန် ဖိတ်ခေါ်ခဲ့ ပါကြောင်း၊ ထို့အပြင် အကျဉ်းထောင်အသီးသီးမှ အကျဉ်းသားများကိုလည်း  လွတ်ငြိမ်းချမ်းသာခွင့် (၇) ကြိမ် ပေးခဲ့ရာတွင် အကျဉ်းသား သုံးသောင်းကျော်အထိ လွတ်မြောက်ခဲ့ပြီး ဖြစ်ပါကြောင်း။
 မိမိတို့ အစိုးရသစ်လက်ထက်တွင် ပြည်တွင်း ငြိမ်းချမ်းရေး ရရှိအောင်  ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ယခုဆို လျှင်  ပြည်တွင်းလက်နက်ကိုင် အဖွဲ့ (၁ဝ) ဖွဲ့နှင့် ပစ်ခတ်တိုက်ခိုက်မှုများ ရပ်ဆိုင်းပြီး သဘောတူညီချက် အချို့ ရရှိနိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ KIA/KIO အဖွဲ့တစ်ဖွဲ့သာ ကျန်ရှိတော့ပါကြောင်း၊ အဆိုပါအဖွဲ့နှင့်လည်း အဆင့်ဆင့် စေ့စပ် ဆွေးနွေး ညှိနှိုင်း ဆောင်ရွက်လျက်ရှိရာ မကြာမီတွင် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ေ တာ့မည်ဟု မျှော်လင့်ပါကြောင်း။
ယခုဆိုလျင် နယ်စပ်ဒေသများ၌ ငြိမ်းချမ်းမှု၏အရသာကို ခံစားနေကြရပြီ ဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေ ဖြင့်လည်း ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းပြီး ထာဝရ ငြိမ်းချမ်းရေး ရရှိသည်အထိ စိတ်ရင်းေ စ တနာ မှန်ကန်စွာဖြင့် ဆက်လက်၍ ဆောင်ရွက်လျက်ရှိ ပါကြောင်း။
နိုင်ငံတော်တည်ဆောက်နေချိန်တွင် အခက်အခဲများ၊ စိန်ခေါ်မှုများနှင့် မျှော်လင့်မထားသည့် စိန်ခေါ်မှုများ ကို လည်း ရင်ဆိုင်တွေ့ကြုံခဲ့ရပါကြောင်း၊ သို့သော် နိုင်ငံသားတိုင်း နိုင်ငံချစ်စိတ်ဖြင့် ဝိုင်းဝန်းပူးပေါင်း ၍ ကျော်လွှားကြရမည် ဖြစ်ပါကြောင်း။
မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နေသည့်အချိန်တွင် ပြည်ပရောက် မြန်မာပြည်သူများ အနေဖြင့် လည်း တိုင်းပြည်တည်ဆောက်ရေးတွင် တစ်ဘက်တစ်လမ်းမှ ပါဝင် ကူညီဆောင်ရွက်ကြစေလိုကြောင်း၊ ပုဂ္ဂိုလ်တစ်ဦးချင်း၏ လိုအပ်ချက်အရ ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်နေကြသော်လည်း ကိုယ့်တိုင်း ပြည်ဖွံ့ဖြိုး တိုးတက်ရေးတွက်  ကိုယ်တတ်သည့် ပညာများဖြင့် ကျရာအခန်းကဏ္ဍမှ ပါဝင်ပြီ်း အလုပ်အေ ကျွး ပြုစေလိုကြောင်းဖြင့် မှာကြားသည်။
ယင်းနောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား  ဘရူနိုင်းနိုင်ငံရာက် မြန်မာမိသားစုများ ကိုယ်စား အငြိမ်း စား ကလေးအထူးကု ဆရာဝန်ကြီး ဒေါက်တာ ဦးအေးမောင်ဟန်က  ဂါရဝပြု အမှတ်တရလက်ဆောင် ပစ္စည်း ပေးအပ်သည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတသည် မြန်မာသံအမတ်ကြီး၊ သံရုံးဝန်ထမ်းမိသားစုများနှင့် တွေ့ဆုံပြီး သြ ဝါဒစကားပြောကြားသည်။ 
ယင်းနောက် နိုင်ငံတော်သမ္မတအား မြန်မာသံအမတ်ကြီး၊ သံရုံးဝန်ထမ်းမိသားစုများက မြန်မာ့ရိုးရာဓလေ့ ထုံးတမ်း အစဉ်အလာနှင့်အညီ ဂါရဝပြုကန်တြော့ကသည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် သံအမတ်ကြီး၊ သံရုံးဝန်ထမ်း မိသားစုများအား အမှတ်တရ လက်ဆောင် ပစ္စည်းများကို ပေးအပ်ပြီး ပညာသင်ဝန်ထမ်း (၆)ဦး တို့အား ထောက်ပံ့ငွေ များ ပေး အပ် ချီးမြှင့်သည်။
ယင်းနောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်မြန်မာချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ များသည် မြန် မာနိုင်ငံ သံအမတ်ကြီးက ဂါရဝပြု တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်သည်။
 
သမ္မတရုံး
 
No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

“““ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ဘရူနိုင်း နိုင်ငံရောက် မြန်မာ မိသားစုများ၊ မြန်မာ သံရုံးဝန်ထမ်း မိသားစုများ နှင့် မြန်မာ ပညာသင်များအား တွေ့ဆုံ ၍ သြဝါဒ စကား ပြောကြား ”””

Labels:

0 comments: