Pages

Thursday, December 6, 2012

“““ ထိုင်ထိုင် .. ထထ .. သပိတ်မှန်သမျှ ဒါပါပဲ ”””

မြန်မာနိုင်ငံမှ ဆူပူသူ ခေါင်းဆောင်များသည် ဗုဒ္ဓဘာသာများ မဟုတ်ကြသည့်အတိုင်း သံဃာများကို ဆက် လက် ရှေ့တန်း တင်လေပြီ။ ပွဲလန့်လျှင် ဖျာခင်း ဒေါင်းအလံက အဆင်သင့်။ မန္တလေးက ဘုန်းကြီးများ သာသ နာ အကျိုးကို မည်သို့ သယ်ပိုးနေပါသလဲဆိုတာ မေးစရာပင်။

အင်တာနက်တွင် မြင်တွေ့နေရသည့် ကိုယ်တော်များပြောသည်ကလည်း လောဘ၊ဒေါသ၊ မောဟ။ ထိခိုက် ဒဏ်ရာရသည့် ဆူပူသူ သံဃာများကို ကြည့်ပြီး ဒုက္ခ ဆိုပြီး တရားကိုလည်း သတိမရ။ ဝေဒနာ ကိုလည်း သတိ မရကြ။

တစ်ဖြည်းဖြည်းနဲ့ ကိုယ်ကြားခဲ့၊ နာခဲ့ဖူးတဲ့ တရားတွေကိုပင် ယုံထင်ကြောင်ထင် ဖြစ်လာလေပြီ။ အနိစ္စ၊ ဒုက္ခ၊ အနတ္တ သည် ဘုရားဟောသည့် တရားမဟုတ်ပါလား။ သံဃာတော်များသည် သာသနာကိစ္စ လုပ်ရန် သာ အဓိ က တာဝန်ရှိသည် မဟုတ်ပါလား။ မိဘ၊ဆွေမျိုး၊ ရပ်ရွာ၏ ကောင်းမှုဖြင့် သာသနာ့ ဘောင်သို့ ၀င်ေ ရာက်ခြင်း သည် သာသနာအတွက် မဟုတ်ပါလား။

မြတ်စွာဘုရားလက်ထက်တွင် ဘုရားရှင် ကိုယ်တော်တိုင် ဆန္ဒပြဖူးသည်ဆိုသော အကြောင်းပြ ချက် ကို ကောင်းကောင်း ကိုင်စွဲကြ သည်။ စစ်မက် ဖြစ်ပွားတော့မည့် အတွက် ဆွေမျိုး များ ကို စောင့်ေ ရှာက်အပ်ေ သာ အကြော င်း ကြော င့် စစ်မက်ဖြစ်ပွားမည့် အလယ်ဗဟို တွင် မြတ်စွာဘုရား နေ၍ သုံးကြိမ် တိုင် တာြး မစ် ခြင်းကို အ လွဲ ယူ သုံးကြသည်။ မြတ်စွာဘုရားရှင်သည် သံဃာများကို ငါနှင့် လိုက် ခဲ့ ။ ဆန္ဒသွားဖော် ထုတ်ကြ မည် ဟု ပြောခဲ့သယောင်ယောင်၊ ဆိုင်းဘုတ်ကြီးများ ထောင်ခဲ့ သယော င်ယော င်၊ ပြည်သူ အများ က ဟေးလား ၀ါးလား အားပေးခဲ့သယောင်ယောင် ပြောဆိုကြ၏။ ကျမ်းတတ် စာ တတ် ပုဂ္ဂိုလ် များ ဘယ် ကို ရောက်ေ နကြပါသလဲ။

ဆရာတော်ကြီးတစ်ပါးကလည်း ၀ိနည်းလွတ် မိန့်တော်မူသည်။ ဆန္ဒမဖော်ထုတ်ရ ဗုဒ္ဒဘုရားက ကန့်သတ် ထားခြင်း မရှိတဲ့။ သက်ဦးဆံပိုင် ဘုရင်စနစ်တွင် တစ်ယောက် ဆန္ဒဖော်ထုတ်ပါက ဆွေမျိုး ခုနှစ်ဆက် အမြစ်ြ ပုတ် မည် ဖြစ်သည်။ သံဃာများ ကျင့်ဆောင်ရမည့် ကျင့်ဝတ်များသည် သံဃာ မပီသသော သံဃာ တစ်ပါးပါးက ပြုမူဆောင်ရွက်ခဲ့သဖြင့် တားမြစ်ခဲ့သည့် ကျင့်ဝတ်များပင် ဖြစ်သည်။

ကင်မရာရှေ့က ဘုန်းကြီးနဲ့ ကိုယ့်အဖွဲ့ကိုယ်ရိုက် ဘုန်းကြီးများ
 
ဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်ကပင် သံဃာငယ်များသည် ကျင့်ဝတ်များကို ချိုးဖောက်ရန် နည်းလမ်း အမျိုး မျိုးဖြင့် ကြိုးစားခဲ့ကြသည်။ ကွက်ကွက်ကွင်းကွင်း ဥပမာဆိုလျှင် မာတုဂါမနှင့် မဆက်ဆံရ ဆိုသည့် အခါ လက်ဖြင့်  အာသာဖြေသည်၊ အခေါင်းပေါက်၊ သူသေ ဒွါရပေါက်များကို ရှာကြံလုပ်သည်။ ထိုအခါမှ ဘုရား ရှင်က မိန့်ကြားရသည်။ ထိုခောတ်ထိုအခါတွင် ဆန္ဒပြခြင်း မရှိ။ သံဃာများက ဆိုင်းဘုတ် များထောင် ကာ ကန့်ကွက်ခြင်း မရှိ။

အရှင်ဘုရားတို့ သံဃာငယ်များကြောင့် ဗုဒ္ဓဘာသာကို ပျက်ရယ် ပြုခံနေရပါပြီ။ မီးလောင်နေ ချိန် တွင် မေတ္တာ သုတ် ရွတ်ရသည်ဟု မည်သည့် သံဃာ ဦးဆောင်ပါသလဲ။ အရှင် ဘုရားတို့ ကိုင်ဆောင် ထား သည့် မီးေ လာင် သံဃာပုံသည် အရှင်ဘုရားတို့ဘက် လှည့်ပြီး ဝေဒနာ သဘော ကို ရှုရမည် သာ ဖြစ်သည်။ 
 
ဘုန်းကြီးများ တောင်းဆိုသည် ကို ကြည့်ပါလေ။
၁။နိုင်ငံတော်သမ္မတနှင့် အစိုးရအဖွဲ့က ထိခိုက်ဒဏ်ရာရရှိသော သံဃာတော် များကို အမြန်ဆုံးဝန် ချတောင်းပန်ရန်၊
၂။ အကြမ်းဖက်နှိမ်နင်းမှုတွင် တာဝန်ရှိသောသူများအား ထိရောက်စွာ အရေးယူရန်၊
၃။ ကြေးနီစီမံကိန်းကြောင့် ဖမ်းဆီးထားသူများကို ချက်ခြင်းပြန်လွှတ်ပေးရန်၊
၎။ကြေးနီစီမံကိန်းကို ဒေသခံများနှင့် ပြည်သူများ ကျေနပ်လက်ခံအောင် ဆောင်ရွက်ပေးရန်၊နှင့် ဒီမိုကရေ အစိုးရ စစ်စစ် တစ်ရပ်ပေါ်ပေါက် လာရန်အချက်များ အပါအ၀င်ယခုကဲ့သို့ အကြမ်းဖက် မှုများ နောက်ေ နာင် မပေါ်ပေါ က်စေ ရန်အတွက် လွှတ်တော်များနှင့် အစိုးရအဖွဲ့များတွင် ပါဝင် လျက် ရှိသော တပ်မတော် သား များ အား အမြန်ဆုံးနုတ်ထွက်ပေးရန်
သံဃာတော်များ တောင်းဆိုသည်မှာ သာသနာအတွက် ဘာ ပါပါသလဲ။ သံဃာတော်များ၏ နောက်တွင် အဆိုပါအချက်များကို တောင်းဆိုနေသူသည် မည်သူတွေ ဖြစ်ပါသလဲ။ စဉ်းစားကြစေလိုသည်။ 
 
No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: