Pages

Saturday, December 8, 2012

“““ လက်ပံတောင်း အတွက် နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့ ဥက္ကဌ ဗန်းမော် ကျောင်းတိုက် ဆရာတော် ဥပမာ ပေးသည့် ပုံပြင် နှစ်ပုဒ် ”””

ဗန်းမော်ကျောင်းတိုက် ဆရာတော် ဘုရားကြီးမှ အဌ ကထာတွင် ပါသည့် ပုံပြင် နှစ်ပုဒ်ကို ဥပ မာပေး၍ ဒကာကြီး တို့က တောင်းပန် လျှင် ဘုန်းကြီး တို့မှ ကျေနပ်ပါကြောင်း၊ တောင်း ပန်ပြီး နောင်လည်း ဤသို့ မဖြစ်ေ အာင် ရှောင်ကြဉ်ရန် လိုပါကြောင်း မိန့်ကြား ခဲ့သည်။

ပုံပြင် မှာ အိန္ဒိယမှ အဖြစ်အပျက် ပုံပြင် ဖြစ်ပြီး သီရိ ဓမ္မာသောက မင်းကြီး လက်ထက်တွင် အချို့ ရဟန်းေ တာ် များ သည် မသင့် မတင့် ပြုကျင့်သည့် အတွက် ရဟန်းကောင်း များမှ ထို ကိုယ်တော်များ မတော် တာ ပြု ကျင့်နေသည်ဟု ဆိုတာ ၄င်းတို့နှင့် အတူတူ ဥပုသ် သီလ ဆောက် တည်ခြင်း မပြု၊ ကံကြီး ကံငယ် လည်း မေ ဆာင် ဘဲ ဖယ်ကြဉ် ထားကြောင်း၊ ထိုသို့ ပြုလုပ်သည်ကို ဘုရင်ကြီးထံ အချို့က လျှောက်ထား ရာ သံဃာ များ ညီညွှတ်အောင် လုပ်ရန် အမတ်တစ်ဦးအား စေခိုင်းလိုက်လေသည်။

ထိုအမတ် လည်း မည်သို့ လုပ်ရမည်ကို စဉ်းစားပြီး သံဃာများကို အစည်း အဝေးပြု လုပ်စေခဲ့ကြောင်း၊ ထို အခါ မတော် တရော် လုပ်သည့် သံဃာများနှင့် ကောင်းကောင်းမွန်မွန် လုပ်သည့် သံဃာများ သီးခြားစီ ထိုင်ကြလေ သည်။ ထိုအခါ အမတ်က အရှင် ဘုရားတို့ ဥပုသ်ပြုရမည်၊ ဥပုသ် မပြုဘဲ မနေရဟု ဆို ရာ ကောင်းသည့် သံဃာ များမှ ထိုသို့ မကောင်းသည့် ကိုယ်တော် များနှုင့် ဥပုသ် အတူ မပြုနိုင် ပါဟု ပြော သဖြင့် အမတ်က ဥပုသ် အတူ မပြုသည့် သံဃာများကို တစ်ပါးပြီး တစ်ပါး သတ်စေခဲ့သည်။

နောက်ဆုံးတွင် မင်းကြီး၏ ညီဖြစ်သူ ကသံဃာတော်များ သေကုန်ပြီ၊ မိမိ အလှည့်ကျပြီဟု ဆိုကာ သွားထိုင် ခဲ့သည်။ မင်းကြီး၏ ညီတော်မို့ မသတ်ရဲသည့် အမတ်လည်း ဘုရင်ကြီးထံ သံဃာများကုန်ပြီး မင်းကြီး ညီေ တာ် အလှည့် ကျနေပြီ ဖြစ်ကြောင်း လျှောက်ထားသည့် အခါ ဘုရင်က ထို သို့ သတ်ခိုင်းခြင်း မဟုတ်ကြော င်း ထို လုပ်ဆောင်ချက်သည် မိုက်မဲ လွန်း လှကြောင်း ပြောဆိုသည်။

ထို့နောက် မင်းကြီးလည်း သံဃာတော် များကို သတ်မိကြောင်း ဆရာတော် များထံ သွားရောက် ပင့်လျှော က်ပြီး တပည့်ေ တာ် စေခိုင်းခြင်း မဟုတ် ပါကြောင်း၊ ၄င်းအတွက် တပည့်တော် တို့ကိုကျေပါရန် လျှော က် ထားပြီး တောင်း ပန် ခိုင်းရာ တောင်းပန်သဖြင့် အပြ စ်များ ကျေသွားခဲ့လေသည်။

ထို့နောက် သီဟိုဌ်တွင် ဖြစ်ခဲ့သော ပုံပြင်တစ်ပုဒ် အား ဥပမာ ပေးခဲ့ပြန်သည်။ သီဟိုဌ်တွင် ယာဂုဆွမ်းေ လာ င်း သည့် ဓလေ့ ရှိရာ ရဟန္တာကြီး တစ်ပါးသည် ဆွမ်း မပါသဖြင့် ယာဂုကို လမ်းဘေးတွင် ထိုင်ပြီး သ ပိတ် လိုက် မော့သောက်ခဲ့ဖူးသည်။ ထိုအရာကို မြင်သော ကိုယ်တော်လေးတစ်ပါးမှ ကိုယ်တော်ကြီးဟာ အ ရှက် မရှိ ယာ ဂုကို သပိတ်လိုက် မော့သောက်သည်ဟု စိတ်ထဲမှ ကဲ့ရဲ့ မိလေသည်။ 
ထိုအခါ ရဟန္တာကြီးမှ ကိုယ်တော်လေး စိတ်ထဲမှ ကဲ့ရဲ့လိုက်သည်ကို သိသဖြင့် ဘုရား သာသ နာတော် တွင် ဆောက် တည်ရာများ ရပြီလားဟု လိုက်မေး ရာ သောတာပန် ရပြီ ဖြစ်ကြောင်း လက် မထောင် ၍ ပြ န်ပြော ခဲ့လေသည်။ သော တာပန် ဆိုလျှင် ကိုယ်တော်လေး နောက်ထပ် မကျင့်တော့ရန် နှု့် ကျင့်လျှင် လည်း ဘာမှ မရကြောင်း မိန့်ကြားသဖြင့် ကိုယ်တော်လေးမှ အကြောင်းရင်းကို မေးမြန်းရာ ရဟန္တာ ပုဂိုလ် ကို ကဲ့ ရဲ့လျှင် ကံကြီးထိုက်ကြောင်း၊ ထိုသို့ အကုသိုလ် ဖြစ်သည့်အတွက် သည်ဘ၀ ရှေ့ဆက်ကျင့်လျှင် အနာ ဂါမ် မရနိုင်၊ မဖြစ်နိုင်တော့ကြောင်း ရှင်းပြ ချိန်တွင် ဦးပဇင်းလေးမှ ၀န်ချတောင်းပန်သည့် အတွက် ကျေ သွားခဲ့လေသည်။

ထို့ကြောင့် သီရိ ဓမ္မာသောက မင်းကြီးကဲ့သို့ တောင်း ပန်သည့် အတွက်၊ သီဟိုဌ်မှ ရဟန္တာ ကြီး နှလုံးမူ သည့် အတွက် ၊  စာပေနှင့် ထပ်တူ ညီမျှသည့် အတွက် ဆရာတော်တို့ ကျေနပ် ပါကြောင်း နောင် ထိုကဲ့သို့ ထပ်မံ မဖြစ်ပွားအောင် နေထိုင် သွားရန် သြ၀ါဒ ပေးပြီး အခမ်းအနား ပြီးဆုံး ခဲ့လေသည်။

သာသနာရေး ၀န်ကြီး အကျယ်လျှောက်ထားသည်ကို ဖတ်ပါ။ ပြီးလျှင် ဆရာတော်ကြီး ပုံပြင် ၂ ပုဒ် ဥပမာ ပေးသွားသည်ကို ဖတ်ပါ။ 

သတင်းစာ ခေါင်းစဉ်တွင် သက်တော်ငယ်ရွယ်ကာ နိုင်ငံရေးပရိယာယ် နားမလည်ကြသေးသည့် သံဃာ င ယ် များနှ င့် ကိုရင်ငယ်များ အပြစ်မရှိကြောင်း တွေ့မြင်ရ၊ ယခုလို အဖြစ်မျိုး ထပ်မံ မဖြစ်ပေါ်စေရေး သာ သ နာ အကျိုး၊ တိုင်းပြည် အကျိုး၊ ပြည်သူ့အကျိုး မျှော်ကိုးပြီး ၀ိုင်းဝန်းထိန်းသိမ်း၊ အစိုးရဘက်ကလည်း သာ သနာ အကျိုး၊ နိုင်ငံအကျိုး၊ ပြည်သူ့အကျိုးအတွက် သတိတရား လက်ကိုင်ထား၍ ဆောင် ရွက်သွား မ ည် ဟု ဖော်ပြ ထားသည်။
 
ဝန်ကြီးမှ အကျယ်တ၀င့် လျှောက်ထားပြီး သံဃ နာယက ဥက္ကဌမှ ဥပမာ ၂ ခု ပြ၍ ဆုံးမကာ အခမ်း အနား ပြီးဆုံး ခဲ့သည်။ ဥာဏ်တော် ကြီးမြတ်လှ သည့် ဆရာတော် ဘုရား ပင် ဖြစ်ပါသည်။ သာသနာ ဆုတ်ယုတ် သည့် ကာလတွင် သံဃာသင်းခွဲသူ မဖြစ်စေရေးအတွက် တောင်းပန်ပွဲ အခမ်းအနား တွင် တောင်းပန် ဖူးသည့် သာဓက၊ ခွင့်လွှတ်ဖူးသည့် သာဓက ၂ ခုဖြင့်သာ ရှင်းလင်းခဲ့ သည်။ အပို မပြောခဲ့။ ၀န်ကြီး ပြောသွားသည့် အချက်များကို မှားသည် မှန်သည်လည်း မဆို။ သံဃာတော်များ လက်ရှိ လု ပ်ဆောင်နေ သည်နှင့် ပတ်သက်၍ လည်း မည်သည့်မှတ်ချက်မှ မပြုခဲ့။ ဆရာတော်ဘုရားကြီး၏ ဥာဏ်တော်ကြီး မားသလောက် ဆူပူနေသည့် တစ်နိုင်ငံလုံး သပိတ်ထဖို့ ကြိုးစားနေသည့် သံဃာတော်များ နားလည် ပါမည်လား ဆိုသည့် အတွေး များဖြင့်သာ…
 သံဃာတော်များ ဆင်ခြင်နိုင်စေရန် ယနေ့ သတင်းစာပါ တောင်းပန်ပွဲမှ ကူးယူဖော်ပြပါသည်။

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: