Pages

Saturday, December 8, 2012

“““ ဒဂုံ အရှေ့ပိုင်း အမှတ် (၃) မူလတန်း လွန်ကျောင်းရှိ ဆရာမ များအား ခြိမ်းခြောက် သည့် ပညာရေး စောင့်ကြည့် အဖွဲ့ ”””

၈၈ ကလည်း ကျောင်းသားတွေကို မကြောက်တရားက သမ္မတ ၃ ဆက်ဖြုတ် ချခဲ့ကြောင်း စည်းရုံး တယ်။ ဗကသ ဆိုတဲ့ အဖွဲ့က စည်းကမ်း ပျက်၊ ကျောင်းထုတ် ခံရသည့် ကျောင်းသား များကို မြှောက် ပင့်ပြီး ဆူပူ မှု တွေ ဖန်တီး တယ်။ ABSDF ထောင်ထွက်တွေ ကလည်း အင်အား သစ်တွေ ရဖို့ လူပြန် စုတယ်။ ယခု လည်း နောက်ထပ် တစ်ဖွဲ့လာလေပြီ။
 
မြန်မာလူမျိုးတို့၏ အနန္တဂိုဏ်းဝင် ကျေးဇူးရှင် ဆရာမတစ်ဦး 
 
အနန္တော၊ အနန္တဂိုဏ်းဝင်အဖြစ် သတ်မှတ်ခဲ့ကြသော ဆရာ၊ ဆရာမတို့မှာ ယခုခေတ်အခြေအနေတွင် အခြိမ်းခြောက်ခံဘဝတစ်ခုနှင့် ရင်ဆိုင်နေရသည်ဟုဆိုလျှင် ယုံကြည်လိမ့်မည်မဟုတ်ဟု ထင်ပါသည်။ သို့ရာ တွင် အောက်ဖော်ပြပါ အဖြစ်အပျက်တို့မှာ အမှန်တကယ် ဖြစ်ပျက်လျက်ရှိပါကြောင်း မြန်မာပို့စ် ဂလို ဘယ် စာဖတ်ပရိတ်သတ်သို့ တင်ပြလိုက်ရပါသည်။

နေရာက ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်ရှိ၊ အမှတ် (၃) မူလတန်း လွန်ကျောင်းတွင် ဖြစ်ပါသည်။ အဆို ပါေ ကျာင်း တွင် ယောက်ျား သားဖြစ်သော ကျောင်းဆရာ ဟူ၍ တစ်ဦးတစ်ယောက် မျှမရှိ။ အားလုံး မှာ ကျောင်း အုပ် ဆရာမကြီးအပါအဝင် ကျောင်းဆရာမစုစုပေါင်း ၁၆ ယောက် ရှိသည်။ ကျောင်း တွင် လက်ရှိ ပညာ သင်ယူေ နသော ကျောင်းသား အရေအတွက်မှာ သူငယ်တန်းမှ သတ္တမတန်း အထိ စုစုပေါင်း ၈၅ဝ ကျော် ရှိနေပါသည်။ အဆို ပါကျောင်းမှ ဆရာမ တို့၏ ရင်ဖွင့်ပြောကြား ချက်အရ လက်ရှိ အခြေအနေ တွင် ကျောင်း သို့ သွားရာ ပုံမှန် အသုံးပြုနေကျ အနီးဆုံးလမ်းမှ မသွားရဲ၊ အခြားသော လမ်း များမှ ကျောင်း သို့ရောက် ရှိအောင် ရှောင်ကွင်း သွားလာနေကြရသည်။ အကြောင်းမှာ ဆရာမ တို့အား လိုက် လံနှောင့် ယှက်နေ ကြသော လူတစ်စုကြောင့် ဖြစ်သည်ဟု သိရသည်။ အဆိုပါလူတစ်စုမှာကား မိမိတို့ ကိုယ် မိမိတို့ 'ပညာေ ရးစောင့်ကြည့်' အဖွဲ့မှဟု ဆိုသည်။ ဤ အဖွဲ့မှာ မည်သည့် အချိန်တွင် မည် သည့်နေ ရာ၌ မည်သူက စတင်ဖွဲ့စည်းထားပြီး မည်သို့ဖွဲ့စည်းထားသည် ဆိုသည်ကို ကျွန်ုတို့ ကိုယ်တိုင် လည်း မသိသကဲ့သို့ ဒုက္ခပေး ခံနေရသော ဆရာမတို့ ကိုယ်တိုင်မှာလည်း ကွဲကွဲပြားပြား မသိရှိကြပေ။

ကျွန်ုတို့သိရှိရသလောက်မှာ လက်ရှိပေါ်ပေါက်နေသော အသင်းအဖွဲ့၊ အဖွဲ့အစည်း တို့မှာ များသော အားဖြင့် ပြည် သူ လူထု သို့ အလုပ်အကျွေးပြုရန် အတွက် ကောင်းမွန်သော ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်း ထား သည် များကိုသာ တွေ့ရှိရ ပါသည်။ သို့သော် ဖွဲ့စည်းပြီး သည့်နောက် တွင်လည်း အဆိုပါ အဖွဲ့၏ မူလ ရပ် တည်ချက်၊ ရည်ရွယ်ချက် တို့ အတိုင်း တိမ်းစောင်း မသွားစေရန် တည့်မတ်ခြင်း၊ ရရှိလာသော အဖွဲ့ အစည်း ၏ လုပ်ပိုင်ခွင့် အပေါ် ကျော်လွန်၍ မလျော်သြဇာ အသုံးပြုခြင်း များရှိလာပါက လိုအပ်သလို အဆင့် ဆင့် ထိန်းေ ကျာင်း တည့်မတ်ခြင်း၊ အရေးယူခြင်းများ ကို ဆောင်ရွက် လျက်ရှိကြသည် ကို တွေ့ရ ပါသည်။ 
လက်ရှိ တွေ့ကြုံခဲ့ရသော အခြေအနေမှာမူ ဤသို့ မဟုတ်၊ များစွာ ကွဲပြားခြားနားသော အခြေ အနေ တစ် ရပ်နှ င့် တွေ့ကြုံခဲ့ ရပါသည်။ အဆိုပါ အဖွဲ့မှ ဆိုသူတို့က ဆရာမ တို့အား ကာယိနြေ္ဒ ပျက်ပြားစေ သည် အထိ ကျောင်းပြန် လွှတ်ချိန်များ တွင် စောင်းမြောင်း၍ သီချင်း သီဆို လှောင်ပြောင်ခြင်း၊ ကျောင်းအပြန် ဆရာမ များ သွားလာနေကျ လမ်းဖြစ်သော ရှင်ထွေးညို လမ်းမကြီးပေါ် ရှိ၊ ရွှေခြံ ဘုန်းကြီးကျောင်း အရှေ့ရှိ ရေကန်နား အနီးတွင် ဓာတ်ပုံ ရိုက်ယူခြင်းများ ပြုလုပ်ခြင်း တို့ကြောင့် ဆရာမ တို့မှာ နေ့စဉ် ထိတ်လ န့်ကြောက်ရွံ့ စွာဖြင့် အိမ်သို့ ပြန်နေကြရကြောင်း သိရှိရပါသည်။ ထိုမျှ မကသေးပါ။

အဆိုပါ အမှတ် (၃) မူလတန်းလွန်ကျောင်း အနီး ဝန်းကျင်သို့လည်း အဆိုပါ အဖွဲ့မှ ဆိုင်ကယ် တဝီ ဝြီ ဖင့် ဖြတ် သန်းပြီး ကျူရှင် သင်နေခြင်းရှိ မရှိကို လေ့လာစောင့်ကြည့်ခြင်း၊ မှတ်တမ်းတင် ဓာတ်ပုံ ရိုက် ယူခြင်း တို့ကို မကြာခဏပြု လုပ်လျက်ရှိနေကြောင်းလည်း အဆို ပါကျောင်း၏ ကျောင်း အကျိုးတော်ေ ဆာင် အ ဖွဲ့ ၏ ပြောပြချက်များ အရ သိရှိရပါသည်။ ယင်းအတွက်ကြောင့် ဆရာမတို့မှာ စိတ်အနှောင့် ယှက်များ စွာဖြစ် ရသည့်အပြင် နေ့စဉ်ကျောင်းသို့ လာရောက်ချိန်နှင့် ကျောင်းပြန်ချိန် များတွင်လည်း အဆိုပါ အဖွဲ့၏ ရန်ပြုခြိ မ်းခြောက်မှုကို စိုးထိတ် သဖြင့် မိမိတို့လုပ်ငန်းတာဝန်များကို ထမ်းဆောင်နေ ရပါကြောင်း သိရှိ ရ သည်။ လက်ရှိကျွန်ုတို့၏ စာသင်ကျောင်းများ နိစ္စဓူဝ လုပ်ငန်းစဉ်တို့ အနက်တွင် တစ်နေ့ တာ စာသင် ချိန်ပြီးဆုံး ပါက အချိန်ပိုသင်ကြားခြင်းဟူသောအမှုကို ယခင်ကစာသင်ကျောင်း အများ အပြား တွင် တွေ့ရှိ ရ ပါ သည်။

အချိန်ပို သင်ကြားခြင်းနှင့် ပတ်သက်၍ နောက်ပိုင်းတွင် ကျောင်း အတော်များများ စွန့်လွှတ်လာ ကြပြီဖြစ် သည်ကို တွေ့ရှိရ ပါသော်လည်း အချို့ကျောင်း များမှာ ဘက်စုံ စာမေးပွဲ အတွက် ကျောင်း ချိန် ပြင်ပ တွင် ကျောင်း သား အချို့အား စုဝေးစေပြီး ဆက်လက် သင်ကြားခြင်းအမှုကို ပြုလျက် ရှိကြပါသည်။ ယင်း အတွက် အခကြေးငွေ ယူ၍ သင်ကြားခြင်းမျိုး မဟုတ်၊ မိမိတို့ကျောင်း၊ မိမိ တို့ကျောင်းသားတို့ ထူးချွန်စေ ရန် ပိုမိုလေ့ ကျင့်သင်ကြားပေးပြီး အခြားသောေ ကျာင်းများနှင့် မြို့နယ် အဆင့်၊ ခရိုင်အဆင့် တို့တွင် ဘက်စုံ အဆင့် ဆင့် ယှဉ်ပြိုင်ကြရခြင်း လည်း ဖြစ်ပါသည်။ အဆို ပါကျောင်းတွင် တက်ရောက် သင်ကြားေ နေ သာ ကျောင်းသား မိဘတစ်ဦး၏ မိခင်ဖြစ် သူက မိမိကျောင်း မှာ နှစ်စဉ် ဆုများဆွတ် ခူးလေ့ ရှိေ သာ ကျောင်းဖြစ် ပါသော်လည်း ယခုနှစ်တွင် အထက်တွင် ဖော်ပြခဲ့သော ပြဿနာ ရပ်များစွာကို ကြုံတွေ့ နေ ရြ ခင်းကြောင့် ဆုရရှိရန် အလားအလာ မှာလည်း အလွန် နည်းပါးသွားပြီ ဖြစ်ပါကြောင်း၊ ဆရာမ များ မှာ လည်း ထိတ်လန့် စိုးရွံ့နေရခြင်းနှင့် မလို လားအပ် သောပြဿနာရပ် များစွာကို ရင်ဆိုင်ဖြေရှင်းေ နရခြင်း တို့ကြောင့် ကျောင်းသားမိဘ တစ်ဦးအနေဖြင့် များစွာ စိတ်မကောင်း ဖြစ်ရပါကြောင်း ရင်ဖွင့်ြေ ပာကြား သည်။

အဆိုပါ အဖွဲ့မှာ လူများမှာ အမြဲတမ်းလိုလို ကျောင်းပတ်ဝန်းကျင်တွင် စောင့်ဆိုင်း မှတ်တမ်းဓာတ်ပုံ ရိုက် ယူခြင်း ၊ ကျောင်းတက်ကျောင်းဆင်း ချိန်များတွင် နှောင့်ယှက်မှု များပြုလုပ်ခြင်းတို့ကို အစဉ်တစိုက် လုပ်ေ ဆာင်ခြင်း အမှုပြုနေ သည့်အပြင် တစ်ရက် ကျောင်း၌ ထူးချွန်သင်ကြား မှုပြုလုပ်နေချိန်တွင် ၎င်းတို့ အဖွဲ့မှ တစ်ဦး မှာကျောင်းသို့ ဆိုင်ကယ်ဖြင့်ရောက် ရှိလာပြီး "ဘာလုပ်နေတာလဲ" ဓာတ်ပုံ ရိုက်ပြီး အလုပ်ြ ပုတ်ေ အာင် တိုင် မည်ဟု ခြိမ်းခြောက်သံဖြင့် ဆရာမ တို့မှာ ထူးချွန် သင်ကြားမှုကိုပင် ကြောက်ရွံ့ ထိတ်လန့် စွာဖြင့် ရပ်ဆိုင်း လိုက်ရကြောင်းလည်း သိရှိရပါသည်။

လနှင့် ချီ၍ကြာမြင့်အောင် အဆိုပါ 'ပညာရေးစောင့်ကြည့် အဖွဲ့' မှဟု ဆိုသူတို့က ခြိမ်းခြောက်ပြော ဆို ခြင်း၊ ကျောင်း တက်ေ ကျာင်း ဆင်းချိန် တို့တွင် နှောင့်ယှက် ခံနေရခြင်းတို့အပေါ် ဆရာမများမှာ ထိတ် လန့် တုန် လှုပ်နေကြပြီး ပညာတတ်သူ များဖြစ်သည့် အလျောက် တတ်အား သမျှ အဆိုပါပုဂ္ဂိုလ် တို့ရန်မှ ကင်းေ ဝးအောင် နေထိုင်ဆောင်ရွက် လျက်ရှိပါသော်လည်း နေ့စဉ်နှင့် စိတ်ဒုက္ခကြီးစွာ ခံစားရ လျက် ရှိ နေကြေ ကြာင်း သိရှိရသည်။

နောက်ဆုံးတွင် ဆရာမများမှာ မည်သို့မျှ မခံရပ်နိုင်တော့သည့်အလျောက် သက်ဆိုင်ရာသို့ စုဝေး တိုင်ကြား ခဲ့ရာ အဆိုပါအဖွဲ့ကို ဦးဆောင်သူမှာ ဖမ်းဆီးခံခဲ့ရပြီး လက်ရှိအာမခံဖြင့် လွတ်မြောက်တရား ရင်ဆိုင်ေ နရကြောင်းလည်း သိရှိရပါသည်။ အဆိုပါပုဂ္ဂိုလ် လွတ်မြောက် လာပြီးသည့် နောက်ပိုင်း တွင် လည်း ကျောင်း အုပ် ဆရာမကြီး ထံသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်ကာကျောင်းကဆရာမများ အလုပ်ြ ပု တ်ေ အာင်ပြုလုပ်မည်၊ သမ္မတကြီးထံ သို့စာပို့မည် စသဖြင့် ထပ်မံခြိမ်းခြောက်မှုမျိုးကို ရင်ဆိုင်ခဲ့ ရပြီးေ နာက် ဆရာ မများအား ဆက်လက် ခြိမ်းခြောက်မှုများ ပြုလုပ်ခြင်းအမှုကို ဆက်လက်ပြုလုပ်လျက် ရှိပါေ ကြာင်း လည်း စုံစမ်းသိရှိရပါသည်။

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

“““ ဒဂုံ အရှေ့ပိုင်း အမှတ် (၃) မူလတန်း လွန်ကျောင်းရှိ ဆရာမ များအား ခြိမ်းခြောက် သည့် ပညာရေး စောင့်ကြည့် အဖွဲ့ ”””

Labels:

0 comments: