(က)
လက်ပံတောင်းတောင်စီမံကိန်းကို လူတွေဆန္ဒပြကြတဲ့ကိစ္စမှာ ဘုန်းကြီးတွေက ဘယ်ကနေ
 ပါလာကြတာ လဲ။ လူ့ကိစ္စကို ဘာဖြစ်လို့ ၀င်ရှုပ်ကြတာလဲ။ 
ကျောင်းထိုင်ဆရာတော်ကြီးတွေက တားမြစ်ပါလျက်နဲ့ ဦး ဇင်းေ တွ ၊ ကိုရင်တွေက 
ဘာဖြစ်လို့ သပိတ်စခန်းမှာ လာထိုင်နေရတာလဲ။
(ခ)
ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့ နယ်မြေအတွင်းကို ဘာဖြစ်လို့ 
ကျူးကျော်ဝင်ရောက်ပြီး သပိတ်စခန်း ဖွင့်လှစ်ရတာလဲ။ ရည်ရွယ်ချက်ကဘာလဲ၊ 
မြှောက်ပေးတာက ဘယ်သူတွေလဲ။ တရားဥပဒေစိုးမိုးမှုကို စိန်ခေါ်နေတာ အစိုးရလား၊ 
အဲဒီသပိတ်စခန်းက လူတွေလား။ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့ ဧရိယာအတွင်းကို 
ဝင်ရောက်တာဟာ တရားဥပဒေနဲ့ ညီမညီ ဒေါ်စုက ဘာမှမပြောတာ ဘာဖြစ်လို့လဲ။ 
သပိတ်စခန်းဖွင့်မှ အဲဒီ ပုဒ်မ ၁၄၄ ဆိုတာ ထုတ်ပြန်ကန့်သတ်ထားတာလား။
(ဂ)
မုံရွာမှာဖြစ်တဲ့ကိစ္စကို မန္တလေးက ကိုယ်တော်တွေက ဘာသွားလုပ်တာတုန်း။ မန္တလေးက
 ဘုန်းကြီးတွေကို မုံရွာကိုရောက်လာအောင် ဘယ်သူက တို့ပေးလိုက်တာလဲ၊ 
နောက်ကွယ်က ကြိုးကိုင်သူ၊ လှုံ့ဆော်သူ ၊ မြှောက်ပေးသူဟာ ဘယ်သူလဲ။
(ဃ)
ဆန္ဒဖော်ထုတ်ချင်ရင်၊ လူစုလူဝေးနဲ့ စီတန်းလှည့်လည်ချင်ရင် 
ပြည်ထောင်စုလွှတ်တော် က လောလော လတ် လတ် ပြဋ္ဌာန်းထားတဲ့ ဥပဒေရှိတာပဲ။ ဘာဖြစ်လို့ 
အဲဒီဥပဒေကို မလိုက်နာကြတာလဲ။ အရင်အ စိုး ရက ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေတွေက 
ဘာဖြစ်သလေး၊ ညာဖြစ်သလေးနဲ့ ပြောတတ်ကြတဲ့လူတွေ ကို မေးချ င် တယ်၊ 
ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေဟာ အခု ၂၀၁၂
 ခုနှစ်ကျမှ ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ အကြိတ်အနယ် 
ဆွေးနွေးခဲ့တဲ့ဥပဒေ၊ ဒီမိုကရေစီခေတ် ဥပဒေ မဟုတ်ဘူးလား။
(င)
ရပ်/ကျေး အုပ်ချုပ်ရေးမှူးဥပဒေကို အစိုးရအဖွဲ့က လိုက်နာဆောင်ရွက်တာ 
အားနည်းတယ်လို့ လွှတ်တော် က ထောက်ပြတယ်၊ အမတ်တွေက ဝေဖန်တယ်၊ မီဒီယာတွေက 
အချက်အလက်တွေ၊ ဓာတ်ပုံတွေနဲ့တကွ တိတိကျကျ ဖော်ပြရေးသားကြတယ်။ 
အမတ်အချို့ဆိုရင် ဘာပြောသလဲဆိုတော့ အစိုးရလုပ်နေပုံဟာ Rule of Law 
မရှိသလိုပါပဲတဲ့။ သိပ်ကောင်းတယ်လို့ ကျွန်တော်ပြောချင်တယ်။ ဟုတ်ပြီ... 
အဲဒီလိုပြောတဲ့ လွှတ်တော်အမတ်တွေပဲ အတည်ပြုပြဋ္ဌာန်းထားတဲ့ 
ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကို 
မလိုက်နာတဲ့ ပြည်သူတွေမှ ရေတွက်လို့တောင် မနိုင်ဘူး။ ဟိုမြို့မှာဖြစ်လိုက်၊
 ဒီမြို့မှာဖြစ်လိုက်နဲ့ ကိုယ့်သဘောနဲ့ကိုယ် ကိုယ်စိတ်ကူးပေါက်တဲ့အချိန် 
ထပြီး ဆန္ဒပြနေကြတာ အားလုံးအသိပဲ။ ဘယ်အမတ် ကများ၊ ဘယ်လွှတ်တော်ဥက္ကဋ္ဌကများ 
ပြည်သူတွေဟာ သူတို့တွေ ပြဋ္ဌာန်းထားတဲ့ ဥပဒေကို မလိုက်နာဘူး၊ မလေးစားဘူး၊ 
ဥပဒေကို ချိုးဖောက်တယ်လို့ ဝေဖန်ဖူးတာ ရှိသလဲ၊ ဘယ်မီဒီယာကရော 
ဒီလိုလုပ်ရပ်တွေ ဟာ ဥပဒေနဲ့ မညီညွတ်ကြောင်း ထောက်ပြဝေဖန်သလဲ။ 
အစိုးရအဖွဲ့အစည်းကလူမဟုတ်ရင်၊ ဌာနဆိုင်ရာ တစ်ခုခုက ၀န်ထမ်းမဟုတ်ရင်၊ 
စီးပွားရေးလုပ်ငန်းကြီးတွေနဲ့ အောင်မြင်နေတဲ့ လုပ်ငန်းရှင်ကြီးတွေမဟုတ် ရင် 
မီဒီယာတွေရဲ့ သတ်မှတ်ချက်က ပြည်သူပဲ။ ဆင်းရဲတဲ့လူ၊ ဈေးရောင်းတဲ့လူ၊ 
တောင်းစားနေတဲ့လူ၊ ဆန္ဒပြနေတဲ့လူ အဲဒီလူတွေဟာ ပြည်သူတွေပဲ။ 
ပိုက်ဆံချမ်းသာရင် ပြည်သူမဟုတ်ဘူး၊ အစိုးရ၀န်ကြီးဆို ရင် ပြည် သူ မဟုတ်ဘူး၊ 
ဌာနဆိုင်ရာဝန်ထမ်းဆိုရင် ပြည်သူမဟုတ်ဘူး၊ တပ်ကလူဆိုရင် ပြည်သူမဟုတ် ဘူး၊ 
ရဲဆိုရင် ပြည်သူမဟုတ်ဘူး၊ ကဲ... အဲဒါလား မီဒီယာတွေ 
လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ပြည် သူ ဆိုတာကို အဓိပ္ပါယ် ဖွင့်ဆိုချက်။ 
သူတောင်းစားပဲဖြစ်ဖြစ်၊ လယ်သမားပဲဖြစ်ဖြစ်၊ 
ဆိုက်ကားနင်း တဲ့ကောင် ပဲဖြစ်ဖြစ်၊ တက္ကစီမောင်းတဲ့လူပဲဖြစ်ဖြစ် ဥပဒေကို 
မလိုက်နာတဲ့လူဟာ ဥပဒေကို ချိုးဖောက်သူပဲ။ ပြည် သူတွေ တို့ ဘာတို့ဆိုတဲ့ 
ခေါင်းစဉ်တပ်ပြီး မြှောက်မပေးကြနဲ့။ အခု လက်ပံတောင်းတောင် 
ကြေးနီ စီမံကိန်း ကို ဆန္ဒပြတဲ့လူတွေ၊ သပိတ်စခန်းဖွင့်တဲ့လူတွေဟာ ဥပဒေနဲ့ 
လုံးဝ (လုံးဝ) (လုံးဝ) (လုံးဝ) မညီဘူး။ အဲ ဒါကို ဘယ်သူထောက်ပြသလဲ။ အလကား 
ဖွတ်ကျား အမတ်တွေနဲ့ အလကား မီဒီယာတွေ။ ၀န်ကြီးဌာနက VOICE ကို တရားစွဲတော့ 
အော်လိုက်ကြတာများ ငယ်သံတောင်ပါတယ်။ အခု ဒင်းတို့ ကိုး ကွယ်နေ တဲ့ပါ တီ က 
ဦးဉာဏ်ဝင်းဆိုတဲ့ ခေါင်းဖြူသွားကျိုး သူငယ်ပြန်ကြီးက တရားစွဲတော့ 
ဘယ်တစ်ကောင်တစ်မြီး က မျှ အော်တာ မကြားရဘူး။ ဘယ်မီဒီယာကမျှ မဖြစ်သင့်ကြောင်း၊
 ပြေလည်အောင် ဖြေ ရှင်းကြစေ ချင်ေ ကြာင်း မရေးဘူး၊ မပြောဘူး၊ ဒါလားကွ 
စတုတ္ထမဏ္ဍိုင်။ အလကား ဆိတ်ဟိုဒင်းတွေ။
(စ)
ဒီနေ့ သပိတ်စခန်းဖွင့်၊ ဒီနေ့ ရဲတပ်ဖွဲ့က နှိမ်နင်းဆိုတာမျိုး 
လုပ်ခဲ့တာမဟုတ်ဘူးဆိုတာ အားလုံးသိကြရဲ့ လား။ နည်းအမျိုးမျိုးနဲ့ 
ဖြောင့်ဖြတယ်၊ နည်းအမျိုးမျိုးနဲ့ တားမြစ်တယ်၊ နည်းအမျိုးမျိုးနဲ့ 
ဆုတ်ခွာဖို့ပြော တယ်။ နောက်ဆုံး မြန်မာ့ရုပ်မြင်သံကြားကနေတစ်ဆင့်ပါ 
ကြေညာချက် ထုတ်ပြန်ခဲ့တာပဲ မဟုတ်ဘူးလား။ ရဲတပ်ဖွဲ့ကလည်း နေ့စဉ်နဲ့အမျှ 
သပိတ်စခန်းကနေ ထွက်ခွာဖို့ အသံချဲ့စက်တွေနဲ့ အော်နေတာ ပဲ၊ ကြေ ညာနေတာပဲ 
မဟုတ်ဘူးလား။ ဒီလောက် သတိပေးနေ၊ ဒီလောက် ပြောဆိုနေပါလျက်နဲ့ ခေါင်းမာပြီး 
လူစု မခွဲနိုင်တာ၊ ကိုယ့်ကျောင်းတိုက်ကိုယ် ပြန်မကြွနိုင်တာ ဘယ်သူတွေလဲ။
(ဆ)
ပြောတော့သာ ယာယီသပိတ်စခန်း၊ အထဲမှာရှိတဲ့ ရေသန့်ဗူးတွေ၊ စားစရာတွေ၊ 
အိပ်ရာတွေက တကယ့်ကို စာသင်ဆောင်ဘော်ဒါလား အောက်မေ့ရတယ်။ ဘယ်ကောင်တွေက 
ပံ့ပိုးပေးနေတာလဲ။ ဘယ်သူတွေ က နောက်ကွယ်ကနေ မြှောက်ပေးနေတာလဲ။ 
(ဓာတ်ပုံတွေလည်း ပြန်ကြည့်ကြပါဦး၊ မီဒီယာတွေက မီးေ လာင်နေတဲ့ပုံတွေ၊ 
ဒဏ်ရာရနေတဲ့ပုံတွေကိုတော့ ကွက်ကွက်ကွင်းကွင်း၊ ရှင်းရှင်းလင်းလင်း 
မြင်သာအောင် ရိုက်ပြဖော်ပြကြတယ်။ ကျန်တဲ့ပုံတွေကိုတော့ ဘာဖြစ်လို့ 
မဖော်ပြကြသလဲဆိုတာ သူတို့ကို သာ မေး ကြည့် ကြတော့ဗျာ။ သပိတ်စခန်းကလူတွေ 
ပျော်တပြုံးပြုံးနဲ့ အပန်းဖြေခရီးထွက်သလို ထမင်းစားနေ တဲ့ ပုံတွေ၊ 
တရုတ်ဂွမ်းစောင် အထူကြီးတွေနဲ့ ဇိမ်ကျကျ အိပ်နေတဲ့ပုံတွေ၊ လူတွေအများကြီး 
အိပ်နေတဲ့ တဲအ မိုးအကာအောက်မှာ ဆေးလိပ်ထိုင်သောက်နေတဲ့ပုံတွေ၊ စတဲ့ စတဲ့ 
ပုံတွေကို ဘယ်ဂျာနယ်မှာ ဖော်ပြ တာ တွေ့ရသလဲ။)
(ဇ)
လက်ပံတောင်းကိစ္စနဲ့ပတ်သက်ပြီး လွှတ်တော်မှာ အဆိုတင်တယ်။ အန်အယ်လ်ဒီက 
အမျိုးသမီးပါပဲ။ လွှတ်တော်ကလည်း စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ဖို့ 
သဘောတူလိုက်တယ်။ ဒါပေမယ့် သပိတ်စခန်းက လူတွေကိုကျတော့ ဆုတ်ခွာဖို့ 
မပြောနိုင်တာ၊ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့မှာဖြစ်တဲ့အတွက် အခုလို 
သပိတ်စခန်းဖွင့်ဖို့၊ ဆန္ဒပြတာလုပ်ဖို့ မလိုတဲ့အကြောင်း အဆိုတင်တဲ့ 
လွှတ်တော်ကိုယ်စားလှယ် အမျိုးသမီးက ဘာဖြစ်လို့ မပြောနိုင်ရတာလဲ။
(စ်)
ဒေါ်အောင်ဆန်းစုကြည်က မုံရွာကိုလာတာ ဘာအနေနဲ့လာတာလဲ။ လွှတ်တော်ကိုယ်စားလှယ် 
အနေနဲ့လား။ ပါတီဥက္ကဋ္ဌ အနေနဲ့လား။ ကော်မတီဥက္ကဋ္ဌ အနေနဲ့လား။ 
စည်းရုံးရေးအနေနဲ့လား။ လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ လာရအောင်လည်း မုံရွာဟာ 
သူ့ဒေသ မဟုတ်ဘူး။ သူ့ဒေသက ကော့မှူး။ ကော်မတီ ဥက္ကဋ္ဌအနေနဲ့ လာတယ်ဆိုရင်လည်း 
သူ့ပါတီဝင်တွေ ခေါ်လာစရာမလိုဘူး။ ကော်မတီက အဖွဲ့ဝင်တွေ ပါရမယ်။ အခုတော့ 
စကားပြောတဲ့ စင်မြင့်ပုံစံတွေ၊ လမ်းတစ်လျှောက် ပြုမူဆောင်ရွက်ပုံတွေဟာ 
ကြားဖြတ်ရွေးကောက်ပွဲကာလတုန်းက စည်းရုံးရေးဆင်းတဲ့ ပုံစံမျိုးတွေချည်းပဲ။ 
ဖြစ်သင့်သလား၊ မဖြစ်သင့်ဘူးလားဆိုတာ စာဖတ်သူပဲ စဉ်းစားကြည့်။ ဟုတ်ပြီ၊ 
ပါတီဥက္ကဋ္ဌတစ်ဦး အနေနဲ့ လာတာဆိုရင် စစ်ကိုင်းမှာရှိတဲ့၊ မုံရွာမှာရှိတဲ့ 
အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူတွေကို ခေါ်ယူတွေ့ဆုံခွင့် 
သူ့မှာမရှိဘူး။ အခုဟာက သောက်တလွဲဖြစ်နေတယ်။ သောက်သုံးမကျတဲ့ အတွေးအခေါ်နဲ့ 
နိုင်ငံရေး အမြတ်ထုတ်တယ်လို့ပဲ မြင်တယ်။ ပါတီတံဆိပ်တွေ၊ ပါတီအလံတွေ 
တလူလူလွှင့်ထူပြီး ကိုယ်ပိုင်ကားနဲ့ နိုင်ငံရေးစည်းရုံးရေးထွက်သလို သွားတယ်။
 ပြီးတော့ အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေကို ခေါ်တွေ့တယ်၊ ခေါ်မေးတယ်။ 
ပြောရင်လည်း ကော်မတီဥက္ကဋ္ဌဖြစ်တဲ့အတွက် မေးခွင့်ရှိတယ်လို့ ဖြေကြဦးမယ်။ 
ရူးနေလား။ အဲဒီလို မေးတဲ့အချိန်မှာ သူ့ဘေးမှာရှိနေတဲ့ လူတွေအကုန်လုံးက 
တံဆိပ်တပ်ထားတဲ့ လူတွေချည်းပဲ။ သူ့ကော်မတီကလူတွေက ဘယ်မှာသွားသေနေကြတာတုန်း။
 ဦးသိန်းညွန့်ကြီးကလည်း အဲဒီလိုလုပ်တာဟာ သင့်လျော်၊ မသင့်လျော် ဘာမှ 
ဝေဖန်သံ မကြားရသေးဘူး။ ဒေါ်စုလုပ်ခဲ့တဲ့ အလုပ်တွေဟာ သူကိုယ်တိုင် 
ပြောပြောနေတဲ့ Rule of Law ဆိုတာနဲ့ ဖီလာဆန့်ကျင် ဖြစ်ကြောင်းပါလို့ပဲ 
ကျွန်တော်ကိုဉာဏ် ဝေဖန်ချင်ပါရဲ့ဗျာ။
(ည)
ဘုန်းကြီးတွေက လူအလုပ် ၀င်လုပ်တယ်။ လူတွေ ဆန္ဒပြတော့ ၀င်ပြတယ်။ လူတွေ 
သပိတ်စခန်းဖွင့်တော့ သူတို့ပါ ၀င်ထိုင်တယ်။ ဟော.. ဆန္ဒပြတဲ့လူတွေကို 
နှိမ်နင်းတော့ ဘုန်းကြီးတွေကို လုပ်တယ်တဲ့။ ဘုန်ကြီးတွေကို နှိပ်စက်တယ်တဲ့။
 ရဲက ရဲအလုပ် လုပ်မှာပဲ။ သူတို့ နှိမ်နင်းတာ ဘုန်းကြီးတွေ လူတွေ မဟုတ်ဘူး။ 
ဥပဒေနဲ့ မညီညွတ်တဲ့ ဆန္ဒပြသူတွေကို နှိမ်နင်းတာဖြစ်တယ်။ မီဒီယာတွေ 
ပြောတတ်ကြပါတယ်ဗျ။ ဘာတဲ့... တရားသူကြီး ရှေ့မှောက်ကိုရောက်ရင် သားသမီးဆိုတာ
 မရှိဘူး၊ တရားခံပဲရှိတယ်ဆိုလား။ အခုလည်း အဲဒီလိုပေါ့ဗျာ၊ ဥပဒေနဲ့မညီတဲ့ 
ဆန္ဒပြသူပဲရှိတယ်၊ ဘုန်းကြီးပဲ၊ လူပဲ မရှိပါဘူး။ မယုံရင်စောင့်ကြည့်၊ 
နောက်ကျရင် သင်္ကန်းဝတ်တွေကိုပါ ရွေးကောက်ပွဲမှာ မဲပေးခွင့်ပေးပါဆိုပြီး 
တောင်းဆိုလာကြလိမ့်မယ်။ စာဖတ်သူကရော ဘယ်လိုသဘောရသလဲခင်ဗျ။
(ဋ)
အခုအဖြစ်အပျက်ကြောင့် တကယ်နစ်နာတာ ဘယ်အရာတွေလဲဆိုတာ စဉ်းစားကြည့်စေချင်တယ်။
 အစိုးရလား၊ ပြည်သူတွေလား၊ တရုတ်လား၊ ဦးပိုင်လား၊ အခြားအရာလား။ 
ကျွန်တော့်အမြင်ကတော့ တစ်ခုပဲ။ ကျန်တာတွေကို ထည့်ကို မစဉ်းစားဘူး။ 
ကျွန်တော်တို့ရဲ့ ဗုဒ္ဓသာသနာဟာ ညစ်နွမ်းသည်ထက် ညစ်နွမ်းလာရပြီ ဆိုတာပါပဲ။ 
အခုလို သပိတ်စခန်းတွေမှာ သံဃာတွေ ပါဝင်ပတ်သက်နေတဲ့အတွက် 
ဗုဒ္ဓမြတ်စွာဘုရားရဲ့ သာသနာတော်ဟာ ပိုမိုဂုဏ်တက်လာပါသလား၊ ပိုမို 
မြင့်မြတ်သွားပါသလား။ စဉ်းစားကြပါကုန်။ လူတွေကြားမှာ ဘုန်းကြီးတွေက 
လက်ပတ်တွေပတ်၊ ခေါင်းစည်းတွေစည်း၊ ဆိုင်းဘုတ်တွေကိုင်၊ ဓာတ်ပုံတွေကိုင်၊ 
မိုက်ကိုင်ပြီး ဟိုအော်ဒီအော်လုပ် ဒါတွေဟာ သာသနာတော်ကို ညစ်နွမ်းစေတာလား၊ 
ဂုဏ်တက်စေတာလား။ ကျုပ်တို့ဆီက သံဃာတွေလည်း ထိုင်းလို၊ တရုတ်လို၊ ဂျပန်လို၊ 
တိဘက်လို ဖြစ်လာပြီလို့ ပြောရင်လည်း ကျန်တဲ့ ဆရာတော်ကြီးတွေကို ထိပါးသလို 
ဖြစ်မှာစိုးရသေးတယ်။ ကျွန်တော်ကိုဉာဏ်ရဲ့ သဘောကတော့ ရှင်းတယ်။ 
နိုင်ငံရေးလုပ်ချင်ရင် လူဝတ်လဲ၊ ဒါပဲ။ သင်္ကန်းဝတ်ထားပြီး ဟိုလူကို 
ထိုင်ကန်တော့လိုက်၊ ဒီလူကို ထိုင်ကန်တော့လိုက် လုပ်နေတဲ့ သင်္ကန်းဝတ်ကို 
ကျွန်တော်တို့က ဘယ်လိုစိတ်နဲ့ ကြည်ညိုရမလဲ။ သတ္တိသိပ်ရှိရင်၊ နိုင်ငံရေးစိတ်
 သိပ်ပြင်းပြရင် သင်္ကန်းတွေချွတ်ပစ်လိုက်ဗျာ။ နိုင်ငံရေးမှာ အဲဒီသင်္ကန်းတွေ 
 ပါလာရင် သိပ်ရှုပ်ထွေးတယ်။ သင်္ကန်းဝတ်ပြီး ဆန္ဒပြတာ၊ သပိတ်မှောက်တာ 
ဒီနိုင်ငံပဲ ရှိလိမ့်မယ်ထင်တယ်။ အင်း... တိဘက်ကို သိပ်အားကျတယ်၊ ခံယူချက် 
သိပ်ပြင်းထန်တယ်ဆိုရင်လည်း လုပ်ကြဗျာ။ တိဘက်ကတော့ သိတဲ့အတိုင်းပဲ 
သူများအရှို့ မခံဘူးဗျ။ ကိုယ့်ဘာသာကိုယ် ရှို့ကြတာ။
(ဌ)
လက်ပံတောင်းကြေးနီစီမံကိန်း ပတ်ဝန်းကျင်က ရွာသူရွာသားတွေဟာ အင်မတန်မှကို 
ပညာတတ်ကြမှန်း၊ ထူးချွန်ကြမှန်း အခုမှပဲ သိတော့တယ်။ ရိုးသားတဲ့၊ အေးဆေးတဲ့၊
 ကိုယ့်ထမင်းကိုကိုယ် အေးအေးဆေးဆေး ရှာစားနေတဲ့ လယ်သမားတွေဆိုလား ဘာလား 
မီဒီယာတွေက ရေးကြပါတယ်ဗျာ။ ကျွန်တော်က သူတို့လောက် မပြောတတ်ဘူးဗျ။ အောက်က 
ဆိုင်းဘုတ်ကိုလည်း ကြည့်ပါဦး။ ပြောတော့ဖြင့် ရွာသူရွာသားတွေက 
ဆန္ဒပြကြတာတဲ့။ ကြည့်လည်း လုပ်ကြပါဦး အရပ်ကတို့ရေ။ တော်သေးတာပေါ့ 
တရုတ်ကုမ္ပဏီနဲ့ လုပ်မိလို့။ ရုရှားကုမ္ပဏီတို့၊ အာရပ်ကုမ္ပဏီတို့နဲ့ 
လုပ်မိရင်တော့ ရုရှားစာတွေ၊ အာရပ်စာတွေ ဖတ်ရဦးမလား သိပါဘူးဗျာ။ 
သိပ်တော်တဲ့ ရွာသားတွေပဲနော်။ ဘယ်သူကမျှ နောက်ကွယ်ကနေ မြှောက်ပေးတာ၊ 
ကူညီပေးတာ မဖြစ်နိုင်ပါဘူးနော်။ :D
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁ ရက်၊ စနေနေ့။
မွန်းလွဲ ၁ နာရီ ၃၂ မိနစ်။
http://myanmarthway.blogspot.com/2012/12/blog-post.html






No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။