ပြည်တွင်းသတင်းမီဒီယာတခုဖြစ်တဲ့
အလဲဗင်း မီဒီယာဂရုဖ်က အင်တာနက် လိုင်းကနေ ရုပ်သံထုတ်လွှင့်မှု အစီအစဉ် (web
TV) စမ်းသပ်ထုတ်လွှင့်မှု ကို လာမယ့် ဇန်န၀ါရီ (၁) ရက်နေ့ကနေ
စ တင်မယ်ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာလာပါတယ်။
သူတို့ရဲ့ Web TV အစီအစဉ်မှာ
နိုင်ငံရေး စီးပွားရေးသတင်းတွေနဲ့ အတူ ပြည်တွင်းနဲ့ နိုင်ငံတကာသတင်း၊
အနုပညာသတင်း၊ အားကစား သတင်းနဲ့ ဥရောပ လိဂ်ပြိုင်ပွဲ
ပွဲကြိုသုံးသပ်ချက်တွေကို ထုတ်လွှင့်မယ်လို့ ဆိုပါတယ်။ အလဲဗင်းမီဒီယာဂရုဖ်ဟာ
web TV အစီအစဉ် ထုတ်လွှင့်တဲ့ ပထမ ဦးဆုံး ပြည်တွင်း ပုဂ္ဂလိက ဂျာနယ်လည်း
ဖြစ်ပြီး လက်ရှိ first eleven, premier eleven, weekly eleven, bi weekly
eleven ဂျာနယ် ၄ စောင်ကို ထုတ်ဝေနေတဲ့ သတင်းမီဒီယာ တစ်ခု ဖြစ်ပါတယ်။
သူတို့ရဲ့ Web TV ကို www.news-eleven.com ကနေ တဆင့် အခမဲ့ ၀င်ရောက်ကြည့်ရှုနိုင်ကြမှာလဲဖြ စ်ပါတယ်။
အေးချမ်းမွန်
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။