Pages

Thursday, December 6, 2012

“““ ဒီလိုပုံနဲ့သာ ဆိုရင်ဖြင့် ”””

အခုတလော မြန်မာတွေစည်းကမ်းမရှိကြောင်း၊ စိတ်ဓါတ်ညံ့ဖျင်းလာတဲ့အကြောင်းတွေ ဖေ့ဘွတ်သတ င်းေ တွ ၊ ဂျာနယ်တွေမှာ ခပ်စိတ်စိတ်မြင်ကြားတွေ့လာရပါတယ်။ မူးရူးပြီးအုပ်စုဖွဲ့ရိုက်တာတွေ၊ စည်းမ ရှိကမ်းမ ရှိ ယာဉ်တိုက်မှုတွေကစလို့ နောက်ဆုံးဘာမပာုတ်တဲ့တန်းစီတာတောင် စည်းကမ်းမဲ့ကြလို့ ထိမိခိုက်မိ တာတွေဖြစ်ကုန်တာတွေကို မမြင်ချင်မကြားချင်ဘဲ မြင်တွေ့နေရပါတယ်။ ကိုယ့်ကိုကိုယ်ယဉ်ကျေးတဲ့ လူ မျိုး ဆိုပြီး ဂုဏ်ယူခဲ့ကြတဲ့မြန်မာလူမျိုးတွေ အပြုအမူတွေရိုင်းစိုင်းလာတာ၊ စည်းကမ်းတွေမဲ့လာတာ ကို မြင် ရတာလောက် စိတ်မချမ်းသာစရာကောင်းတာမရှိဘူးဗျာ။ အခုမှအမှောင်ထဲကထွက်ခါစ၊ ဒီမိုကရေစီအ ပျံ သင် စမြန်မာနိုင်ငံလိုမျိုးမှာဒီလိုမျိုး ရိုင်းစိုင်းတဲ့အပြုအမူတွေ စည်းကမ်းမဲ့ပုံတွေပာာ ရှေ့ဆက်ေ ကာင်းနိုင် မယ့်နမိတ်ဘယ်လိုမှ မရှိပါဘူး။

စည်းကမ်းမဲ့တာတွေအပြုအမူရိုင်းစိုင်းတာတွေကို အရင်းစစ်တော့လည်း ဓါတ်ပြားေ ပာာင်းကြီးပြန် ဖွင့်သ လိုမျိုးပဲ ခံယူချက်နဲ့စိတ်ဓါတ်တွေညံ့ဖျင်းမှုပဲပြန်ရောက်မယ်နဲ့တူပါတယ်။ ဆင်းရဲတာချမ်းသာတာနဲ့မဆိုင်ဘဲ နဂိုသွန်သင်ဆုံးမမခံခဲ့ရတဲ့ စိတ်ဓါတ်အခံနဲ့သာဆိုင်မယ်ထင်ပါတယ်။ ဆရာမောင်သာချိုရေးတဲ့ စီတန်းနေ တဲ့လူတွေကြားက တိရိစ္ဆာန်အမူအကျင့်များဆိုတဲ့ဆောင်းပါးမှာပါတဲ့အတိုင်းပြောရရင်တော့ ဆင်းရဲတဲ့နိုင် ငံတွေမှာလည်း တန်းစီစနစ်ဆိုတာရှိတယ်၊ ချမ်းသာတဲ့နိုင်ငံတွေမှာရော တန်းစီစနစ်ဆိုတာရှိတာပါပဲ။ ဒါေ ပ မယ့် သူတို့တွေအကုန်လုံးအေးအေးဆေးဆေးတန်းစီစောင့်တယ်။ တန်းစီရတာကိုကျေကျေနပ် နပ်လက်ခံ တယ်။ ကျနော်တို့နိုင်ငံမှာရော။ မီးပွိုင့်မှာတန်းစီနေရင်း ကြားဖြတ်အတင်းဝင်တိုးတာ၊ ကျောင်းအပ် ဖို့ဈေး ၀ယ်ဖို့တန်းမစီဘဲ အတင်းဝရုန်းသုန်းကားတိုးတာ၊ ရာထူးငွေကြေးအခွင့်အရေးတွေနဲ့ ကြားဖြတ်တာ။ ဒါတွေ ပာာဘာမှမပာုတ်တဲ့အသေးအဖွဲလေးတွေပါ။ ဒါပေမယ့်အဲလိုဘာမပာုတ်တဲ့ အသေးအဖွဲလေးတွေမှာတော င် စည်း ကမ်းဆိုတာကိုနားမလည်ရင် မလိုက်နာတတ်ရင် အကြီးအမားတွေဆိုပိုဆိုးတော့မပေါ့။ သူများနိုင် ငံတွေမှာ သမ္မတကအစ တန်းစီနေချိန် ဒီမှာတော့ လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာ ဆိုတဲ့ပုဂ္ဂိုလ်ကြီးေ တာင် ကြားဖြတ်ပြီးဥပမာအပေးကောင်းနေမှတော့ ကျန်တဲ့သူတွေစည်းမရှိကမ်းမရှိလုပ်ချင်တာလုပ်တာ အပြစ်လို့တောင်ပြောလို့ရပါဦးတော့မလား။

နောက်တစ်ချက်မြန်မာတွေရဲ့ အကြီးမားဆုံးညံ့ဖျင်းတဲ့စရိုက်ကတော့ ကိုယ့်အခွင့်အရေးရလာရင်၊ ကိုယ့်ေ ဘာ င် ထဲ မှာဆိုရင် အလွဲသုံးစားလုပ်တဲ့အကျင့်ပါပဲ။ အခွင့်အရေးများများရှိတဲ့သူက များများအလွဲသုံး စား လုပ်တယ်။ နည်းနည်းရှိတဲ့သူက နည်းနည်းကိုအလွဲသုံးစားလုပ်တယ်။ ကိုယ့်ဘောင်ထဲမှာဆိုရင် တီးလိုက် ဦး မပာ နှက်လိုက်ဦးမပာဆိုတဲ့စိတ်ဓါတ်တွေရှိကြတယ်။ ယုတ်စွအဆုံးကားစပယ်ယာတောင်မှ သူ့ဘောင် ထဲ(ကားပေါ်)ရောက်လာရင် အော်ငေါက်လိုက်ဦးမပာဆိုတာတွေဖြစ်လာတယ်။ ယုံကြည်မှုကြော င့်ပေး အပ်ထားတဲ့ အခွင့်အာဏာတွေပာာ အလွဲသုံးစားလုပ်ဖို့၊ အခွင့်အရေးယူဖို့မပာုတ်ဘူးဆိုတာကို နားလည် လာတဲ့အချိန်ကျရင် အစစအရာရာလုပ်ရကိုင်ရတာ ပိုအဆင်ပြေလာပါလိမ့်မယ်။ အခုကဒီကောင်ငါ့ ကိုေ ဆာ် ထားတာ ငါ့ဘောင်ထဲရောက်လာရင်တော့ အသေပဲဆိုတဲ့လူတွေ။ ပိာုကိစ္စလုပ်တုန်းက ငါပိုက်ဆံ အ များကြီးကုန်ထားတာ ငါ့အလှည့်ကျရင်အတိုးရောအရင်းပါ အုပ်ရမယ်ဆိုတဲ့သူတွေ။ ဒီလွယ်နေတဲ့ အရာကို လုပ်ခိုင်းရင် ငါ့အတွက်ကျန်မှာမပာုတ်ဘူး အဲတော့လွယ်နေတာကိုရှုပ်အောင် လုပ်ထားလိုက်ဦး မယ်ဆိုတဲ့ လူတွေ။ အဲလိုလူတွေနဲ့လည်ပတ်နေရတော့ အမှန်အကန်ဆိုတာမရှိတော့တဲ့တိုင်းပြည်မှာ တိုးတက် ဖို့ဖွံ့ ဖြိုးဖို့ဆိုတာ ဘယ်လိုမျှော်လင့်ရဦးမှာလဲ။

အစိုးရရဲ့ဖိနှိပ်မှုကြောင့် စာရိတ္တပျက်ပြားရပါတယ်လို့တော့ မပြောပါနဲ့တော့ဗျာ။ ငသိုင်းများလွန်းတော့ ပာင်း ပာုန် ပါတယ်။ နေရာတိုင်းဒီစကားကိုပြောရင် ဘာမှတန်ဖိုးမရှိတော့ဘူး။ ပြောသင့်တဲ့နေရာတွေမှာပဲပြောပါ။ ကိုယ့်စာရိတ္တညံ့ဖျင်းတာကို အရာရာတိုင်းအစိုးရကြောင့်လို့စွပ်စွဲနေရင် ဘယ်သူကမှအရေးအရာ လုပ်တော့ မှာမပာုတ်ဘူး။ ကမ္ဘာပေါ်မှာရှိတဲ့နိုင်ငံတိုင်းပာာ သူနဲ့တန်တဲ့အစိုးရကိုသာ ရရှိကြတယ်ဆိုတဲ့စကားကို ကျေ နာ် အစကအယုံအကြည်မရှိခဲ့ပါဘူး။ ကျနော်တို့အခုလိုစစ်အစိုးရအောက်မှာနေခဲ့ရတာပာာ ကံဆိုးလို့ပဲလို့ ထင် ခဲ့မိတယ်။ ဒါပေမယ့်အခုအဲဒီအထင်ကို ကျနော်ပြန်သုံးသပ်ရမယ့် အခြေအနေကို ရောက်နေပြီ ထင် ပါ တ ယ်။ အရင်တည်းက စည်းလုံးမှုလျော့ရဲတာ၊ နေရာထိုင်ခုံမက်မောတာ၊ တိုင်းပြည်အတွက်ဆိုတဲ့စိတ် န ည်း ပါး တာတွေကြောင့် တိုင်းပြည်တစ်ခါချောက်ထဲကျပြီးပါပြီ။ အဖိနှိပ်ခံအစိုးရရဲ့အတိုက်အခံေ တွဖြစ်နေ တုန်းကလည်း ပူးပေါင်းဆောင်ရွက်မှုဆိုတာမရှိ တစ်ယောက်တစ်ပေါက် နေရာရရေးအတွက် သာရုန်းကန် ခဲ့ကြပါတယ်။ အခုလည်းဒီလိုပုံစံမျိုးတွေနဲ့ပဲ ဆက်ပြီးစခန်းသွားနေပြန်ပါပြီ။ ဘုံရန်သူဆိုတာဘယ်သူ လည်းဆိုတာမသိ စိတ်လည်းမ၀င်စားကိုယ့်အချင်းချင်း ခွပ်နေရင်းပဲနေရာအတွက်ရုန်းကန်နေကြတယ်။

ဒီလိုစည်းမရှိကမ်းမရှိ စိတ်ဓါတ်မျိုးနဲ့တော့ စင်ကာပူကိုလည်းအမှီလိုက်ဖို့စိတ်မကူးပါနဲ့၊ အမေရိကန်လိုတိုး တက်ဖို့လည်းမမျှော်လင့်ပါနဲ့။ ဒီလိုပုံစံမျိုးနဲ့ စိတ်ဓါတ်တွေကိုမပြုပြင်ဘူးဆိုရင်ဖြင့် ဒီမိုကရေစီတင်မပာုတ် ဒီ မို ကရေစီထက်ပိုကောင်းတဲ့စနစ်လုပ်ရင်တောင် ဒီတိုင်းပြည်တိုးတက်ဖို့မမြင်မိပါ။ ဖြစ်သင့်တာကတော့ ဒီ မို ကရေစီလိုချင်တဲ့ ဒီမိုကရေစီဖော်ဆောင်ဖို့ကြိုးပမ်းနေပါတယ်ဆိုတဲ့ပုဂ္ဂိုလ်များ အပါအ၀င် တစ်တိုင်းပြည် လုံး လောကနီတိ၊ ပြည်သူ့နီတိဆိုတာကိုအရင်ပြန်သင်ယူသင့်ကြပါတယ်။ အခုတောင်ဒီမိုကရေစီဆိုတာကို တဖွဖွပြောရင်းဒီမိုကရေစီအခွင့်အရေး အလွဲသုံးစားတာတွေရှိနေတာ တကယ်တမ်းသာအပြည့် အ၀ဒီမို ကရေစီဆိုတာမျိုး ဖြစ်လာလို့ကတော့ တစ်တိုင်းပြည်လုံး မီးပာုန်းပာုန်းတောက်နေမှာမြင်ယောင် မိသေး တယ်။
 
Thurein Hlaing Win

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: