လက်ပံတောင်းတောင်ဖြစ်စဉ်တွင် မီးလောင်ဒဏ်ရာရရှိခဲ့သည့် ဦးတိက္ခဉာဏ ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ဆေးဝါး ကုသမှု ခံယူရန် ထွက်ခွာ နိုင်ငံတော်က ဗန်ကောက်ဆေးရုံကြီးသို့ ဘတ်ငွေ တစ်သန်း ကြိုတင်ပေးပို့ထား ကြောင်း သိရှိရပါသည်။
လက်ပံတောင်းတောင်ဖြစ်စဉ် တွင် မီးလောင်ဒဏ်ရာ ရရှိခဲ့သည့် မုံရွာမြို့ မင်းတိုင်ပင်ရွာ ခေါ် သန္တီရွာ တောရကျောင်းမှ ဦးတိက္ခဉာဏ သက်တော် (၆၄)နှစ်သည် မန္တလေးပြည်သူ့ဆေးရုံကြီးမှ ရန်က န်ပြည် သူ့ ဆေး ရုံကြီး သို့ ဒီဇင်ဘာလ၁ဝ ရက်တွင် လွှဲပြောင်းရောက်ရှိခဲ့သည်။
၎င်း၏ ရောဂါအခြေအနေမှာ ဆိုးရွားခြင်းမရှိဘဲ ၄င်း၏ဆန္ဒအရ ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ဆေးဝါးကုသမှု ခံယူရန်အတွက်ယနေ့မွန်းလွဲပိုင်းတွင်ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဆင်းသွားခဲ့သော်လည်း ၄င်းတွင် ငွေကြေး အခက် အခဲရှိသည့်အတွက် နိုင်ငံတော်က ဗန်ကောက်ဆေးရုံကြီးသို့ ဘတ်ငွေတစ်သန်း ကြိုတင် ပေးပို့ထားကြောင်း သိရသည်။
၎င်းနှင့်အတူ ညီဝမ်းကွဲ တော်စပ်သူ မန္တလေးပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ ဦးဝင်း လိုက်ပါ၍ ယနေ့ ညနေပိုင်းတွင် ထိုင်းနိုင်ငံသို့ လေယာဉ်ဖြင့် ထွက်ခွာသွားကြောင်း သတင်းရရှိသည်။
Popular
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။