Pages

Monday, December 17, 2012

“““ ပြည်သူအားလုံး လေးစား ချစ်ခင်ရသော နိုင်ငံတော် သမ္မတကြီး၏ လုပ်ဆောင်ချက်များ ထဲမှအချို့  ”””

ကျွန်တော်၏  မိတ်ဆွေတစ်ဦးမှ သုံးသပ်တင်ပြထားခြင်းအား နှစ်သက်မိပါ၍  မျှဝေခံစားခြင်းဖြစ်ပါသည်။

၁။ ဒီမိုလမ်းကြောင်းကို နိုင်ငံတကာကို ကြေညာပြီး ဦးဆောင်သွားနေသည် ။

၂။ တချိန်တခါမှမကြုံဘူးတဲ့ နိုင်ငံတကာနှင့် နိုင်ငံရေးအကျဉ်းသားများအံ့အားသင့်စေတဲ့ အချိန်တွင်   နိုင် ငံရေး အကျဉ်းသားတော်တော်များများကို လွတ်ပေးသည် ...(ကိုမင်းကိုနိုင်တို့အပါအ၀င် )

၃။ ပြည်သူ့ဆန္ဒအား အလေးအနက်ထားသည့်အနေဖြင့် မြစ်ဆုံစီမံကိန်းပရောဂျက်ကြီးကို (အတိုက်အခံ များကြားမှ) ရပ်နားပစ်လိုက်သည်။

၎။ ကချင်ပြည်နယ် စစ်သားငယ်တစ်ဦး၏ သူတို့လည်း လက်တော့ကိုင်ချင်သည် ဆိုသောအပြောအဆို မျိုးကို မီဒီယာရှေ့ တရားဝင် ထုတ်ဖော်ပြောကြားခဲ့သည် .... လက်တော့ ကွန်ပြူတာများ လက်ဆောင်ပံ့ ပိုးပြီး အပစ်အခတ်ရပ်ဆဲရေး ကာကွယ်ရေးဦးစီးချုပ်ကို အမိန့်အကြောင်းကြားစာပေးပို့ တားမြစ်သည်။

၅။ တိုင်းရင်းသားလက်နှက်ကိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်းအဆင်ပြေစေရေး ဦးအောင်မင်း ပါဝင်သော အဖွဲ့ကို ဖွဲ့စည်းစေ၍ ငြိမ်းချမ်းရေးရရှိအောင် အစဉ်တစိုက်ကြိုးပမ်းခိုင်းနေသည်။

၆။ ခေတ်အဆက်ဆက် နိုင်ငံရေးအရ အကြောင်းအမျိုးမျိုးနှ င့် ပြည်ပရောက်နေ သူ နိုင်ငံရေး လှုပ်ရှား သူနှင့် ခေတ်ပညာတတ်များအားတရားဝင်ဖိတ်ခေါ်ပြီးဒီမိုလမ်းကြောင်းကို ရှေ့ရှုဆောင်ရွက်နိုင်ဖို့ ကြိုးစား   နေသည်။

၇။ သက်ကြီးပင်စင်စား ၀န်ထမ်းအငြိမ်းစားများ၏ ဘ၀ကို ကြည့်ရှုစောင့်ရှောက်သည့် အနေဖြင့် ထောက်ပံ့ ချီးမြှင့်ခြင်းဖြင့် ၀န်ထမ်းအငြိမ်းစားများ၏ ချစ်ခင်မှုကို ရယူထားနိုင်သည်။

၈။ ခေတ်အဆက်ဆက်ယုံကြည်မှု တည်ဆောက်မရခဲ့သော အတိုက်အခံခေါင်းဆောင်အား   နိုင်ငံတကာ အစည်းအဝေးတက်ရောက်စေသည်...ဆုတံဆိပ်များတက်ရောက်ယူစေပြီးလူထု အခမ်းအနားမိန့် ခွန်းများ   ပြောကြားစေသည်.အထိယုံကြည်မှုတည်ဆောက်ပြနိုင်သည်။ နိုင်ငံတကာ  စီးပွားရေးဖိုရမ်း တက်ရောက် ရန်  ဖိတ်ကြားမှုအား မတက်ရောက်ဖြစ်သည်အထိ သဘော ထားကြီးပြနိုင်ခဲ့သည်။

၉။ ပြည်သူလူထု သက်သက်သာသာ ဖုန်းသုံးစွဲနိုင်ရေးချုပ်ဆိုထားသည့် ပြည်ပကုမ္ပဏီများနှင့် အဆင်ပြေေ စေ ရး မိတ်ဝတ် မပျက်စေရေး၊ နိုင်ငံတော် ဘဏ္ဍာရေးဘတ်ဂျက်နှင့် အချိန်အတိုင်းအတာ တစ်ခု အတွ င်းေ ဈးသက်သက်သာသာသုံးစွဲနိုင်ရေး အခက်အခဲများကြားမှ ဖန်တီးပေးနေရသည်။

၁၀။ အိမ်နီးချင်းနိုင်ငံများအလာကို မျော်နေရသည့်ဘ၀မှ တဖြည်းဖြည်းစီးပွားရေးအရလွမ်းမိုးထိန်းချုပ်နိုင်ေ အာင် ပြည်ပရွေ့ပြောင်းအလုပ်သမားများအရေးကအစ အဆင်ပြေစေရေး ကြိုးစားဆောင် ရွက်နေ သည်။

၁၁။ လူကုန်ကူးခံရမှုလျော့နည်းအောင် ရွေ့ပြောင်းအလုပ်သမားတွေနဲ့ ပြည်တွင်းအလုပ်သမားတွေ အ ဆင်ပြေစွာ အလုပ်အကိုင် ရရှိစေရေး မိမိနိုင်ငံအတွင်း စက်ရုံပြောင်းရွှေ့တည်ဆောက်နိုင်အောင် စီစဉ်နေ သလိုတခြားနိုင်ငံ၏ တချိန်လုံးအသာစီးရခဲ့သော ရေဆိပ်၊ လေဆိပ် မှီခိုအားထားမှု ကင်းအောင်   ကြိုစားဆောင်ရွက်နေသည်။

၁၂။ အရင်အစိုးရလက်ထက် ထုတ်ဖော်ခွင့်မရှိခဲ့သော လူထုဆန္ဒထုတ်ဖော်ခွင့်များအား ဆောင်ရွက်ခွင့်ရ ခဲ့ သည် ...... စည်းကမ်းတကျဖြစ်စေရေးဆောင်ရွက်နေသည်.။

၁၃။ ဖြစ်စဉ်များနှင့် အခက်အခဲဖြေရှင်းရမှုများအားမီဒီယာများနှင့် ပြည်သူသိရှိအောင် ကိုယ်တိုင် အ သိပေးပြော  ဆိုသည်။

၁၄။  ရခိုင်တိုင်းရင်းသားများအရေးကြောင့် ပြည်ပအိမ်နီးချင်းနိုင်ငံနှင့် ချစ်ကြည်ရင်းနှီးမှု အမြင်စောင်း ခံရလောက်အောင် (ဘန်ကောက်ပို့ရေးသားမှုဖတ်စေချင်ပါသည်) ဖိတ်ခေါ်မှုအား(၂)ကြိမ်တိုင်ရက်ရွေ့၍ ရခိုင်တိုင်းရင်းသားများ ၏ အရေးအား အလေးပေးဆောင်ရွက်ခဲ့သည်။

၁၅။ တိုင်းရင်းသားများအားလုံး ဒီမိုလမ်းကြောင်းတွင် အတူတကွ ပါဝင်ခွင့်ရစေရေး နိုင်ငံရေးပါတီ များနှင့် တွေ့ဆုံခြင်း တိုင်းရင်းသားအဖွဲ့အစည်းများနှင့် အလေးထားတွေ့ ဆုံခြင်းများ ဆောင်ရွက်နေ သည်။

၁၆။ ပြုပြင်ပြောင်းလဲရေးအတွက်သန့်ရှင်းသောအစိုးရ ... ကောင်းမွန်သောအစိုးရဖြစ်ရေး .... ဟန်ချက်ညီညီ ကူးပြောင်းနေသည် ... ဦးတည်ဆောင်ရွက်နေသည်။

၁၇။ တိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင် များအား နိုင်ငံတော် စီမံကိန်းများတွင် ပါဝင် ရင်းနှီးမြုပ်နှံလာေ အာင် ဆောင်ရွက်နေသကဲ့ သို့ ခရိုနီ လွှမ်းမိုးချုပ်ကိုင်မှု ထိန်းချုပ်နိုင်အောင် ဆင်းရဲချမ်းသာ ကွာဟမှု လိုက်လျော ညီထွေရှိလာစေရန် ကားပါမစ်ကဲ့သို့ကိစ္စများ အိမ်ခြံမြေဈေးကစားခြင်းကိစ္စများတွင် လွှမ်းမိုးချုပ်ကိုင် ထားသည့် စီးပွားရေး လုပ်ငန်းရှင်ကြီးများ အထိနာခဲ့ရသည် အထိလူလတ်တန်းစား အများစုအရေး ဆောင်ရွက် သွားသည်။

၁၈။ ရိုဟင်ဂျာ ပြဿနာတွင် မြန်မာနိုင်ငံ တိုင်းရင်းသား ပြည်သူတို့၏ ရေရှည် အေးချမ်းစွာ နေထိုင်နိုင်ရေး UNHCR ကဲ့သို့အဖွဲ့အစည်းမှ အဓိက တာဝန်ရှိသူအား ပြတ်ပြတ်သားသား ပြောဆိုပြီး ရခိုင် တိုင်းရင်းသား များနှင့်သွေးနီးကြောင်း ရပ်တည်သွားသည်။

၁၉။ နိုင်ငံတကာ မီဒီယာများ၏ လုပ်ကြံထုတ်လွှင့်နေသော ရိုဟင်ဂျာ အရေးအား နိုင်ငံတကာမှ ( တချို့  သမ္မတကြီး အားဆန္ဒပြမှုများပြုလုပ်နေချိန် ) တွင်အမြင်စောင်းမှု မဖြစ်စေရေး နိုင်ငံရေး ထောက်ခံမှု ပြ ကွက်အနေဖြင့် ထိုင်းနိုင်ငံသို့ အချိန်ကိုက် ချစ်ကြည်ရေး သွားရောက်ခဲ့ပြီး ပြည်တွင်းရေး အေးချမ်း စွာ ကိုင်တွယ်နိုင်ကြောင်းနှင့် ထောက်ခံမှုပြကွက် အား အရည်အချင်း ရှိရှိ ဆောင်ရွက် သွားခဲ့သည်။

၂၀။ ခေတ်အဆက်ဆက် ထိုင်းအလာ ကို မျော်နေတဲ့အဖြစ်မှ မိမိအလာ ထိုင်းလိုလိုလားလား ပြ န်စောင့် ရတဲ့ အနေအထားဖြစ်အောင် အရည်အချင်းရှိရှိ ဆောင်ရွက်သွားသည်။

၂၁။ အိမ်နီးချင်းနိုင်ငံများ၏ ခေတ်အဆက်ဆက် စီးပွားရေးအသာစီးကစားမှု နိုင်ငံရေးအသာစီးကစားမှု အားထိန်းချုပ်ကိုင်တွယ် အသာစီးရရန် ရေနက်ဆိပ်ကမ်းများ၊တိုက်ရိုက်လေကြောင်းပျံသန်း မှုနှင့် နိုင် ငံတကာ လေဆိပ်ကြီး များ ပေါ်ပေါက်လာရေး အခက်အခဲများကြားမှ ကြိုးစားနေသည် ...

၂၂။ မည်သို့ပင်ဘေးထိုင်ဘုပြော အပြစ်ဆိုနေပါစေ အဆင့်အတန်းမခွဲကြားဘဲ သဘောထားကြီးစွာဖြင့် ဒီမိုလမ်းကြောင်းတွင် ပါဝင်လာရေး သဘောထားကြီးစွာဖြင့် ကြိုးစားဆောင်ရွက်နေသည်။

၂၃။ နိုင်ငံတော် ဧရိယာအနှံ့ နိုင်ငံတော်အာဏာသက်ရောက်နိုင်အောင်ဆောင်ရွက်နိုင်ခဲ့သည် ... ( ရခိုင် တိုင်းရင်း သားများ အိမ်တိုင်းတွင် သမ္မတကြီးကိုထောက်ခံသည့်အနေဖြင့် အိမ်တိုင်း အိမ်တိုင်းနှင့် ကား၊ ယာဉ်၊ ဆိုက်ကားများတွင်ပါ နိုင်ငံတော် အလံတော်လွှင့်ထူထားသည် )

၂၄။ နိုင်ငံတကာခေါင်းဆောင်များမှဒီမိုကရေစီလမ်းကြောင်းဦးဆောင်နိုင်မှု အရည်အချင်းရှိ ခေါင်းဆောင် တစ်ဦးအဖြစ်လေးစားအသိအမှတ်ပြုထားသည်။

၂၅။ Time Magazine တွင် ကမ္ဘာ့သြဇာအာဏာအရှိဆုံး ပုဂ္ဂိုလ်(၁၀၀)စာရင်းတွင် ယှဉ်ပြိုင်ဘက်များ ကိုေ ကျာ်လွန်၍ ကမ္ဘာ့ပြည်သူလူထုနှင့်ခေါင်းဆောင်များ၏ အသိအမှတ်ပြုဖော်ပြခြင်း ခံရသည် အထိေ ထာ က်ခံမှု ရရှိထားသည်။

၂၆။ အင်အားကြီး နိုင်ငံကြီးများဖြစ်သည့် အိန္ဒိယ, တရုတ်နိုင်ငံကြီးများ ၏ Two Ocean မဟာ အင် အားကြီးနိုင်ငံ အဖြစ် အသွင်ပြောင်းလဲ နိုင်ရန် မျက်စိကျနေမှု ... ကုန်သွယ်ရေး အသာစီး ရလိုနေမှု၊ အခြား အိမ်နီးချင်း နိုင်ငံများ၏ စီးပွားရေး အသာစီး ရထိန်းချုပ်နိုင်မှု အတွက် မျက်စိကျနေမှု လူမျိုးရေး အရ အန္တရာယ် ရှိလာမှု ဥရောပ နိုင်ငံများ ၏ ရုပ်သေး အစိုးရ တင်မြောက်လိုမှု .... ချယ်လှယ် လွှမ်းမိုးလိုမှု ...... တိုင်းပြည် မငြိမ်မသက်ဖြစ်မှ လုပ်စားနိုင်သူများ ၏ အန္တရာယ်တို့ ကဲ့သို့ ဘက်ပေါင်းစုံ အန္တရာယ်မျိုးစုံ ကြားတွင် ဒီမို လမ်းကြောင်းနှင့် နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကြိုးစား တည်ဆောက်နေ ရသည်။

၂၇။ စီးပွားရေးပိတ်ဆို့မှုနှင့် ပွင့်လင်း လာသည့် ပြည်တွင်း နေရာပေါင်းစုံမှ ဆန္ဒပြတောင်းဆိုမှု ပြဿနာ များကြားတွင် ကောင်းမွန်သော ဦးဆောင်မှုဖြစ် ရန် ကြိုးစား တည်ဆောက်နေသည်။

၂၈။ သမ္မတရာထူး တာဝန် ထမ်းဆောင်ချိန်မှ စ၍ မည်သူတစ်ဦးတစ်ယောက်မှ အပြစ်မဆိုဘဲ ... ဝေဖန် ပုတ်ခတ်ခြင်းမရှိဘဲ နိုင်ငံတော် ၏ ကြွေးမြီမကင်းသည့်အခြေအနေနှင့် လူတစ်ဦးချင်း အဆင် မပြေ မှုတို့ အားတရားဝင် ကြေညာပြီး နှလုံးစက် အစားထိုးထားလျှက် စိန်ခေါ်မှုပေါင်းစုံကြားမှ ဒီမိုကရေစီ နိုင် ငံဖြစ်ရေး နိုင်ငံတော် တိုးတက်ဖွံ့ဖြိုးလာရေး လေးစားဖွယ် ကြိုးစား ဆောင်ရွက် နေသည်။

၂၉။ ဒေသတွင်း  အာဆီယံနိုင်ငံခေါင်းဆောင်များ  အကြားဦးဆောင်နိုင်ရေးနှင့် 2013အားကစားပွဲတော် အိမ်ရှင် အဖြစ် အောင်မြင်စွာကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေသည်။
 
Myanmar Daily Star Group

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

“““ ပြည်သူအားလုံး လေးစား ချစ်ခင်ရသော နိုင်ငံတော် သမ္မတကြီး၏ လုပ်ဆောင်ချက်များ ထဲမှအချို့  ”””

Labels:

0 comments: