Pages

Sunday, December 16, 2012

“““ စည်ပင် ရဲတပ်ဖွဲ့ဝင် တစ်ဦး၏ သားက ရဲ အယောင်ဆောင်ကာ ဓားဖြင့် ထောက်မှုနှင့် ပတ်သက်၍ ပြည်သူ့ဝန်ထမ်း အယောင်ဆောင်မှု၊ မတရား ချုပ်နှောင်ထားရန် အားထုတ်မှု တို့ဖြင့် အမှုဖွင့်ထား ”””

စည်ပင်သာယာ ရဲတပ်ဖွဲ့ဝင်တစ်ဦး၏သားက ရဲအယောင်ဆောင်ကာ ဓားဖြင့်ထောက်မှုနှင့် ပတ်သက်၍ သက်ဆိုင်ရာက ပြည်သူ့ဝန်ထမ်း အယောင်ဆောင်မှု၊ မတရားချုပ်နှောင်ထားရန် အားထုတ်ရာတွင် လက်ေ ရာက် မှုတို့ဖြင့် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။ အဆိုပါဖြစ်စဉ် တွင် အခွင့်အလမ်း ဂျာနယ်တိုက်ပိုင်ရှင် ကိုသင်းစိုးမှာ ကိုသန်းဇော်ထွန်း၊ မ၀င်းနုနုဇင်တို့နှင့်အတူ ဒီဇင်ဘာ လ ၁၀ ရက်နေ့ည ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် Lexus ၇ဃ ဖြင့် ကမာရွတ်မြို့နယ် (၇) ရပ်ကွက် ပြည်ရိပ်မွန် အိမ်ရာတွင် နေထိုင်သူ ကိုသန်းဇော်ထွန်းကို လိုက်ပို့ရန် နာနတ်တောလမ်းအတိုင်း မောင်းနှင်လာခဲ့သည်။

ယင်းနောက် နာနတ်တောခုံးတံတားထိပ်အရောက် ကိုသန်းဇော်ထွန်းကို ချထားပေးခဲ့ပြီး နာနတ်တောလမ်း အတိုင်း ဗဟိုလမ်းဘက်သို့ ဆင်း၍ ဗဟိုလမ်းမှ နာနတ်တော ခုံးတံတားပေါ်သို့ ပြန်တက်စဉ် တံတားပေါ် မရောက်မီ ချဉ်းကပ်လမ်းပေါ်တွင် လူတစ်ဦး ကားရှေ့ ပိတ်ရပ်နေသဖြင့် ကားအားရပ်ပေးခဲ့ရာ ကမာ  ရွတ်မြို့နယ် စည်ပင်သာယာ ရဲတပ်ဖွဲ့ဝင် ရဲတပ်ကြပ်တစ်ဦး၏ သားဖြစ်သူ အောင်သူရမှာ ကားအနီး သို့ေ ရာက်ရှိလာပြီး မိမိမှာ ရဲဖြစ်ကြောင်း၊ လူသတ်မှုဖြစ်၍ မေးစရာရှိသည်ဟု ဆိုကာ ကိုသင်းစိုး၏ လည်ပင်း အား အသင့်ပါလာသောဓားဖြင့် ထောက်နေစဉ် ကိုသင်းစိုးကလက်ဖြင့် ပုတ်ချခဲ့ပြီး ပတ်ဝန်းကျင်အား အကူ အညီတောင်းခဲ့ကြောင်း သိရသည်။

အငှားယာဉ်နှစ်စီး ရောက်ရှိလာသဖြင့် ကျူးလွန်သူနှစ်ဦးမှာ ထွက်ပြေးသွားစဉ် အခင်းဖြစ်ပွားရာနေ ရာတွင် ရှိနေသူတစ်ဦး၏ အကူအညီဖြင့် ဓားဖြင့် လည်ပင်းထောက်သည့် စည်ပင်သာယာ ရဲတပ်ဖွဲ့ဝင် တစ်ဦး၏ သား အောင်သူရနှင့် အပေါင်းပါ ရှမ်းဘုတ်တို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ကမာရွတ်မြို့နယ် ပြည်ရိပ်မွန်အိမ်ရာ နေထိုင်သူ ကိုသန်းဇော်ထွန်းက “ကျွန်တော့်ကို အိမ်မှာချပေးအ ပြီး ဖြစ် သွားတဲ့အတွက် ဖြစ်စဉ်ကို တိတိကျကျ မသိလိုက်ရဘူး။ ကိုသင်းစိုးရဲ့ ပြောပြချက်အရ သူတို့ တံတားပေါ်ပြန်အထွက်မှာ လူတစ်ယောက်က တားတယ်။ နောက် လူတစ်ယောက်က သူကရဲ ဆိုပြီးပြော တယ်။ နောက်ပြီး ဒီမှာလူသတ်မှုရှိလို့ စစ်ဆေးစရာရှိတယ်ဆိုပြီး ပြောတယ်။ ဒါနဲ့ ကိုသင်းစိုးက ရဲဆိုတဲ့ တစ်ယောက်ကို ဘယ်ဌာနကလဲ၊ နာမည်ဘယ်လိုခေါ်လဲ မေးနေတဲ့အချိန် ကားပေါ်က ဆင်းခိုင်းပြီး လည် ပင်းပေါ်ဓား နဲ့ ထောက်လိုက်တယ်။ ဒါနဲ့ ကိုသင်းစိုးက ခုခံပြီး အနီးပတ်ဝန်းကျင်ကို အကူအညီတောင်းခံခဲ့ တယ်လို့ သိရတယ်” ဟု ပြောပြသည်။ ကျူးလွန်သူမှာ စည်ပင်ရဲဝန်ထမ်း၏ သား မှန်ကန်ကြောင်း၊ ကျူး လွန် သူနှစ်ဦးကိုလည်း ဖမ်းဆီးရမိပြီးဖြစ်ကြောင်း ကမာရွတ်မြို့နယ် ရဲစခန်းမှ တာဝန်ရှိသူက ဆိုပါသည်။

ကမာရွတ်ရဲစခန်းမှ ကျူးလွန်သူနှစ်ဦးအား (ပ) ၅၃၉/၂၀၁၂၊ ပြစ်မှု ပုဒ်မ၁၇၀/၃၅၇/၁၁၄ ဖြင့် တရားခံများ ကို စစ်ဆေးလျက်ရှိကြောင်း ပုဒ်မ ၁၇၀ သည် ပြည်သူ့ဝန်ထမ်းအယောင်ဆောင်မှုဖြစ်ပြီး ပုဒ်မ ၃၅၇ သည် မတရားချုပ်နှောင်ရန် အားထုတ်ရာတွင် လက်ရောက်မှုဖြစ်ကာ ၁၁၄ သည် အားပေးကူညီမှုဖြစ်ကြောင်း သိရသည်။

General Knowledge

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

“““ စည်ပင် ရဲတပ်ဖွဲ့ဝင် တစ်ဦး၏ သားက ရဲ အယောင်ဆောင်ကာ ဓားဖြင့် ထောက်မှုနှင့် ပတ်သက်၍ ပြည်သူ့ဝန်ထမ်း အယောင်ဆောင်မှု၊ မတရား ချုပ်နှောင်ထားရန် အားထုတ်မှု တို့ဖြင့် အမှုဖွင့်ထား ”””

Labels:

စည်ပင်သာယာ ရဲတပ်ဖွဲ့ဝင်တစ်ဦး၏သားက ရဲအယောင်ဆောင်ကာ ဓားဖြင့်ထောက်မှုနှင့် ပတ်သက်၍ သက်ဆိုင်ရာက ပြည်သူ့ဝန်ထမ်း အယောင်ဆောင်မှု၊ မတရားချုပ်နှောင်ထားရန် အားထုတ်ရာတွင် လက်ေ ရာက် မှုတို့ဖြင့် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။ အဆိုပါဖြစ်စဉ် တွင် အခွင့်အလမ်း ဂျာနယ်တိုက်ပိုင်ရှင် ကိုသင်းစိုးမှာ ကိုသန်းဇော်ထွန်း၊ မ၀င်းနုနုဇင်တို့နှင့်အတူ ဒီဇင်ဘာ လ ၁၀ ရက်နေ့ည ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် Lexus ၇ဃ ဖြင့် ကမာရွတ်မြို့နယ် (၇) ရပ်ကွက် ပြည်ရိပ်မွန် အိမ်ရာတွင် နေထိုင်သူ ကိုသန်းဇော်ထွန်းကို လိုက်ပို့ရန် နာနတ်တောလမ်းအတိုင်း မောင်းနှင်လာခဲ့သည်။

ယင်းနောက် နာနတ်တောခုံးတံတားထိပ်အရောက် ကိုသန်းဇော်ထွန်းကို ချထားပေးခဲ့ပြီး နာနတ်တောလမ်း အတိုင်း ဗဟိုလမ်းဘက်သို့ ဆင်း၍ ဗဟိုလမ်းမှ နာနတ်တော ခုံးတံတားပေါ်သို့ ပြန်တက်စဉ် တံတားပေါ် မရောက်မီ ချဉ်းကပ်လမ်းပေါ်တွင် လူတစ်ဦး ကားရှေ့ ပိတ်ရပ်နေသဖြင့် ကားအားရပ်ပေးခဲ့ရာ ကမာ  ရွတ်မြို့နယ် စည်ပင်သာယာ ရဲတပ်ဖွဲ့ဝင် ရဲတပ်ကြပ်တစ်ဦး၏ သားဖြစ်သူ အောင်သူရမှာ ကားအနီး သို့ေ ရာက်ရှိလာပြီး မိမိမှာ ရဲဖြစ်ကြောင်း၊ လူသတ်မှုဖြစ်၍ မေးစရာရှိသည်ဟု ဆိုကာ ကိုသင်းစိုး၏ လည်ပင်း အား အသင့်ပါလာသောဓားဖြင့် ထောက်နေစဉ် ကိုသင်းစိုးကလက်ဖြင့် ပုတ်ချခဲ့ပြီး ပတ်ဝန်းကျင်အား အကူ အညီတောင်းခဲ့ကြောင်း သိရသည်။

အငှားယာဉ်နှစ်စီး ရောက်ရှိလာသဖြင့် ကျူးလွန်သူနှစ်ဦးမှာ ထွက်ပြေးသွားစဉ် အခင်းဖြစ်ပွားရာနေ ရာတွင် ရှိနေသူတစ်ဦး၏ အကူအညီဖြင့် ဓားဖြင့် လည်ပင်းထောက်သည့် စည်ပင်သာယာ ရဲတပ်ဖွဲ့ဝင် တစ်ဦး၏ သား အောင်သူရနှင့် အပေါင်းပါ ရှမ်းဘုတ်တို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ကမာရွတ်မြို့နယ် ပြည်ရိပ်မွန်အိမ်ရာ နေထိုင်သူ ကိုသန်းဇော်ထွန်းက “ကျွန်တော့်ကို အိမ်မှာချပေးအ ပြီး ဖြစ် သွားတဲ့အတွက် ဖြစ်စဉ်ကို တိတိကျကျ မသိလိုက်ရဘူး။ ကိုသင်းစိုးရဲ့ ပြောပြချက်အရ သူတို့ တံတားပေါ်ပြန်အထွက်မှာ လူတစ်ယောက်က တားတယ်။ နောက် လူတစ်ယောက်က သူကရဲ ဆိုပြီးပြော တယ်။ နောက်ပြီး ဒီမှာလူသတ်မှုရှိလို့ စစ်ဆေးစရာရှိတယ်ဆိုပြီး ပြောတယ်။ ဒါနဲ့ ကိုသင်းစိုးက ရဲဆိုတဲ့ တစ်ယောက်ကို ဘယ်ဌာနကလဲ၊ နာမည်ဘယ်လိုခေါ်လဲ မေးနေတဲ့အချိန် ကားပေါ်က ဆင်းခိုင်းပြီး လည် ပင်းပေါ်ဓား နဲ့ ထောက်လိုက်တယ်။ ဒါနဲ့ ကိုသင်းစိုးက ခုခံပြီး အနီးပတ်ဝန်းကျင်ကို အကူအညီတောင်းခံခဲ့ တယ်လို့ သိရတယ်” ဟု ပြောပြသည်။ ကျူးလွန်သူမှာ စည်ပင်ရဲဝန်ထမ်း၏ သား မှန်ကန်ကြောင်း၊ ကျူး လွန် သူနှစ်ဦးကိုလည်း ဖမ်းဆီးရမိပြီးဖြစ်ကြောင်း ကမာရွတ်မြို့နယ် ရဲစခန်းမှ တာဝန်ရှိသူက ဆိုပါသည်။

ကမာရွတ်ရဲစခန်းမှ ကျူးလွန်သူနှစ်ဦးအား (ပ) ၅၃၉/၂၀၁၂၊ ပြစ်မှု ပုဒ်မ၁၇၀/၃၅၇/၁၁၄ ဖြင့် တရားခံများ ကို စစ်ဆေးလျက်ရှိကြောင်း ပုဒ်မ ၁၇၀ သည် ပြည်သူ့ဝန်ထမ်းအယောင်ဆောင်မှုဖြစ်ပြီး ပုဒ်မ ၃၅၇ သည် မတရားချုပ်နှောင်ရန် အားထုတ်ရာတွင် လက်ရောက်မှုဖြစ်ကာ ၁၁၄ သည် အားပေးကူညီမှုဖြစ်ကြောင်း သိရသည်။

General Knowledge
0 comments: