Pages

Monday, December 17, 2012

“““ မြန်မာနိုင်ငံ သည် နိုင်ငံသားဖြစ်မှု၊ မဖြစ်မှုကို သွေးဖြင့် ဆုံးဖြတ်သည့် နိုင်ငံ ဖြစ်ကြောင်း လဝက ဝန်ကြီး ဦးခင်ရီ ပြော ”””

ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီး၌ နိုင်ငံသားဖြစ်မှုမဖြစ်မှုကို ဆုံးဖြတ်ရာတွင် မြေပေါ်၌မူတည်၍ဆုံးဖြတ်ခြင်း၊ အချိန်ပေါ် တွင်မူတည်၍ ဆုံးဖြတ်ခြင်းနှင့်သွေးပေါ်တွင် မူတည်ဆုံးဖြတ်ခြင်း စသည့်အချက် သုံးချက် ရှိ သည့် အနက် မြန်မာနိုင်ငံသည် နိုင်ငံ သားဖြစ်မှုကို သွေးဖြင့် ဆုံးဖြတ်သော နိုင်ငံဖြစ်ကြောင်း လူဝင် မှုကြီြး ကပ်ေ ရးနှင့် ပြည်သူ့အင်အားဦးစီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက နိုင်ငံခြားရေးရာ ဝန်ကြီးဌာ နရုံး တွင်ပြု လုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
 
''ကျွန်တော်တို့နိုင်ငံက သွေး နဲ့ဆုံးဖြတ်တဲ့နိုင်ငံဖြစ်ပါတယ်။ ဒီလို နိုင်ငံမျိုးတွေက ကမ္ဘာပေါ်မှာ အများ ကြီးရှိ ပါ တယ်'' ဟု ဝန်ကြီးဦးခင်ရီ က ပြောသည်။
နိုင်ငံတစ်နိုင်ငံ အချိန်ကြာမြင့် စွာနေထိုင်ပါက အလိုအလျောက် နိုင်ငံသားအဖြစ် ဆုံးဖြတ်သောနိုင်ငံ များ ရှိေ သ်ာလည်း မြန်မာနိုင်ငံတွင်မူ အဆိုပါစနစ်ကို မကျင့်သုံးကြောင်း ၄င်းက ဆက်ပြောသည်။''သွေးပေါ်မူ တည်ပြီးတော့ ဆုံးဖြတ်တယ်ဆိုတာက ဒီနိုင်ငံမှာ ရှိနေတဲ့ နိုင်ငံသားရဲ့သွေး၊ နိုင်ငံသား ဖြစ်နိုင် တဲ့သွေး နဲ့ရောတဲ့ သွေးပါမှလို့ ပြောတာပါ။ ဝန်ကြီးဦးခင်ရီပြော တာဟာ ကျွန်တော်တို့နိုင်ငံရဲ့ ပကတိ အခြေ အေ နနဲ့ အင်မတန်မှ ကိုက်ညီ တဲ့ အဖြေဖြစ်ပါတယ်''ဟု ရခိုင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော် အေးေ မာင် က ပြောသည်။

မြန်မာနိုင်ငံရှိ တိုင်းရင်းသား လူမျိုးများသည် တိုင်းတစ်ပါး၏ မြေကို ကျူးကျော်နေထိုင်ခြင်းမျိုး မရှိသည့် အတွက် မြေပေါ်တွင် မူ တည်၍ နိုင်ငံသားအဖြစ် ဆုံးဖြတ်မှု ဖြင့် လည်းကောင်း၊ အချိန်ပေါ်တွင် မူတည် ၍လည်းကောင်း နိုင်ငံသား ဖြစ်မှုအတွက် ဆုံးဖြတ်ရန်မဖြစ်နိုင်ဘဲ သွေးဖြင့်သာ ဆုံးဖြတ်သည့် နိုင်ငံ ဖြစ်ေ ကြာင်း ပြောဆိုခဲ့မှုကို ရခိုင်တိုင်း ရင်းသားရေးရာ ဝန်ကြီးတစ်ယောက် အနေဖြင့် အပြည့်အ ဝထောက် ခံ ကြောင်း လည်း ၄င်းက ပြောသည်။
''သွေးနဲ့ဆိုတာက ကျွန်တော် တို့က Mixed ဖြစ်နေတာမျိုးပေါ့။ ဘိုး ဘွားအဖေအမေက ဒီမှာနေခဲ့ တယ် ၊ နှစ်ပေါင်း ငါး ဆယ်ကျော်ခြောက်ဆယ် နေထိုင်ခဲ့ကြပြီးပြီ၊ မြန်မာပြည်ရဲ့ ကောင်းမွေဆိုးမွေကိုလည်း မျှဝေခံ စားခဲ့ကြပြီးပြီ၊ နိုင်ငံခြားသွားဖို့လည်း ရည်ရွယ်ချက်မရှိတော့ဘူး။ အဲလိုလူ မျိုးတွေကို ဧည့်သည် အမျိုး အစား အ ဖြစ်လက်ခံတာ၊ သူတို့ရဲ့တတိယ Generation ရောက်တော့မှပေးတယ်ဆိုတာ ဟာ အင်မတန် Fair ဖြစ် တဲ့ ဥပဒေ ပါ' ဟု ဝန်ကြီးဦးခင်ရီက ဆိုသည်။
 
နိုင်ငံသားဆိုရာတွင်မွေးရာပါ နိုင်ငံသားနှင့် ဥပဒေအရ ပြုလုပ်ထား သောနိုင်ငံသားဟူ၍ နှစ်မျိုးရှိကြောင်း ၁၈၂၃ ခုနှစ်က မြန်မာနိုင်ငံ၏ ပြည် နယ်အချို့ဗြိတိသျှလက်အောက် မကျ ရောက်မီကတည်းက မှီတင်းနေ ထိုင် ခဲ့ကြသည့် လူမျိုးစုကြီးရှစ်စုနှင့် ¤င်း တို့နှင့် ဆက်နွှယ်သည့် လူမျိုး ၁ဝ၁ ပါးမှာ မွေးရာပါ နိုင်ငံသား များဖြစ် ကြပြီး ဥပဒေအရ ပြုလုပ်ထားသော နိုင်ငံသားများမှာ ဥပဒေကြောင်းအရ အဆင့်ဆင့်ေ လျှာက် ထားပြီး မှ ဖြစ်လာ သူများဖြစ်ကြောင်းအဆိုပါ ဥပဒေ အကြောင်းအရ ပြန်လည်လက်ခံသည့် နိုင်ငံသား များ ကို မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားများဟု ပြော၍မရဘဲ ပြည်ထောင်စု မြန်မာနို င်ငံအတွင်း တွင် နေ ထိုင် ခွင့် အတွက် မှတ်ပုံတင်ထား သူများသာဖြစ်ကြောင်း ဝန်ကြီးဦးခင်ရီ က ဆက်လက်ပြောဆိုသည်။
မြန်မာနိုင်ငံတွင် ထုတ်ပေးသော Registeration Card ဟု ခေါ်သည့် သုံးခေါက်ချိုးကတ်များမှာ ဤနေရာ တွင် သည် လူရောက် ရှိနေထိုင်သည် ဟူသောအချက်ကို စာအုပ်တွင် ရေး သား၍ မှတ်ပုံတင် ထားခြင်း သာဖြစ် ကြောင်း၊ အဆိုပါကတ်တွင်လည်း၊ ဤကတ်ပြားထုတ်ပေးခြင်းခံရသူသည် ဤနိုင်ငံသားအဖြစ် အလျဉ်း သက် သေခံခြင်းမဖြစ်စေရဟူ၍ ရေးထိုးထား ကြောင်း ဝန်ကြီးဦးခင်ရီက ဆက် လက်ပြော ဆို သည်။
 
No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

“““ မြန်မာနိုင်ငံ သည် နိုင်ငံသားဖြစ်မှု၊ မဖြစ်မှုကို သွေးဖြင့် ဆုံးဖြတ်သည့် နိုင်ငံ ဖြစ်ကြောင်း လဝက ဝန်ကြီး ဦးခင်ရီ ပြော ”””

Labels:

0 comments: