Pages

Thursday, December 6, 2012

“““ စစ်ဖက် - အရပ်ဖက် ဆက်ဆံရေး နဲ့  နိုင်ငံရေး တိုက်ပွဲများ ”””

ပထမဆုံး ၀ိုင်းပြီး မဆဲခင် ကြိုပြီး ပြောထားချင်တာက ဆရာတော်တွေ အခုလို ဖြစ်ရတဲ့အတွက် အစိုးရကို ကန့် ကွက်ပါတယ် ဆိုတာပါပဲ။ တာဝန်ရှိတဲ့သူတွေကို ဖော်ထုတ်ပြီး ပွင့်လင်း မြင်သာမှု ရှိရှိ အရေးယူပေးဖို့  လိုပါတယ်။

အခုဖြစ်စဉ်မှာ အခွင့်အရေးနဲ့  တာဝန် ခွဲခြားမြင်ဖို့  လိုပါတယ်။ ဆနပြခွင့် ဆိုတာက အခွင့်အရေး၊ နိုင် ငံ သားတွေရဲ့  အခြေခံလူ့ အခွင့်အရေး။ ဥပဒေကို လိုက်နာရမယ် ဆိုတာက တာဝန်။ နိုင်ငံသားတိုင်း လိုက် နာရမယ့် တာဝန်။

ပြည်ပက သွေးထိုးနေကြတဲ့ လူတွေ ပိုပြီး သိပါတယ်။ သူများ နိုင်ငံမှာ ဘယ်လိုနေထိုင်ကြရသလဲ ဆိုတာ။ အမေရိကန်မှာလည်း ဆနပြခွင့်ကို ကြိုတင်ပြီး တင်ပြရတာပါပဲ။ ပြီးတော့ အုပ်ချုပ်ရေးက တားမြစ်တာ မ ဟုတ် ဘဲ ဆနပြတဲ့နေရာ အမှိုက်ရှုပ်လို့ ဆိုပြီး မြို့ တော်ဝန်က ပိတ်ပင်တာတွေ လည်း ရှိပါတယ်။ အခွင့် အရေး အရ ကြည့်မယ်ဆိုရင် ဆနပြခွင့် ရှိရပါမယ်။ အခု သပိတ်စခန်းနေရာက ပုဒ်မ ၁၄၄ ထုတ်ထား တ ယ် လို့  သိရတယ်။ ဒါဆိုရင်တော့ ဖြတ်သန်းသွားလာခွင့်တောင် မရှိတဲ့ အထူးတားမြစ်နယ်မြေတစ် ခု ဖြ စ်နေပါတယ်။ အထူးတားမြစ်နယ်မြေထဲ သပိတ်စခန်း ဖွင့်ထားတာ ဖြစ်ပါတယ်။ ပြီးတော့ ပြည်ထဲရေးက အမိန့်  ကြေညာချက် ထုတ်တာကိုလည်း တွေ့ ရတယ်။ ဘယ်အချိန်မှာ နောက်ဆုံးထားပြီး ထွက်ပေးပါ ဆိုတာလည်း အသိပေးထားတာ တွေ့ ပါတယ်။

နေရာဌာနတစ်ခုခုကို ၀င်ရောက်နေရာယူပြီး ဖယ်ပေးဖို့  တောင်းဆိုလည်း မဖယ်တဲ့ အခုလို ဆနပြ တဲ့ သူတွေကို ဘယ်ပုံဘယ်နည်းနဲ့  ကိုင်တွယ်ရမလဲ ဆိုတာ သေသေချာချာ မသိကြဘူး။ ယိုးဒယားမှာ သုဝ ဏဘုမိ လေဆိပ်ကို အ၀ါတွေ သိမ်းပိုက်ထားတော့ ယိုးဒယားရဲတွေ ဘယ်လိုကိုင်တွယ် ဖြေရှင်းသွားသလဲ။ နည်းလမ်းရွေးချယ်မှု၊ အချိန်ရွေးချယ်မှု၊ လူရွေးချယ်မှု အားလုံးဟာ အနောက်နိုင်ငံတန်းမီတယ်။ ပြီးတော့ ဒီလို ဆနပြသူတွေကြောင့် ဆိုးကျိုးတွေ ဘယ်လိုဖြစ်နေပါပြီ ဆိုပြီး PR ကို ကောင်းကောင်း အသုံးချပြီး ရှင်းတယ်။

Occupy Wall Street မှာ ဘယ်လို လုပ်သွားသလဲ သတိထားဖို့  လိုပါတယ်။ လန်ဒန်မှာ ဘယ်လောက် အထိ ဆိုးဆိုးဝါးဝါး ဖြစ်သွားလဲ။ တူတာတော့ မတူပါဘူး။ လက်ပံတောင်းက ၀င်ပြီး သပိတ်စခန်း ဖွင့် ပြန် မထွက်တော့တာ။ အဲဒါနဲ့  ဆင်ဆင်တူတာ တရုတ်မှာ ဖြစ်သွားတဲ့ဟာ တစ်ခု ရှိပါတယ်။ ၀ိုင်းပိတ်ပြီး ဖြတ် ၄ ဖြတ် လုပ်ခဲ့တဲ့အတွက် လူ့ အခွင့်အရေးအဖွဲ့  တွေက ၀ိုင်းပြီး ထိုးနှက်တာ ခံခဲ့ရတယ်။

ပြီးတော့ ဆနပြတဲ့သူတွေကို ထိုးတဲ့ မီးသတ်ပိုက်နဲ့  ထွက်လာတဲ့ ရေလုံးကိုလည်း ကြည့်လိုက်ကြပါဦး ။ ရေနဲ့  ထိုးတာ မဟုတ်ဘူး ရေဖျန်းပေးရုံလေးပဲ။ ဆရာတော်တွေ ထိုင်နေတဲ့ နေရာအထိ ရေလုံး မေ ရာက်ဘူး။ မီးသတ်ကားကိုလည်း ကြည့်လိုက်ဦး။ စစ်ကျန် တီအီးကားကို ရေစည်တင်ထားတဲ့ ကား။ သာ မန် မီးလောင်ချိန်မှာတော့ သုံးလို့  ရရင် ရမှာပေါ့။ အခုလို အဓိကရုဏ်း နှိမ်နင်းရေးနဲ့ တော့ တယ်ပြီး မ လိုက်ဖက်ဘူး။

အခု သုံးသွားတဲ့ ဗုံးတွေကို အရင်က သုံးဖူးကြရဲ့ လား။ ဒီဗုံးတွေရဲ့ သက်ရောက်မှုကိုရော စစ်ေ ဆးပြီး ကြပြီ လား။ ဒါလည်း တယ်ပြီး မထင်လှဘူး။ အခုအချိန်မှာ သေချာပြန်တွေး ကြည့်ရင် လက်ပံတောင်း အိပ်မက် ဆိုး ဟာ အကြောင်းတိုက်ဆိုင်လို့  ဖြစ်ပေါ်လာတယ် ဆိုပေမယ့် လက်ပံတောင်းတောင်ရိပ်ကို ခိုနေကြ တဲ့ နို င် ငံရေးလုပ်စားတွေ အများကြီး ပါဝင်ပတ်သက်နေတယ်။ အခုနောက်ဆုံး ကုလားမာကီးနဲ့  စုစုနွေး တို့ ကရော မနလေးသွားပြီး ထိုင်သပိတ်မှာ ၀င်ပြီး ဆနပြတယ် လို့  ကြားရပါတယ်။ လက်ပံတောင်း တော င် ရိပ်ကို ခိုကြတဲ့ နိုင်ငံရေးလုပ်စားတွေ အများကြီး ထွက်လာဦးမှာပါ။

မနလေး မစိုးရိမ်ကျောင်းတိုက်က ဆရာတော်ငယ်တွေ လက်ပံတောင်းကို ဘာဖြစ်လို့  ရောက်နေ ကြရတာ လဲ။ မုံရွာက ဆရာတော်တွေ နည်းပါတယ်။ဒီဗွီဘီက တင်ထားတဲ့ ဗီဒီယိုမှတ်တမ်း ကို သေချာပြန်ကြည့်ရင် လက်ပံတောင်းတောင်ရိပ်နောက်မှာ ညွှန်ကြားချက်တွေ ထုတ်နေတဲ့ နိုင်ငံရေးလုပ်စားတစ်ချို့ ကို တယ် လီဖုန်းနဲ့  သတင်းပို့ နေကြတာ တွေ့  ရတယ်။ ပြီးတော့ ရေနဲ့  ပက်နေတဲ့အချိန် မှာ  ဆရာတော်တွေကို တန်းစီခိုင်း(ဆရာတော်တွေကလည်း တန်းစီကြရတယ်) ပြောသေးတယ် တပည့်တော်ရှေ့ ကနေ အသေ ခံပါ့မယ် တဲ့။ အခု ဒဏ်ရာရှိတဲ့ လူတွေထဲမှာ အဆိုပါ ခေါင်းဆောင်ကြီး ပါမှ ပါလေစ။ အရှင်ဘုရားတို့  ဒီ လမ်းက ဆုတ် - ဆိုတော့ ဒီလောက်အခိုင်အမာ ယူထားပြီးမှ ဆုတ်ရမှာလား ဆိုတဲ့ ကိုယ်တော်က တစ် ဘာသာ။

The Art of Engagement  ကို သိကြပါသလား။ စေ့စပ်ညှိနှိုင်း မှု အနုပညာလို့တောင် ခေါ်တွင်ကြတဲ့ ဒိုင်ယာလော့ ဆိုတာ မလွယ်ကူလှတဲ့ အနုပညာတစ်ရပ် ဖြစ်ပါတယ်။ ကျွန်တော်တို့ လို ဒီမိုကရေစီ နုန ယ်သေးတဲ့ နိုင်ငံမှာ အဆိုးဆုံးက အစဉ်အဆက် Rule of Law အားနည်းခဲ့တာပါပဲ ။ ပြည်သူတွေက လည်း ဥပဒေတွေကို ကောင်းကောင်း မသိဘူး။ မသိတဲ့အပြင် အဲဒီဥပဒေကို ချိုးဖောက်ရင် ဘာဖြစ်မယ် ဆိုတာ မသိဘူး။ Law Enforcement ဘက်ကလည်း လက်တစ်လုံးခြား လုပ်လာတ များတဲ့အတွက် Rule of Law Practice အားနည်းလွန်းတယ်။

ပြီးတော့ တောက်လျှောက် ဗဟိုထိန်းချုပ်တဲ့ အုပ်ချုပ်ရေးစနစ်ကို နှစ်ပေါင်းများစွာ ကြုံတွေ့  ဖြတ်သန်းလာ ရတာ ဖြစ်တဲ့အတွက် အုပ်ချုပ်သူအလိုကျ Enforcement ကိုပဲ လုပ်လာခဲ့တာ ဖြစ်တယ်။ နိုင်ငံတကာနဲ့  ထိတွေ့ မှု အားနည်းခဲ့တဲ့အတွက်ကြောင့်လည်း ဘာဖြစ်ရင် ဘယ်လိုလုပ်ရတယ်၊ အဓိကရုဏ်းတွေ နှိမ်နင်း ရာမှာ လူ့ အခွင့်အရေး ရှုထောင့်ကို ဘယ်လို ထည့်သွင်းတွက်ချက်ပြီး ဆောင်ရွက်ရတယ် ဆိုတာကို နားမ လည်ကြဘူး။

FDI Law passed ဖြစ်သွားတော့ ဘာတွေများ ၀င်လာကြပါပြီလဲ။ Invester တွေက လက်ပံတောင်း အေ ရးတော်ပုံကို စောင့်ကြည့်နေကြပါတယ်။ ဟုတ်တယ်လေ- သူတို့တစ်တွေ မြန်မာနိုင်ငံမှာ လာပြီး စက်ရုံ ကြီးတွေတည်- စီမံကိန်းကြီးတွေ စတင်ပြီးမှ အခုလို ဆနပြ- ဖျက်သိမ်းပေးပါ တောင်းဆိုလာရင် အစိုးရက ဘာလုပ်မယ်ဆိုတာ သေချာ မသိတော့ဘူး။ စီးပွားရေးလောကမှာ ကြောက်စရာ အကောင်းဆုံး မသေချာ မရေရာမှု Uncertainity ကို ဘယ်သူတွေ ဖန်တီးနေကြပါသလဲ။ ရှင်းရှင်း ပြောရရင် ဒီမိုကရေစီခေတ်ပျက် နိုင်ငံရေး သမား၊ နိုင်ငံရေးလုပ်စားတွေပဲ။

ဒီနေ့  ဆရာတော်တွေရဲ့  တောင်းဆိုချက် မိုက်ချက်ကတော့ ကမ်းကုန်နေတာပါ။

နောက်ဆုံးအ ချက် က ဘာတဲ့။ စစ်တပ် မြန်မာ့နိုင်ငံရေးက အပြီးတိုင်ထွက်ပေးဖို့  တဲ့။ ဒါကရော ဘယ်က Tactics တွေလဲ။ နိုင်ငံရေးအံတုမှုရဲ့  နည်းစဉ်တွေအတိုင်း လုပ်နေကြပြီပေါ့။ အရင်ခေတ်ကဆိုရင် ဗကပ လမ်းစဉ်လို့  ကင်ပွန်းတပ်လိမ့်မယ်။ အခုတော့ မလိုအပ်တဲ့ နိုင်ငံရေးတိုက်ကွက်တွေ ဖော်လာနေပြီ။ သံ ဃာကို ဒိုင်းကာပြီး နိုင်ငံရေး တိုက်ပွဲ ဆင်နေကြတာ မြင်နေကြရပါပြီ။

စစ်တပ် ဘာကြောင့် ဒီနိုင်ငံရေးဝဲ၈ယက်ထဲ ရောက်နေတာလဲ။ တိုင်းရင်းသားတွေနဲ့  စစ်ပွဲ မငြိမ်းနိုင်တာ အ နာအစစ်အမှန်ကို ကြည့်ဖို့  လိုတယ် ဆိုတဲ့ စကားလိုပါပဲ။ ကဲ စစ်တပ် ဘာဖြစ်လို့  နိုင်ငံရေးထဲ ပါနေရတာ လဲ။ ခင်ဗျားတို့  နိုင်ငံရေးသမားတွေ အရပ်ဖက် - စစ်ဖက် ဆက်ဆံရေး ကို ကောင်းကောင်း လေ့ လာသုေ တ သန ပြုလုပ်ပြီးကြပါပြီလား။

လက်ရှိ အခြေအနေကို ပြန်ကြည့် - စစ်တပ်ကို ဘာကြောင့် လိုအပ်နေသလဲ။ ရှင်းရှင်းလေးပဲ။ မငြိမ်းချမ်းေ သး လို့ ။ အမျိုးသားရင်ကြားစေ့ရေး မအောင်မြင်သေးလို့ ။ လက်နက်ကိုင် တိုက်ပွဲဝင်နေတဲ့ တိုက်ပွဲေ တွ ဖြ စ်နေသေးတဲ့ တစ်ပြည်လုံး အနှံ့  ငြိမ်းချမ်းရေး မရှိသေးလို့ ။ ဆက်ပြီး တွေးရင် မငြိမ်းချမ်းတော့ မ တည်ငြိ မ် မတည်ငြိမ်တော့ ငြိမ်ဝပ်ပိပြားမှုဟာ လိုအပ် ချက် ဖြစ်လာပြီ။ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ဖို့  စစ် တပ်နဲ့  အဆင်ပြေမှ ရနိုင်မှာပါ။ စစ်တပ်မထောက်ခံ သရွေ့  အခြေခံ ဥပဒေ ပြင်လို့  မရဘူး ။ ပြီးေ တာ့ မြန်မာနိုင်ငံမှာ အာဏာ သိမ်းခဲ့တာတွေ ပြန်ကြည့်။ နိုင်ငံရေးသမားတွေက နိုင်ငံရေးအမြင်နဲ့  ကြည့် တယ်။ စစ်တပ်က စစ်ရေးအမြင်-လုံခြုံရေးအမြင်နဲ့ ကြည့်တယ်။ နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းလို့  မရေ တာ့တဲ့ အချိန်မှာ စစ်တပ်ဝင်လာတာပဲ မဟုတ်လား။ စစ်တပ် ၀င်လာတယ် ဆိုတာ နိုင်ငံရေးလမ်းစဉ် ကုန် သွားပြီး မရတော့တဲ့ အခြေအနေမှာပါ။

အခုအနေအထားကရော နိုင်ငံရေးဒိုင်ယာလော့တွေနဲ့  ရှင်းလို့ မရတော့တဲ့ အခြေအေ န ရောက်နေပြီ လား။ ရောက်နေပြီလို့ ယူဆကြပါသလား။ စစ်တပ်ကိုယ်တိုင်ကလည်း ခင်ဗျားတို့  နိုင်ငံရေးထဲက အခု ချက်ချင်း ထွက်သွားပါ လို့  ၀ိုင်းပြီး ပြောတာနဲ့  ထွက်သွားမှာတဲ့လား။ 

ဆရာတော်တွေကို နောက်ကွယ်က  သွေးထိုး မြှောက်ပင့်ပေးနေတဲ့ နိုင်ငံရေး သမားတွေ စဉ်းစားဖို့ ပါ။ စစ်တပ် စိတ်အေး လက်အေးနဲ့  နိုင်ငံရေး နယ်ပယ်က ထွက်သွားနိုင်လောက်တဲ့ အခြေအနေတွေ ခင် ဗျားတို့  ဖန်တီးပေးထားပါပြီလား။

အိမ်နီးချင်း ၅ နိုင်ငံနဲ့  နှိုင်းယှဉ်ကြည့်ရင် အကုန်လုံး နိမ့်ကျနေတဲ့ စစ်တပ်ကို လူရိုသေရှင်ရိုသေ ဖြစ်အောင် ခင်ဗျားတို့  လုပ်ပေးပြီးပြီလား။ အနည်းဆုံးအဆင့် စစ်တပ်နဲ့  ကောင်းမွန်တဲ့ ဆက်ဆံရေးကောင်းတစ်ရပ် ရှိေ အာင် ခင်ဗျားတို့  လုပ်ပြီးပြီလား။ လွှတ်တော်ထဲမှာ အစိမ်းဝတ်ဆိုရင် လိမ်မာပါးနပ်စွာ ထိတွေ့  ဆက် ဆံ ရမယ့်အစား ဥက္ကဌတွေက လူပုံ အလယ် အရှက်ခွဲ- မတ်တပ်ရပ် ကန့် ကွက်တော့ ယူနီဖောင်းဝတ်ေ တွ ပဲ ထီးတည်းဖြစ်အောင်၊ ပြောရရင် ပြဒါးတစ်လမ်း သံတမ်လမ်း ဖြစ်အောင် လုပ်ထားခဲ့ကြတာ မဟုတ်လား။ စစ်တပ်နဲ့  နိုင်ငံရေး မဆိုင်တာ မှန်တယ်။ ဒါဖြင့်ရင် စစ်တပ်က ဘာဖြစ်လို့ နိုင်ငံရေးထဲ ၀င်ပါနေရတာလဲ ဆိုတာကို စဉ်းစားဘူးကြပါရဲ့ လား။

စစ်တပ်က ၀င်စွက်ဖက် နိုင်တဲ့ လုံခြုံရေး အကြောင်းပြချက်တွေ တစ်ခုမှ မရှိအောင် ခင်ဗျားတို့  ဖြေရှင်း ခဲ့ပြီးပြီလား။ ဒီလိုပြောလို့  စစ်တပ်ကို ထောက်ခံတဲ့ကောင်တော့ မဟုတ်ဘူး။ ဒါပေမယ့် ခင်ဗျား တို့  ခေါင်း မာမာနဲ့  သွေးထိုးနေကြတဲ့ သပိတ်စုံရင် အကုန်ရမယ် ဆိုတာ တစ်ကယ်လက်တွေ့  ဖြစ်လာနိုင်မှာလား။ ဆက်ပြီး တိုးရင် ချောက်ထဲကျတော့မှာ သိသိနဲ့  သံဃာတွေကို ရှေ့ က ဓါးစာခံ တင်ပြီး ဆနပြကြဦးမှာ လား။

တစ်နိုင်ငံလုံး အုံကြွပါပြီတဲ့ ။ ဘာဆက်ဖြစ်လာမှာလဲ။ ဒေါ်စုကို သမတတင်လို့  ရပြီ လို့  ထင်နေပါသလား။ အဲဒီအချိန်မှာလည်း ဆနပြပြီး မရရင် ထွက်ပေးဖို့  တောင်းဆိုကြဦးမှာလား။ အဓိက အချက်က ဘာဖြစ်ချင် ကြတာလဲ။ ဘာလုပ်ချင်ကြတာလဲ။ လိုချင်တာ ရဖို့  အဓိကလား။ လိုချင်တာကို အကြောင်းပြု ဆနပြပြီး အ ရှိန်ကောင်းလာရင် သပိတ်စုံ သူပုန်ထ သပိတ်စုံ အကုန်ရ အောင် လုပ်ချင်ကြတာလား။ သေချာ စဉ်း စား ကြပါ။ ဦးနှောက်ကို သုံးကြပါ။

နောက်ထပ် ဆနပြဖို့  ကိစတွေ အများကြီး ရှိပါသေးတယ်။ နောက်ထပ်လည်း ဆနပြကြရဦးမှာပါ။ ဒီလိုဘဲ ဆရာတော်တွေကို အသုံးချပြီး လုံခြုံရေးအဖွဲ့  တွေ လုပ်ရကိုင်ရ ခက်ခဲတဲ့ အနေအထားကို ဖန်တီးပေး ကြ ဦးမှာလား။ ပြီးရင် လက်တွေ့  မကျတဲ့ နည်းလမ်းတွေ လုပ်ပြီး စစ်တပ်ကို အခုချက်ချင်း ထွက်သွား ဆိုပြီး တောင်းဆိုကြဦးမှာလား။ ဒီုင်ယာလော့ အနူပညာကို အသုံးချပြီးတော့ မရတော့တဲ့ နောက်ဆုံးမှာမှ ဒီလို ထွက်ပေးဖို့  တောင်းဆိုရမှာ မဟုတ်ဘူးလား။ အခုဟာက ဒိုင်ယာလော့ဆိုတဲ့ အဆင့်ကို ကျော်ပြီး ချ ချင်တာ ချနေကြတာပဲ လို့  မြင်ပါတယ်။

ပွင့်ပွင့်လင်းလင်း ပြောရရင် စစ်တပ်ကို တန်းလျားပြန် လို့  ၀ိုင်းအော်တာနဲ့ စစ်တပ်က ဟုတ်ကဲ့ပါ ဆိုပြီး အလေးပြု ထွက်သွားမှာ မဟုတ်တဲ့အချက်ကို သတိထားကြဖို့ ပဲ။ 

(ကဲ အားလုံးပဲ စိတ်ကြိုက် ဆဲလို့ ရပါပြီခင်ဗျား - ) :P

 ပလေတို ဒီမို

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: