Pages

Monday, December 17, 2012

“““ လျှပ်စစ်မီတာခ ကောက်ခံမှုများ ကို ပုံစံပြောင်း ကောက်ခံရန် အလားအလာရှိ ”””

လျှပ်စစ်မီတာခ ကောက်ခံမှုများကို သုံးစွဲသူလူတန်းစားနှင့် သုံးစွဲမှုယူနစ်ပေါ်မူတည်ကာ ဈေးနှုန်း များပြော င်း လဲ ကောက်ခံရန် အလားလာရှိကြောင်း လျှပ်စစ်ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှုး ဒေါ်အေးမွန်၏ ပြော ကြား ချက်အရ သိရသည်။

"ကျွန်မတို့က ပုံစံတစ်ခု ဆောက်ကြည့်မှာပေါ့နော် ၊ အခုက ကျွန်မတို့မြန်မာနိုင်ငံမှာ ပြည်တွင်းပြည်ပ ကုမ္ပဏီတွေကလည်း ရင်းနှီးမြှုပ်နှံမှု လုပ်လာပြီ ကျွန်မတို့အနေနဲ့ နိုင်ငံတကာစံနှုန်းနဲ့ Level ဖြစ်ေ အာင်ေ ပါ့ေ နာ်၊ ကျွန်မတို့ရဲ့  သာမာန်လူတန်းစားတွေ အခြေခံလူတန်းစားတွေကိုလည်းပဲ မထိခိုက်စေအောင် လုပ်ငန်း အခြေအနေပေါ်မူတည်ပြီး ကျွန်မတို့ရဲ့  ငွေကြေးကောက်ခံမှုပုံစံ ကိုဖြည်းဖြည်း ချင်း ပြောင်း ကြည့်ချင်ပါတယ်" ဟု ဒေါ်အေးမွန်မှပြောကြားသည်။

ထိုသို့ပြောင်းလဲရန် လုပ်ဆောင်ရခြင်းမှာ လျှပ်စစ်ဝန်ကြီးဌာန၌ အရှုံးပေါ်လျက်ရှိနေပြီး နိုင်ငံတော် မှ ငွေေ ကြး စိုက်ထုတ်ပေးနေရခြင်းကြောင့်ဖြစ်ပြီး အိမ်နီးချင်းနိုင်ငံများတွင်လည်း ထိုကဲ့သို့ အလွှာများခွဲ ကာေ ကာ က် ခံ လျက်ရှိခြင်းဖြစ်ကြောင်း သိရသည်။

“နိုင်ငံတော်က စိုက်ထုတ်ပေးရတာတွေလည်းလျော့ကျသွားပြီးတော့ သာမာန်လူတန်းစား ၊ အခြေခံလူ တန်းစားတွေကို မထိခိုက်စေမယ့်ဈေးနှုန်းတွေကို နမူနာအနေနဲ့ပြောချင်ပါတယ်။ အိမ်သုံးကို နှစ်ရာယူ နစ်အထိသုံးမယ်ဆိုရင် ၃၅ကျပ်နှုန်း၊ ၂၀၁ယူနစ်ကနေ အထက်ကို သုံးရင် အနည်းဆုံး ၅၀ကျပ် ၊ စီးပွားရေး လုပ်ငန်းသုံးတဲ့သူတွေ ဆိုရင်တော့ တစ်သောင်းယူနစ်အထိသုံးမယ်ဆိုရင် ၇၅ကျပ် ၊ ၁၀၀၀၁ယူနစ်ကနေ ၁၅၀၀၀ယူနစ် အထိကို သုံးမယ်ဆိုရင် ၁၀၀ကျပ်၊ ၁၅၀၀၀ယူနစ်အထက်ကိုသုံးမယ်ဆိုရင်တော့ ၁၅၀ ကျပ်ပေါ့" ဟု လျှပ်စစ်ဝန်ကြီးဌာန (ဘဏ္ဍာရေး) ညွှန်ကြားရေးမှုး ဒေါ်အေးမွန်ကပြောကြားသည်။

ထိုစနစ်ကို မည်သည့်အချိန်တွင် ပြောင်းလဲမည်ကို မေးမြန်းရာတွင် ထိုစနစ်ကို ယခုပြောင်းလဲရန် အစီအစဉ် မရှိသေးသော်လည်း နိုင်ငံတကာတွင် ထိုသို့အလွှာများခွဲကာ ကောက်ခံလျက်ရှိပြီး မြန်မာနိုင်ငံတွင်လည်း ထိုသို့ပြောင်းလဲ သုံးစွဲသင့်ကြောင်း ပြည်သူလူထု သိရှိစေရန် အသိပညာပေး ပြောကြားခြင်းဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးခင်မောင်ဇော်ပြောကြားသည်။

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

“““ လျှပ်စစ်မီတာခ ကောက်ခံမှုများ ကို ပုံစံပြောင်း ကောက်ခံရန် အလားအလာရှိ ”””

Labels:

လျှပ်စစ်မီတာခ ကောက်ခံမှုများကို သုံးစွဲသူလူတန်းစားနှင့် သုံးစွဲမှုယူနစ်ပေါ်မူတည်ကာ ဈေးနှုန်း များပြော င်း လဲ ကောက်ခံရန် အလားလာရှိကြောင်း လျှပ်စစ်ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှုး ဒေါ်အေးမွန်၏ ပြော ကြား ချက်အရ သိရသည်။

"ကျွန်မတို့က ပုံစံတစ်ခု ဆောက်ကြည့်မှာပေါ့နော် ၊ အခုက ကျွန်မတို့မြန်မာနိုင်ငံမှာ ပြည်တွင်းပြည်ပ ကုမ္ပဏီတွေကလည်း ရင်းနှီးမြှုပ်နှံမှု လုပ်လာပြီ ကျွန်မတို့အနေနဲ့ နိုင်ငံတကာစံနှုန်းနဲ့ Level ဖြစ်ေ အာင်ေ ပါ့ေ နာ်၊ ကျွန်မတို့ရဲ့  သာမာန်လူတန်းစားတွေ အခြေခံလူတန်းစားတွေကိုလည်းပဲ မထိခိုက်စေအောင် လုပ်ငန်း အခြေအနေပေါ်မူတည်ပြီး ကျွန်မတို့ရဲ့  ငွေကြေးကောက်ခံမှုပုံစံ ကိုဖြည်းဖြည်း ချင်း ပြောင်း ကြည့်ချင်ပါတယ်" ဟု ဒေါ်အေးမွန်မှပြောကြားသည်။

ထိုသို့ပြောင်းလဲရန် လုပ်ဆောင်ရခြင်းမှာ လျှပ်စစ်ဝန်ကြီးဌာန၌ အရှုံးပေါ်လျက်ရှိနေပြီး နိုင်ငံတော် မှ ငွေေ ကြး စိုက်ထုတ်ပေးနေရခြင်းကြောင့်ဖြစ်ပြီး အိမ်နီးချင်းနိုင်ငံများတွင်လည်း ထိုကဲ့သို့ အလွှာများခွဲ ကာေ ကာ က် ခံ လျက်ရှိခြင်းဖြစ်ကြောင်း သိရသည်။

“နိုင်ငံတော်က စိုက်ထုတ်ပေးရတာတွေလည်းလျော့ကျသွားပြီးတော့ သာမာန်လူတန်းစား ၊ အခြေခံလူ တန်းစားတွေကို မထိခိုက်စေမယ့်ဈေးနှုန်းတွေကို နမူနာအနေနဲ့ပြောချင်ပါတယ်။ အိမ်သုံးကို နှစ်ရာယူ နစ်အထိသုံးမယ်ဆိုရင် ၃၅ကျပ်နှုန်း၊ ၂၀၁ယူနစ်ကနေ အထက်ကို သုံးရင် အနည်းဆုံး ၅၀ကျပ် ၊ စီးပွားရေး လုပ်ငန်းသုံးတဲ့သူတွေ ဆိုရင်တော့ တစ်သောင်းယူနစ်အထိသုံးမယ်ဆိုရင် ၇၅ကျပ် ၊ ၁၀၀၀၁ယူနစ်ကနေ ၁၅၀၀၀ယူနစ် အထိကို သုံးမယ်ဆိုရင် ၁၀၀ကျပ်၊ ၁၅၀၀၀ယူနစ်အထက်ကိုသုံးမယ်ဆိုရင်တော့ ၁၅၀ ကျပ်ပေါ့" ဟု လျှပ်စစ်ဝန်ကြီးဌာန (ဘဏ္ဍာရေး) ညွှန်ကြားရေးမှုး ဒေါ်အေးမွန်ကပြောကြားသည်။

ထိုစနစ်ကို မည်သည့်အချိန်တွင် ပြောင်းလဲမည်ကို မေးမြန်းရာတွင် ထိုစနစ်ကို ယခုပြောင်းလဲရန် အစီအစဉ် မရှိသေးသော်လည်း နိုင်ငံတကာတွင် ထိုသို့အလွှာများခွဲကာ ကောက်ခံလျက်ရှိပြီး မြန်မာနိုင်ငံတွင်လည်း ထိုသို့ပြောင်းလဲ သုံးစွဲသင့်ကြောင်း ပြည်သူလူထု သိရှိစေရန် အသိပညာပေး ပြောကြားခြင်းဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးခင်မောင်ဇော်ပြောကြားသည်။

0 comments: