Pages

Monday, December 17, 2012

“““ ပြုပြင် ရတော့မည့် ဗြိတိန် နိုင်ငံ စာနယ်ဇင်း လောက ( ၅ ) ”””

စုံစမ်းရေးကော်မရှင်က မီဒီယာလောကအတွက် လက်ဝါးကြီးအုပ်ပိုင်ဆိုင်မှုအခြေအနေသည် သတင်းလွတ် လပ်မှု အပေါ် ခြိမ်းခြောက်မှုတစ်ခုဖြစ်ကြောင်း အလေးထားထောက်ပြခဲ့သည်။ စုံစမ်းရေးကော်မရှင်က လက်ရှိ ဗြိတိန်နိုင်ငံ၏ ရုပ်သံလွှင့် မီဒီယာဥပဒေပါ ရုပ်သံစာနယ်ဇင်းကျင့်ဝတ်များအရ ရုပ်သံလွှင့်ဌာန များအနေဖြင့် သတင်းများကို ဘက်မလိုက်ဘဲ ဓမ္မအဓီ ဋ္ဌာန်ကျကျ တင်ပြရန်သတ်မှတ်ထားပြီးဖြစ်ကြောင်း၊ သို့သော် ပြည်သူများအတွင် သတင်းဖြန့်ဖြူးပေးရာ သတင်းဌာန အများအပြားရှိခြင်းသည်သာ ဘက်မ လိုက်ေ သာ သတင်းများ ရရှိရန်အတွက် အကောင်းဆုံးအာမခံချက် ဖြစ်ကြောင်း၊ စုံလင်  များပြား သည့် သတင်းအရင်းအမြစ်များရှိမှသာ ပြည်သူများအနေဖြင့် သတင်းများကို နှိုင်းယှဉ် စိစစ်သုံးသပ်နိုင် ခွင့်ရရှိ မည် ဖြစ်ကြောင်း၊ ထို့ကြောင့်အစိုးရအနေဖြင့် ဒီမိုကရက်တစ်လူ့အဖွဲ့အစည်းတစ်ခု တွင် ဒေသန္တရ သတင်း၊ နိုင်ငံ သတင်းနှင့် နိုင်ငံတကာသတင်းများကို ပြည်သူများအနေဖြင့် ကွဲပြားခြားနားသည့် အရင်းအမြစ်များထံမှ ရရှိအောင် ဆောင်ရွက်ပေး ရန် လိုအပ်ကြောင်း ဖော်ပြထားခဲ့သည်။

စုံစမ်းရေးကော်မရှင်၏ အဆိုရ ဗြိတိန်နိုင်ငံ၏ တည်ဆဲဥပဒေများဖြစ်သည့် Enterprise Act 2002 နှင့်  Communication Act 2003တို့တွင် သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် မီဒီယာလက်ဝါးကြီး အုပ်မှု ကို ဖြစ်ေ ပ်ါစေမည့် ကုမ္ပဏီချင်းပေါင်း စည်း မှုများကိုတားဆီးနိုင်ခွင့်ရှိသော် လည်း ဈေးကွက်အ တွင်း ပြောင်းလဲမှုအခြေအနေများကို ၀င်ရောက်ထိန်းညှိ ပေးနိုင်သည့် လုပ်ပိုင်ခွင့်များ မရှိဟု သိရှိရသည်။ စုံစမ်းရေးကော်မရှင်က ဗြိတိန်နိုင်ငံ၏ ရုပ်သံလွှင့် မီဒီယာကြီးကြပ်ရေးအဖွဲ့ ဖြစ်သည့် Ofcom  ၏ အဆိုပြုချက်ဖြစ်သည့် ဈေးကွက်အခြေအနေများကို ပုံမှန်သုံးသပ်ပြီး ၀င်ရောက်ထိန်းညှိခွင့်ပေးရန်ဆိုသည့် အချက်ကိုထောက်ခံတင်ပြခဲ့သည်။ သို့သော် စုံစမ်းရေးကော်မရှင်က ဈေးကွက် အခြေအနေလေ့ လာထိန်း ညှိမှုများသည် နိုင်ငံတကာနှင့်ပြည်တွင်းသတင်းအစီအစဉ်များအတွက်သာဖြစ်သင့်ကြောင်း၊ ရုပ်သံမီဒီယာ အပြင် အွန်လိုင်းမီဒီယာမှ တဆင့် သတင်းဖြန့်ချိမှုအခြေအနေများကိုလည်း ထည့်သွင်းစဉ်းစား သင့်ေ ကြာင်း အဆိုပြုခဲ့သည်ကိုတွေ့ရသည်။

ထို့ပြင် စုံစမ်းရေးကော်မရှင်က မားဒေါ့၏ News Corp က ဗြိတိသျှအဓိကရုပ်သံလွှင့်ဌာနဖြစ်သည့် BskyB ကို ၀ယ်ယူရေး ကြိုးပမ်းမှုနှင့်ပတ်သက်ပြီး စိစစ်ရန်တာဝန်ရှိသည့် ၀န်ကြီးဌာန၏ အကြံပေးအရာရှိများနှင့် News Corp အကြားရင်းနှီးသည့် ဆက်ဆံရေးများကြောင့် အစိုးရ၏ မီဒီယာလက်ဝါးကြီးအုပ်မှု ကာ ကွယ်ရေး အစီအစဉ်များ အပေါ် မေးခွန်းထုတ်စရာ များ ပေါ်ပေါက်ခဲ့ကြောင်းထောက်ပြ ခဲ့သည် ။(ယခုအရှုတ်တော်ပုံနောက်ပိုင်းတွင် ၀န်ကြီးချုပ်ကင်မရွန်းအစိုးရက News Corp ၏ BskyB ၀ယ်ယူရေး အစီအစဉ်အပေါ် ထောက်ခံမှုမပြုရန်ဆုံးဖြတ်ခဲ့သည်။ စာရေးသူ) ထို့ကြောင့် အနာဂတ်တွင် မီဒီယာ ကုမ္ပဏီချင်းပေါင်းစည်းမှုများ၊ မီဒီယာကဏ္ဍအများအပြားကို ကုမ္ပဏီတစ်ခုတည်းက ပိုင်ဆိုင်မှု ( Corss Ownership) တို့ နှင့်ပတ်သက်ပြီး အစိုးရ၏ ထိန်းချုပ်ရေးမူဝါဒများသည် ပိုမိုပွင့်လင်းမြင်သာ မှုရှိစေ ရန်အတွက် ဆောင်ရွက်သွားရန်တိုက် တွန်းခဲ့ပြီးဖြစ်နိုင်ပါက အရေးကြီးသည့် မီဒီယာပေါင်းစည်းမှုများတွင် ၀န်ကြီးဌာနကသာမက လွတ်လပ်သောကော်မရှင် တစ်ခုပါ ဖွဲ့စည်းပြီး ဆုံးဖြတ်သင့်ကြောင့်ေ ထာက်ခံ တင်ပြ သွားခဲ့သည်။

စာနယ်ဇင်းများ၏တုန့်ပြန်ချက်

ဗြိတိသျှဝန်ကြီးချုပ်ကင်မရွန်းကတော့ အစိုးရနှင့်ပါလီမန်အနေဖြင့် စုံစမ်းရေးကော်မရှင်၏ ထောက် ခံတင်ပြချက်များကို ဥပဒေဖြင့်အကောင်အထည်ဖော်ရမည့်အစား စာနယ်ဇင်းများကိုယ်တိုင်က မိမိတို့ ဘာသာ ထိန်းကျောင်းသည့်အစီအစဉ် ကိုဆောင်ရွက်သင့်ကြောင့် သတင်းစာအယ်ဒီတာများနှင့်တွေ့ ဆုံချိန်တွင်တိုက်တွန်းပြောကြားခဲ့သည်။

Goldsmithတက္ကသိုလ်မှ မီဒီယာနှင့်လူထုဆက်ဆံရေးပါမောက္ခ Natalie Fentonကဲ့သို့သောသူများ ကတော့ ကင်မရွန်း ၏ ချဉ်းကပ်မှုသည် နိုင်ငံရေးသမားများနှင့် စာနယ်ဇင်းသမားများအကြား ဆက်ဆံရေးကို ထိန်းသိမ်းနိုင်ရန်အတွက် ပူးပေါင်း ကြံစည်မှုသာဖြစ်ကြောင်း၊ ပြည်သူ့အကျိုးစီးပွားကို ပစ်ပယ်ထားကြောင်းစွတ်စွဲပြောကြားခဲ့သော်လည်း အများစုကမူ ထို နည်းလမ်းသည်သာလျှင် အကောင်းဆုံးနည်းလမ်းအဖြစ် လက်ခံခဲ့ကြသည်။

ထို့ကြောင့်လည်း ဒီဇင်ဘာလ ၅ ရက်နေ့တွင် ဗြိတိနိုင်ငံ၏ အဓိက သတင်းစာများမှ  အယ်ဒီတာများတွေ့ ဆုံပြီး စုံစမ်းရေးကော်မရှင်၏ အဆိုပြုချက် ၄၇ ချက်အနက် ၄၀ ချက်ကို လိုက်နာဆောင်ရွက်မည်ဖြ စ်  ကြောင်း ဆုံးဖြတ် ခဲ့ကြသည်။ ထိုအဆိုပြုချက်များအနက် အဓိကအချက်မှာ လက်ရှိ စာနယ်ဇင်းတိုင် ကြားမှုစုံးစမ်းရေးကော်မရှင်ကို ဖျက်သိမ်း ပြီး လက်ရှိ သတင်းစာအယ်ဒီတာများပါဝင်ခွင့်မရှိသည့် စာနယ်ဇင်းကောင်စီအသစ်တစ်ခုဖွဲ့စည်းရန်၊ ထိုကောင်စီကို စုံစမ်းရေးကော်မရှင်ကအဆိုပြုသည့်အတိုင်း စည်းကမ်း ဖောက်ဖျက်သည့် သတင်းစာများကို ဒဏ်ကြေးပေါင်စတာလင် တစ်သန်းအထိ ချမှတ်နိုင်သည့်အာဏာအပ်နှင်းရန် ဆို သည့်အချက်ဖြစ်သည်။ ထိုအချက်ကို သတင်းစာများအားလုံးက လိုက်နာအကောင်အထည်ဖော်ရန်သဘောတူညီခဲ့ကြသည်။ သို့တိုင်အောင် လေဘာပါတီအမတ်အချို့က အဆိုပါ စာနယ် ဇင်းကောင်စီအသစ်၏ လုပ်ပိုင်ခွင့်များကို ပါလီမန်ဥပဒေဖြင့် အာမခံရန်ဆိုသည့် စုံစမ်းရေးကော်မရှင် အဆိုပြုချက်အတိုင်း ဆက်လက်ဆောင်ရွက်နိင်ရန်အတွက် ဥပဒေကြမ်းတစ်ခု တင်သွင်းရန်လည်းစီစဉ်လျှက်ရှိသည်ကိုတွေ့ရသည်။ သို့သော် ကွန်ဆာဗေးတစ်နှင့် လစ်ဘရယ်ပါတီအမတ်များကမူ အဆိုပါဥပဒေကြမ်းကို ပယ်ချမည်ဖြစ်ကြောင်း အတိအလင်းပြော ကြားလျှက်ရှိသည်။

မည်သို့ပင်ဖြစ်စေ ဗြိတိန်နိုင်ငံက စာနယ်ဇင်းများအနေဖြင့် ၎င်းတို့၏ အခန်းကဏ္ဍကို ဆက်လက်ထိန်း သိမ်းနိုင်ရန်အတွက် လိုအပ်သော ပြုပြင်ပြောင်းလဲမှုများပြုလုပ်ရန်လိုအပ်နေသည်သာမက အနာဂတ်တွင် စာနယ်ဇင်းကျင့်ဝတ်ဆိုင်ရာ အဆင့် အတန်းများကို ယခုထက်ပိုမိုမြှင့်တင်သွားရန်ကြိုးစားရတော့မည် ဆိုသည်ကတော့ သေချာနေပြီဖြစ့်ပါသည်။

ရဲထွဋ်

မှီငြမ်းပြုစာစောင်

၁။         An Inquiry into the Culture, Practices and Ethnics of the Press by Leveson Inquiry

၂။         ဒီဇင်ဘာ ၆ ရက်နေ့ထုတ် Guardian , Independent သတင်းစာများ

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: