Pages

Tuesday, December 18, 2012

“““ ပြင်ပ ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်ရာတွင် စည်းကမ်း မရှိပါက ကောင်းကျိုးထက် ဆိုးကျိုးကို ကြုံတွေ့ ရနိုင်ကြောင်း နိုင်ငံတော် သမ္မတ ပြောကြား ”””

ပြင်ပရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်ရာတွင် စည်းကမ်းမရှိ လုပ်ဆောင်ပါက ကောင်းကျိုးထက် ဆိုးကျိုးကို ကြုံတွေ့ရနိုင်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီဇင်ဘာလ ၁၆ ရက်နေ့၌ တနင်္သာရီတိုင်းဒေ သကြီး ထားဝယ်မြို့တွင် ဌာနဆိုင်ရာ ၀န်ထမ်းများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့ပါသည်။

သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်းက တနင်္သာရီတိုင်း ဒေသကြီးတွင် အထူးစီးပွားရေး ဇုန်များ တည်ဆောက်ရန် သင့်လျော်သည့် အခြေအနေများ၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် ဂရုပြု ဆောင်ရွက်သင့်သည့်အချက်များကို တင်ပြပြီးနောက် နိုင်ငံတော် သမ္မတက ထိုသို့ ပြော ကြားခဲ့ခြင်း ဖြစ်ပါသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နိုင်ငံတော်၏တာဝန်ကို ပခုံးပြောင်း တာဝန်ယူရန် သယံဇာတများကို အ ကျိုး ရှိရှိ အသုံးချရန်မှာ လူငယ်များ၏ တာဝန်ဖြစ်ကြောင်း၊ အရင်းအနှီး၊ နည်းပညာနှင့် လူသားစွမ်း ရည် မွေးထုတ် ရန်အတွက် ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ရပါကြောင်း၊ နိုင်ငံခြားသား များအတွက် မိမိတို့နိုင်ငံရှိ သဘာဝသယံဇာတများသည် မက်မောစရာဖြစ်နေပါကြောင်း၊ ပြင်ပရ င်းနှီးမြှုပ်နှံ မှုများ လုပ်ဆောင်ရာတွင် စည်းကမ်းမရှိဘဲ လုပ်ကိုင်လျင် ကောင်းကျိုးထက် ဆိုးကျိုးကို ကြုံတွေ့နိုင်ကြောင်း ၊သို့ဖြစ်၍ မရှိမဖြစ် လိုအပ်သည့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု ဥပဒေကို ရေးဆွဲပြီး လွှတ်တော်မှာ ပညာရှင်များ ပါဝင်၍ ၀ိုင်းဝန်း ဆွေးနွေးပြီး အတည်ပြုနိုင် ခဲ့ခြင်း ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

နိုင်ငံတွင် အစိုးရသစ်လက်ထက်၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန် ဒေါ်လာ ၅ဘီလီယံေ ကျာ်နှ င့် နိုင်ငံသားရင်း နှီးမြှုပ်နှံမှုပမာဏ ကျပ် ၆၀၀ ဘီလျံနှင့်အထက် ရင်းနှီးမြှုပ်နှံမှု ပြုလာခဲ့ကြောင်း၊ သို့သော် ရင်းနှီးမြှုပ်နှံခွင့်ရှိသူ အများစုမှာ အစိုးရနှင့် နီးစပ်သည့် လုပ်ငန်းရှင်များသာ ဖြစ်ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး၌ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေး ဇုန်ကို ထိုင်းနိုင်ငံအခြေစိုက် အီတာလျံ-ထိုင်း အများပိုင်ကုမ္ပဏီမှ ရင်းနှီး တည်ဆောက်သူအဖြစ် တာဝန်ယူအကောင်အ ထည် ဖော် လျက်ရှိသည်။

တရုတ်နိုင်ငံမှ လာရောက် ရင်းနှီးမြှုပ်နှံသည့် မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် ရှိ လက်ပံတောင်းတော င် ကြေး နီစီမံကိန်းကို ပြည်သူများအနေဖြင့် ကန့်ကွက်မှုများလည်း ပြုလုပ်လျက်ရှိသည်။

Red Star News

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

“““ ပြင်ပ ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်ရာတွင် စည်းကမ်း မရှိပါက ကောင်းကျိုးထက် ဆိုးကျိုးကို ကြုံတွေ့ ရနိုင်ကြောင်း နိုင်ငံတော် သမ္မတ ပြောကြား ”””

Labels:

ပြင်ပရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်ရာတွင် စည်းကမ်းမရှိ လုပ်ဆောင်ပါက ကောင်းကျိုးထက် ဆိုးကျိုးကို ကြုံတွေ့ရနိုင်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီဇင်ဘာလ ၁၆ ရက်နေ့၌ တနင်္သာရီတိုင်းဒေ သကြီး ထားဝယ်မြို့တွင် ဌာနဆိုင်ရာ ၀န်ထမ်းများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့ပါသည်။

သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်းက တနင်္သာရီတိုင်း ဒေသကြီးတွင် အထူးစီးပွားရေး ဇုန်များ တည်ဆောက်ရန် သင့်လျော်သည့် အခြေအနေများ၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် ဂရုပြု ဆောင်ရွက်သင့်သည့်အချက်များကို တင်ပြပြီးနောက် နိုင်ငံတော် သမ္မတက ထိုသို့ ပြော ကြားခဲ့ခြင်း ဖြစ်ပါသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နိုင်ငံတော်၏တာဝန်ကို ပခုံးပြောင်း တာဝန်ယူရန် သယံဇာတများကို အ ကျိုး ရှိရှိ အသုံးချရန်မှာ လူငယ်များ၏ တာဝန်ဖြစ်ကြောင်း၊ အရင်းအနှီး၊ နည်းပညာနှင့် လူသားစွမ်း ရည် မွေးထုတ် ရန်အတွက် ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ရပါကြောင်း၊ နိုင်ငံခြားသား များအတွက် မိမိတို့နိုင်ငံရှိ သဘာဝသယံဇာတများသည် မက်မောစရာဖြစ်နေပါကြောင်း၊ ပြင်ပရ င်းနှီးမြှုပ်နှံ မှုများ လုပ်ဆောင်ရာတွင် စည်းကမ်းမရှိဘဲ လုပ်ကိုင်လျင် ကောင်းကျိုးထက် ဆိုးကျိုးကို ကြုံတွေ့နိုင်ကြောင်း ၊သို့ဖြစ်၍ မရှိမဖြစ် လိုအပ်သည့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု ဥပဒေကို ရေးဆွဲပြီး လွှတ်တော်မှာ ပညာရှင်များ ပါဝင်၍ ၀ိုင်းဝန်း ဆွေးနွေးပြီး အတည်ပြုနိုင် ခဲ့ခြင်း ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

နိုင်ငံတွင် အစိုးရသစ်လက်ထက်၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန် ဒေါ်လာ ၅ဘီလီယံေ ကျာ်နှ င့် နိုင်ငံသားရင်း နှီးမြှုပ်နှံမှုပမာဏ ကျပ် ၆၀၀ ဘီလျံနှင့်အထက် ရင်းနှီးမြှုပ်နှံမှု ပြုလာခဲ့ကြောင်း၊ သို့သော် ရင်းနှီးမြှုပ်နှံခွင့်ရှိသူ အများစုမှာ အစိုးရနှင့် နီးစပ်သည့် လုပ်ငန်းရှင်များသာ ဖြစ်ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး၌ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေး ဇုန်ကို ထိုင်းနိုင်ငံအခြေစိုက် အီတာလျံ-ထိုင်း အများပိုင်ကုမ္ပဏီမှ ရင်းနှီး တည်ဆောက်သူအဖြစ် တာဝန်ယူအကောင်အ ထည် ဖော် လျက်ရှိသည်။

တရုတ်နိုင်ငံမှ လာရောက် ရင်းနှီးမြှုပ်နှံသည့် မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် ရှိ လက်ပံတောင်းတော င် ကြေး နီစီမံကိန်းကို ပြည်သူများအနေဖြင့် ကန့်ကွက်မှုများလည်း ပြုလုပ်လျက်ရှိသည်။

Red Star News
0 comments: