Pages

Tuesday, December 18, 2012

“““ မန္တလေး - မြစ်ကြီးနား မီးရထား လမ်း မိုင် ( ၂၂၀ ) ပြင်ဆင်မည် ”””

မကြာခဏ မိုင်း ပေါက်ကွဲလေ့ ရှိသော မန္တလေး - မြစ်ကြီးနား မီးရထား လမ်းပိုင်းတွင်မိုင်ပေါင်း ၂၂၀ ကို ပြင်ဆင်မှုများ စတင် ပြုလုပ် နေပြီ ဖြစ်ကြောင်း မြန်မာ့ မီးရထား တိုင်းအမှတ် (၂) အင်ဂျင်နီယာ ဌာနမှ သိရသည်။ တိုင်းအမှတ် ၂ နယ်မြေ အတွင်းရှိ ဘူတာ ၃၆ ဘူတာ အနက် ဘူတာ ၂၂ ကြားတွင်ဇလီဖားတုံး ၁၁၀၀၀ ခန့် ဖြည့်ဆည်း ခြင်း၊ ကျောက် ဖြည့်သွင်းခြင်း များကို ပြုလုပ် သွားမည် ဖြစ်ကြောင်း ယင်း ဌာနမှ သိရသည်။

ယင်း ပြင်ဆင်မှု လုပ်ငန်း များကို ဒီဇင်ဘာ ၁၁ရက် နေ့တွင် စတင် ပြုလုပ် ခဲ့ပြီး ချပ်ကြီး ဘူတာ တစ်ဝိုက်တွင် ကွန်ကရစ် ဇလီဖါး (၂၆၁၈) တုံး၊ လမ်းခင်း ကျောက် (၃၄ဝ)ကျင်း နှင့် လမ်းကူး လမ်းလွှဲ (၃)စုံ အသုံးပြု၍ ပြင်ဆင် ခဲ့ကြောင်း ယင်း ဌာနမှ တာဝန် ရှိသူ တစ်ဦးက ဆိုသည်။

အမေ့အိမ်

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

“““ မန္တလေး - မြစ်ကြီးနား မီးရထား လမ်း မိုင် ( ၂၂၀ ) ပြင်ဆင်မည် ”””

Labels:

မကြာခဏ မိုင်း ပေါက်ကွဲလေ့ ရှိသော မန္တလေး - မြစ်ကြီးနား မီးရထား လမ်းပိုင်းတွင်မိုင်ပေါင်း ၂၂၀ ကို ပြင်ဆင်မှုများ စတင် ပြုလုပ် နေပြီ ဖြစ်ကြောင်း မြန်မာ့ မီးရထား တိုင်းအမှတ် (၂) အင်ဂျင်နီယာ ဌာနမှ သိရသည်။ တိုင်းအမှတ် ၂ နယ်မြေ အတွင်းရှိ ဘူတာ ၃၆ ဘူတာ အနက် ဘူတာ ၂၂ ကြားတွင်ဇလီဖားတုံး ၁၁၀၀၀ ခန့် ဖြည့်ဆည်း ခြင်း၊ ကျောက် ဖြည့်သွင်းခြင်း များကို ပြုလုပ် သွားမည် ဖြစ်ကြောင်း ယင်း ဌာနမှ သိရသည်။

ယင်း ပြင်ဆင်မှု လုပ်ငန်း များကို ဒီဇင်ဘာ ၁၁ရက် နေ့တွင် စတင် ပြုလုပ် ခဲ့ပြီး ချပ်ကြီး ဘူတာ တစ်ဝိုက်တွင် ကွန်ကရစ် ဇလီဖါး (၂၆၁၈) တုံး၊ လမ်းခင်း ကျောက် (၃၄ဝ)ကျင်း နှင့် လမ်းကူး လမ်းလွှဲ (၃)စုံ အသုံးပြု၍ ပြင်ဆင် ခဲ့ကြောင်း ယင်း ဌာနမှ တာဝန် ရှိသူ တစ်ဦးက ဆိုသည်။

အမေ့အိမ်
0 comments: