လဂျားယမ် တပ်စခန်းအတွက် ရိက္ခာများ ပို့ဆောင်နိုင်မည်ကို ကေအိုင်အေ တို့ 
ကြိုတင်သိရှိထားကြသည်။ အစပိုင်း တွင် မိမိတို့ တပ်မတော်အနေဖြင့် ရိက္ခာပို့ 
ကိစ္စကိုသာ ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး ဆွေးနွေး ပွဲများ 
အမြန်ဆုံး ပြုလုပ်စေလိုကြောင်း၊ နှစ်ဖက် သဘောတူညီချက်များ ရရှိသည်အထိ အပစ် 
ရပ်စဲထားမည် ဖြစ်ကြောင်းမြန်မာ့ တပ်မတော် အရာရှိကြီးများက ကေအိုင်အေနှင့် 
တိုက်ရိုက် ညှိနှိုင်း ခဲ့ကြသည်။
ထိုသို့ ညှိုနှိုင်းခဲ့သော်လည်း ကေအိုင်အေ အနေဖြင့်  ရိက္ခာပို့မည့် ကာလအတွင်း
 တပ်အင်အားများ တိုးမြှင့် လာခြင်း၊ လဂျားယန် နယ်မြေအတွင်း ၀ိုင်းပတ် 
ပိတ်ဆို့ခြင်းများ ပြုလုပ်ပြီး တပ်မတော် စခန်းများအား ပစ် ခတ်ခြင်း၊ 
ထိတွေ့မှုများဖြစ်ရန် ကြိုးစားလာခဲ့ခြင်းတို့ကြောင့် မြောက်ပိုင်းတိုင်း 
တိုင်းမှူးမှ ငြိမ်းချမ်းရေး အကျိုးေ ဆာင် အဖွဲ့မှ တစ်ဆင့် 
ညှိုနှိုင်းဆောင်ရွက်နိုင်ရန် အတွက် အကြောင်းကြားစာ ပေးပို့ခဲ့သည်။
ထိုအကြောင်းကြားစာအား ကန့်ကွက်သည့်အပြင် ရန်စတိုက်ခိုက်မှုများ 
ပြုလုပ်လာသည့်အတွက် တပ်မေ တ်ာမှ မိမိတို့ လုပ်ဆောင်ရန် ရှိသည့်အတိုင်း 
ရိက္ခာပို့၊ အုပ်ချုပ်မှု ကိစ္စများ ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။ 
ကေအိုင်အေ ၀ါဒဖြန့် ၀က်ဆိုဒ်တွင်တော့ ဒီဇင်ဘာလ(၂၈)ရက် မနက် ၉း၀၀ ခန့်မှစတင် ၍ မြန် မာ့လေ တပ်မှ SOKO G-4 Super Galeb ဂျက်တိုက်လေယာဉ်(၄)စီးဖြင့် လဂျားယန်ကို စတင်တိုက်ခိုက်ေ နပြီဖြစ်ကြောင်း သိရှိရသည်။ ဟု ဖော်ပြထားသည်။




 
 
 
 
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။