Pages

Wednesday, December 5, 2012

“““ ပေါ်ပင် ဆန္ဒပြ သမားနဲ့ နွားဖားကြိုးထိုးခံ နိုင်ငံရေး သမား ဆိုသူများ ”””

ဒီ Video clip ကို ကြည့်ပြီးတဲ့ အခါ သိထားတာလေးကို ပြောချင်ပါတယ်။

http://www.youtube.com/watch?v=WUxD0a1KlYg&sns=fb

ရဲမှူးကြီးကို တိုက်ခိုက်နေတဲ့ လူထု
ဒီမိုကရေစီ အပြည့်အဝရှိပြီး တရားဥပဒေ စိုးမိုးတဲ့ အဂ်လန်နိုင်ငံမှာ ဆန်ဒပြမယ်ဆိုရင် ကိုယ်ဆန် ဒပြ မယ့် နေရာက တာဝန်ရှိတဲ့ ရဲစခန်းကို ခွင့်ပြုချက်တင်ရပါတယ်.... ခွင့်ပြုချက် တင်တဲ့အခါမှာ ဘာအကြော င်းကြောင့် ဆန်ဒပြတယ်... လူဦးရေ ဘယ်နှစ်ယောက် ဆန်ဒပြကြမယ်... ဘယ်အချိန်မှ ဘယ်အချိန်အထိ ဆန်ဒပြကြမယ်ဆိုတာ အသိပေး တင်ပြရပါတယ်... အဲဒီအခါမှာ ရဲက ဆန်ဒပြမယ့်နေ့မှာ ဆန်ဒပြသူတွေ အတွက် ဆန်ဒပြဖို့ နေရာစီစဉ်ပေးထားပါတယ်... ရဲစီစဉ်ပေးထားတဲ့ နေရာကလွဲပြီး ဆန်ဒပြခွင့် မရှိပါဘူး .... ပြောထားတဲ့ သတ်မှတ်ထားတဲ့ အချိန်အတွင်းသာ ဆန်ဒပြခွင့် ရှိပါတယ်.... Verbal abuse လုပ်ခွင့်မ ရှိသလို ရုန်းရင်းဆန်ခတ် အကြမ်းဖက်မှုကို လုံးဝ လက်မခံပါဘူး... ဆန်ဒပြမယ့် လူဦးရေပေါ် မူတည်ပြီး ရဲကို အရေအတွက်နဲ့ သင့်တင့်သလို စောင့်ကြပ်ကြည့်ရှူပါတယ်.... စည်းမျဉ်းဘောင်ထဲက ဆန်ဒပြခြင်း မရှိရင် ရဲက ဖမ်းပါတယ်... ဆန်ဒပြတဲ့ သူတွေ တုန်ပြန်မှုအပေါ် မူတည်ပြီး ကြမ်းရင်ကြမ်းသလို ရဲက တုန့်ပြန်ပါတယ်။

 ရဲမှူးကြီးကို လည်ပင်းညစ်တဲ့ ကျမကငြိမ်းချမ်းစွာပြောနေတာ ဆိုတဲ့ အမျိုးသမီး

ရဲမှူးကြီးအား ကျမက ငြိမ်းချမ်းစွာပြောနေတာဆိုပြီး လည်ပင်းဝင်ညစ်တဲံ့ မိန်းမက ဘာကြောင့် ဆန္ဒပြပွဲတိုင်းရဲ့နောက်ကွယ်မှာပါဝင်နေရသလဲ ။

ယူနီဖောင်းဝတ်ဆင်ထားတဲ့ ရဲဟာ တာဝန်ချိန် ဖြစ်တဲ့အတွက် အထက်က အမိန့်ရယ် သူ့တာဝန်နဲ့ ဝတ္တ ရားကို ထမ်းဆောင်နေတာ ဖြစ်လို့ ကြည်ဖြူသည်ဖြစ်စေ မကြည်ဖြူသည်ဖြစ်စေ ရဲရဲ့ လုပ်ဆောင်မှု့ကို နာ ခံရပါတယ်။ အဲလိုအချိန်မှာ လူအခွင့်အရေးတွေ ဒီမိကရေစီတွေ ဆိုတာထက် လုပ်သင့်လုပ်ထိုက်တာကို လုပ်ကိုလုပ်ကြတာ တွေ့ရပါတယ်။

မင်းတို့ရဲတွေ ဘာဖြစ်တယ်ညာဖြစ်တယ်.ငါတို့ကပြည်သူကိုယ်စားပြောနေတာ ဘယ်သူာက်ဘူးကွ ဘာညာဆိုတဲ့သူရဲကောင်းကြီးကို ရဲကဆွဲကုပ်တော့ လုပ်ကြပါဦး ကယ်ကြပါဦး တဲ့

အခုဒီ Video clip မှာ ဆန်ဒပြသူတွေ အနေနဲ့လဲ ဘောင်ထဲက ရှိမနေပဲ စည်းလွတ်နေတယ်လို့ မြင်မိတယ်။ ဒါ့အပြင် နေမျိုးဇင်ဆိုတဲ့ လူက လက်ပတောင်းတောင်မှာ တာဝန်ကျ ရဲတွေကို သွားပြောငေါက်တဲ့ video clip မှာလဲ သူကစမိုက်ရိုင်းတော့ ဟိုဘက်ကပြန် မိုက်ရိုင်းတယ်ဆိုတာ တွေ့ရတယ်။ အဲလို ဘလိုင်းကြီး သွားပြော သွားလုပ်တာ တာဝန်ဝတ္တရား နှောက်ယှက်မှုနဲ့တောင် ပြန်ဖမ်းလို့ ရသေးတယ်။

မြင်မိလို့ မြင်တာကို မြင်တဲ့ အတိုင်းသာ မနေနိုင် မထိင်နိုင် ပြောမိပါတယ်.... မကြည့်ခဲ့လိုက်ရင် ကောင်း သားလားလေ!

မိမိ မုန်း 

မောင်ကျောက်ခဲ

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: