Pages

Saturday, December 22, 2012

“““ ဗိုလ်ချုပ်ကြီး ဟောင်း ဦးနေ၀င်း အတွက် ပြန်လည် ဖြေရှင်းချက် ”””

ဦးနေ၀င်းဆိုသည်မှာ----

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ် ချုပ်အောင်ဆန်းနှင့် အတူ ရဲဘော် သုံးကျိပ် ၀င်အဖြစ် စစ်တပ် (တပ်မတော်ကြီး) အား စတင်တည်ထောင်ဖွဲ့စည်းခဲ့ပြီး ဗိုလ်ချုပ် ကွယ်လွန်ခဲ့ပြီးနောက် ထိုစစ်တပ်(တပ် မတော်) ကြီးအား ၊နိုင်ငံရေး မုန်တိုင်းကြီး တိုက်ခတ် မှုကြားထဲမှ အဖွဲ့ပေါင်းစုံ ဆူပူ သောင်းကျန်းမှု မျိုးစုံ အဖျက်ပေါင်းစုံ လုပ် ရပ်များကို ကာကွယ် ထိန်းသိမ်းကြီးကြပ် ကွပ်ကဲလျက် နိုင်ငံတော် လုံခြုံရေး ၊ငြိမ်ဝပ် ပိပြားရေး ၊ငြိမ်းချမ်းရေး ရရှိမှုတို့ကို ပြည် သူများနှင့်အတူ စောင့်ရှောက်ကာကွယ် ရင်း၊ စစ်တပ် တပ်မတော်ကြီး အား အဖက် ဖက်မှတိုးတက်စေရန် အမြဲမပြတ်ဦးဆောင် လမ်းညွှန်ကြိုး လည်းပြော ပမ်းခဲ့ သူဖြစ်၍ နိုင်ငံနှင့်ပြည် သူတို့အတွက် အကျိုးပြုခဲ့ဘူးသော ဗိုလ် ချုပ်ကြီးဟောင်းနိုင်ငံတော်သမ္မတဟောင်း၊ တစ်ပါတီ စနစ်လမ်းစဉ်ပါတီဥက္ကဋ္ဌဟောင်း၊ ကွယ်လွန်သူ ဦးနေ၀င်းအား၊ သူပြုခဲ့ ဘူး သော ဖော်ပြပါ ကျေး ဇူးတရားများကို လစ်လျူ ရှုခဲ့ကြပြီး ကပ်သီးကပ်သတ် ပေါက်ပေါက် ရှာရှာ အချိန်ရှိတိုင်း အ ကောင်း တစ်ကွက် မှ မမြင်ရှုံ့ချပစ်တင်ပြော ဆိုရေးသားခဲ့ကြပြီး ၊ရေးသားနေကြ ဆဲနှင့် နောင်တွင် ဆိုရေး သားကြဦး မည့် အချိန် ကာလမျိုးတွင် စာရေးသူမှ ထူးခြားစွာ ဗိုလ်ချုပ်ကြီးဟောင်းဦးနေ၀င်း အတွက် ပြန်လည်ဖြေရှင်း ချက်ကို ရေးသား တင်ပြလိုက်သောအခါ အချို့ချို့သော ပုဂ်္ဂိုလ်များက ဒီလူဟာ ဦးနေ၀င်းရဲ့ လူ ဗိုလ်နေ၀င်းရဲ့အောက်ဆွဲ ဖော်လံဖားသူ ဟု ထင်မြင်ယူဆပြောဆိုကြမည်ဖြစ်ပါ သည်။
 
စာရှုသူတိုင်း စဉ်းစားကြည့်ပါ ဦးနေ ၀င်းမှာ ယခု အသက်ထင်ရှား ရှိနေသူ မဟုတ် ဗိုလ်ချုပ်ကြီး၊ သမ္မတကြီးလဲမဟုတ် တော့ပါ။ သူတို့ မည်သည့် အကြောင်းမှ မြှောက်ပင့်ဖော် လံဖားစရာ အကြောင်း လုံးဝ မရှိပါ။ ဤသို့ ရေးသားခြင်းဖြင့် စာ ရေးသူ အတွက် ပုဂ်္ဂိုလ်ရေး အကျိုး၊ စီးပွား ဟူ၍ ““ သုံးမရသော ခဲမတ်စေ့””ပင်ရ မည် မဟုတ် သည်ကို လူတိုင်း နားလည်ကြမည် ဖြစ်ပါသည်။ ထို့အပြင် အချို့သော တစ် ဖက်သတ် အမြင်ရှိသူ နိုင်ငံရေး အာဏာ တကြီးသူ များကမူ စာရေးသူအား ကြိပ် ၍ မေတ္တာပို့ကြိမ် ဆဲနေ မည့် သူများကို မမှု ပါ။ အာသောကံ စိုးရိမ်ခြင်းလည်းမရှိဘဲ ဤသို့ ဖြေ ရှင်းရေးသား တင်ပြရခြင်း ၏ အဓိက ရည်ရွယ် ချက်မှာ သမိုင်း၏ ဖြစ် ရပ်မှန်များကို မှန်မှန်ကန်ကန် မျှမျှတတ ယနေ့ မျက်မှောက်ေ ခတ်နှ င့် အနာ ဂတ် မျိုးဆက်သစ် လူငယ်များအား ဖြစ်ရပ်မှန် များထက်““ အမှားကို ပုံကြီး ချဲ့ အမှန်ကို ပုံသေ ချုံ့ခြင်းမျိုး ရှုမြင်တွေးခေါ်မှုများ မဖြစ်ပေါ်စေရေးအတွက် ရပ်တည်ရေး သားခြင်းဖြစ် ပါသည်။ တစ်နည်း ဆိုရသော် ပုဂ်္ဂိုလ်တစ်ဦး တစ်ယောက် တစ်စု တစ်ဖွဲ့ ကိုငဲ့ပြီး၊ ပြောသင့်ရေး သင့်တာ မပြော မရေးလျှင်”” အမှားကြာလျှင် အမှန်ဖြစ် သွားနိုင်၍ နောင်အခါ တိုင်းပြည်နှင့် လူ မျိုးပါ ဒုက္ခရောက်စေနိုင် သည်ဖြစ်ေ သာ ကြောင့် ဤသို့သော ဗိုလ်ချုပ်ကြီးဟောင်း ဦးနေ၀င်းအတွက် ပြန်လည်ဖြေရှင်းချက် ကို ရေးသား ရခြင်းဖြစ်ပါသည်။

ဒေါ်ခင်ကြည်( အန်တီစု မာမီ) အိန္ဒိယရောက်သည့် အကြောင်းရင်း
 
ပထမ ဖြေရှင်းရေးသားလိုသည့် အချက်မှာ မော်နီတာသတင်းဂျာနယ် အတွဲ(၁)အမှတ်(၂၅) ၁၄.၁၀. ၂၀၁၂နေ့ ထုတ်တွင် ဖော်ပြခဲ့သော နိုင်ငံခြားဌာန သတင်းထောက် ယခုလန်ဒန်မြို့တွင် နေ ထိုင်သူ PETER POPHAM ရေး THE LADY AND THE PEA COCK THE LIFE OF AUNG SAN SUKYI စာအုပ် ကို မော်နီတာဂျာနယ်မှ ဆီလျော်အောင် ဘာသာပြန်ဖော်ပြခဲ့ရာ၌ ““စု”” (ဒေါ်အောင် ဆန်းစုကြည်)၁၅နှစ် သမီးအရွယ်တွင် အိန်္ဒိယပြည် ဒေလီသို့မိသားစုပြောင်းရွှေ့ ရသည်။ဒေလီမြို့တွင် သူမမိခင်ကြီးက သံ အမတ်ကြီးအဖြစ် အမှုထမ်းရသဖြင့် ပြောင်းရွှေ့ရခြင်းဖြစ်ကြောင်း ထိုအချင်း အရာ သည်မ ဂုဏ်ပြုခြင်းတော့ဖြစ်ပါ၏ သို့သော် စစ်တပ်အကြီးအကဲဖြစ်သူ နောင် တွင် အာဏာရှင်ဖြစ် လာမည် ဗိုလ်ချုပ် ကြီးနေ ၀င်းသည် နောင်များမကြာမီ သူအာဏာသိမ်းမည့်ကိစ္စတွင် နိုင်ငံရေး အရ မလိုလား အပ်သူ ကို အဝေးသို့ ပထုတ် ခြင်းလည်းဖြစ်သည်။ ဟူ၍ ရေးသားထား သည်ကို တွေ့ရှိရပါသည်။ ဤအ ချက် သည် သမိုင်း၏ဖြစ်ရပ်မှန်များနှင့်လုံးဝ ကွဲလွဲနေသည် ဆိုချင်ပါသည် ။အထောက် အထားမ ခိုင်လုံသ ည့် စိတ်ကူးယဉ် ၀တ္ထု ဟန် သမိုင်းဇာတ်လမ်းမျိုးသည် မြန်မာ သံတော်ဆင့်ဂျာနယ် အတွဲ(၁)အမှတ် (၃၂)၌ ဆရာမောင် ဖုန်းပြည့်(တက္ကသိုလ်) ရေးသားခဲ့သော ““ရေမြှုပ်ဗုံး၏ ဇာတ်သိမ်း အမှတ်”” ဆောင်းပါး ၌ရေးသား ခဲ့ သလို တရားခံမဟုတ်သူများကို တရားခံဖြစ် အောင် အမည်းကွင်းစွန်းထင်စေသော ဇာတ်လမ်း မျိုးဖြစ် ပါသည်။ဆို သကဲ့သို့ဖြစ် ၍နေပါသည်။သို့မဟုတ် စာအုပ်ရေးသူ POPHAM သည် ဗိုလ်ချုပ်ကြီးဟောင်း ဦးနေ၀င်းအား အာဏာတကြီးစွာဖြင့် အလောကြီးစွာ ဦးနှောက်နှင့်ြေ ခတလုံး ကြွက် သားေ နရာအထားမှားပြီး ရေးသား မိခြင်းကြောင့်ပင်ေ လာဟု တွေးထင်စ ရာ ဖြစ်၍နေပါသည်။

ဖြစ်ရပ်မှန်သမိုင်းမှာ ဒေါ်ခင်ကြည် သည် ၁၉၄၇ခုနှစ်မှ ၁၉၅၂/၅၈ခုနှစ် အထိ၊ မြန်မာနိုင်ငံ မိခင်ကေ လးစောင့် ရှောက်ရေးလုပ်ငန်းများ၊လူမှုဝန်ထမ်းများ သူနာပြုနှင့်ပြည်သူ့ကျန်းမာရေးလုပ်ငန်း များကို အစဉ်တစိုက်ေ ဆာင်ရွက်ခဲ့သူဖြစ် သည့်အခြားလူမှုရေးအဖွဲ့အမျိုးသမီးအဖွဲ့ များနှင့်ဒီမို ကရေစီပညြာ ပန့်ပွားရေး အသင်း စသည့်အဖွဲ့ပေါင်းစုံ၌ ဥက္ကဋ္ဌတာဝန်များ ကို ကိုယ်ကျိုးမဖက် မွန်မြတ်သော ပရဟိ တလုပ်ငန်းများ အဖြစ်ပါဝင်ကူညီဆောင် ရွက်ခဲ့သည်။ထိုလုပ်ငန်းများနှင့်သက်ဆိုင် သော နိုင်ငံတကာ အစည်း အဝေးများ၊ ဆွေးနွေးပွဲများအတွက် ကမ္ဘာနိုင်ငံအသီး သီးသို့ တက်ရောက်ခဲ့သူလည်းဖြစ်ရာ ၁၉၅၉/ ၆၀ခုနှစ် ဖဆပလနှစ်ခြမ်းကွဲ၍ ဦးနုခေါင်းဆောင်သော သန့်ရှင်းဖဆပလ ရွေးကောက် ပွဲ၌အနိုင်ရရှိခဲ့သည်။ ဦးနု၏ သန့်ရှင်းဖဆပလအား မဲဆွယ်စည်းရုံးပေး ခဲ့သော်လည်း ဒေါ်ခင်ကြည်သ ည် ရွေး ကောက်ပွဲ၌ ၀င်ရောက် အရွေးခံခြင်းမရှိခဲ့ ပေ။ ရွေးကောက်ပွဲနိုင်၍ သန့်ရှင်းဖဆပလ အဖြစ်လည်း ပြည်ထောင် စုအဖွဲ့ (ပထမ) မှ အစိုးရ ဖွဲ့စည်းခဲ့သည် ဦးနုခေါင်းဆောင် သော ပထမအစိုရအဖွဲ့က ဒေါ်ခင်ကြည် အား ဂုဏ်ပြု ၍ကျေးဇူး တုန့် ပြန်သောအား ဖြင့် လည်းကောင်း၊ဒေါ်ခင်ကြည်၏ပင်ကို အရည်အချင်းပြည့် ၀မှုများအရ လည်း ကောင်း၊ ၁၉၆၀ပြည့်နှစ် မတ်လ(၁၉)ရက် တွင် အိန်္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ကြီးအဖြစ် ခန့်အပ် တာဝန်ပေးခဲ့ပြီး ဇွန်လ တွင် နီပေါလ်နိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီးအဖြစ်ပါ ပူးတွဲတာဝန် ထမ်း ဆောင်စေခဲ့သည် ထို့ကြောင့် မြန်မာအမျိုး သမီးလောကတွင် ပထမဦးဆုံတစ်ဦးတည်း သော သံအ မတ် ကြီး အဖြစ် မော်ကွန်းတင် ခံခဲ့ရသည်။

ဤဖြစ်စဉ် သမိုင်းကြောင်းကို လေ့ လာကြည့်ပါက ဗိုလ်ချုပ်ကြီးနေ၀င်းနှင့် မည်သို့ဆက်နွယ် ပတ်သက်ခြင်း ရှိနိုင်ပါ မည်နည်း စဉ်းစားကြည့်ကြပါ အတိတ် ဖြစ်ရပ်မျာကို မှန်ကန်စွာ ဓမ္မဓိဋ္ဌာန်ကျကျ သုံးသပ် ဆုံးဖြတ်နိုင်မှ သာလျှင် အနာဂတ် တွင် မှန်ကန်စွာ၍ ဓမ်္မဓိဋ္ဌာတ်ကျသော ဆုံးဖြတ်ချက်ကို တည်ဆောက်နို င်ကြမည် ဖြစ်ပါသည် တစ်နည်းဆိုရသော် မြန်မာ တို့၏ ဘာသာရေး၊ယဉ်ကျေးမှု ကိုးကွယ် ယုံကြည်မှုများ အရ ကျေးဇူးပြုဖူးသူကို ကျေးဇူးဆပ်ရန်မမေ့အပ် ဟုဆိုထားသည့် အတိုင်း ဗိုလ်ချုပ်ကြီးဟောင်း ဦးနေ၀င်း ကဲ့သို့ နိုင်ငံနှင့်လူမျိုးကို သူ့ခေတ်နှင့်သူ့ အခါအရ ကျေးဇူးပြုခဲ့ဘူးသူ တစ်ဦးအား၊ ကျေးဇူးပြန်လည်၍ မပေးဆပ်သ ည့်တိုင် ကျေးဇူးကန်းသည့်လုပ်ရပ်မျိုးကိုမူ မပြု လုပ်မကြဖို့ လိုအပ်မည်ဟု ဆိုချင်ပါသည်။ ဤသို့မ ဟုတ်ဘဲ တိုင်းပြည်နှင့် လူမျိုးအတွက် ကျေးဇူးပြုရာ ဟူ၍ မြက်တစ်ပင်မနှုတ် တံ ပျက်စည်း တစ်ခါမှမလှည်းဘူးသူတို့က ကျေးဇူးပြုဘူး သူတို့အား ကလောင်တစ် ချောင်းပိုင် ခွင့်မရ ဝေဖန်တိုက် ခိုက်ရေးသား နေကြသည်မှာ ရင်နာစရာ တစ်သွယ်နှင့် ရယ်စရာ တစ်ဖုံတို့ဖြင့် ဖြစ်၍နေပါသည်။

ကရ၀ိတ် နှုတ်သီးကိစ္စ
 
ဒုတိယဖြေရှင်းလိုသည့်အချက်မှာ မြန်မာသံတော်ဆင့်အပတ်စဉ်အတွဲ(၁) အမှတ်(၃၁) ၂၃.၁၀.၂၀၁၂နေ့ ထုတ် တွင် ပါရှိသော ““ကရ၀ိတ်ငှက်တို့နှုတ်သီး ဖြောင့်စေတဲ့ ဗိုလ်ချုပ်နေ၀င်း” ” ခေါင်းစဉ် ဖြင့်ရေး သား ထား ချက်ဖြစ် ပါသည်။ ဆောင်းပါးရှင်က ပန်းရန် ပန်းပုဆရာဦး ဘရီဆိုသူရဲ့ ပြောပြချက် ကိုရေး ထားခြင်း ဖြစ်ပါသည်။ ထိုပန်းရံဆရာကြီးမှာ သူ၏ ပြောဆိုပုံအရ တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌ လမ်းစဉ် ပါတီ ဥက္ကဋ္ဌ သမ္မတကြီး ဆိုတာ ဘယ်သူ ဘယ်ဝါဖြစ်ကြောင်းသိပုံ မပေါ်ပါဘူး။အလွန်ဗဟုသုတနည်းသူ တစ် ဦးဖြစ်ေ ကြာင်း သိသာပါတယ်။ သူ ပြောပုံက မဆလဥက်္ကဋ္ဌ ဆိုတဲ့ ဗိုလ်နေ၀င်း ဟုဆိုပါတယ်။ ဗိုလ်နေ ၀င်း ဟာ ကရ၀ိတ် ခန်းမတည်ဆောက်မဲ့ ပုံစံကိုယူကြည့် တယ် ။ဟေ့ကောင်တွေ ငှက်နှုတ်သီးေ ကာက် တာ ငါမလို ချင်ဘူး ငှက်နှုတ်သီးကို ဖြောင့်ဖြောင့် လုပ်လို့ အမိန့်အာဏာပေး သွားတယ် (စစ်အာဏာ ရှင် ပုံစံ ကိုဖော်တဲ့ ပြောနည်းပေါ့)ရှေးမြန်မာယဉ်ကျေးမှုနှင့် ဘိုးဘေးဘီဘင် အစဉ်အဆက် အမွေကို ပြင် ချင်သ လိုပြင် ထင်သလို လုပ်ချင်ရာ လုပ်သွားကြတဲ့ တစ်ပါတီ အာဏာရှင် စစ်အာဏာရှင်ဗိုလ်နေ၀င်းရဲ့ လက်ညှိုး ထောင်ခေါင်းညိတ်သမား သူတပည့် ဘက်သားတွေရဲ့ အစစ်မဟုတ် အတု လက်ရာ အဖြစ်လုပ်ခဲ့ ပုံများကို ရေးသား တင်ပြထားသည်မှာ ဟုတ်သလိုလို ဖတ် လို့တော့ အကောင်းသားခင်ဗျာ။
သို့သော် အသေအချာစဉ်စားကြည့် ပါ။ဗိုလ်ချုပ်ကြီးနေ၀င်းဆိုသူမှာ အချို့ သော သာမန်လူများထက် စစ်ရေး ၊နိုင်ငံ ရေး၊ စီးပွားရေး၊လူမှုရေး အတွေ့အကြုံများ စာပေယဉ်ကျေးမှု အနုပညာ ဆိုင်ရာ များ နှင့်မြန မာ မှုဓလေ့ ထုံး ထမ်းများကို အစဉ် လေ့လာမှတ်သားခဲ့သူပါ ခပ်ညံ့ညံ့လူ တော့ မဟုတ်ပါဘူး။ ဤလိုပုဂ်္ဂိုလ် က ဤမျှလောက်သောကိစ္စကို အဆင်ခြင် ဥာဏ်ကင်းမဲ့စွာ ပြောဆိုသုံးနှုန်းလိမ့်မည် ဟု ယြုံ့ကည်နိုင်စရာ မရှိနိုင် ပါဘူ။ ဗိုလ် ချုပ်ကြီးဟောင်းနေ၀င်းဟာ မြန်မာမှုနယ် ပယ်မှ သူ့ရဲ့လေ့လာတွေ့ရှိချက်များကို သက် ဆိုင် ရာ ကဏ္ဍအလိုက် ပြောဆိုတင် ပြခဲ့သော မိန့်ခွန်းများကို ပြန်ပြီးလေ့လာ ကြည့်ရင် သူ့စေတနာ သူ့သဘော ထားတွေ ကို သိရှိနိုင်ကြမည်ဖြစ်ပါသည်။တစ်ပါတီ အာဏာရှင်စနစ် စစ်အာဏာရှင် ရွံ့မုန်း ၍ အစိမ်းလိုက် ၀ါးစားလိုလျှင် ကြိုက်သ လိုပြောဆိုရေးသားနိုင်ကြပါသည်။ ထို စနစ်မျိုးကို မည်သူမျှကြိုက်နှ စ် သက်ခြင်း၊ မရှိသည်မှာ အမှန်ပင်ဖြစ်ပါသည်။ သို့ သော် လူနှင့်မူ စနစ်နှင့်လူကိုတော့ ပုဂ်္ဂိုလ် ရေး ဆိုင်ရာ ခွဲခြား၍ တိုက်ခိုက်ရန် လိုအပ် ပါသည်။လူပုဂ်္ဂိုလ်ဆိုင်ရာ အာဃာတဖြင့် သိက်္ခာထိခိုက်နစ် နာစေရန် ပြော ဆိုရေး သားခြင်း မပြုသင့်ဟုဆိုချင်ပါသည်။

အမှန်အားဖြင့် ဤသို့ပြောဆိုရေး သားစွပ်စွဲမှုများသည် စွပ်စွဲသူနှင့်စွပ်စွဲ ခံရသူတို့နှစ်ဦးနှစ် ဖက်သက်ရှိ ထင်ရှား ရှိ ကြသည့်အချိန်တွင်သာဖြစ်သင့်ပေသည်။ သေပြီးနောက်မှ စွပ်စွဲမှုမှာ စွပ်စွဲခံရ သူ ဖြေရှင်း ခွင့်မရရှိသဖြင့် စွပ်စွဲချက်သည် မှန်ကန်မှုရှိသလိုဖြစ်သွားစေနိုင်ပေသည် စွပ်စွဲသူနှင့်စွပ်စွဲခံရသူ သက်ရှိ ထင်ရှားရှိ နေကြစဉ် သင်ခန်းစာယူသင့်သော ဖြစ် ရပ်တစ်ခုကို တင်ပြရလျှင် (၁၅.၈. ၁၉၇၁)နေ့ထုတ် အိုးဝေ ဂျာနယ်၌ ဗိုလ် ချုပ်ကြီးဟောင်း ခင်ညိုက ဆောင်းပါးတစ် ပုဒ်ရေးခဲ့သည် ““ဂျပန်တော်လှန်ရေးနေ့ ကို ရက်ရွှေ့ ခဲ့စဉ်က ဤသို့ရက်ရွေ့ရခြင်း မှာ ဒေါက်တာဘမော်မှတဆင့် ပေါက် ကြားသွားလေ ဟန်စွပ် စွဲရေး သားခဲ့သည်။ ဒေါက်တာဘမော်သည် ဂျပန်ခေတ်တစ် လျှောက်လုံး လူကြီးလူကောင်း ပီသစွာ စောင့် စည်း အပ်သည့် အချက်များကို ထိ ပါးခံလိုက်ရသဖြင့် ထိုစွပ်စွဲချက်အပေါ် အိုးဝေဂျာနယ်သို့ ချက်ချင်း တုန့်ပြန်၍ အောက်ပါအတိုင်းရေးသားခဲ့သည်။

““မြန်မာအမျိုးသားအဓိပတိကြီးတစ် ယောက်လုံးဖြစ်ပါလျက်နှင့်သစ်္စာဖောက် ပြီး ဂျပန်လက်ထဲသို့ တိုင်းပြည် ကို ထိုးအပ် တယ်ဆိုတဲ့ စကားလုံးဟာ အတော်လေး ခံရခက်သည် ယခုစွပ်စွဲချက်သည် မြန်မာ့ ရာဇ၀တ် သမိုင်းကြောင်းကို ထူးခြားစွာ ထိခိုက်စေသည့် စွပ်စွဲချက်ဖြစ်နေသည်”” အမှားကြာလျှင် အမှန်ဖြစ်ဆိုသကဲ့သို့ ယခုမရှင်းလင်းပါက နှောင်းလူများအနေ ဖြင့် အမှားကြီးအတိုင်း ယုံမှတ်သွားပေ လိမ့်မည်။ ရှင်းရှင်းပြောရလျှင် ငါသိသမျှ ထိုအချိန်က ဖွင့်ပြောခဲ့ရင် မင်းတို့အား လုံး ခေါင်းပြတ်ကုန်မှာပေါ့ ဟုပြောလို ပါသည်။ သက်သေအဖြစ် ဗိုလ်ချုပ် အောင်ဆန်းကိုယ်တိုင်ရွှေတောင်မှ သူ့ထံ ရေးသားသော စာကိုပါပူးတွဲတင်ပြရေး သားဖြေရှင်းလိုက်သောအခါ မည်သူမျှ တုတ်တုတ် မလုပ်ကြဘဲ ဖြစ် ခဲ့သည် ကို လေ့လာသိရှိခဲ့ရပါသည်။ဤသို့ဖြင့် ဒေါက် တာဘမော်သည် သေသည့်တိုင် လူကြီး လူကောင်း နိုင် ငံရေးသမားတစ်ဦးအဖြစ် မှတ်ယူလက်ခံသွားခဲ့ကြလေသည်။

စာချုပ်အားဖြင့် တင်ပြရလျှင် အမှန် တော့ ဆင်ကြီးတစ်ကောင်လုံး ဖမ်းပေး သူကို မချီးကျူးသည့်တိုင် ဆိတ်တစ် ကောင် လွှတ်သွားခဲ့သည်ကိုတော့ အပစ် မဆိုသင့်ဆိုသကဲ့သို့သဘောထားအပ်သည် ဟု ဆိုချင် ပါ သည် အကယ်၍သာ ဗိုလ် ချုပ်ကြီးဟောင်းဦးနေ၀င်းသား သက်ရှိ ထင်ရှားရှိနေပါက ဤကဲ့သို့ သူ့အားစွပ် စွဲပြောဆိုရေးသားလာမှုများကို တွေ့မြင် သိရှိပါက လွတ်လပ်စွာပြောဆိုရေးသား ခွင့်ရှီသသော ယခုကဲ့သို့သော ဒီမိုကရေစီ ခေတ်ကြီးတွင် ဒီမိုကရေစီပိုင်ခွင့်များကို အသုံးချ၍ ရှင်းလင်းပြတ်သား စွာပြန် လည် ချေပ သွားမည့်အချက်များသည် ပြည်သူ များအတွက် တန်ဘိုးရှိသော သမိုင်းသင် ခန်းစာရယူနိုင် သည့် ပွဲကြီး ပွဲကောင်းတစ် ခုအဖြစ် တွေ့မြင်ကြရမှာဖြစ်ပါသည်။ ယခုတော့ စာရေးသူက အမှားများ ကို တွေ့အောင်ရှာ၍ လွတ်အောင်ရှောင်နိုင် ကြလျက် မှန်ကန်မျှတသော အတွေးအ မြင်များ ရှင်သန်နိုင်စေ ရန်ဤသို့သော ဗိုလ်ချုပ်ကြီးဟောင်း ဦးနေ၀င်း အတွက် ပြန်လည်ြေ ဖရှင်းချက် ကိုရေးသား တင်ပြ လိုက်ရပါကြောင်း သမိုင်းအမှန်ကို ဘယ်ခဲဖျက်နဲ့မှ ဖျက်လို့မရဘူးဟု ပညာ ရှင်များ၏ မိန့်ဆိုချက် ကို လေးစားယုံ ကြည်စွာဖြင့်။

စောကျော်အေး
 
The Hot News

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: