Pages

Sunday, December 16, 2012

“““ လူ ( ၁၀၀၀ ) ကျော်ကို ရက်စက်စွာ သတ်ဖြတ်ခဲ့သည့် ဂမ်ရှောင်အကြောင်း ”””

KIA ကစစ်ဦးစီးချုပ်ဂမ်ရှောင်ကို KIO ဒုဥကဌအဖြစ်တာဝန်ပေးလိုက်ပြီးဖြစ်ပါသည်။ KIA/KIO အတွင်း ဂမ်ရှောင် သည်သဘောထားတင်းမာသူဖြစ်ပြီး လွန်ခဲ့သော ဆယ်စုနှစ်များက မူးယစ် ဆေးဝါးနှိမ်နင်းမှု အကြောင်းပြကာ ဆဘော့တွင် လူ ၁၀၀၀ ကျော်ကို ရက်စက်စွာသတ်ဖြတ်ခဲ့သည့် အကြမ်းဖက် တစ်ဦး သာဖြစ် ပါ သည်။

ငြိမ်းချမ်းရေး ရယူပါက ၄င်းလုပ်ရပ်များအတွက် တာဝန်ယူရမည်ဖြစ်သဖြင့် သီးခြားလွတ်လပ်သော ကချင်(၀မ်ပေါင်)နိုင်ငံတော်ထူထောင်ရေးကိုသာ လက်ကိုင်ထားပြီး၊ ဆီးရီးယားသမတ'' အာဆတ်''ကဲ့သို့ အသက်သာအသေခံမည် ငြိမ်းချမ်းရေးမယူလိုသူဖြစ်သည်။ လက်နက်ကိုင်ပြီး KIO/KIA တွင်အကြောက်တရားဖြင့် သြဇာလွှမ်းမိုးထားသူဖြစ်ပြီး မထင်ရင်မထင်သလို ရက်စက်ပြတတ်သူဖြစ်သည်။

၂၀၁၃ခုနှစ်တွင် ၀မ်ပေါင် နိုင်ငံအဖြစ်လွတ်လပ်ရေးကြေညာရန်ကြိုးစားနေသော်လည်း အများစုက သဘော မ တူ မှုကြောင့် ဗဟိုဌာနချုပ်အတွင်း အကြိမ်ကြိမ်ဆွေးနွေးနေကြရသည်။ သဘောထားကွဲလွဲမှုကြောင့် ငြိမ်းချမ်းရေးကိုယ်စားလှယ်များ နှုတ်ထွက်ခွင့်တင်သလို KIO ဗဟိုတွင်လည်း အပြောင်းအလဲ များကို မျှော်လင့်နေကြသည်။ အများစုကတော့ ဂမ်ရှောင်ရှိနေသမျှ ငြိမ်းချမ်းရေးမရနိုင်မှန်း သိလာကြပြီဖြစ်သည်။ ဂမ်ရှောင်သည် ကချင်လူထုကောင်းစားရေးအကြောင်းပြနေသော်လည်း လူထု၏အ ခက် အခဲ များကိုတင်ပြတိုင်း ''တော်လှန်ရေးကာလမှာ ဒီလောက်တော့ ပေးဆပ်ရ မှာပေါ့ "ဟူသော စကားကို လက်ကိုင်ထားသူဖြစ်သည်။

 ထိခိုက်ကျဆုံးမှုများပြားလာမှုကြောင့် KIAတပ်ဖွဲ့အင်အားဖြည့်တင်းနိုင်ရန် ကချင်ပြည်နယ် အတွင်းနေထိုင်  သူမှန်  သမျှ ကချင်နိုင်ငံ တော်သစ်ပေါ်ထွန်းရေးတွင် တာဝန်ရှိသည် ဟုဆိုကာ ရှမ်း၊ ဗမာ၊ ရခိုင်များ သာမက ယခုအခါမွတ်ဆလင်(ကုလား)များကိုပါ ဖမ်းဆီးလက်နက်တပ်ဆင်ပြီး ကုလား တပ်ရင်းများကိုဖွဲစည်းလျက်ရှိသော်လည်း တရုတ်သွေးပါသူဖြစ်သဖြင့်လည်းကောင်း၊ တရုတ်နိုင်ငံ အတွင်း    ရှိ ၄င်း၏ ကိုယ်ကျိုးစီးပွားများကို ထိုခိုက်မည်စိုးသဖြင့်လည်းကောင်း တရုတ်များကိုမူ စုဆောင်း မှု မရှိ  သည် ကိုတွေ့နေရပေသည်။ KIA အတွင်း အကြပ်အတည်းဖြစ်လာတိုင်း မဟာဗျူဟာ အရဟု ဆိုကာလမ်းများ တံတားများကို ဖျက်ဆီးခိုင်းလေ့ရှိသူလည်းဖြစ်သည်။

 နောက်ဆုံးပြုလုပ်ခဲ့သော စစ်ကိုင်းတိုင်းမော်လူးဘူတာ အလွန် အမှတ် ၄၇၈ တံတားဖျက်ဆီးမှုသည် ဗမာနယ်မြေ အတွင်းဖြစ်သောကြောင့် မလုပ်ရန် အများစုကကန့်ကွက်ခဲ့သော်လည်း တပ်မ (၃၃) ကချင် ပြည်နယ် အတွင်းဝင်ရောက်လာမှုကိုလက်တုံ့ပြန်ခြင်းဖြစ်ကြောင်း၊ ယခုလိုလုပ်မှသာ စစ်တပ်က အင်အားများကိုလမ်းကြောင်းပေါ်တွင်ထိန်းချုပ်ထားနိုင်မည်ဖြစ်ကြောင်း ပြောဆိုကာအမိန့်ပေးခဲ့သူဖြစ်သည်။ ၄င်း၏ ကိုယ်ကျိုး အတွက်(လူ ၁၀၀၀သတ်ခဲ့ သည့်ပြစ်ချက်အတွက်   ပြစ်ဒါဏ်မခံယူလိုခြင်း) ကချင်ပြည် လွတ်လပ်ရေး ဟု ကြွေးကြော်ကာ မြန်မာပြည်မှ ခွဲထွက်ရေးကို ဦးစားပေးလာပြီး ကချင်ပြည်နယ်အတွင်း ၄င်းတစ်ဦးတည်းကျန်သည်အထိ တိုက်ပွဲဝင်မည့်သူ ဖြစ်သည်။

သတိရှိသော်လည်း ပညာအခြေခံ နည်းပါးပြီး မိုက်ရူးရဲဆန်သူဖြစ်သဖြင့် KIO/KIAအတွင်း ဂမ်ရှောင် နှင့် ထိပ်တိုက်ဖြစ်မှုကို ရှောင်လွှဲကြသည်။ ယင်းကိုပင်၎င်းကကျေနပ်နေပြီး မိမိကိုယ်ကို ကချင်သူရဲကောင်း တစ်ဦး၊ ထက်မြက်သောတပ်မှူးကြီးတစ်ဦး ဟု ဘ၀င်လေဟပ် နေသူဖြစ်သည်။ ပညာအခြေခံ နည်းပါး သူဖြစ်သည့်  အလျောက် ၄င်းအပေါ် ရွံကြောက်ဖြစ်နေ သည်ကို သစ်စာခံနေသည် ဟုထင်မြင်နေပြီး ၄င်းကဲ့သို့ မိုက်ရူးရဲများ၊ ပညာမဲ့ အခွင့်အရေးသမားများကို မြှောက်စားထားသူဖြစ်သည်။ ဒုစစ်ဦးစီးချုပ်ဗိုလ်ချုပ်ဂွမ်မော်အပေါ် အမြဲ သံသယ ရှိသူဖြစ်ပြီး ဂွမ်မော်၏ အယူအဆများ ကိုလည်း   ပျော့ညံ့သည် ဟု ယူဆထားသူဖြစ်သည်။ ထိုသံ သယကြောင့်ပင်KIO/KIA ဗဟိုအတွင်း ဗိုလ်ချုပ်ဂွမ်မော် စင်ပေါ်ရောက်လာနိုင်သည့်   နောက်ဆုံးငြိမ်းချမ်းရေးဆွေးနွေးပွဲပြုလုပ် မည့်ခရီးလမ်းတစ်ဝက်အရောက် တွင် ရှမ်းမြောက်ဒေသ စစ်ဆင် ရေးကိုအကြောင်းပြကာ ဗိုလ်ချုပ် ဂွမ်မော် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ မတက်ရောက်နိုင်ရန် ၄င်း တစ်ဦးတည်း ဆုံးဖြတ်ပြီး အမိန့်ပေးခဲ့သူဖြစ်သည်။

ထိုအကြောင်းကြောင့်ပင် KIO အဖွဲ့အတွင်း မကျေလည်မှုများပေါ်ပေါက်ခဲ့ရပြီး ငြိမ်းချမ်းရေးကိုယ်စား လှယ်များ    နှုတ်ထွက်သည်အထိ လူသိရှင်ကြားဖြစ်ခဲံ့ရသော်လည်း ထုံးစံအတိုင်း အားလုံးက လက်နက် ကိုင်  တပ်ဖွဲ့၏ စစ်ဦးစီးချုပ် ဂမ်ရှောင်ကို အလျော့ပေးခဲ့ရပြန်သည်။ ထို့ကြောင့် ယခုနောက်ဆုံး ဂမ်ရှောင်ကို KIO ဒုဥက္ကဌအဖြစ် တာဝန် ပေးကာ လက်နက်ကိုင်တပ်ဖွဲ့များ၏ ဦးစီးချုပ်အဖြစ် မှ နှုတ်ထွက် ခိုင်းရန် ဗဟိုနှင့်နီးစပ်သော အသိုင်းအ၀ိုင်းက လိုလားနေကြကြောင်းသိသည်။

Myanmar Daily Star Group

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

“““ လူ ( ၁၀၀၀ ) ကျော်ကို ရက်စက်စွာ သတ်ဖြတ်ခဲ့သည့် ဂမ်ရှောင်အကြောင်း ”””

Labels:

0 comments: