Pages

Friday, December 7, 2012

“““ မြန်မာအစိုးရရဲ့ ကြေငြာချက် ကို Aljazeera ရုပ်သံမှ ပြန်လည် တုံ့ပြန် ”””

ကာတာနိုင်ငံအခြေစိုက် အယ်လ်ဂျဇီးရား သတင်းဌာနမှ ဒီဇင်ဘာလ (၈) ရက်နေ့မှ စ၍ (၁၃) ရက်နေ့ ထိ အင်္ဂ လိပ်၊ အရဗီ ဘာသာဖြင့် ထုတ်လွှင့်ပြသမည့် "ဖုံးကွယ် ထားသည့် လူမျိုးတုန်း သတ်ဖြတ်မှု" မှတ်တမ်း ဗီဒီယိုနှင့် ပတ် သက်၍ မြန်မာ အစိုးရနိုင်ငံခြားရေး ၀န်ကြီး ဌာန မှပြင်းထန်စွာ ကန့်ကွက်ကြောင်း သတင်း ထုတ်ပြန် ၍ အင်္ဂလိပ် ၊မြန်မာ သတင်းစာ များတွင်ဖော်ပြခဲ့ပါသည်။ ထိုသို့သတင်းထုတ်ပြန်မှုနှင့် ပတ်သက် ၍ အယ်လ် ဂျ ဇီးရား သတင်းဌာန၏ သတင်းနှင့်ပြန်ကြားရေး ဌာနမှပြန်လည် တုန့်ပြန်လိုက်သည်။

အဆိုပါမှတ်တမ်း ရုပ်ရှင် ရိုက်ကူးသည့် ဗြိတိန်နိုင်ငံမှ Mr. Phil Rees သည် ထိုမှတ်တမ်း ရုပ်ရှင်နှင့် ပတ်သက် ၍မေးမြန်းလာမည့်မေးခွန်း များကို မှတ်တမ်း ရုပ်ရှင်ပြသပြီး သည့်နောက်တွင် အွန်လိုင်းပေါ် မှပြန် လည်ဖြေ ကြားမည်ဖြစ်သည်။ အချိန်အတိအကျကို အယ်လ်ဂျဇီးရား၏ Website ပေါ် တွင်ကြေ ညာပေး သွားမည်ဟု သိရသည်။

မှတ်တမ်းရိုက်ကူးသူ Mr. Phil Rees မှ အဆိုပါ မှတ်တမ်း ရုပ်ရှင်တွင် ခိုင်မာသော သက်သေ အထောက် အထားများ ပါဝင်ပြီး ဒုက္ခသည်စ ခန်းများနှင့် အခြားသောနေ ရာများ သည် ပြင်ပကမ္ဘာနှင့် မည်သို့ဝေး ကွားေ န သည်ကို ကွက်ကွက် ကွင်းကွင်းမြင်ရမည်ဟုဆိုသည်။

ကျွန်တော် တို့ အနေနဲ့ ဒီမှတ်တမ်း ရုပ်ရှင်မှာ တစ်ဆင့် စကား၊ ကောလဟသတွေ ယူထားတာ မဟုတ်ဘဲ၊ တကယ့် ခံစားခဲ့ရတဲ့ သူတွေ ဆီကနေ မှတ်တမ်း ယူထားတာပါ။ ကြည့်တဲ့ သူတွေ အတွက် ပြည့်စုံတဲ့ သ တင်း အ ချက် အလက်တွေ ရမယ်လို့ မျှော်လင့်ပါတယ် - ဟု၎င်း ကပြောသည်။

လတ်တလော ကုလသမဂ္ဂ အကြီးအကဲ Ms. Valerie Amos ၏ ခရီးစဉ် တွင်လည်း ရိုဟင်ဂျာ ဒုက္ခသည် စခန်း များ၏ အခြေအနေမှာ လွန်စွာသေရေး ရှင်ရေး တမျှ အရေးကြီးနေသည့် စိုးရိမ် ဖွယ်ရာ အခြေ အနေ ရှိကြောင်း ပြောဆို သွားပါသည်။

အယ်လ်ဂျဇီးရား၏ နဂို မူလအစီအစဉ် အတိုင်း ဒီဇင်ဘာ (၈) ရက်နေ့မှစ၍ ဒီဇင်ဘာ (၁၃) ရက်နေ့ထိ အင်္ဂလိပ်၊ အရဗီနှစ်ဘာသာဖြင့် ထုတ်လွှင့်ပြသသွားမည်ဟု သတင်းရရှိပါသည်။

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

“““ မြန်မာအစိုးရရဲ့ ကြေငြာချက် ကို Aljazeera ရုပ်သံမှ ပြန်လည် တုံ့ပြန် ”””

Labels:

ကာတာနိုင်ငံအခြေစိုက် အယ်လ်ဂျဇီးရား သတင်းဌာနမှ ဒီဇင်ဘာလ (၈) ရက်နေ့မှ စ၍ (၁၃) ရက်နေ့ ထိ အင်္ဂ လိပ်၊ အရဗီ ဘာသာဖြင့် ထုတ်လွှင့်ပြသမည့် "ဖုံးကွယ် ထားသည့် လူမျိုးတုန်း သတ်ဖြတ်မှု" မှတ်တမ်း ဗီဒီယိုနှင့် ပတ် သက်၍ မြန်မာ အစိုးရနိုင်ငံခြားရေး ၀န်ကြီး ဌာန မှပြင်းထန်စွာ ကန့်ကွက်ကြောင်း သတင်း ထုတ်ပြန် ၍ အင်္ဂလိပ် ၊မြန်မာ သတင်းစာ များတွင်ဖော်ပြခဲ့ပါသည်။ ထိုသို့သတင်းထုတ်ပြန်မှုနှင့် ပတ်သက် ၍ အယ်လ် ဂျ ဇီးရား သတင်းဌာန၏ သတင်းနှင့်ပြန်ကြားရေး ဌာနမှပြန်လည် တုန့်ပြန်လိုက်သည်။

အဆိုပါမှတ်တမ်း ရုပ်ရှင် ရိုက်ကူးသည့် ဗြိတိန်နိုင်ငံမှ Mr. Phil Rees သည် ထိုမှတ်တမ်း ရုပ်ရှင်နှင့် ပတ်သက် ၍မေးမြန်းလာမည့်မေးခွန်း များကို မှတ်တမ်း ရုပ်ရှင်ပြသပြီး သည့်နောက်တွင် အွန်လိုင်းပေါ် မှပြန် လည်ဖြေ ကြားမည်ဖြစ်သည်။ အချိန်အတိအကျကို အယ်လ်ဂျဇီးရား၏ Website ပေါ် တွင်ကြေ ညာပေး သွားမည်ဟု သိရသည်။

မှတ်တမ်းရိုက်ကူးသူ Mr. Phil Rees မှ အဆိုပါ မှတ်တမ်း ရုပ်ရှင်တွင် ခိုင်မာသော သက်သေ အထောက် အထားများ ပါဝင်ပြီး ဒုက္ခသည်စ ခန်းများနှင့် အခြားသောနေ ရာများ သည် ပြင်ပကမ္ဘာနှင့် မည်သို့ဝေး ကွားေ န သည်ကို ကွက်ကွက် ကွင်းကွင်းမြင်ရမည်ဟုဆိုသည်။

ကျွန်တော် တို့ အနေနဲ့ ဒီမှတ်တမ်း ရုပ်ရှင်မှာ တစ်ဆင့် စကား၊ ကောလဟသတွေ ယူထားတာ မဟုတ်ဘဲ၊ တကယ့် ခံစားခဲ့ရတဲ့ သူတွေ ဆီကနေ မှတ်တမ်း ယူထားတာပါ။ ကြည့်တဲ့ သူတွေ အတွက် ပြည့်စုံတဲ့ သ တင်း အ ချက် အလက်တွေ ရမယ်လို့ မျှော်လင့်ပါတယ် - ဟု၎င်း ကပြောသည်။

လတ်တလော ကုလသမဂ္ဂ အကြီးအကဲ Ms. Valerie Amos ၏ ခရီးစဉ် တွင်လည်း ရိုဟင်ဂျာ ဒုက္ခသည် စခန်း များ၏ အခြေအနေမှာ လွန်စွာသေရေး ရှင်ရေး တမျှ အရေးကြီးနေသည့် စိုးရိမ် ဖွယ်ရာ အခြေ အနေ ရှိကြောင်း ပြောဆို သွားပါသည်။

အယ်လ်ဂျဇီးရား၏ နဂို မူလအစီအစဉ် အတိုင်း ဒီဇင်ဘာ (၈) ရက်နေ့မှစ၍ ဒီဇင်ဘာ (၁၃) ရက်နေ့ထိ အင်္ဂလိပ်၊ အရဗီနှစ်ဘာသာဖြင့် ထုတ်လွှင့်ပြသသွားမည်ဟု သတင်းရရှိပါသည်။
0 comments: