Pages

Saturday, December 22, 2012

“““ လက် သရဲ ဝင်ပူးသည့် ရောဂါ ( Alien Hand Syndrom ) ”””

လက်သရဲဝင်ပူးတဲ့ ရောဂါဆိုတာ အမှန်တော့ Alien hand syndrome အမည်ရ ရောဂါ ဖြစ်ပါ တယ် ။ ဂြို လ်သားလက် ရောဂါဝေဒါနာ ဖြစ်ပါတယ်။

ဒီရောဂါကလည်း ကြောက်စရာ ရောဂါ တစ်ခု ဖြစ်ပါတယ်။ ဘယ်လက် သို့မဟုတ် ညာလက် သို့မဟုတ် ၂ ဘက်စလုံး ဖြစ်တတ်ပါတယ်။ ယင်း ဖြစ်တဲ့ လက်က ကိုယ့်ရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိတော့ပါဘူး။ သူ လုပ်ချင်ရာ လုပ်ပါတယ်။ ဓားရှိနေရင် ဓားကိုကောက်ကိုင်ပြီး သူများကို ထိုးပါတယ်။ ကိုယ့်ကိုယ်ကိုလည်း ထိုးတတ်ပါတယ်။ အိင်္ကျီဝတ်ပေမယ့် ဝတ်လို့မရအောင် လက်က တားပါတယ်။ မီးခလုပ်ကို ပိတ်ပေ မယ့် ပြ န် ဖွင့် ပါတယ်။ ဘယ်လက်က လုပ်တာကို ညာလက်က ပြန်ပြန်လိုက်လုပ်ပါတယ်။ လိုက်နှောက် ယှက်ပါ တယ်။ 

သွားရင်းလာရင်း တွေ့ကရာ ပစ္စည်း အကုန်ကောက်ပါတယ်။ ခါးပိုက်နှိုက်မိ ပါတယ်။ မီးထဲ လက်ထဲမိ ပါတ ယ်။ လည်နေတဲ့ စက်ထဲ လက်က အတင်း ဝင်ပါတယ်။ တားလို့မရပါဘူး။ ဒါကို စိတ်ရောဂါလားလို့ တောင် ထင်မြင်ခဲ့ကြ ပါတယ်။ ဂီတာ အရင်က မတီးဖူးပေမယ့် တီးတတ်တာမျိုး၊ စန္တယား တီးတတ်တာမျိုးတို့ လ ည်း ရှားရှားပါးပါး ဖြစ်တတ်ပါတယ်။ လက်မှာ ကိုယ်ပိုင် စိတ် ရှိနေတဲ့ ရောဂါမျိုးလို့လည်း ခေါ်ပါတယ်။

လ က် က သူ့ပါသူ အသက်ရှိနေသလို ဖြစ်ပြီး ကိုယ်က လုံးဝ ထိန်းချုပ်လို့ မရပါဘူး။ အချို့ ကျတော့ ရက် ပိုင်း အတွင်း ဖြစ်ပြီး ပျောက်ပေမယ့် အချို့ ကျ လပိုင်းကြာပါတယ်။ အချို့ ကျ တစ်သက်လုံး မပျောက်ပဲ ထ င် ရင်ထင် သလို ရောဂါ ထဖောက်ပါတယ်။

စစ်တမ်းအရ ယင်းရောဂါဟာ ဦးနှောက်ခွဲစိတ်မှု၊ နှလုံးခွဲစိတ်မှု ခံယူပြီး သူတွေ မှာ အဖြစ်များပြီး အချို့ ကျေ တာ့ အလိုလိုကို ထပေါ်လာ တာ ဖြစ်ပါတယ်။ ကိုယ်က မခိုးပေမယ့် လက်က အလိုလို လုပ်မိသွား တာကို အချို့ ကတောင် ရှေးဘဝ ဗီဇလို့ ထင်မြင်ကြပါတယ်။ သို့ပေမယ့် ယင်းလူဟာ Alien Hand Syndrom (ဂြို လ် သားလက် ရောဂါ) ခံစားနေရသူ ဖြစ်ပါတယ်။ သူ့အတွက်လည်း ကြောက်ဖို့ ကောင်းသလို သူ့ပတ်ဝန်း ကျင် အတွက် လည်း ကြောက်ဖို့ ကောင်းပါတယ်။

သေချာတာကတော့ ဘတ်စ်ကားစီးလို့ အဆင်ပြေမယ့် ရောဂါမဟုတ်ပါဘူး။ ယင်းရောဂါဝေဒနာ လူတိုင်း ခံစား ရနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုသာ မသိလိုက်တာ တစ်ခါတစ်လေကျ ဖြစ်ခဲ့ တာမျိုးတို့ ဖြစ်တ တ်ပါတ ယ်။

ကမ္ဘာ့အနှံ့ က နိုင်ငံအသီးသီးမှာ Alien hand syndrome ဂေရာဂါ ခံစားနေရသူပေါင်း များစွာရှိတယ်လို့ အမေရိကန် ဆေးပညာရှင်တို့ က ပြောဆိုထားကြောင်း သိရပါတယ်။
 
No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: