ကချင်ပြည်နယ်၌
တပ်မတော် နှင့် KIO/KIA အကြား တိုက်ပွဲများ ဖြစ်ပွားသည့် တစ်နှစ်ခွဲဝန်းကျင်
ကာလ အတွင်း ရှမ်း တိုင်းရင်းသားများ နေထိုင်ရာ ကျေးရွာများတွင်ပါ
အမျိုးသမီးများပါ မကျန် KIO/ KIA မှ စစ်သား စုဆောင်းခြင်း များ ရှိခဲ့သည့်အပြင်
လူနေမှုဘ၀ မလုံခြုံမှုများကိုပါ ခံစားနေရကြောင်း ဒေသခံ များ ၏ ပြောကြား ချက်အရ
သိရှိရသည်။
ကချင်ပြည်နယ်အတွင်း တပ်မတော်နှင့် KIO/KIA တို့အကြား တိုက်ပွဲများဖြစ်ပွားမှုသည် ၂၀၁၁ ခု နှစ် ဇွန်လအတွင်းက ပြန်လည်စတင်ခဲ့ပါသည်။ ထိုသို့စတင်ခဲ့ခြင်းသည် KIO/KIA နှင့် တပ်မတော် အကြား ပဋိပက္ခဖြစ်မှု နှစ်ပေါင်း ၆၀ ကျော်ကြာ အရှည်ကြာဆုံး ပြည်တွင်းစစ် အနေဖြင့် ဆက်လက်ဖြစ်ပွား ခဲ့ခြင်း ဖြစ် ပါသည်။ တိုက်ပွဲများသည် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်တွင် စတင်ခဲ့ ကာ နောက်ပိုင်း ၌ မြစ် ကြီး နား၊ ၀ိုင်းေ မာ်၊ ဖားကန့်မြို့နယ်များ အထိပါ ဖြစ်ပွားသက်ရောက်မှုများ ရှိလာခဲ့သည်။
KIO/KIA နှင့် တပ်မတော်အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ၁၉၉၄ ခုနှစ်အချိန်က လက်မှတ်ေ ရးထိုးခဲ့ပြီးနောက် နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး ကိစ္စနှင့် ပတ်သက်ပြီး သဘောထားကွဲလွဲ ရာမှ ၂၀၁၁ ခုနှစ် ဇွန်လတွင် တိုက် ပွဲများ စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါသည်။ ယင်းကဲ့သို့ တိုက်ပွဲ စတင် မဖြစ်ပွား မီ အချိန်ကပင် KIO/KIA အနေဖြင့် တပ်သားဟောင်း များကို ပြန်လည်ခေါ်ယူခြင်း၊ တပ်သား သစ် များ စုဆောင်းခြင်းနှင့် လက်နက်ကိုင် တပ်ဖွဲ့ကို ပြင်ဆင်မွမ်းမံခြင်းများ ကြိုတင် လုပ်ဆောင်ခဲ့သည်။ တိုက်ပွဲ အစတွင် တပ်မတော်မှ KIO/KIA ဌာနချုပ် လိုင်ဇာဘက်သို့ ထိုးစစ်ဆင်မှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ သို့သော် ၂၀၁၁ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့ နောက်ပိုင်းတွင်မူ နိုင်ငံတော်သမ္မတ ၏ အမိန့် ညွှန်ကြား ချက် အတိုင်း မိမိကိုယ်ကို ခုခံကာကွယ်ရုံမှလွဲပြီး ထိုးစစ် မပြုလုပ်ကြောင်း တပ်မတော် အရာရှိများက တရား ၀င် ထုတ်ဖော် ပြောဆိုခဲ့သည်။
လက်ရှိအချိန်၌ KIO/KIA လက်အောက်တွင် တပ်မဟာ ငါးခုရှိပြီး တပ်မဟာ(၁)၊ တပ်မဟာ(၂)၊ တပ်မဟာ(၃)၊ တပ်မဟာ(၄)နှင့်တပ် မဟာ(၅)တို့ဖြစ်ကြပြီး ဌာနချုပ်မှာ လိုင်ဇာတွင် ရှိပါသည်။ KIO/KIA ၏တပ်မဟာ ငါးခုနှင့် ဌာန ချုပ်များ သည် ကချင်ပြည် နယ်နှင့် ရှမ်းပြည်နယ်ြေ မာက်ပိုင်းတို့တွင် အခြေစို က် ခဲ့ခြင်း ဖြစ် သည်။
၂၀၀၉ခုနှစ်အတွင်း The New York Times သတင်းစာဆောင်းပါး ၌ ဖော်ပြခဲ့သော စာရင်းအရ KIO/KIA တွင် တပ်သား ၄၀၀၀ ကျော် ရှိကြောင်း သိရပြီး ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလအတွင်း BBC သတင်း ဌာန သို့ KIO/KIA မှ တာဝန် ရှိသူများ၏ ပြောကြားချက်အရ ၎င်းတို့တွင်တပ်သားသစ် ၁၀၀၀၀ ခန့် နှင့် တပ်သားေ ဟာင်း ၁၀၀၀၀ ခန့် ကို ပြန်လည်ခေါ်ယူခဲ့ပြီး ဖြစ်ကြောင်း ပြောကြားခဲ့သည်။
၂၀၁၁ခုနှစ် တိုက်ပွဲများ ပြန် လည်စတင်ချိန်တွင် KIO/KIA နှင့် တပ်မတော် တို့ နှစ်ဦးနှစ်ဖက် အကြား အကျအဆုံး များစွာ ဖြစ်ပေါ်ခဲ့ပြီး တပ်သား သစ် လိုအပ်ချက် မှာလည်း KIO/KIA အတွက် အရေး ကြီးသော အစိတ်အပိုင်း တစ်ရပ် ဖြစ်လာခဲ့သည်။ တပ်သားသစ်များ လိုအပ်လာသည်နှင့်အတူ စစ်သား စုဆောင်ြး ခင်း များကို KIO/KIA မှ ဆက်တိုက် လုပ်ဆောင်လာခြင်းဖြစ်ကြောင်းနှင့် အမျိုးသမီးများ ပါ မကျန် စစ် သား စုဆောင်းမှု သို့ ပါရှိခဲ့ကာ ဒေသခံများ၏ လူနေမှုဘ၀များလည်း လုံခြုံမှု မရှိဖြစ် လာရခြင်း ကို ကြုံေ တွ့ လာရေ ကြာင်း ဒေသခံများက ပြောကြားသည်။ KIO/KIA အနေဖြင့် ကနဦး အချိန်များက ကချင် လူမျိုးများ ကို KIO/KIA သို့ ၀င်ရောက်ရန် စည်းရုံးမှုများ ပြုလုပ်ထားခဲ့ပြီးဖြစ်သည်။
“ကချင်လူမျိုးမိသားစုတွေမှာ သားနှစ်ဦးရှိရင် တစ်ဦးက KIA ထဲ ၀င်ရမယ်။ မ၀င်မနေရ ဆိုပြီး ခွဲတမ်း ချထားခဲ့တယ်။ နောက် မိန်းကလေးတွေ ကိုလည်း အကြောင်း အမျိုးမျိုးနဲ့ စွဲဆောင်ပြီး ကချင်နိုင်ငံ တည်ေ ထာင်ဖို့ အတွက် ဆိုပြီး KIAထဲကို ၀င်ရောက်စေ ခဲ့ပါတယ်။ တဖြည်းဖြည်း နဲ့ ကချင်တွေတင် မကတော့ ဘဲ ကချင်ပြည်နယ်မှာ နေထိုင်နေကြတဲ့ ရှမ်း၊ ဗမာ၊ ကရင်၊ ကယား၊ ရခိုင် စတဲ့ တိုင်းရင်းသားတွေကိုပါ ဖမ်းေါ်ပြီး စစ်ထဲ ၀င်ခိုင်းတာတွေ ရှိလာတယ်။ တချို့ကိုလည်း စစ်တပ် ထောက်လှမ်းရေးလို့ စွပ်စွဲပြီး ဖမ်းဆီး တယ်။ အကြပ် ကိုင်တယ်။ အသတ်မခံချင်ရင် KIA ထဲဝင်ရမယ် ဆိုပြီး အတင်းအကျပ် ၀င်ခိုင်း တာ တွေရှိပါတယ်။ ဒါတွေဟာ သူတို့ အစဉ်တစိုက် လုပ်ဆောင်လာခဲ့တာတွေပါ။ အခုချိန်မှာ တစ်ေ ကျာ့ပြန် လုပ်လာပါတယ်”ဟု ကချင်ပြည် နယ်ဒေသခံတစ်ဦးက ပြောပါသည်။
အခြားတစ်ဖက်တွင်လည်း ABSDF (မြောက်ပိုင်း)မှ ဟု စွပ်စွဲကာ KIO/KIA မှ စစ်သားစုဆောင်းမှု များရှိခဲ့ သည် ဟု သိရသည်။ ABSDF (မြောက်ပိုင်း)သည် ၁၉၈၉ခုနှစ်တွင် ပေါ်ပေါက် လာခဲ့ သည့် မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကချင်) ဖြစ်ကာ KIO ဗဟိုဌာနချုပ် သို့ ရောက်ရှိ ခဲ့သော တောခို ကျောင်းသားများ၏ တပ်မတော်ဖြစ်သည်။ ကချင်ပြည်နယ် ဗဟိုဌာနချုပ် သို့ ရောက်ရှိခဲ့ သည့် တောခိုေ ကျာင်းသားများကို KIO မှ စစ်သင်တန်းများ ပို့ချပေးခဲ့ပြီး KIA တပ်ရင်းများနှင့်အတူ တွဲဖက်ပြီး စစ်ရေး လှုပ်ရှားမှုများ ပြုလုပ်စေခဲ့ပါသည်။ ၁၉၉၄ ခုနှစ် တပ်မတော်နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိပြီးချိန်တွင် KIO/KIA မှ ၎င်းတို့နယ်မြေအတွင်း အခြေချနေထိုင်နေသော ABSDF (မြောက်ပိုင်း)ကို ဆက်လက်ရပ်တည် ခွင့်ကို အခက်အခဲတွေ့စေခဲ့ပါသည်။ ထို့ကြောင့် ABSDF (မြောက်ပိုင်း) တပ်ဖွဲ့ဝင် များအနက် အချို့မှာ KIO/KIA ဘက်သို့ ကူးပြောင်း သွားကာ အချို့မှာလည်း အခြား လက်နက်ကိုင် အဖွဲ့အစည်း များသို့ ၀င်ရောက်ခြင်း၊ တစ်ဖက်နိုင်ငံ များသို့ သွား ရောက်ခြင်း၊ လက်နက် ချပြီး နေရပ် ထံပြန်ခြင်းများ ပြုလုပ် ခဲ့ပါသည်။ ထို့အတွက်ကြောင့် ယခုအချိန် KIO/KIA မှ စစ်သား စုဆောင်းမှု များ ပြုလုပ်ရာတွင် ABSDF(မြောက်ပိုင်း) မှဟုဆိုကာ စစ်သားစုဆောင်းမှု များ ပြုလုပ် လာ ခဲ့ခြင်းဖြစ်သည်။
KIO / KIA မှ စစ်သားစုဆောင်းမှုများ ပြုလုပ်ရာတွင် အနီးစပ်ဆုံး သာဓက အနြေ ဖင့် အောက် တိုဘာလ အတွင်း က ကချင်ပြည်နယ် တနိုင်း မြို့နယ်နှင့် ပူတာအိုမြို့နယ် များမှ လူငယ်များကို KIO/KIA မှ ဖမ်း ဆီးေ ခ်ါဆောင် သွားခဲ့ခြင်းများ ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဖမ်းဆီးမှု များအနက် အောက်တိုဘာလ ၂၃ ရက်နေ့ ညနေပိုင်းက ပူတာအိုမြို့ မှ ၂၂မိုင်ကွာဝေးသော လုံရှာရန် ကျေး ရွာမှ လူငယ် ၂၂ ဦး ဖမ်းဆီးခံ ခဲ့ရခြင်းမှာ အထင်ရှားဆုံြး ဖစ်ကြောင်း သိရသည်။ ဖမ်းဆီးခံ ခဲ့ရသော လူငယ် ၂၂ ဦးတွင် အမျိုးသား ၁၉ ဦး နှင့် အမျိုးသမီးသုံးဦး ပါဝင်ခဲ့ကာ လုံရှာရန်ကျေးရွာသည် ရ၀မ်၊ လီဆူး၊ ဂျိန်းဖောနှင့် ရှမ်း တိုင်း ရင်း သားများ နေထိုင် ရာ ကျေးရွာဖြစ်ပါသည်။
ကချင်ပြည်နယ်အတွင်း၌ နေထိုင်သူလူဦးရေ စုစုပေါင်း ၁၅၈၅၃၀၁ ဦးဝန်းကျင်ရှိသည့်အ နက် အဆိုပါ လူဦးရေ စာရင်းတွင် ကချင်မျိုးနွယ်စု ၆၂၈၂၈၂ ဦး၊ ဗမာလူမျိုး ၄၅၁၃၇၁ ဦး၊ ရှမ်းလူမျိုး ၃၇၇၈၄၆ နှင့် ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် အခြားတိုင်းရင်းသား ၁၂၆၈၄၃ ဦးလည်း ပါဝ င်ကြော င်း အောက်တို ဘာလ ၃၀ ရက်နေ့က တရုတ်နိုင်ငံ ရွှေလီမြို့တွင် ပြုလုပ် ခဲ့သော KIO/ KIA နှင့် ငြိမ်း ချ မ်းရေးေ ဆွးနွေး ပွဲတွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းေ နာင် က ပြောခဲ့သည်။
ကချင်ပြည်နယ်အတွင်း ပြည်ထောင်စု တိုင်းရင်းသားအားလုံး မှီတင်းနေထိုင်ေ နကြသ ည့်အ တွက် တိုင်း ရင်း သား တစ်မျိုးနှင့်တစ်မျိုး လူမျိုးစွဲများမထားရှိဘဲ မှန်ကန်သော သဘောထား အမြင်များ ထား ရှိပြီး မျှတစွာ ဆက်ဆံပေးရန် ကေအိုင်အို အဖွဲ့သို့ အထူး အလေးထား တိုက်တွန်းလိုကြောင်း ဗိုလ်မှူး ချုပ် ထွန်းထွန်းနောင် က အဆိုပါ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
“အခုဆိုရင် မြစ်ကြီးနား၊ ၀ိုင်းမော်၊ ဗန်းမော်နဲ့ တရုတ်နယ်စပ်တစ်ဝိုက်မှာရှိတဲ့ စစ်ဘေးဒုက္ခသည်စ ခန်း တွေမှာ လူဦးရေ တစ်သိန်းနီးပါးရှိ တယ်။ အဲဒီမှာရှိနေတဲ့ လူဦးရေရဲ့ ၉၅ ရာခိုင်နှုန်းက ကချင် လူမျိုးေ တွ ဖြစ်ြ က တယ်။ အံ့သြစရာ ကောင်း တာက အဲဒီစခန်းတွေမှာ အသက် ၁၅ နှစ်ကနေ အသက် ၅၀ေ အာက် ကျန်း မာ သန်စွမ်းတဲ့ ယောက်ျားတွေ ကို မတွေ့ရတာပဲ။ KIO / KIA တွေ က စစ်တပ်ကို ယှဉ် မတိုက် ဘူး။ ပြောက်ကျား စစ်ပဲ တိုက်ကြတယ်။ ချောင်း ပစ်ပြေးပေါ့။ ချောင်း ပစ်ပြေး ပြီးရင် နီးရာ ကချင် ရွာ ထဲ ၀င်ပြီး အ ရပ်သား၊ ရွာသား အသွင်နဲ့ နေလိုက် တယ်။ စစ်တပ်က လိုက်တိုက်ရင်း အဲဒီရွာေ တွ ပျက်တော့ တာပဲ။ စစ်ဘေးေ ရှာင်တို့၊ စစ်ပြေးတို့ဆိုတာ အဲလိုနည်းနဲ့ စပေါ်လာခဲ့တာ” ဟု မြစ်ကြီး နားေ ဒသခံ တစ်ဦးက ပြောသည်။
ကချင်ပြည်နယ်အတွင်း ရှည်ကြာသော ပြည်တွင်းစစ်၏ ဒဏ်ကို ဒေသခံများက အများ ဆုံး ခံ ခဲ့ကြရ ကာ ကျေးရွာ များ မီးသင့်ပျက်စီးခဲ့ခြင်းနှင့် လူငယ်များစစ်သား စုဆောင်းရေးသို့ ပါရှိခဲ့ခြင်းများက ဆုံးရှုံးမှု များ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ အထူး သဖြင့် ကချင်ပြည်နယ် အတွင်းရှိ ကချင် တိုင်းရင်းသား မ ဟုတ်ေ သာ ဒေသ ခံ များမှာပဋိပက္ခများ၏ ဆိုးကျိုးကိုအများဆုံး ခံစားခဲ့ရခြင်းဖြစ်သည်။
“ပွင့်ပွင့်လင်းလ င်းပြောရရင် ကချင်ပြည်နယ်က ရှမ်းတွေဟာ ငြိမ်း ချမ်းရေးစကားကို မပြောကြတာ ဟာ ကြော က် လို့ပါ။ ရှမ်းတွေက တောင်သူတွေ များတယ်။ သူတို့ကို ကာ ကွယ်ပေးနိုင်မယ့် အစိုးရနဲ့ ဝေး တယ်။ နီးရာ ဓား ကြောက်ရတဲ့ သဘောပါ။ ဟိုအရင်တုန်းက ရှမ်း လူမျိုးအရေး လှုပ်ရှား တက်ကြွ သူေ တွကို ခေါ်ပြီး သတ်ပစ် တာမျိုးတွေ ရှိခဲ့တယ်။ အခုလည်း ဘယ်မီဒီယာ က ဘယ်လောက်ပဲမေးမေး ကိုယ်တွေ့ကြုံခဲ့ တဲ့ လူတွေက ခင်ဗျားတို့ကို ဘာမှပြောမှာ မဟုတ်ဘူး”ဟု ၀ိုင်းမော်မြို့ခံ တစ်ဦးက ပြောပြ ခဲ့ သည်။
“ဘုန်ကြီးကျောင်းလည်း လက်နက်ကြီးတွေ လာထိကုန်တယ်။ ဘယ်လိုမှလည်း ညှိလို့မရတော့ ငါ လည်း ပြေးေ န ရတာပဲ။ ရွာသားတွေကို လည်းပဲ တွေ့ရာနေရာ မှာ စစ်မှုထမ်းဖို့ အများကြီး ခေါ် သွား လိုက် တယ်။ အခုတော့ ပြန်ပြီး အလင်းဝင် လာတဲ့ လူတွေလည်းရှိတယ်။ လူပေါင်း ၂၀ ကျော်ေ လာက်ေ တာ့ ကျန်သေး တယ်။ အခု လိုထ တိုက်ကြတော့မှပဲ လူတွေလည်း ကောင်းကောင်း မနေရ၊ ဘုန်းကြီးေ တွလည်းေ ကာင်းကောင်း မနေရတော့ဘူး။ လယ်ကွင်းတွေလည်း မလုပ်ရဘူး။ ကျွဲေ တွ၊ နွားေ တွလည်း ပစ်ထားရတယ်။ လာမယ့် နှစ် တွေမှာ စားရေးသောက်ရေးက မစဉ်းစားဝံ့ စရာပဲ” ဟု မြစ်ကြီး နားမြို့နယ် အတွင်းရှိ ရှမ်းရွာ တစ်ခုမှ ဘုန်းတော်ကြီးက မိန့်ကြားခဲ့သည်။
မြစ်ကြီးနား ၀န်းကျင်မှစ၍ ဗန်းမော်မြို့အထိ ဧရာဝတီမြစ်ရိုး တစ် လျှောက်တွင် ရှမ်းလူမျိုးအများစုသာ နေ ထိုင်ေ သာ ကျေးရွာပေါင်း ၁၀၀ ကျော်ရှိပြီး ထက်ဝက် ခန့်မှာ လုံခြုံမှု မရှိကြောင်း လည်း ဒေသခံ များက ပြောပြ ခဲ့သည်။
“နန့်ဝါဆိုတဲ့ရွာမှာ အိမ်တွေကန်ဖွင့် အတင်းအဓမ္မ၀င်လာပြီး လူငယ်တွေကို ဖမ်းခေါ်သွားတယ်။ ငွေပေးပြီး လွတ် လာတာလည်း ရှိတယ်။ ပြေးပြီး လွတ်လာတဲ့လူ လည်းရှိတယ်။ သူတို့နဲ့အိမ်ထောင် ပြုလိုက်ရတဲ့ ကလေးမေ တွလည်း ရှိတယ်။ ဘယ်သူက ဘယ်လောက် မေးမေး အဖြေမှန်တော့ရမှာ မဟုတ်ဘူး။ ကိုယ့်ကို လာသတ်မှာတော့ ကြောက်ရတာကိုး။ အခုလောလော ဆယ်လည်း တနိုင်း၊ ပယင်းမှော်က လူတွေဖမ်းသွားတာ ဘာသတင်းမှ သဲသဲကွဲကွဲ မကြားရသေးဘူး။ ကချင်ပြည်နယ်က ရှမ်းတွေရဲ့ဘ၀ က အကြောက်တရားနဲ့ အသက်ရှင်ရတာ” ဟု ၀ိုင်းမော်မြို့နယ်မှ တောင်သူတစ်ဦးက ပြောကြားခဲ့ သည်။
လွန်ခဲ့သောနှစ်အတွင်းက နှစ်ဖက်ပစ်ခတ်မှုကြောင့် တစ်ရွာလုံး ပြေးလာခဲ့ရသော ရှမ်းရွာများမှာ ဂါးဒီယန်၊ စံပိုင်၊ ကန်တော်ယန်၊ နန့်ဆန်ယန် စသောရွာများဖြစ်ပြီး မိမိတို့ပိုင်ဆိုင်သော အိုးအိမ်၊ ကျွဲ၊ နွား၊ ကြက်၊ ၀က်များကို အားလုံးပစ် ချထားခဲ့ရသည်ဟု ဒုက္ခသည်တစ်ဦး ကပြောကြားခဲ့သည်။ နယ်မြေမအေး ချမ်းမှုကြောင့် မြို့၊ ရွာနှင့် ဝေးကွာ သော လယ်ကွင်းများ၌ လယ်ယာ အလုပ်လုပ်ကိုင်နိုင်မှု မရှိကြောင်း လည်း ဒေသခံများက ဆိုပါသည်။
“မိုးကောင်း၊ နမ္မတီး ၀န်းကျင် မှာရှိတဲ့ ရှမ်းရွာ ၁၀ ရွာဝန်းကျင် ကတော့ အေးချမ်း လုံခြုံမှု မရှိပါဘူး။ အဲ့ဒါ မပြောနဲ့ မိုးကောင်း မြို့ပေါ် ရပ်ကွက်တွေေ တာင်မှ မလုံခြုံဘူးလို့ ပြောလို့ရတယ်။ မြို့ပေါ် ဆီဆိုင်တွေ ဆက်ေ ကြးေ ကာက်တယ်လို့ ကြားရတယ်။ ဖားကန့်ဘက်တက်တဲ့ ကားတိုင်းကိုလည်းပဲ ဆက်ကြေးေ တွ ကောက် ပါ တယ်။ မိုးကောင်း ၀န်းကျင်က ကျေးရွာတွေ မှာတော့ စစ်မှုထမ်းဖို့ လူငယ်တွေကို ဖမ်းခေါ် သွား တာ ရှိခဲ့တယ်။ အခုတော့ တော်တော် များများ ပြန်ရောက်ပါပြီ”ဟု မိုးကောင်းမြို့ ကျားဖြူ ပါတီ ဥက္ကဋ္ဌ ဦးသန်းတင့်အောင်က ပြောကြားခဲ့သည်။
ထို့အပြင် ၂၀၁၁ ခုနှစ် ဇွန်လ အတွင်း တိုက်ပွဲများ ပြန်လည်ဖြစ် ပွားပြီးနောက် စစ်ဘေး ဒဏ်သင့် ဒေ သများ အ နက် ပူတာအိုဒေသမှာ စား ၀တ်နေရေး အတွက် ခက်ခဲစွာနေ ထိုင်နေရပြီး အဆိုပါေ ဒသသို့ ရိက္ခာ များေ ပးပို့နိုင်ရန် အတွက် ပျက်စီးခဲ့ ရသော ပူတာအို လမ်းပိုင်းကို ယခုနှစ် ပွင့်လင်းရာသီ တွင် ပြုပြင် မည် ဖြစ်သဖြင့် ပြုပြင်မှုများ အပေါ် အ နှောင့်အယှက်များ မပြုရန် မေတ္တာ ရပ်ခံကြော င်း မြောက်ပိုင်း တိုင်း စစ် ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်က ငြိမ်းချမ်းရေးဆွေး နွေးပွဲသို့ တက်ရောက်ခဲ့ သည့် KIO/KIA ခေါင်းဆောင်များ ကို ပြောကြား ခဲ့သည်။
KIO/KIA မှ အမျိုးသမီးများပါမကျန် စစ်သားစုဆောင်းခြင်းများ ရှိနေသည်ဆိုသည်ကို KIO/KIA အ ဖွဲ့၏ ငြိမ်းချမ်းေ ရး ဆွေးနွေးပွဲ အဖွဲ့ဝင် ဗိုလ်မှူးကြီး ဂျီးနောင်က “ ဘယ်သူစုဆောင်းသလဲတော့ မသိပါဘူး။ ကျွန်တော်တို့ ကိုယ်တိုင်ကတော့ မစုဆောင်း ခိုင်း ပါဘူး”ဟု ပြန်လည်ဖြေ ကြားခဲ့သည်။ လက်ရှိတွင် ၎င်းသည် နိုင်ငံရေးရုံး သို့ ရောက်ရှိနေသည့် အတွက် တိုက်ပွဲများ မည်သည့်ေ နရာတွင် ဖြစ်ပွားနေသ ည်ကို မသိရှိကြောင်း၊ ဖြစ်တော့ ဖြစ်ပွားနေေ ကြာင်း ဗိုလ်မှူးကြီး ဂျီးနောင်က ဆိုပါသည်။
ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးရရှိရန်အတွက် KIO/KIA နှင့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းေ ရး ဖော်ေ ဆာင်မှု လုပ်ငန်းေ က်ာမတီတို့၏ ပထမ အကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးမှုကို အောက်တိုဘာလ ၃၀ ရက်နေ့ က တရုတ်နိုင်ငံ ရွှေလီမြို့ ၌ ပြုလုပ်ခဲ့သော်လည်း ထူးခြား သည့် အဖြေ ထွက်ပေါ်ခဲ့ခြင်း မရှိပေ။ အဆို ပါ ဆွေးနွေးပွဲ သို့ တပ်ပိုင်း ဆိုင် ရာနှစ် ဘက်ခေါင်းဆောင် များ တက်ရောက်ခဲ့ခြင်း မရှိ သဖြင့် စစ်ရေး ဆိုင် ရာ ထူးခြားသည့် အဖြေ ထွက်ပေါ်ခဲ့ ခြင်း မရှိဘဲ နိုင်ငံရေးနည်းလမ်းအရ ဆက်လ က်ေ ဆွးနွေး ရန် သာ သဘော တူညီ ခဲ့ကြသည်။
မိမိကိုယ်ကိုယ်ခုခံ ကာကွယ်ရုံမှ လွဲပြီး ထိုးစစ်မပြုလုပ်ရန် နိုင်ငံတော် သမ္မတ၏ အမိန့်ညွှန်ကြားချက်ကို နာခံ လျက် ရှိကြောင်း တပ်မတော် အရာရှိများက တရားဝင်ထုတ်ဖော်ပြော ဆိုမှုများရှိခဲ့သည့်တိုင် တိုက်ပြွဲ ဖစ် ပွား မှုများမှာ ဆက်လက်ြ ဖစ်ပေါ်နေဆဲ ဖြစ်သည်။ ထိုသို့ဖြစ်ပွား ရာတွင် အောက်တိုဘာလ တစ်လ တည်း တွင် တိုက်ပွဲေ ပါင်း ၉၀ ကျော်ဖြစ်ခဲ့သည်ဟု KIO / KIA မှ ဗိုလ်မှူးကြီး ဂျီးနောင် က ပြောကြား သည်။
တပ်မတော်ဘက်မှ ထိုးစစ်မပြု လုပ်ကြောင်း တပ်မတော် အရာရှိများ က အခိုင် အမာ ပြောဆိုေ နသော်
လည်း ယခုလ ပိုင်း အတွင်း တပ်မတော်၏ ထိုးစစ်များကို ဆက်တိုက် ရင်ဆိုင်နေ ရကြောင်း KIO/KIA ဘ က်မှ တုံ့ပြန်ပြော ကြား ခဲ့သည်။
တိုက်ပွဲများဖြစ်ပွားလျက်ရှိသည့် တစ်နှစ်ခွဲဝန်းကျင်ကာလအတွင်း မြစ်ကြီးနား၊ ဗန်းမော်၊ ၀ိုင်းမော်၊ မိုးမော က် စသည့်ြ မို့နယ်များမှ ဒေသခံ တိုင်းရင်းသားများသည် မိမိတို့ နေထိုင်ရာ ကျေးရွာ များကို စွန့်ခွာ ကာ မြို့ေ ပါ် ကယ်ဆယ်ရေး စခန်းများ၊ တောတွင်း ကယ်ဆယ်ရေး စခန်းများတွင် ခိုလှုံနေ ထိုင်လျက် ရှိကြ ပြီး နေရပ်မှ စွန့်ခွာ ရသူ ဦးရေမှာ တစ်သိန်း ၀န်းကျင် ရှိနေကြောင်း သိရှိရသည်။
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။