အလုံမြို့နယ် မဲဆန္ဒနယ်မှ ဦးခိုင်မောင်ရည် က ၂၆ ရက်နေ့
လွှတ်တော်အစည်းအဝေးတွင် ရခိုင်ပြည်နယ် မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့
ပတ်သက်ပြီး အရေးကြီး အဆိုတင်သွင်းချက်ကို ဒီလို ထောက်ခံ သွား ပါ တယ်။
“ယခု ရခိုင်ပြည်နယ်မှာ ဖြစ်တဲ့ကိစ္စဟာ အခုမှဖြစ်တဲ့ ကိစ္စမဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ထဲ ကဖြစ် လာ တဲ့ကိစ္စတွေပါ။ ပထမတစ်ကြိမ် ရခိုင်ပြည်ကို သွားတော့ ဥက္ကဋ္ဌကြီးနဲ့ အတူတူ ရခိုင်တိုင်း ရင်း သားတွေရဲ့ ၀မ်းနည်း နေတဲ့ စိုးရိမ်နေတဲ့ မျက်နှာကို တစ်ဝကြီးကြည့်ခဲ့ရတာပါ။ အခုဆို အတွင်းကြိတ်က ပို ပို ဆိုးလာပါတယ်။ ကျွန်တော်တို့နိုင်ငံ လုံခြုံရေး၊ အုပ်ချုပ်ရေး၊ အားနည်းလို့ ၀င်ချင်သလိုဝင် ထွက်ချင်သလို ထွက်နေကြတယ်။့ နေရာ အသီးသီးမှာ တရားမ၀င်ခိုးဝင်သူတွေ ရှိနေပါတယ်။ ကောလင်းမြို့မှာတောင် ဗ မာ စကား လုံးဝမတတ်ပဲ ရောက်နေတဲ့သူတွေကို တွေ့ခဲ့ရပါတယ်။ မသိသေးတဲ့ နေရာတွေ အများကြီး ရှိ အုန်းမှာပါ။ ရခိုင်မှာ လုံခြုံရေး ရှိရဲ့ သားနဲ့တောင် ထပ်ဖြစ်နေတယ်။ ကမ္ဘာက စိတ်ဝင်စားနေရင်းက ထပ်ဖြစ် တယ်။ မဖြစ်သင့်ပါဘူး”
မှတ်ချက်။ ။ ဦးခိုင်မောင်ရည်( NDF ) ပါတီ သည် ယခင်တစ်ကြိမ် ရခိုင်ကိစ္စအရေး
ကို ထောက် ခံကြောင်း ပြော ကြားစဉ်ကလည်း ပြည်ထောင်စုလွှတ်တော် ဥက္ကဋ္ဌမှ
နိဂုံးချုပ်ရန် ပြောကြားချက်ကို “ ပြော ခွင့်ပြုပါ” ဆိုပြီး ရခိုင်အရေး
ဆောင်ရွက်ရန် ကိစ္စများကို ဆက်လက် ပြောကြားသွား သူ ပြည်သူ့ကိုယ်စား လှယ်
တစ်ဦးလည်း ဖြစ်ပါတယ်။ တော်ပါတော့ လို့ တားယူရတဲ့ ရခိုင်အရေးကို
စိတ်ပါဝင်စားစွာ ဆွေးနွေး ခဲ့တဲ့ အမတ်ပါ။
Say Nyon Thu
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။