Pages

Thursday, November 1, 2012

KIO ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့ဝင် ဦးဂျီးနောင် နှင့် တွေ့ဆုံခြင်း

1.11.2012

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်း ကော်မတီနှင့်KIO ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့တို့၏ ဆွေးနွေး ပွဲတွင်ပါဝင်ခဲ့သောKIO ကိုယ်စားလှယ်အဖွဲ့ဝင်ဦးဂျီးနောင်နှင့် ဆွေးနွေးပွဲအပြီးတွေ့ ဆုံမေးမြန်း ခဲ့သည်များကို ဖော်ပြ လိုက်ပါသည်။

=========================================================

မေး - အခုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲအရ နိုင်ငံရေးနည်းလမ်းအရ ဆက်လက်ဆွေးနွေးဖို့ သဘောတူညီမှု အပြည့် အ၀ရခဲ့ ပြီလို့ ပြောနိုင်ပြီလား။

ဖြေ - ဟုတ်ကဲ့။ သဘောတူညီမှု ရပါပြီ။ ဆက်ဆွေးနွေးရမှာပါ။ တိုး တက်မှုရှိပါတယ်။

မေး - အခုဆွေးနွေးပွဲမှာ နှစ်ဖက်တပ် တွေ ကိစ္စဆွေးနွေးဖို့ အဓိကလို့ သိရပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ် ဂွမ်မော် မလာတဲ့ အတွက် ကာကွယ်ရေးဝန်ကြီး ဌာနက ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးလည်း မတက်ရောက် ခဲ့ပါဘူး။ လိပ်ခဲတည်း လည်းဖြစ် ခဲ့တဲ့ တပ်ကိစ္စကြောင့် စစ်ရှိန် တွေလျော့သွားနိုင်သလား။ တိုးလာနိုင် သလား။

ဖြေ - တပ်ကိစ္စဆိုတာက ကျွန်တော်တို့ဆွေးနွေးဖို့ အာဂျင်ဒါတစ်ခုမှ မသိရပါဘူး။ တပ်ကိစ္စလုပ်ဖို့ အတွက် ပဲဖြစ် ပါ တယ်။ တပ်ကိစ္စဆိုတဲ့ နေရာမှာမူဘောင်ရှိရပါမယ်။ဥပမာ ဆိုရင် ကျွန်တော်တို့ အ ရင် ဆွေးနွေးပွဲ တုန်းက တင်ထားတဲ့ပြဿနာ ဖြစ်ပွားနိုင်သောဒေသများ၊ အဲဒီကိစ္စမှာဘောင်မရှိဘဲနဲ့ ဟို တပ်ဆုတ်၊ ဒီတပ် ဆုတ်နဲ့တော့မပြီးနိုင်ပါဘူး။ အဲဒီ တော့ပေါ် လစီရှိရမယ်။ဘောင်ရှိရ မယ်။

ဘောင်ထဲမှာ ဆွေးနွေးဖို့ဆိုရင် နိုင်ငံရေး အဓိကဆွေးနွေးရမှာပဲ။အဲဒီမှာမှ IDP ကိစ္စ၊ လမ်းတံတား ကိစ္စ၊ လျှပ်စစ်မီးကိစ္စ၊တပ်ကိစ္စတွေ က အဓိကဆွေးနွေးရမှာဖြစ်ပါ တယ်။ ဘာလို့လဲဆိုတော့ အခု ကျွန်တော် တို့ဆီမှာ ဖြစ်နေတာက စောစောကအဖွဲ့ခေါင်းဆောင်ဦးအောင် မင်းပြောတယ်။ ၁၀၅ ပစ်တယ်ဆို တာ ကာကွယ်ရေး ကအမိန့်ပေးမှ ရတယ်။

မြေပြင်မှာက တွေ့နေရ တယ်။ မြင်နေရတယ်။လုပ်နေရ တယ်။ အဲဒါကျတော့ ဘယ်လိုမှ ဆက်စပ်လို့မ ရနိုင် တဲ့ အဖြစ်အပျက် တွေ။ နောက်ပြီး ရိက္ခာပို့တာပါ။လမ်းမှာဖြတ်တိုက်တယ်။ သူတို့ပို့တဲ့ ရိက္ခာ သည်
အ ကြီး ကြီးဖြစ်ပါတယ်။ ကြီးမားတဲ့သေနတ်တွေဖြစ်ပါ တယ်။ ကျွန်တော် ပြောချင်တာက ၈၁မမ မော် တာတွေ၊ ၆၀ မမတွေ၊ ၅၇ တွေ ကျွန်တော် မပြောချင်ဘူး။ ကမ္ဘာစစ်ဖြစ်တဲ့အခါ သုံးနိုင်တဲ့ နိုင်ငံ အချင်း ချင်း စစ်ဖြစ်တဲ့အခါ သုံး နိုင်တဲ့ လက်နက်တွေပါ။

သူတို့က အဲဒါပို့ပါတယ်။ သူတို့ပို့တဲ့ ရိက္ခာကြီးလွန်းပါတယ်။ ရိက္ခာပို့တယ် ဆိုရင် အရပ်သားအနေနဲ့က ဆန် ၊ ဆီ၊ ဆားပို့တယ်ထင်ပါတယ်။မ ဟုတ်ပါဘူး။ကျွန်တော်တို့ကို ပစ်နေ တဲ့လက်နက်တွေ။ အဲလို မျိုး  နောက်  ကြောင်း  မှာပစ်နေရင် ဦးစီးချုပ်က မလာနိုင်ဘူး။ အခုလောလောဆယ် မနေ့ က (အောက် တိုဘာ ၂၉) ရက်နေ့ က စပြီး ရှမ်းပြည် မှာရှိတဲ့ တပ်ရင်း (၉)ကို ရှမ်းမြောက်တပ်က ၀ိုင်းပိတ် ဆို့ပြီးတော့ တိုက် တယ်။ အခုချိန် ထိတိုက်နေတုန်းပါ။ ကျွန်တော်တို့ ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် လာချင်ပါ တယ်။

ဒါပေမဲ့ သူက ညွှန်ကြားရတဲ့ သူတစ်ယောက် ဖြစ်တော့ သူ့အနေ နဲ့ ၀ိုင်ယာလက်စ်ပေါ် ကနေခွာလို့ မရ ပါ ဘူး ။ မိအေးအော်တာပဲ ကြားပါတယ်။ ဂဏန်းကိုက်တာ အကုန် မမြင်ပါဘူး။ ဒီဒေသခံ တွေ ခံရ တဲ့ အပိုင်း ခံကြရပါတယ်။ သူတို့ခမျာမှာ အော်မယ့်နေရာလည်း မရှိ၊ ပြောမယ့် နေရာလည်း မရှိ၊ ရန်ကုန် အ ထိ သွားပြောဖို့လည်း အခြေအနေ မပေးပါ ဘူး။ ဖားကန့်မှာ ၁၂၀ အမြောက် တွေကျတယ်။ လူပေါင်း ကိုးယောက်  သေတယ်။ လေးယောက် ဒဏ်ရာရ တယ်။ ရွာသားတွေဖြစ်တယ်။ အဲ ဒါကို တပ်က ဘာပြော လဲ ဆိုတော့ ရွာသားတွေ KIA ထောင်တဲ့ မိုင်းနင်းမိလို့ဒဏ်ရာရတာ။

ဟုတ်ပြီ။ ရန်ကုန်သူ၊ ရန်ကုန်သား တခြား အားလုံးပေါ့။ သူတို့တွေက ယုံချင် ယုံလိမ့်မယ်။ ဒါပေမယ့် ဒေ သ ခံ အဲဒီ မော်မောက်ရွာသား ကချင်တွေက လုံးဝမယုံပါဘူး။ ဖြစ်စဉ်က သူတို့မျက်စိအောက် မှာ ဖြစ်နေ တာသူတို့ ကိုယ်တိုင် ခံစားနေရတာ ဖြစ်တယ်။ အဲဒါကြောင့် စစ်တပ်နဲ့ ပတ်သက်ပြီးတော့ ဒီလို အပေါ်ယံ ပဲ ဆွေးနွေး လို့ မရပါဘူး။ နိုင်ငံရေးအရ ဆွေးနွေးလို့ရှိရင် အဲဒီတပ်တွေကိစ္စ သူ့ဟာ သူ ဖြည်းဖြည်း ချင်း နဲ့ ပြေလည်သွားပါလိမ့်မယ်။

မေး - ၁၉၆၃မှာတစ်ကြိမ်၊ ၁၉၈၀-၈၁မှာ တစ်ကြိမ်၊ ၁၉၉၄ မှာတစ်ကြိမ် KIO နဲ့ အစိုးရ အကြား ဆွေးနွေး ပွဲတွေ လုပ်ခဲ့ တယ်။ ၁၉၉၄ ခုနှစ်ဆွေးနွေးပွဲအပြီးမှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရတယ်။ ၂၀၁၁ ခုနှစ် ဇွန်မှာအပစ်အခတ် ရပ်စဲရေးစာချုပ် ပျက်ပြယ်တယ်။ ဒီကာလ တစ်လျှောက်လုံးမှာ နိုင်ငံရေး နည်းလမ်းနဲ့ ဆွေးနွေးဖို့ KIO က တောက်လျှောက် တောင်းဆိုခဲ့တယ်။ အခုနိုင်ငံရေးနည်း လမ်းအ ရ ဆွေးနွေး ဖို့ သဘောတူလိုက်ပြီ။ ဘာတွေဆက်ဖြစ်လာမလဲ။

ဖြေ - ဘယ်လိုမျိုး ဆို ရမလဲ။၁၇ နှစ်ဆိုတာ(၁၉၉၄ခုနှစ်အပစ်အခတ်ရပ်စဲရေးသဘောတူညီခဲ့ပြီးနောက်) ကျွန်တော် တို့ရဲ့ ဦးတည်ချက်က နိုင်ငံရေးဆွေးနွေးဖို့အ တွက်။ ကျဆုံးနေတဲ့ ကျွန်တော်တို့ တိုင်း ရင်း သားလူနည်းစုတွေရဲ့ အခွင့် အရေးအတွက်ကျွန်တော်တို့ တိုင် ပင်ချင်တယ်။ ဆွေးနွေးချင် တယ်။တင်ပြ ချင်တယ်။ လုပ်ချင်တယ်။ လိုချင်တယ်။

အဲခါကျတော့ လွန်ခဲ့သော ၁၉၉၄ခုနှစ်တုန်းကတော်တော် ကြိုးစား သုံးလေးနှစ်လောက် ကြိုးစားပြီးမှ အ ပစ် အခတ် ရပ်စဲရေးရပါ တယ်။ အဲဒါက တပ်မတော်အစိုးရ ဖြစ်တယ်ဆိုလို့ သူတို့က နောက် တက်လာ မယ့်အစိုးရနဲ့နိုင်ငံရေး ဆွေးနွေးပါ။အဲလိုပြောထားပြီးသား ဖြစ်တယ်။အဲဒီအချိန်မှာဗိုလ်ချုပ်ကြီးခင်ညွန့်သူ ကိုယ်တိုင်လာပါတယ်။ သူက ဘာပြောလဲ။ နိုင်ငံရေးအစိုးရ တက်လာ လို့ရှိရင် ကျွန်တော်တို့ တောင် ဘယ်ပြန်ရမလဲမသိဘူး။ စစ် တန်းလျားပြန်ရမယ်။ အဲဒီလိုပြောတယ်။ ကျွန်တော်တို့ လည်း စောင့် ရင်းစောင့် ရင်း သည်းညည်းခံရင်းနဲ့ ညီလာခံလည်း တက်ပါတယ်။ တင်ပြပါတယ်။ ၁၉ ချက်။ ၁၃ ဖွဲ့တွေ အများကြီးတင်ပြပါတယ်။ အဲဒါ အားလုံး ဘယ်ရောက်သွားလဲဆိုတော့ မှတ်တမ်း တင်ထား ပေးပါ့ မယ် ရောက် သွားတယ်။ ကျွန်တော်တို့ အတွက် ဘာတစ်ခုမှမရလိုက်ဘူး။

နောက်တစ်ခုကျတော့ တပ်ကနေ နိုင်ငံရေးဆွေးနွေးဖို့ အတွက် ကျွန်တော်တို့ကို အပစ်အခတ်ရပ်စဲရေး ထိုးခိုင်းတယ်။ ထိုးတယ်။ ကျွန်တော် တို့လည်း သဘောတူတယ်။ ဒါပေမယ့် ဘာလုပ်သလဲ လက်နက်ချ ခိုင်းတယ်။ ပါတီဖွဲ့ကွာတဲ့။ လွှတ်တော် ထဲဝင်ပါ။ အဲလို ဆိုတော့ ကျွန်တော်တို့အတွက်က KIO အနေနဲ့ ကချင် တိုင်းရင်းသားတွေ အနေနဲ့က ဘာမှ မျှော်လင့်ချက်မရှိပါဘူး။ ဒါပေမယ့် ဆက်ကို ဆက်သွားနိုင် ရပါ လိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်ထောင်စုဆိုတာကို တိုင်းရင်းသား အများကြီး စုပြီးထား တဲ့ ပြည်ထောင် စု၊ ပင်လုံ (ပင်လုံစာချုပ်) မရှိရင် ပြည်ထောင်စု မြန်မာနိုင်ငံဆိုတာ မရှိပါဘူး။

ကျွန်တော်တို့ လိုချင်တာက ကချင်အုပ်စု၊ ရှမ်းစုအစုတွေအများကြီးရှိပါတယ်။အဲဒီတော့ဘာပဲဖြစ်ဖြစ် နိုင် ငံ သားတစ်ဦးရဲ့ရပိုင်ခွင့်နဲ့ ပတ်သက်ပြီးပဲ ပြောမယ်ဆိုရင်တော့ ကျွန်တော်တို့ အတွက်က စုပေါင်း အ ခွင့် အရေး အဲဒါမရှိလို ကတော့ တိုင်းရင်းသား တွေအတွက် အုပ်စုအတွက် ရပ်ကွက် ကျေးရွာအုပ်စုတွေ အ တွက် က ဘယ်လိုမှ ရပိုင်ခွင့်ကမရှိနိုင်ဘူး။ အဲဒါကြောင့် ကျွန်တော်တို့ တိုင်းရင်းသားတွေဘက်က ဒါ ကို ပဲ ဆွေးနွေး ချင်ပါတယ်။ နိုင်ငံရေးပိုင်းမှာ။

မေး - ပြည်ထောင်စု တပ်မတော်ဆိုတဲ့ ကိစ္စအပေါ် ဘယ်လိုသဘောထားပါသလဲ။

ဖြေ - နိုင်ငံတစ်နိုင်ငံမှာ ပြည်ထောင်စုစစ်စစ် ဖြစ်လာလို့ရှိရင် တပ်မတော်သည် လည်း ပြည်ထောင် စု ဖြစ် လာပါလိမ့်မယ်။ ဥပမာဆိုရင် ရှမ်းတွေတပ်ရင်း ဘယ်နှရင်း ပို့ပါ။ ကချင်တွေတပ်ရင်း ဘယ်နှရင်း ပို့ပါ။ ဟုတ်ပြီ ။ အဲဒါ ပြည်ထောင်စု တပ်ပါ။ ကိုယ့်ပြည်နယ်မှာ ကိုယ့်တပ် တွေရှိမယ်။ အဲဒါက ပြည် နယ် ရဲ့ လုံခြုံရေး တပ်တွေဖြစ်မယ်။ ကျွန်တော်တို့လိုချင်တဲ့ ပြည်ထောင်စု တပ်ကအဲလိုပါပဲ။ DSA မှာ ကချင် တစ်ယောက် တစ်မြီးမှမပါပါဘူး။ ကရင်တစ်ကောင် တစ်မြီးမှ မပါပါ ဘူး။ ရှိရင်လည်း သုံးပွင့်အထက် မ တက်နိုင် ပါဘူး။

မေး - နိုင်ငံတစ်နိုင်ငံမှာ တပ်မတော် တစ်ခုပဲ ရှိရမယ် ဆိုတာကိုရော လက်ခံပါသလား။

ဖြေ - ဟုတ်ပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ တပ်မတော်တစ်ခုပဲ ရှိရမှာပါ။ အဲဒီ တပ်မတော်သည် ပြည်ထောင် စု တပ်မတော် ဖြစ်ရပါမယ်။ ဦးစီးချုပ် တစ်ယောက်တည်း ရှိရပါမယ်။ ပြည်ထောင်စု တပ်မတော် စစ် စစ် ဖြစ် ရပါ မယ်။ မူဘောင်မရှိဘဲနဲ့တပ်ကိစ္စဆွေးနွေးမယ်ဆိုရင်ကျွန်တော်တို့ဒုက္ခတော်တော်ဖြစ်ပါမယ်။

နောက်တစ်ကြိမ် နိုင်ငံရေးဆွေးနွေးတဲ့အခါ တပ်ကိစ္စ ပါလာပါလိမ့်မယ်။ အခုချိန်မှာ နိုင်ငံရေး မဆွေးနွေး ဘဲနဲ့ စစ်ရေးပဲ ဆွေးနွေးမယ်ဆိုရင် ဘယ်လိုမှအဖြေထွက်မှာ မဟုတ် ပါဘူး။ အပစ်အခတ်ရပ်စဲရေးကို ငြိမ်း ချမ်း ရေး လို့သဘောထားလို့လည်း မရပါ ဘူး။ ပြန်ဖြစ်လာမှာပါ။ အခုအပစ်အခတ် ရပ်စဲရေး လုပ် လို့ ဆိုရင် အဲဒီအပစ်အခတ် ရပ်စဲရေးက ဘာလုပ်မယ် ထင်သလဲဆိုတော့ ပြန်တိုက်ဖို့အတွက် ရိက္ခာ စု တာ ၊ပြင်ဆင်တာ အချိန်ယူတဲ့အပိုင်းပဲ ဖြစ်လာပါလိမ့် မယ်။အဲဒါကြောင့် အပစ်အခတ် ရပ်စဲဖို့က လက် မခံပါဘူး။

မေး - နိုင်ငံရေး နည်းလမ်းအရ KIO လိုချင်တဲ့အရာဘာပါလဲ။

ဖြေ - ကျွန်တော်တို့က တန်းတူရေး နဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဖြစ်ပါတယ်။

Eleven

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: