မြန်မာနိုင်ငံမှာ မြစ်ကြီးလေးသွယ်ရှိသည့်အနက်
ဧရာဝတီမြစ်သည် မြန်မာနိုင်ငံမှာရှိတဲ့တိုင်းရင်းသား လူ မျိုးတွေအားလုံးကို အကျိုးကျေးဇူးများစွာပြုသော
မြစ်တစ်စင်းဖြစ်သကဲ့သို့ အဲဒီ ဧရာဝတီမြစ် စတင်မြစ် ဖျား ခံ တဲ့ ကချင်ပြည်နယ်ကြီးကလည်း
အလွန်လှပတဲ့ ပြည်နယ်တစ်ခုဖြစ်ပါသည်။ တစ်နှစ်ပတ်လုံး ရေ ခဲတွေ နဲ့ဖုံးလွမ်း နေတဲ့ တောင်တန်းတွေ၊
သာယာလှပတဲ့နေရာတွေအပြင် အရမ်းကိုရိုးသားဖြူစင်တဲ့ တိုင်း ရင်းသားစုပေါင်းနေတဲ့ ကချင်ပြည်နယ်တစ်ခုလည်းဖြစ်ပါတယ်။
ကချင်ပြည်နယ်မှာ ကချင် တိုင်းရင်း သားတွေ အပြင် ရှမ်း၊ ဗမာ၊ ကရင်၊ ကယား၊ ချင်း၊ မွန်နှင့်
အခြားသော တိုင်းရင်းသား များလည်း အေး ချမ်း စွာစုပေါင်း နေထိုင်ကြပါတယ်။ ကချင်ပြည်နယ်မှာ
ကျွန်း၊ ကျောက်စိမ်းနဲ့ အခြား သယံဇာတများစွာ ထွက် တဲ့နေရာဒေသ တစ်ခုလည်း ဖြစ်ပါတယ်။
ဒါပေမယ့်လဲ
အေးချမ်းလှတဲ့ ကချင်ပြည်နယ်ကြီးမှာ ၂၀၁၁ခုနှစ်
ဇွန်လလောက်ကနေစပြီး စစ်မီးများ တစ် ဟုန်း ဟုန်းတောက်လောင်ခဲ့ရပါသည်။
၁၉၉၄ခုနှစ်မှစပြီး
၁၇ နှစ်ကြာ ငြိမ်းချမ်းရေးယူ ထားပြီးကာမှ လူမျိုး ကြီးဝါဒဆွဲကိုင်တဲ့
KIO/KIA ခေါင်းဆောင်တစ်ချို့ကြောင့် ငြိမ်းချမ်းရေး ပျက်ပြားခဲ့ရပါသည်။
ဂျိန်းဖော၊ လ ချိတ်၊ လ၀မ်နဲ့ လီစူး စတဲ့လူမျိုးစုများ
ပေါင်းစည်းပြီးထားပေမယ့် လက်ရှိ
KIA/KIO ကချင်လူမျိုး ခေါင်းေ ဆာင် ကြီး များသည် ကချင်တစ်မျိုးသားလုံးအတွက်
လုပ်ဆောင်နေခြင်းဖြစ်သည်ဟုဆိုသော်လည်း
ဂျိန်းေ ဖာလူမျိုးစု တစ်ခုတည်း အတွက်သာကြည့်ပြီး ကျန်တဲ့
ကချင်မျိုးနွယ်စုခြင်းတူညီတဲ့
အခြား မျိုးနွယ်စုများ ကို နှိမ်ကွက် ထားတာကို တွေ့ရပါတယ်။
တော်လှန်ရေးအတွက် အခွန်တွေကို
အဆမတန် ကောက်ခံတဲ့အပြင် လူသစ်များကိုလည်း မတရားစုေ ဆာင်း ခံနေရပါတယ်။
လူသစ်စုဆောင်းရာမှာ
အမျိုးသားများ အပြင် အမျိုးသမီးများကို ပါအဓမ္မစုဆောင်း ခဲ့ကြပါတယ်။
စုဆောင်းခံရတဲ့အမျိုးသမီးအများစုမှာ
ဂျိန်းဖော အမျိုးသမီး မရှိသလောက်ဖြစ်ပြီး အခြားသော ကချင် မျိုးနွယ် စု မိန်းကလေးများနဲ့
ရှမ်း၊ ကယား၊ ဗမာ စတဲ့ လူမျိုးစုအမျိုးသမီးများကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ ကြ ပါသည်။
စစ်တိုက်တဲ့နေရာမှာ မိန်းကလေးတွေကို သူတို့ရဲ့စခန်းတွေမှာ ခြေဆုတ်လက်နယ် ပြုလုပ်ဖို့
ဖမ်းဆီး ခေါ်ဆောင်သွားကြပါသည်။ တချို့လှပတဲ့မိန်းကလေးတွေကို KIA/KIO ခေါင်းဆောင်ကြီးတွေက
သူတို့ရဲ့ သက်တော်စောင့်အဖြစ် (ခြေတော်တင်/ ကိုယ်လုပ်တော်အဖြစ်) အသုံးပြုသလို၊ တရုတ်နိုင်ငံ သို့ လည်း
ငွေကြေးနဲ့ရောင်းစား နေတာကို လည်းသိရပါတယ်။ ဖမ်းဆီးခံသွားရတဲ့ မိန်းကလေးတွေ ရဲ့ဘ ၀ကမတွေးဝံ့စရာ
ပါဘဲ။ ဖမ်းဆီးခံရတဲ့ မိန်းကလေးအများစုမှာ ရှမ်းမိန်းကလေးငယ် ၁၆ နှစ်ကနေ ၂၅ နှစ် ကြား မိန်းကလေး များဘဲ
ဖြစ်ပါတယ်။
KIA
က တိုက်ပွဲစဖြစ်စမှာ ကချင်လူငယ်လေးတွေကိုသာ တပ်သားသစ်အဖြစ် စုဆောင်းပေမယ့် နောက် ပိုင်းမှာ
အခြားတိုင်းရင်းသားတွေကိုပါစုဆောင်းလာခဲ့ပါတယ်။ ဒါပေမယ့် KIA အတွင်းမှာ ကချင်လူမျိုးနဲ့
အခြားတိုင်းရင်းသားတွေကို လူမျိုးရေးခွဲခြားနေမှုတွေကိုလုပ်နေပါတယ်။ ၂၀၁၁နှစ်ကုန်ပိုင်းလောက် ကနေ စပြီး
မိန်းမငယ်တွေကိုပါ အတင်းအဓမ္မ စုဆောင်းလာကြပါတယ်။ လိုင်ဇာမှာဆိုရင် အမျိုးသမီးကိုယ်ရံတော် တပ်ဖွဲ့
တွေကို ဖွဲ့ပြီး KIA ခေါင်းဆောင်ကြီးတွေရဲ့ ဘေးနားမှာနေပြီး ခြေဆုပ်လက်နယ် အလုပ်အကျွေးပြု
ကိုယ်လုပ်တော် လုပ်ပေးနေရပါတယ်။
KIA ၏သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင်လည်း
KIA ကိုစတင်ထူထောင်ခဲ့တဲ့ ဒူဝါဇော်တူးနဲ့ ဒူဝါဇော် ဆိုင်းတို့လဲ ဓမြတိုက် ဘိန်းလုပ်ပြီး
ရတဲ့ငွေကို အဖွဲ့ထဲကိုမပေးဘဲ ကိုယ်ပိုင်သုံးက ထိုင်းနိုင်မှာ မိန်းမတွေ နဲ့ ပျော်ပါးနေတဲ့အတွက်
၁၉၇၅ခုနှစ်မှာ KIA အဖွဲ့ထဲကဘဲ ပြန်လာတဲ့အချိန် လုပ်ကြံ သတ်ဖြတ်ခဲ့ ပါတယ်။ အခုခေါင်းဆောင်တွေကိုယ်တိုင်
မိန်းမကိစ္စကို စွဲလန်းတက်မက်စွာ လိုက်စားနေတာကို တွေ့ရမှာ ဖြစ် ပါ တယ်။ KIA အဖွဲ့၏ ဒုတိယခေါင်းဆောင်
ဗိုလ်ချုပ်ဂွမ်မော်ဆိုရင် သူ့ ကွန်ပျူတာ စာရေးမလေး နဲ့ ဖြစ် ပြီး ကောင်မလေးမှာ ကိုယ်ဝန်ရလာလို့
ဖျက်ခိုင်းရာကနေ ကောင်မလေးသေဆုံး သွားခဲ့ပါသည်။ အဲဒီအ တွက်ကို ကောင်မလေး မိဘဆွေမျိုးများက
မကျေနပ်ဖြစ်ပေမယ့် ကြောက်လို့ဘာမှ မပြောရဲခဲ့ကြပါဘူး။
KIA
အဖွဲ့က ၄လပိုင်းအတွင်းမှာပင် တာလောကြီးမှ မိန်းကလေး ၁၂ ယောက်၊ ကာမိုင်းမှ ၁ယောက်၊ နန်ေ ပါ င်ေ ချာင်းရွှေမှော်မှာ
၇ ယောက် စုစုပေါင်း ၂၀ယောက်အားလည်းကောင်း၊ ၅လပိုင်းမှာ ၀ိုင်းမော် နောင် စီပေါရွာ၊ နန့်ဝါရွာ
နဲ့ ပူတာအိုလမ်းကြောင်းပေါ်မှနေပြီး ၈ ယောက် အားအတင်းအဓမ္မ ဖမ်းဆီး ခေါ်သွား ခဲ့သည်။ ဖမ်းဆီးမှုမှ
၂၀၁၁ခုနှစ် စစ်စဖြစ်ချိန်မှ နှစ်ကုန်ထိ မိန်းကလေးများကို ဖမ်းဆီးမှု မှာ ၅ယောက်သာ ရှိ ခဲ့သော်လည်း
၂၀၁၂ခုနှစ် အစောပိုင်းမှစပြီး မိန်းကလေးများကို ဖမ်းဆီးမှု ပိုမိုများပြားလာကို ကြား သိခဲ့ရပါသည်။
ဒုက္ခသည်စခန်းကိုကြည့်မယ်ဆိုရင်လည်း
မိန်းကလေးများ၊ သက်ကြီးရွယ်အိုများနဲ့ ကလေးငယ်များ သာ ရှိနေ တယ်ကိုတွေ့ရပြီး၊ အိမ်ထောင်သည်အမျိုးသမီးများကို
အကြပ်ကိုင်ပြီး လင်ယောကျာင်္းကို အကြပ်ကိုင် စစ်တိုက်ခိုင်းပေမယ့် အဲဒီအမျိုးသမီးများကို
စောင့်ရှောက်မှုမရှိဘဲ နောက်တန်းမှာရှိတဲ့ KIA တပ်သားများ နဲ့ ဖောက်လွဲဖောက်ပြန်မှုတွေ
ဖြစ်ပေါ်မှုများလည်းရှိသလို၊ အရွယ်ကောင်း အမျိုးသမီးတွေကို ရှေ့တန်းစ ခန်းေ တွ မှာ ဒုတိယကမ္ဘာစစ်က
ဂျပန်တွေ ကိုးရီးယားမတွေကို လိင်ကျွန်အဖြစ်အသုံးပြုသလို ခေါ်ယူ စေ ခိုင်းကြပါတယ်။ အရုပ်ရည်ရှိတဲ့
မိန်းကလေးတွေကို KIA ခေါင်းဆောင်ပိုင်းတွေက ခေါ်ယူစားသုံးပြီး ဇိမ်ခံ ခန်းတွေကို ပို့ဆောင်ခြင်းများရှိပြီး
အချို့အမျိုးသမီးများကို တရုတ်နိုင်ငံတို့ ရောင်းစားကာ လက်နက်နဲ့ လဲ လှယ်ခြင်းများကို
ပြုလုပ်နေတာကို အထောက်များအရသိရှိရပါတယ်။
လိုင်ဇာ၊
မိုင်ဂျာယန် နှင့် ၄င်းတို့၏ တစ်ဖက်ကန်း တရုတ်နိုင်ငံရှိ ရင်ကျန်းမြို့နဲ့ ရွှေလီမြို့တို့တွင်
KIA ခေါ င်းေ ဆာင်ကြီးများပိုင်ဆိုင်သော ဇိမ်ခန်း၊ ဆောင်ကြာမြိုင်တွေမှာ မိန်းကလေးတွေကို
လိင်ကျေးကျွန် အဖြ စ် စေခိုင်းမှုများလဲ အများအပြားရှိနေတာကိုတွေ့နေရပါတယ်။ လိုင်ဇာဟိုတယ်မှာဆိုလဲ
ကချင်ပြည်နယ်မှ တိုင်းရင်းသူလေးများကို အသက်၊ ကိုယ်ခန္ဓာအရွယ်၊ တိုင်းရင်းသူ မျိုးစုံကို
ဈေးနှုန်း လိုက်တွေသတ် မှတ် ထား ပါသည်။ အဲဒီမိန်းကလေးများကို အရင် ကချင်မျိုးချစ်ခေါင်းဆောင်ကြီးတွေက
စားသုံးပြီး အတင်းအဓ မ္မ စေခိုင်မှု တွေရှိနေပါသည်။ ကချင်ပြည်နယ်က တိုင်းရင်သူတွေရဲ့ဘ၀က
အရမ်းကိုစိုးရိမ်စရာတွေဖြ စ်နေ ပြီး လုံခြုံမှုမရှိ သည့်အပြင် မိမိတို့ရဲ့ဘ၀တွေကိုပါ အရောင်းစားခံ
အသုံးတော်ခံဘ၀ကို ရောက်ရှိနေ ကြ ရပါတယ်။ အစ်ကို မောင် နဲ့ အဖေကို စစ်တိုက်ခိုင်း အစ်မ၊
ညီမနဲ့ အမေ ကို -ာခန်း(ဇိမ်ခန်း) ပို့၊ အတင်းအ ဓမ္မကျင့် နဲ့ ကချင်ပြည်နယ်က မိန်းကလေးတွေရဲ့ဘ၀ဟာ
တော်တော်လေးကိုဆိုးဝါးနေရပါသည်။
အလွန်လှပပြီး သယံဇာတတွေပေါများတဲ့ ကချင်ပြည်နယ်ကြီးဟာ
KIA/KIO ကြောင့် ဆုံးရှုံး အကျဉ်း တန်ဖြစ်နေရကာ၊ ယဉ်ကျေးသိမ်မွေ့ ရိုးသားစွာနေထိုင်နေတဲ့
ကချင်ပြည်နယ်မှ တိုင်းရင်းသူလေး တွေ ဟာ လည်း၊ လူဖြစ်ရှုံးကာ ဆောင်ကြာမြိုင်သို့ ပို့ဆောင်ခံနေရတာ
သနားစရာ အဖြစ်သို့ရောက်နေ ရပါတယ်။ ဂျိန်းဖောလူမျိုးကြီးဝါဒကို ကျင့်သုံးပြီး ကချင်ပြည်နယ်
ကိုထူထောင်မယ့် ကချင်ခေါင်းဆောင်ကြီး များ ၏ နိုင်ငံထူထောင်ပုံက တိုင်းရင်းသူတွေကို ဂျပန်ခေတ်ဆောင်ကြိုင်မြိုင်ဖွင့်၊
လောင်းကစားဝိုင်းဖွင့်၊ လူသတ် ဓားမြတိုက် အဖြစ်ကိုသာလုပ်ဆောင်နေတယ်လို့ လိုင်ဇာမြို့က
KIA စစ်သားဟောင်း တစ်ဦးဖြစ်တဲ့ ဒူ ၀ါးဇော်ဒေါင်းက ပြောကြားခဲ့ပါတယ်။
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။