ပုံက တော့ အီတလီနိုင်ငံမှ အပတ်စဉ် ထုတ်သတင်းစာဖြစ်တဲ့ 'လာ ဒိုမန်နီကာ ဒယ်လ် ကော်ရဲရာ' ရဲ့ နာ မည်ကျော် မျက်နှာဖုံးမှာ ပါတဲ့ 'အဒါနာ' မြို့က ထောင်ပေါင်း များ စွာသော အာမေးနီးယန်း ကတ်သလစ် ဘာသာဝင်တွေကို တူရကီလူမျိုး (တာ့က်) တွေက ဘုရားကျောင်း ထဲပိတ်ပြီး အရှင်လတ်လတ် မီးရှို့ သတ်နေတဲ့ပုံပါ။
ထောင်နဲ့ချီပြီးသတ်ရတာဆိုတော့ အတော်ကို ကြာပါတယ်။ ရန်စလိုက် မီးကွင်းပစ်လိုက်နဲ့ တစ်ရွာပြီး တစ် ရွာ မျိုးပြုတ်အောင် သတ်ရတယ် နဲ့တူပါတယ်။ ၁၉၀၉ ခု ဧပြီလက စလိုက်တာ ဆယ်ရက် နီးပါးကြာပြီး အာမေးနီးယန်း ၂၅၀၀၀ ကျော် အသတ်ခံရ ပြီးမှဘဲ ရပ်သွားခဲ့ပါတယ်။
ပုံကိုကြည့်လိုက်ရင် မီးလောင်လို့ အပေါ်က ပြုတ်ကျလာတဲ့ ထုတ်တန်းတွေ၊ ကြောက်လန့်တစ်ကြားအော် ဟစ်နေတဲ့သူတွေ၊ သွေးရူး သွေးတန်းနဲ့ ဆုတောင်းနေတဲ့သူတွေ၊ ကလေးငယ်ကို ချီထားရင်း လိပ်ပြာ လွင့် မတက် ခံစားနေရတဲ့ မိခင်တစ်ဦးနဲ့ တစ်ယောက်ကို တစ်ယောက် အားကိုးတစ်ကြီးဖက်ထားတဲ့ သူတွေ ၊ နောက်ဆုံးအချိန်မှာ တစ်ယောက်နဲ့တစ်ယောက်အားပေးစကား ပြောနေတဲ့ လင်မယား လို့ယူဆရတဲ့ သူနှစ်ယောက် စသဖြင့် သူတို့တွေရဲ့ ကြေကွဲစရာနောက်ဆုံး ခရီးကိုမြင်ရမှာပါ။
သတိထားကြည့်မယ်ဆိုရင် ယောင်္ကျားအများစုဟာ တူရကီ အခေါ် ဖက်ဇ် (သို့) တာဘူ့ရှ်လို့ခေါ် တဲ့ ခေါင်းပေါင်းအနီတွေ ကို ဆောင်းထားပြီး မိန်းမအများစုဟာ ဟိုင်ဂျဘ် ဆိုတဲ့ ခေါင်းစည်း တဘက်မျိုး ပတ်ထားတာကို တွေ့နိုင်ပါတယ်။ (ဒီနေရာမှာ ဥရောပသူ ပျိုပျိုအိုအိုတို့ ဆောင်းလေ့ ရှိတဲ့ ဝှင်ပယ်နဲ့ မှားကောင်းမှားနိုင်ပါတယ်။ ဒါပေမယ့် ဝှင်ပယ် ကတော့ ခရိယာန်မာသာတွေ စစ္စတာတွေ ဝတ်တာမျိုးပါ။)
ဒီမှာ အထူးပြောချင်တာက အဲဒီအချိန်က ကတ်သလစ်ဘာသာဝင် အာမေးနီးယန်းတွေဟာ ဘာသာမ တူပေမယ့်လည်း တူရကီ လူများစုရဲ့ အဝတ်အစားကို ဝတ်နေပြီ၊ အာရပ်ဆန် တဲ့ တူရကီ ယဉ်ကျေးမှုနဲ့ လိုက်လျှောညီထွေနေ နေကြပြီဆိုတာပါဘဲ။
ဒီနေရာမှာဒီလိုလူမျိုးတုန်းသတ်ဖြတ်မှုနဲ့ပါတ်သတ်ပြီး တူရကီတွေ ဘာကြောင့်ဒီလိုလုပ်ရတာလည်း၊ သူ တို့ဟာလူမျိုးကြီးဝါဒီတွေလား၊ မျက်ကန်းမျိုးချစ်တွေလား၊ ဘာသာရေး အစွန်းရောက်တွေလား၊ ဒါမှမဟုတ် မင်းသားခေါင်းဆောင်းထားတဲ့ ဘီလူးတွေလား၊ ဘာလို့ဒီလို ကြမ်းကြုတ်တဲ့ လူမဆန်တဲ့ လုပ်ရပ် ကို ကျူး လွန်ရတာလည်းဆိုတာကိုနားလည်နိုင်ဖို့ သမိုင်းကြောင်းကို ပြန်လည် သုံးသပ်ကြည့် ရမှာဖြစ်ပါတယ်။
တွေ့ရှိထားတဲ့ မှတ်တမ်းများအရ 'အဒါနာ' မြို့ဟာ ခရစ်တော်မတိုင်မှီ နှစ်ပေါင်း ၆၀၀၀ကျော် ကတည်းက ရှိနေပြီလို့ဆိုပါတယ်။ နေရာ အတိအကြ ထောက်မပြနိုင်ပေ မ ယ့် ဆူမားရီးယန်းတွေရဲ့ ' ဂေးလ်ဂါမက်ရှ်' ကဗျာရှည်ကြီးမှာ 'အဒါနာ' ဆိုတဲ့နေရာ အကြောင်းဖော်ပြထားတယ်လို့ ဆိုပါတယ်။ ဟစ်တိုက်တို့ရဲ့ က ဘ္ဘာကျောက်စာမှာ တော့ ဘီစီ ၁၃၃၅ လောက်မှာ ဟစ်တိုက်ဩဇာခံ ကဇ္ဇုဝတ္တနမင်းတွေ အုပ်ချုပ် တဲ့မြို့ လို့ ဖော်ညွန်းထားပါတယ်။ အဲဒီတုန်းက နေခဲ့ကြတဲ့ လူတွေကို တော့ ဒါနူဏ လို့ခေါ်ပါတယ်တဲ့။ ဒီလိုနဲ့ မင်းအဆက်ဆက်ပြောင်းလာခဲ့ရာမှာ အဆီးရီးယန်းတွေ၊ ပါရှန်း (အီရန်) တွေ၊ အလက်ဇန်းဒါးဘု ရင် ခေါင်းေ ဆာင် တဲ့ ဂရိတွေ နဲ့ အာမေးနီးယန်း ဘုရင်တွေ ရိုမန်ဘုရင်တွေ ဟာ နောက်နှစ်ပေါင်း ၂၀၀၀ အတွင်းမှာ 'အဒါနာ' ကို ကိုယ်စီ အုပ်ချုပ် ခဲ့ကြပါတယ်။
(၇) ရာစု မှာတော့ ရိုမန်တို့ရဲ့ ဘိုင်ဇန်တိုင်း အင်ပိုင်ယာ ထဲက 'အဒါနာ' မြို့ကို အာရပ်တွေက တိုက်ခိုက် သိမ်းပိုက်ခဲ့ပါတယ်။ (ရေးထားတဲ့ အထဲတော့ သိမ်းပိုက်တာဘဲပါတယ်၊ တိုက်ခိုက် တာမပါ ပါဘူး။ အာ ရပ်တွေ မတိုက်ဘဲ သိမ်းလို့ရခဲ့တဲ့မြို့ဆိုတာမရှိသလောက် ဆိုတော့ ဒီမှာလည်း ဆီလျှော်အောင် တိုက် ခိုက်သိမ်းပိုက်တယ်လို့ဘဲ မြန်မာမှုပြုလိုက်ပါတယ်။)
ထူးဆန်းတာက အဲဒီခေတ်က အာရပ်သမိုင်းပညာရှင်တစ်ယောက် ကလည်း 'အဒါနာ' ဆိုတဲ့နာမည်ဟာ တမာန်တော် ယာ့ဇီနီ ရဲ့ မြေးဖြစ်သူအက်ဇီနီ ရဲ့ နာမည်ကနေ ဆင်းသက် လာတာပါလို့ အချိန်ကိုက် မှတ်တမ်း တင်ခဲ့သေးတယ်လို့ဆိုပါတယ်။ ဒါဟာလည်းလှေပျက်ရာဇဝင် တစ်မျိုးလို့ ဆိုရပါမယ်။
အာရပ်တို့လက်ထဲမှာ နှစ် ၂၀၀ လောက်ကျဆင်းခဲ့ပြီးတဲ့နောက် ခရစ်တော်မွေးဖွားပြီး နှစ်ပေါင်း ၉၆၄နှစ် အကြာမှာတော့ 'အဒါနာ'ကို ခရိယာန် ဘိုင်ဇန်တိုင်းတွေကပြန်သိမ်းပိုက်ခဲ့ပေမယ့် ကြာကြာ မထိန်းနိုင်ဘဲ တူရကီတို့လက်ထဲပြန်ရောက်ခဲ့ပြန်ပါတယ်။ အဲဒီနောက် နှစ်တစ်ရာလောက်ကြာတော့မှ ပထမ ခရူးဆိဒ် အတွင်း 'အဒါနာ' ဟာ ခရိယာန်တွေလက်ထဲပြန်ရောက်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ခရိယာန် စီလီစီ ယာ တိုင်းပြည်က ဘုရင် ပထမလီယို ခေါင်းဆောင်တဲ့ အာမေးနီးယန်းတပ်တွေ က မြို့ကိုပြန်ပြီးသိမ်းပိုက် ခဲ့ပါ တယ်။
နောက်ထပ်နှစ် ၂၀၀ တိုင် အာမေးနီးယန်းမြို့အနေနဲ့ရပ်တည်ခဲ့ပြီးတဲ့ နောက် တတိယကွန်စတန်တင်း လက်ထက် ၁၃၅၉ခု မှာ စစ်မက်ဖြစ်ပွါး လိုခြင်းမရှိတဲ့အတွက် ဘုရင် က 'အဒါနာ' ကို အီဂျစ်စော်ဘွား မမ် လွတ်ခ် လက်ထဲအပ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ စော်ဘွားကတူရကီလူမျိုး တွေကို 'အဒါနာ' မှာ အခြေ ချခွင့် ပေးခဲ့တယ်၊ အော်ဟူ့ဇ် အနွယ်ဝင် ရာမာဒန်နစ် မိသားစုက ၁၅၁၇ အထိ အုပ်ချုပ်ခဲ့တယ်လို့ ဆိုပါ တယ်။ ဒါကိုကြည့်ခြင်းအားဖြင့် တူရကီလူမျိုးတွေ အဲဒီမြို့မှာအရင်ကမရှိခဲ့ဘူး ဆိုတာ သိနိုင်သလို အဲဒီအ ချိန်မှာတော့ ကုလားအုပ်ကိုတဲထဲ ခေါင်း ပေးဝင်ပြီးသားဖြစ်နေပြီဆိုတာသိနိုင်ပါတယ်။ 'အဒါနာ' ဟာ ၁၅၁၇ မှာ တော့ အော့တိုမန် တူရကီတို့ လက်အောက် ရောက်ခဲ့ပြီး ၁၉၁၈ အထိ နှစ်ပေါင်းလေးရာကျော် အော့ တိုမန် အင်ပိုင်ယာရဲ့ လက်အောက်ခံ မြို့ ဖြစ်ခဲ့ရပါတယ်။
ဒီနေရာမှာ စဉ်းစားစရာက အော့တိုမန် အင်ပိုင်ယာ လက်အောက် ရောက်ခဲ့ပေမယ့်လည်း အုပ်ချုပ်ရေး ပိုင်းမှာ ပြောင်းလည်းမှုကြီးကြီး မားမား ရှိပုံမရပါဘူး။ ၁၃၅၉ခု ကတည်း က ရှိထားတဲ့ နားလည်မှု အ တိုင်း ငြိမ်းချမ်းစွာယှဉ်တွဲ နေထိုင်ခဲ့ပုံပေါ်ပါတယ်။ ဝါဟာဘီ၊ ဆာလာဖီတွေ မူဆလင် ညီအစ်ကိုများ အဖွဲ့ ချုပ်တွေ ရှိပုံမရသေးပါဘူး။ အာမေးနီးယန်း တွေအနေနဲ့လည်း မိုဟာမေဒင် တူရကီလူမျိုးတို့အကြိုက် အဝတ်အစားအစားအသောက် အနေအထိုင်က အစ အလိုက်သိသိနဲ့ လိုက်လျှော ညီထွေနေခဲ့ ပုံပေါ်ပါ တယ်။ နောက်ပြီးတော့ အီဂျစ်စော်ဘွား မမ်လွတ်ခ် လက်ထက်ကတည်းက ရှိနေတဲ့ အီဂျစ်လူမျိုးတွေ က လည်း ကြားခံ အနေနဲ့အကာအကွယ်ပေးထားသလိုမျိုးဖြစ်နေကောင်းဖြစ်နေခဲ့ ပါလိမ့်မယ်။
၁၈၃၀ခု ရောက်တဲ့အခါမှာတော့ အော်တိုမန်အင်ပိုင်ယာအတွင်းက အီဂျစ်နဲ့ဆူဒန်ကို အပိုင်စားရတဲ့ ဝါလီ 'မူဟမ္မဒ် အလီပါရှာ' ဟာ အီဂျစ်ပြည် ကိုယ်ပိုင်အုပ်ချုပ်ရေးရဖို့အတွက် တောင်ပိုင်းကနေဆီးရီးယားပြည်ကို ဝင်သိမ်းရင်း ဆီးရီးယား အပေါ်ဘက်က 'အဒါနာ' မြေပြန့်ဒေသကို ရောက်လာခဲ့ပါတယ်။ ဝါလီ 'မူဟမ္မဒ် အလီပါရှာ' ရဲ့တပ်တွေဟာ တိုက်ပွဲအတွင်း 'အဒါနာ' ရဲတိုက်နဲ့မြို့ရိုးကို ဖျက်စီး ခဲ့တယ်လို့ ဆိုပါတယ် ။ နောက်ဆက်တွဲ ပြည်တွင်းငြိမ်းချမ်းရေး စာချုပ်အရ ပြည်တွင်းစစ်ရပ်ဆဲသွားပြီး အီဂျစ်ပြည်ဟာ ကိုယ့် မင်းကိုယ့်ချင်း နိင်ငံတစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် ငြိမ်းချမ်းရေး စာချုပ်ချုပ်ဆိုရာမှာ ပါဝင်ညှိနိုင်းပေး ခဲ့ကြတဲ့ နိုင်ငံကြီးတွေဖြစ်တဲ့ ဗြိတိသျှ၊ ဩစတီးယား၊ ရုရှားနဲ့ ပရပ်ရှား (ဂျာမဏီ) တို့ရဲ့ တောင်းဆိုချက် အ ရဆီးရီးယားမှာရှိတဲ့ အီဂျစ်တပ်တွေကို ရုပ်သိမ်းပေးပြီး ဆီးရီးယားကို အော့တိုမန်တို့ လက်ထဲပြန်ထည့်ခဲ့ ရ ပါတယ်။
ဒီအပြောင်းအလဲတွေကြားမှာ 'အဒါနာ' မြို့ကအီဂျစ်လူမျိုးတွေလည်းလောလောလတ်လတ် သူတို့လူ မျိုးတွေ နဲ့ ပြည်တွင်းစစ်ဖြစ်ထားတဲ့ တူရကီတွေနဲ့ အတူဆက် နေဖို့ မလွယ်တော့တာရယ်၊ သူတို့အ တွက် အကာကွယ်ပေးမယ့် စစ်တပ်မရှိတော့တာတွေရယ် ကြောင့် သူတို့ရဲ့ အသစ်စက် စက် တိုင်းပြည် ကို ရွှေ့ပြောင်းကုန်ကြမှာ သေချာပါတယ်။
ဒါတွေရဲ့ အကျိုးဆက်ကတော့ အတွယ်အတာမဲ့ အကာအကွယ်မဲ့ဖြစ်သွားတဲ့ အာမေးနီးယန်းတွေပါဘဲ။ အဲဒီအချိန်တုန်းကတော့ လူနည်းစု မဟုတ်သေးတဲ့ အ တွက် အန္တရာယ်မရှိသေးပါဘူး။ ဒီမြေပေါ်မှာ မျိုးရိုး အစဉ် အဆက်နေလာခဲ့ကြတဲ့အတွက် ဒေသန္တရ - စီးပွါးရေး ဗဟုသုတ ကျွမ်းကျင်ပြီး ချမ်းသာ ကြွယ်ဝ ကြ တဲ့ အာမေးနီးယန်း ခရိယာန်တွေဟာ သူတို့ အပေါ်သစ္စာရှိတဲ့ အီဂျစ်လူမျိုး လုပ်ဖော် ကိုင်ဖက် တွေ မ ရှိေ တာ့တဲ့အတွက် တစ်အားလျှော့သွားခြင်းသာ ဖြစ်ပါလိမ့်မယ်။ တစ်ဖက်ကလည်း အာမေးနီး ယန်းေ သေ ဋ္ဌး တွေအနေနဲ့ အုပ်ချုပ်ရေး နဲ့ ဥပဒေရေးရာ အသိုင်းအဝိုင်း မှာဝင်ဆန့်ကြ တဲ့ အတွက် ၁၈၃၀ ခု အီ ဂျစ် လွတ်လပ်ရေးရပြီး အချိန် နောက်ပိုင်းတွေမှာလည်း သူတို့ဘိုးဘွားတွေ အစဉ်အ ဆက် ခေါင်း ချခဲ့ ကြ တဲ့ 'အဒါနာ' မြို့မှာဘဲ ဟန်မပျက် ဆက်လက် ပြီးနေထိုင်ခဲ့ကြပါတယ်။
ဒါပေမယ့် နောက်ထပ် နှစ်ပေါင်း (၈၀) ကြာမြင့်လာတဲ့အခါ ၁၉၀၉ ခု မှာ တော့ အခြေအနေတွေဟာ အတော်ကိုပြောင်းလည်းခဲ့ပါပြီ။မွေးဖွားနှုန်းမြင့်မားပြီး လူဦးရေ ပေါက်ကွဲမှုကြောင့် စားဝတ်နေရေး ခက်ခဲပြီး မိသားစုဝင်တွေ အများကြီးနဲ့ ကျပ်ကျပ် တည်းတည်း ချို့ချို့တဲ့တဲ့ နေ နေရတဲ့ (စုတ်တီးစုတ်ပြတ် ရပ် ကွက်တွေထဲက) တူရကီလူမျိုးတွေဟာ သန့်ရှင်းသပ်ရပ်တဲ့ ရပ်ကွက်တွေမှာနေတဲ့ ချမ်းသာကြွယ် ဝတဲ့ ခရိယာန် အာမေးနီးယန်းတွေကို မျက်စောင်းထိုး နေပါပြီ။ အုပ်စုဖွဲ့ ရန်စတာတွေ၊ ထိကပါးရိက ပါးပြော သံတွေ ကြားနေရသလို သတင်းတွေကလည်း ဟိုတစ်စဒီတစ်စနဲ့ အလျှိုလျှို ထွက်လို့ လာပါနေပါပြီ။
အုပ်ချုပ်ရေးမဏ္ဍိုင်ကိုသာ အားကိုးရာရှိတဲ့ အာမေးနီးယန်းတွေ အဖို့တော့ မတ်လ ၃၁ရက် အာဏာ သိမ်း ပွဲ ဟာ ကုလားအုပ်ခါးကို ဖြောင်းကနဲ နေအောင် ရိုက်ချိုးပစ်လိုက်တဲ့ နောက်ဆုံး ကောက်ရိုး တစ်မျှင် ဘဲဖြစ် ပါတယ်။ အစ္စတန်ဘူးလ်အစိုးရကျသွားပြီးတဲ့နောက် ကဆင့်ကလျှားဖြစ်သွားတဲ့ အုပ်ချုပ်ရေး နဲ့ တ ရားဥပဒေစိုးမိုးရေး ဟာ ငတ်ပြတ်နေတဲ့ တူရကီတွေအတွက်တော့ ကောင်းကင်ကနေ အချက်ပြ အမိန့်ပေး လိုက်သလိုပါဘဲ။ သွေးဆာနေတဲ့ လူအုပ်ကြီးဟာ အုပ်စုခွဲပြီး (ထုံးစံအတိုင်း 'အလ္လာဟူအက္ကဘာ' ဟစ်ပြီးေ တာ့ ပေါ့လေ) အာမေးနီးယန်း ရပ်ကွက်တွေထဲဝင်ပြီး မိန်းမ၊ ယောင်္ကျား၊ ကလေးမကျန် အိမ်ထဲက ဆွဲ ထုတ်ပြီး လမ်းပေါ်မှာ အာရပ်ဓားကောက်တွေနဲ့ ခုတ်ထစ် ထိုးဖြတ်ပြီး အပိုင်း ပိုင်းဖြစ်အောင် လုပ်ကြ ပါတော့တယ်။ အိမ်တွင်းအိမ်ပြင် အဖိုးတန် လက်ဝတ်ရတနာ စက်ပစ္စည်းက အစ သယ်လို့ရတာ အကုန် သယ်ပြီး မရတာတွေကို အကုန်မီးတိုက်ပစ်တာပါဘဲ။ ဒါဗစ်ရှ်ဗာဒီတိ ခေါင်းဆောင်တဲ့ ဆယ်ရက်ကြာ အာ ဏာသိမ်းမှု အတွင်းမှာ အပြစ်မဲ့တဲ့ အာမေးနီးယန်းလူမျိုး တစ်သောင်းငါးထောင်မှ သုံးသောင်းအထိ အ သက်ဆုံးရှုံးခဲ့ရတယ်လို့ အကြမ်းဖြင်း ယူဆကြပေမယ့် အခုခေတ် မှာတော့ ပညာရှင်အများစု က နှစ်သောင်း ငါးထောင်ဝန်းကျင် ဟာ ပိုပြီး ဖြစ်နိုင်ချေရှိတယ်လို့လက်ခံထားပါတယ်။
ဒီလိုအစုလိုက်အပြုံလိုက် တစ်နေ့ကို လူ ၂၅၀၀နှုန်း၊ တစ်နာရီကို အယောက် တစ်ရာကျော် သတ်ဖြတ်ခဲ့တဲ့ လူမျိုးတုန်းသတ်ဖြတ်မှုကြီး မှာ ပါဝင်ခဲ့တဲ့သူတွေ ဟာ နောက်ပိုင်းမှာ ဖမ်းဆီးအရေးယူအပြစ်ပေး ခံခဲ့ကြရ တယ်လို့တော့မှတ်တမ်းတွေမှာမတွေ့ရ ပါဘူး။ နဂိုလ်ကတည်းက အရေးမယူတဲ့အတွက် လွတ်ငြိမ်းချမ်း သာ ခွင့်လည်း ပေးနေစရာ မလိုတော့ဘူးပေါ့လေ။
နောက် ခြောက်နှစ်အကြာ ၁၉၁၅မှာတော့ လူနည်းစုဖြစ်သွားပြီဖြစ်တဲ့ အာမေးနီးယန်း လူမျိုး နှစ်သောင်းေ ကျာ် ကို တူရကီစစ်တပ်က 'အဒါနာ' မြို့ တောင်ပိုင်း ဆီးရီးယား သဲကန္တာရထဲ မောင်းခေါ်သွားပြီး ကျူငုတ် ပါ မကျန် သတ်ပစ်လိုက်ပြီးတဲ့ အခါမှာတော့ အာမေးနီးယန်း လူမျိုးတွေဟာ 'အဒါနာ' မြို့ကနေ လုံး ဝ ပျောက် ကွယ် သွားခဲ့တာ ယနေ့တိုင်ပဲဖြစ်ပါတယ်။
ဝမ်းနည်းစရာ အကောင်းဆုံးကတော့ တူရကီအစိုးရဟာ အခြားသော နိုင်ငံတွေလို မဟုတ်ဘဲ သူတို့ရဲ့ ရက်စက် ယုတ်မာမှုတွေကို ဝန်ခံဖို့ ယနေ့ထိ ငြင်းဆန်နေခြင်းပါဘဲ။

ရာဇာဓိ ရာဇာ
(Adana Massacre: <http://en.wikipedia.org/wiki/Adana_massacre> ကိုခံစားပြီးရေးပါသည်။)
Picture: Massacres in the Eastern Turkey: Thousands of Armenians burnt alive by Turks in a Catholic Church in Adana. Illustrator Achille Beltrame (1871-1945), from La Domenica del Corriere, 16th-23rd May 1909. (Photo by DeAgostini)

No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။