Pages

Thursday, November 15, 2012

“““ စီးပွားရေး လုပ်ငန်းရှင်များ နှင့် ဒေသခံ ပြည်သူများ မှ KIA အပေါ် ယုံကြည်ချက် ကင်းမဲ့လာခြင်း နှင့် ပတ်သတ်ပြီး အစည်းအဝေးပွဲ ကျင်းပ ”””

၁၂ရက်နေ့ နေ့လည် ၁နာရီမှ ၃နာရီအထိ KIA ဌာနချုပ်ရှိရာ လိုင်ဇာဟိုတယ်တွင် KIA/KIO ခေါင်းဆောင် ပိုင် များ ထိပ်သီးအစည်းအဝေး တစ်ခုပြုလုပ် ခဲ့ကြပါသည်။ အစည်းအဝေး သို့ ဗဟို ကော်မတီဝင် များ၊ KIA စစ်ဦးစီးချုပ် ဂမ်ရှောင်၊ ဒုဦးစီးချုပ် အက်စ်ဂွမ်မော်၊ တိုင်းခရိုင် အုပ်ချုပ်ရေးမှူးများ၊ တပ်မဟာမှူးများ၊ တပ် ရင်းမှူးများ တက်ရောက်ခဲ့ကြပြီး တက်ရောက်သူဦးရေ ၆၀ ကျော် လောက်ရှိတယ်လို့ ဟိုတယ် ၀န် ထမ်း တစ်ဦးမှပြောခဲ့ပါသည်။

အစည်းအဝေး တွင် ကေအိုင်အို ဥက္ကဌ ဦးဇောင်းဟရား က ပြောကြားရာတွင် စီးပွားရေး လုပ်ငန်းရှင် များနှင့် ဒေသခံပြည်သုများ အပေါ် အခွန်ကောက်ခံမှုအား KIA / KIOကို ယုံကြည်ချက် ကင်းမဲ့လာမှု နှင့် ပတ်သတ်၍ အစည်း အဝေး ကျင်းပခြင်းဖြစ်ကြောင်း၊ အောက်တပ်ဖွဲ့ ၀င်များက ဗဟို က  ကောက်ခံခိုင်း သည့် ငွေပမာဏအပြင် ပိုမိုကောက်ခံကြောင်း၊ ယခုကာလတွင် KIA တပ်ဖွဲ့ဝင်တွေ အနေဖြင့် ဒေသ ခံပြည် သူများအား အခွန်ကောက်ခံမှုအပေါ် တိုင်စာများ ဗဟိုတို့ အမြောက်အမြားရောက် လာကြောင်း၊ လူသစ် စုဆောင်း မှုနဲ့ ပတ်သတ်ပြီး ဝေဖန်အပြစ်တင်သံများ ထွက်ပေါ် လာနေ ကြာင်း ပြောကြား ခဲ့ပါသည်။ ထို့ အပြင် ကချင်ပြည်နေယ်အတွင်းမှာ လုပ်ကိုင်နေတဲ့ စီးပွားရေး လုပ်ငန်းရှင်များနှင့် ကချင်ပြည်နယ် မှာနေ ထိုင် တဲ့သူတိုင်း ငါ့တို့ကို အခွန်ငွေပေးဆောင်ရမှာဖြစ်တယ်။

တိုင်စာများတွင် KIA/KIO ၏ကချင် တစ်မျိုးသားလုံး ကောင်းစားရေးဆိုသည်မှာ လူသတ်ခြိမ်းခြောက်၊ ဆက်ကြေးကောက်ခြင်း လား ဟူ၍ လည်းကောင်း၊ ဗမာ စစ်သားခြောက် ကချင် လူမျိုး မကြောက်၊ KIA ခြောက်၍ ကချင် လူမျိုးကြောက်နေသည် ဟူ၍ လည်းကောင်း။ မြေပြို၍ လူမျိုးမပြုတ် KIA မြိုမှ ကချင် လူမျိုးပြုတ်တော့မည်ဟူ၍လည်းကောင်း၊ အမျိုးမျိုးပေးပို့ လာကြောင်း ပြောကြားခဲ့ပါသည်။ ကျောက် ကုမ္ပ ဏီ တစ်ခုကို ဗဟိုက သိန်း ၂၀၀ ကနေသိန်း ၅၀၀သာ ကောက်ခိုင်းကြောင်း အခြား ကချင်ပြည်နယ် အတွင်း နေထိုင်သူ များကိုလည်း တင့်သင့်သောနှုန်း သာ ကောက်ခိုင်းကြောင်း ဒါပေ မယ့် အောက်ခြေ တပ် များမှ ကောက်ခိုင်း တာထက်ပိုမို ကောက်တာတွေ့ရကြောင်း၊ အရင်က ဆိုရင် ကချင် လူမျိုးတွေက KIA / KIO ကို လိုလားကြည်ဖြူထောက်ခံပေမယ့်လဲ အခုလို အခွန်တွေအဆ မတန်ကောက်ခံ မှုတွေ၊ လူ သစ် စုဆောင်းမှုတွေကြောင့် KIO/KIAအဖွဲ့ကို လိုလားမှုမရှိတော့တဲ့ အထိဖြစ် လာကြောင်း၊ ဒါကြောင့် အ ခွန်ကောက်ခံခြင်းနဲ့ လူသစ်စုဆောင်းခြင်း တို့ကို သေချာပြန်လည် စိစစ်ဖို့လိုကြောင်း KIO ဥက္ကဌ ဦးဇောင်း ဟရားကပြောကြားခဲ့ပါသည်။

KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂမ်ရှောင်က တော်လှန်ရေးလုပ်ဆောင်ရမှာ ငွေကြေးနဲ့ လူအင်အားပြည့် စုံဖို့ လို အပ်ကြောင်း၊ ကချင်ပြည်နယ်အတွင်းမှာနေထိုင်ပြီး စီးပွားရေးလုပ်တဲ့ ကုမ္ပဏီတွေ လုပ်ငန်းရှင်တွေ အနေ နဲ့ငါတို့ KIA ကို အခွန်ပေးရမှာဖြစ်ကြောင်း၊ မပေးနိုင်ကမလုပ်ဆောင်ခိုင်းရန် လိုကြောင်း၊ တော် လှန်ရေး ရန်အတွက် လူအင်အား လိုအပ်တဲ့ အတွက် လူသစ်ကတော့ မဖြစ်အနေလို အပ်ကြောင်း၊ အခွန် အငွေ အဖြစ် ငွေကျပ်သိန်း၆၀၀၀၀ ကောက်ခံခိုင်းတာဖြစ်တဲ့အတွက်ပြည့်မှီကျော် လွန်အောင် တပ်ရင်း တပ်ဖွဲ့ များ က ကောက်ခံရမှာ ဖြစ်ကြောင်း၊ ကောက်ခံသူများအနေနဲ့ ကြပ်ကြပ် မတ်မတ်ဆောင် ရွက် မှာဖြစ်ကြောင်း ၊ ပြောကြားခဲ့ပါသည်။

ဥက္ကဌကြီး ဦးဇောင်းဟရားက နိုင်ငံရေးနဲ့မှာ သိက္ခာမကျအောင် အခွန်ကောက်ခံမှုနှင့် လူသစ် စုဆောင်း မှု ကို ဆင်ခြင်ကြပြီး ကချင်ပြည်သူတွေကြည်ဖြူလက်ခံအောင်ပြောဆို တောင်းပန်ခိုင်းနေသော်လည်း စစ်ဦး စီးချုပ်ဗိုလ်ချုပ်ဂမ်ရှောင်မှ တော်လှန်ရေးအတွက် ငွေကြေးနဲ့လူအင်အားပြည့်စုံအောင် အခွန်ကောက် ခံမှုနဲ့ လူသစ်စုဆောင်းမှုတို့ကို မဖြစ်မနေလုပ်ဆောင်ရမှာဖြစ်ကြောင်းပြောကြားခဲ့သည်။ ဦးဇောင်းဟရားနှင့် ဗိုလ် ချုပ် ဂမ်ရှောင်တို့သည် အချင်းချင်းအဆင်မပြေမှုများကိုဖြစ်ပေါ်နေခဲ့ကြပါသည်။ ဦးဇောင်းဟရား က နိုင် ငံရေး ဘက်အခြေအနေကောင်းအောင် လုပ်ဆောင်ပြီး ကချင်ပြည်သူတွေအကြား ပြန်လည် ထောက် ခံမှု ရအောင်လုပ်ဆောင်ခြင်ပေမယ့်လဲစစ်ဆင်ရေးကိုသာဦးတည်နေတဲ့ဗိုလ်ချုပ်ဂမ်ရှောင်က တော်လှန်ရေး အ တွက် အထောက်အပံ့ရအောင် လုပ်ဆောင်ခိုင်းနေပြီး တစ်ဦးနဲ့ တစ်ဦး သဘောထားကွဲလွဲနေကြ ပါသည်။

လက်အောက်ခံတပ်ရင်းတပ်ဖွဲ့မှူးများကလည်း အတင်းအကြပ်စုဆောင်းထားတော့ လူသစ်များ၏ အရည် အချင်း မပြည့်ဝ၍ တိုက်ပွဲတွင် ကျဆုံးမှုများပြားကြောင်း၊ ထောက်ပံ့ရေး ပစ္စည်းများ ဆေးဝါးများ လို အပ်ကြောင်း၊ ကချင်ပြည်သူတွေက အဖွဲ့အပေါ် ထောက်ခံမှုအားနည်းလာကြောင်း တင်ပြဆွေးနွေး သွားကြ ပြီး အစည်းအဝေးကို ညနေ ၃နာရီမှာ အဆုံးသတ်ခဲ့ကြကြောင်း KDN သတင်းဌာနသို့ သတင်းပေး ပို့ လာ ခဲ့ပါသည်။

ကချင်သတင်း

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

“““ စီးပွားရေး လုပ်ငန်းရှင်များ နှင့် ဒေသခံ ပြည်သူများ မှ KIA အပေါ် ယုံကြည်ချက် ကင်းမဲ့လာခြင်း နှင့် ပတ်သတ်ပြီး အစည်းအဝေးပွဲ ကျင်းပ ”””

Labels:

0 comments: