ဖုန်းဖြင့် အင်တာနက်အသုံးပြုမှုကို ဒီဇင်ဘာလတွင် Download ပမာဏဖြင့် စတင်ကောက် ခံမည် ဟု ကြေငြာ ခဲ့ သည်ကို တစ်လ နောက်ဆုတ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး က ယနေ့ကြေငြာ လိုက် သည်။
အင်တာနက် လူမှု ကွန်ယက်များ တွင် အင်တာနက် အသုံးပြုခကို Download ပမာဏဖြင့် မြန်မာ့ ဆက် သွယ်ရေးက ကောက်ခံမည့် နှုန်းထားသည် များလွန်းသဖြင့် ဆန္ဒပြမည်ဟု အသံများ ပေါ်ထွက် လာပြီးနော က် ယခုကဲ့သို့ ပြန်လည် ပြင်ဆင်လိုက်ခြင်းဖြစ်သည်။
လာမည့်နှစ် ဇန်နဝါရီ ၁ ရက်တွင် အင်တာနက်အသုံးပြုခကို Download ပမာဏဖြင့် သာ ကောက်ခံ မ ည်ဖြစ်သော်လည်း နှုန်းထားများမှာမူ ယခင်သတ်မှတ်ထားသည့် နှုန်းမဟုတ်တော့ဘဲ ပြောင်းလဲပြင်ဆင် သတ်မှတ်မည်ဟုကြေငြာချက်တွင်ဖော်ပြထားသည်။
နှုန်းထားသစ်ကိုလည်းထပ်မံကြေငြာပေးမည်ဟု ဆိုသည်။
မဇ္ဈိမသတင်းဌာန
ခွေးသားတွေ ဗလောင်းဗလဲနဲ့ ဖအေ အတိုင်းဘဲ။
ReplyDeleteဒါကြောင့်လဲ ဒီတိုင်းပြည် လူမလေး ခွေးမခန့်ဖြစ်နေရတာ။