Pages

Friday, November 2, 2012

ရခိုင် မျိုးချစ် သူရဲကောင်းများ အတွက် မေတ္တာပို့ ဆုတောင်းပွဲ အခမ်းအနား ဘူးသီးတောင်မြို့တွင် ကျင်းပ

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ရှိ လူမှုကွန်ယက်များ စုစည်းကာ ၂၀၁၂ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့ ညနေ (၆း၃၀)အချိန်တွင် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသော ဘင်္ဂလီ အကြမ်းဖက် ကျူးကျော် မှု များတွင် ကာကွယ်ရင်း ကျဆုံးသွားခဲ့သော ရခိုင့်အာဇာနည်သူရဲကောင်းများအား ရည်စူး၍ မေတ္တာပို့  အမျှပေးဝေ ဆုတောင်းခြင်းကို ဘူးသီးတောင်မြို့ အေးစေတီ ပရိယတ္တိစာသင်တိုက်၊ ကိုးနဝင်းအေးစေတီ ဘုရား ရင်ပြင်တော်၌ ကျင်းပသည်။ အခမ်းအနားသို့ ဘူးသီးတောင်မြို့ရှိ သံဃနာယက အဖွဲ့ဆရာတော် များ၊ စည်းကမ်းထိန်းသိမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေး သံဃာတော်များအဖွဲ့၊ ရပ်မိရပ်ဖများ၊ ရခိုင်လူမှု ကယ်ဆယ်ရေးအဖွဲ့၊ ဘူးသီးတောင်မြို့ နာရေးကူညီမှု အသင်း၊ ရခိုင်လူငယ်ကွန်ယက်၊ ရခိုင်အမျိုးသမီးများ သာရေး/နာရေးအသင်းနှင့် ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီတို့မှ အဖွဲ့ဝင်များ စုစုပေါင်း (၃၀၀) ဦးခန့် တက်ရောက်ခဲ့သည်။

ဘူးသီးတောင်မြို့နယ်သံဃနာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တသောမက သီလပေး တ ရား ချီးမြှင့်ခြင်း၊ သာသနာ့ အလင်းရောင် ကျောင်းဆရာတော် ဘဒ္ဒန္တဝါရိန္ဒက သြဝါဒကထာ ချီးမြှင့်ခြင်း ၊ အေးစေတီကျောင်းတိုက် စာချဆရာတော် ဘဒ္ဒန္တနာဂဝံသက အမျှဝေစာတမ်းဖတ်ကြားပြီး အမျှပေးဝေခြင်း တို့ကို ဆောင်ရွက်ပြီး ဘူးသီးတောင်မြို့ လူမှုကွန်ယက်များ၏ သဘောထားကြေငြာချက် ကို ရခိုင်လူငယ်ကွန်ယက်အဖွဲ့မှ ကိုအောင်မင်းထွန်းက ဖတ်ကြားသည်။ ထို့နောက် ကိုးနဝင်းအေးစေတီ ဘုရားတွင် ဆီမီးတိုင်များ ထွန်းညှိပူဇော်ပြီး မေတ္တာပို့ ဆုတောင်းကြ ပါသည်။ ရခိုင်ပြည်နယ်အတွင်း ကျဆုံး သွားခဲ့သော ရခိုင့်အာဇာနည်များကို ဂုဏ်ပြုသည့်အနေဖြင့်လည်းကောင်း၊ ကျဆုံးသူတို့၏ မိသားစုများနှင့် ထပ်တူ ကြေကွဲ ဝမ်းနည်းကြောင်း ဖေါ်ပြလိုသည့်အတွက်လည်းကောင်း၊ ကျင်းပရခြင်းဖြစ်ပါသည်။

ဘင်္ဂလီအကြမ်းဖက်လှုပ်ရှားမှုများကြောင့်ကျဆုံးသွားခဲ့သောရခိုင်မျိုးချစ်သူရဲကောင်းများအတွက် မေတ္တာ ပို့ ဆုတောင်းပွဲအခမ်းအနားတွင်ထုတ်ပြန်သော ဘူးသီးတောင်မြို့ လူမှုကွန်ယက်အဖွဲ့များ၏ သဘော ထား ထုတ်ပြန်ကြေငြာချက်

ရက်စွဲ- ၂၀၁၂ခုနှစ်၊ အောက်တိုဘာလ(၃၁)ရက်

ရခိုင်ပြည်နယ်အတွင်း နယ်မြေလုအကြမ်းဖက်ကျူးကျော်သူ ဘင်္ဂလီတို့၏ ရက်စက်စွာ သတ်ဖြတ် တိုက် ခိုက် မှုကို ကာကွယ်ရင်း ကျဆုံးသွားခဲ့ကြသော မသီတာထွေးအပါအဝင် ရခိုင်မျိုးချစ်သူရဲကောင်းတို့၏ မိသားစုဝင်များနှင့် ထပ်တူ ထပ်မျှ ဝမ်းနည်းကြေကွဲရကြောင်း မေတ္တာပို့ ဆုတောင်းပွဲအခမ်းအနားတွင် ဘူးသီးတောင်မြို့ ရခိုင်လူမှု ကွန်ယက်အဖွဲ့များက အောက်ပါတောင်းဆိုချက်များကို တောင်းဆိုသည်။

၁။ ၂၀၁၂ခုနှစ်၊ ဇွန်လ ၈ ရက်နေ့မှ စတင်ကာ ရခိုင်တိုင်းရင်းသားတို့အား ဘင်္ဂလီအကြမ်းဖက် နယ်မြေလု ကျူးကျော်မှုသည် မြန်မာနိုင်ငံ၏ အချုပ်အချာ အာဏာကို ထိပါးသောကြောင့် မြန်မာနိုင်ငံတိုင်းရင်းသား အားလုံးတို့က ရခိုင်အရေးကို ပူးပေါင်းပါဝင် ဖြေရှင်းပေးရန်

၂။ ၂၀၁၂ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့တွင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Antonio Guterres နှင့် တွေ့ဆုံဆွေးနွေးစဉ် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ပြောကြားခဲ့သော ရခိုင်အရေးနှင့် ပတ်သက်သည့် အချက်များကို အမြန်ဆုံး အကောင်အထည်ဖေါ်ဆောင်ရွက်ရန်

၃။ ၁၉၈၂ ခုနှစ်၊ ပြည်သူ့လွှတ်တော်မှ ပြဌာန်းထားသော မြန်မာနိုင်ငံသား ဥပဒေ ပုဒ်မ (၄) အ တိုင်း နိုင် ငံတော်မှ တိကျစွာဆောင်ရွက်ပေးရန်

၎။ ရသေ့တောင်မြို့တွင် ကျင်းပသည့် ရခိုင်ဒေသလူထုအစည်းအဝေးကြီးမှ တောင်းဆိုချက်များကို အမြန် ဆုံး အကောင်အထည်ဖေါ် ဆောင်ရွက်ပေးရန်။

၅။ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းများသည် ရခိုင်ပြည်နယ် အတိတ်သမိုင်းနှင့် လတ် တလောဖြစ်စဉ်များကို သေသေချာချာ ဂဃနဏ လေ့လာသုံးသတ်ပြီးမှ သဘောထား ကြေငြာချက်များကို ထုတ်ပြန်ရန်။

ရခိုင်လူမှုကွန်ယက်အဖွဲ့များ ၊ ဘူးသီးတောင်မြို့

ဆက်သွယ်မေးမြန်းရန်-

ကိုအောင်မင်းထွန်း(၀၉ ၄၂၁ ၇၁၄ ၆၆၈)ရခိုင်လူငယ်ကွန်ယက်အဖွဲ့၊
ဦးထွန်းအောင်သိန်း(၀၉ ၄၂၁ ၇၁၄ ၇၁၃) RNDP၊
ဦးနာဂဝံသ(၀၉၄၉ ၆၇၉ ၀၅၇) စာချဆရာတော် အေးစေတီကျောင်းတိုက်၊

Rakhine Straight Views

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

ရခိုင် မျိုးချစ် သူရဲကောင်းများ အတွက် မေတ္တာပို့ ဆုတောင်းပွဲ အခမ်းအနား ဘူးသီးတောင်မြို့တွင် ကျင်းပ

Labels:

0 comments: