Pages

Tuesday, November 13, 2012

“““ သားတို့ မြန်မာ့ နိုင်ငံရေး အခြေအနေ ကို ဘယ်တော့ များမှ အကောင်းမြင် ရမလဲ အန်တီစု ”””

အန်တီ စု ရဲ့ လုပ်ရပ်တွေ ကို သာတို့ ရင်နာတယ် အန်တီ ..... အန်တီ ကျွန်တော် တို့ နိုင်ငံသား တွေကို ချစ်တယ်ဆို ...နိုင်ငံ ကိုချစ်တယ် ဆို .... ရောက်လာမယ့် ရင်နှီးမြုပ်နှံ မှုတွေကို လက်ကမ်း မကြို ပဲ ဘာ လို့ တားမြစ်နေရတာလဲ .... အန်တီ သမ္မတ ဖြစ်မှ မြန်မာ့ နိုင်ငံရေး က ကောင်းမယ် လို့ ပြောချင် နေတာ လား .... ခု ၂ နှစ်ကျော် ၃ နှစ်အတွင်းမှာ ၀င်လာမယ့် ရင်နှီးမြုပ်နှံမှုတွေ ၊ နိုင်ငံတကာ ဆက်ဆံရေးတွေ မှာ မကူညီ ချင်နေပါ ..... ဘာလို့ နှောက်ယှက် နေရတာလဲ .... အန်တီစု ကို ချစ်ကြလို့ မဲပေးခဲ့တဲ့ ပြည် သူတွေ ကို ဒီလို နည်းနဲ့ ကျေးဇူး ဆပ်နေတာလား အန်တီ .....

အန်တီ ရခိုင်ကိစ္စ မှာ ခေါင်းရှောင်ပြီး နိုင်ငံခြား သွားတယ် .... ကချင် ကိစ္စ ကိုယ်နဲ့ မဆိုင်သလို နေတယ် .... ခု ငလျင်လှုပ်တယ် အလှုငွေ သိန်းတရာ လှုပြီး အန္ဒိယ ကိုသွားတယ် .... အန်တီ နိုင်ငံ ခြားထွက် တိုင်း ကျွန်တော်တို့ တိုင်းပြည်အတွက် ဘာပြန် ယူ လာမလဲ လို့ မျှော်လင့်နေတဲ့ သူအားလုံး ရဲ့မျှော်လင့် ချက်တွေ ကို ဒီလိုနည်းတွေ နဲ့ ပဲ  အန်တီ ရိုက်ချိုးခဲ့တယ်နော် ...... အန်တီ လုပ်ရပ်တွေ ကို သားတို့ ရင် နာတယ် အန်တီ .....

မေးချင်ပါတယ် အန်တီ .... ဘယ်အချိန်မှာ သားတို့ နိုင်ငံ ကို ကျန်တဲ့ နိုင်ငံတွေက အကောင်း မြင် ရ မှာ လဲ ဗျာ ..... အန်တီ အနေနဲ့ ဘယ်အချိန် ကျမှ သားတို့ နိုင်ငံ ကို ကျန်တဲ့ နိုင်ငံတွေကအကောင်း မြ င်စေ ချင် တာပါလဲ .... ပွင့်ပွင့်လင်းလင်းသာ ပြောလိုက်ပါတော့ အန်တီ စု ရယ် .......

လင်း လက် လူ

=====================================================================

“““ မြန်မာ့နိုင်ငံရေး အကောင်းမြင်လွန်းတာ မဖြစ်သင့်ဟု ဒေါ်စုက အိန္ဒိယအစိုးရကို ပြော ”””

မြန်မာနိုင်ငံက ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ ပတ်သက်ပြီး အိန္ဒိယအစိုးရအနေနဲ့ အကောင်းမြင် လွန်း တာမျိုး မဖြစ်စေသင့်ဘူးလို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က သတိပေး ပြော ကြားလိုက်ပါတယ်။

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ကို ဒီကနေ့ ဆိုက်ရောက်သွားတဲ့ ဒေါ်အောင်ဆန်းစုကြည်က ခရီးမစခင်က အိန္ဒိ ယ နိုင်ငံထုတ် The Hindu သတင်း စာနဲ့ အင်တာဗျူး ပြောကြားရာမှာ မြန်မာနိုင်ငံက အခြေအနေကို ဘက်ပေါင်းစုံက အသေအချာ လေ့လာအကဲခတ်ဖို့ လိုအပ်ကြောင်း၊ အကောင်းမြင်တာ လွန်ကဲသွားရင် အမှားလုပ်နေတာတွေကို သတိမမူမိဘဲ ဖြစ်တတ်ကြောင်း အိန္ဒိယအစိုးရကို သတိပေးလိုက် တာ ဖြစ် ပါ တယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဝင်ဘာလ ၁၄ ရက်နေ့မှာ အိန္ဒိယနိုင်ငံရဲ့ လွတ်လပ်ရေး ခေါင်းဆောင် ပထ မ ဆုံး ဝန်ကြီးချုပ် Jawaharlal Nehru  အထိမ်း အမှတ် အခမ်းအနားမှာ ဂုဏ်ထူးဆောင် ဧည့်သည်တော် အဖြစ် မိန့်ခွန်းပြောကြားမှာဖြစ်ပါတယ်။အဲဒီနောက်ဒေါ်အောင်ဆန်းစုကြည်ဟာ ဝန်ကြီးချုပ် မန်မိုဟန်ဆင်း အပြင် တခြားနိုင်ငံရေးပါတီ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှာဖြစ်သလို သူငယ်စဉ်က နိုင်ငံရေး သိပ္ပံ ဘာသာရပ်နဲ့ ဘွဲ့ယူခဲ့တဲ့ The Lady Shri Ram College ကိုလည်း သွားရောက်လည်ပတ်မှာ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ ကုန်သွယ်ဖက် နိုင်ငံဖြစ်ပြီး လာမယ့် ၂၀၁၅ ခုနှစ်မှာ နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏဟာ အမေရိကန်ဒေါ်လာ သန်း ၃ ထောင်အထိရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ဒါ့အပြင် မြန် မာနိုင် ငံမှာ ရေနက်ဆိပ်ကမ်း တည်ဆောက်နေတာအပြင် ၂၀၁၆ ခုနှစ်မှာ အပြီးဆောက်လုပ်ဖို့ ပြင်ဆင်နေ တဲ့ မြန် မာနိုင်ငံကို ဖြတ်ပြီး ထိုင်းနိုင်ငံအထိ လမ်းမကြီး ဖေါက်လုပ်ရေးမှာလဲ အိန္ဒိယအစိုးရက အဓိက တာ ဝန်ယူမယ်လို့ ဆိုပါတယ်။

အဲဒီလို ဖွံ့ဖြိုးတိုးတက်ရေး ရင်းနှီးမြှပ်နှံမှုတွေဟာ လူ့အခွင့်အရေးနဲ ဒီမိုကရေစီအရေးကို ထည့်သွင်းစဉ်းစား တဲ့ တာဝန်ခံမှုရှိတဲ့ ရင်းနှီးမြှပ်နှံမှုတွေ ဖြစ်ဖို့လိုအပ်တယ်လို့ ပြီးခဲ့တဲ့ ဇွန်လအတွင်းက ဆွစ်ဇာလန်နိုင်ငံ ဂျီနီ ဗာမြို့နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် အိုင်အယ်လ်အို ညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည် က ပြောခဲ့ပါ တယ်။

Aye Chan Mon

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

“““ သားတို့ မြန်မာ့ နိုင်ငံရေး အခြေအနေ ကို ဘယ်တော့ များမှ အကောင်းမြင် ရမလဲ အန်တီစု ”””

Labels:

0 comments: