Pages

Friday, November 23, 2012

“““ ပြည်သူ သို့ အသိပေးခြင်း များ ”””

နေ့စဉ်ထုတ်သတင်းစာတွေမှာ ဖော်ပြပေးနေတဲ့ ၀န်ကြီးဌာနတွေက ပြန်လည်ဖြေရှင်းထားတဲ့ အကြောင်းအ ရာတွေပါ။ အင်မတန်မှကို စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ခေါင်းစဉ်တပ်ထားတာကိုက "ပြည်သူသို့ အသိေ ပးခြင်း" တဲ့။ ပြည်သူတွေကို သိစေချင်တဲ့အတွက် ၀န်ကြီးဌာနတွေက တလေးတစား အသိပေးတာကို အ သိ အမှတ်ပြုပါတယ်။ စာရင်းစစ်ချုပ်ရဲ့ အစီရင်ခံစာကို လွှတ်တော်ကို တင်ပြတဲ့အကြောင်းကို ကျွန်တော် တို့ ရဲ့ စတုတ္ထမဏ္ဍိုင်ကြီးတွေက သတင်းပြန်လည်ရေးသားကြရာမှာ အားလုံးဖတ်ခဲ့ရတဲ့အတိုင်း ၀န်ကြီးဌာ နတွေဟာ ဘယ်လိုအလွဲသုံးစားတွေလုပ်ခဲ့တယ်၊ ဘယ်ဌာနတွေ၊ ဘယ်ဌာနတွေမှာ ပမာဏ ဘယ်လောက် အထိ အလွဲသုံးစားမှု ပြုခဲ့တယ်ဆိုပြီး မျက်နှာဖုံးသတင်းတင်၊ စာလုံးကြီးတွေနဲ့ ပြူးနေအောင် တင်ပြခဲ့ကြ ပါတယ်။
 
ပြည်သူတွေကြားမှာလည်း အဲဒီသတင်းဟာ တကယ့်ကို စိတ်ဝင်စားစရာ ထိပ်တန်းသတင်း ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အခုလို ၀န်ကြီးဌာနတွေက ပြန်ဖြေရှင်းတာကိုတော့ ဘယ်ဂျာနယ်ကမှ အရေးတ ယူ ပြန်ဖော်ပြ တာ၊ အရေးတယူနဲ့ ပြန်ရှင်းပြတာ မတွေ့ရပါဘူး။ ဂျာနယ်တွေထဲမှာ ၀န်ကြီးတွေ၊ ဒုဝန်ကြီးတွေကပဲ အလွဲ သုံးစားမှုတွေမှာ ပါဝင်ပတ်သက်နေသလိုလို၊ အဲဒီအလွဲသုံးစားမှုတွေကြောင့် ပဲ နိုင်ငံတော် ကြီးက ရှေ့ ဆက် မတက်နိုင်တာလိုလို ရေးကြဖော်ပြကြပါတယ်။ ၀န်ကြီးဌာနတွေရဲ့ ပြန်လည်ဖြေရှင်းမှုတွေကို ဘယ် ဂျာနယ်ကများ တရေးတယူနဲ့ စာဖတ်သူတွေ နားလည်အောင်၊ အမြင်ရှင်းအောင် ပြန်ထည့်ပေး မလဲဆိုတာ ကို ကျွန်တော်ကိုဉာဏ် စောင့်ကြည့်လျက် ရှိကြောင်းပါခင်ဗျား။
 
http://myanmarthway.blogspot.com/2012/11/blog-post_23.html
 
No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: