Pages

Tuesday, November 20, 2012

“““ တရားမ၀င် ရွှေ့ ပြောင်းလုပ်သားများ အား ဖမ်းဆီးပြန်ပို့ မည်ဟု ထိုင်း ကြေညာ ”””

ထိုင်းအစိုးရက လာမယ့် ဒီဇင်ဘာ ၁၄ ရက်နေ့မတိုင်ခင် နိုင်ငံသားစိစစ်မှု မလုပ်တဲ့    ရွှေ့ပြောင်း အလုပ် သမားတွေကို နေရပ်ရင်း နိုင်ငံတွေဆီ ပြန်လည် ပို့ဆောင်မယ်လို့ ထိုင်းအလုပ်သမားရေးရာဌာန အကြီး တန်း အရာရှိတဦးက ပြောပါတယ်။ ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမား (၁ သိန်း ၈ သောင်း ၄ ထောင်) က နိုင်ငံသားစိစစ်ရေး မလုပ်ကြတဲ့အကြောင်းနဲ့ အဲဒီထဲမှာ မြန်မာနိုင်ငံက ၄ သောင်းခွဲ။ ကမ္ဘောဒီး ယား နိုင်ငံက  ၄ သောင်း နဲ့ လာအိုနိုင်ငံက ၉ သောင်း ၉ ထောင် ပါတယ်လို့ ထိုင်း အလုပ် သမားဌာန ညွှန် ကြားရေးမှူးချုပ်  Pravit Khiengpol ပြောကြားချက်ကိုထိုင်းသတင်းမှာ ရေးပါတယ်။

လာအိုအစိုးရကတော့ သူတို့ထံက တာဝန်ရှိသူတွေကို စေလွှတ်ပြီး နိုင်ငံသားစိစစ်ရေး လုပ်ကိုင်   ဆောင် ရွက် ရာမှာ ကူညီမယ်လို့ အကြောင်းကြား ခဲ့တဲ့အကြောင်း၊ ဒါပေမယ့်လည်း အချိန် နီးကပ်နေသလို ဒီ လုပ်ငန်းစဉ်မှာ နိုင်ငံခြားရေးဝန်ကြီးဌာနကပါ ပါဝင် ဆောင်ရွက် ရတာ ဖြစ်လို့ အချိန်လင့်ပြီး ရက်လွန်မှာ စိုးရိမ်တယ်လို့ ဆိုပါတယ်။

နိုင်ငံသားစိစစ်ရေးလုပ်ဆောင်ဖို့ နောက်ဆုံးသတ်မှတ်ရက် ဒီဇင်ဘာ ၁၄ ရက်နေ့ပြီးရင် အလုပ်သမားဌာ န က ထိုင်းနိုင်ငံတွင်း တရားမ၀င် နေထိုင်နေတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေကို    ကြေညာဖို့ရှိတယ်လို့ ဆို ပါတယ်။ အဲဒီအခါ တရားမ၀င် နေထိုင်သူတွေဟာ ထိုင်းနိုင်ငံကနေ နယ်စပ်ဂိတ်ပေါက်တွေကနေ ကိုယ့်ဇာ တိမြေကို ပြန်ကြရမယ်။ ဒါမှမဟုတ်ရင် လူဝင်မှု ကြီးကြပ်ရေး ရုံးတွေကို ဆက်သွယ်ပြီး ပြန်လည် ပို့ဆောင်ေ ပးဖို့ အကြောင်းကြားရမယ်လို့ ဆိုပါတယ်။ နိုင်ငံတွင်းကနေ ထွက်ခွာဖို့ ပျက်ကွက်သူတွေကို ဖမ်းဆီးပြီး တ ရား စွဲဆိုမယ်လို့ အလုပ်သမားရေးရာဌာနညွှန်ချုပ်က    ပြောပါတယ်။ ထိုင်းအစိုးရက လာအို၊ မြန်မာနဲ့ ကမ္ဘောဒီးယားနိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေကို ဒီဇင်ဘာ ၁၄ ရက်နေ့ မတိုင်ခင် နိုင်ငံသားစိစစ်ကြဖို့ အစောပိုင်းကာလက သက်တမ်းတိုးပေးခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ သန်းနဲ့ချီတဲ့ လာအို၊ မြန်မာနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေက ရွှေ့ပြောင်းလုပ်သားတွေဟာ စိုက် ပျိုးရေး၊ ဆောက်လုပ်ရေးနဲ့ ရေလုပ်ငန်း စတာတွေမှာ လုပ်ကိုင်နေကြပါတယ်။

DVB

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

“““ တရားမ၀င် ရွှေ့ ပြောင်းလုပ်သားများ အား ဖမ်းဆီးပြန်ပို့ မည်ဟု ထိုင်း ကြေညာ ”””

Labels:

ထိုင်းအစိုးရက လာမယ့် ဒီဇင်ဘာ ၁၄ ရက်နေ့မတိုင်ခင် နိုင်ငံသားစိစစ်မှု မလုပ်တဲ့    ရွှေ့ပြောင်း အလုပ် သမားတွေကို နေရပ်ရင်း နိုင်ငံတွေဆီ ပြန်လည် ပို့ဆောင်မယ်လို့ ထိုင်းအလုပ်သမားရေးရာဌာန အကြီး တန်း အရာရှိတဦးက ပြောပါတယ်။ ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမား (၁ သိန်း ၈ သောင်း ၄ ထောင်) က နိုင်ငံသားစိစစ်ရေး မလုပ်ကြတဲ့အကြောင်းနဲ့ အဲဒီထဲမှာ မြန်မာနိုင်ငံက ၄ သောင်းခွဲ။ ကမ္ဘောဒီး ယား နိုင်ငံက  ၄ သောင်း နဲ့ လာအိုနိုင်ငံက ၉ သောင်း ၉ ထောင် ပါတယ်လို့ ထိုင်း အလုပ် သမားဌာန ညွှန် ကြားရေးမှူးချုပ်  Pravit Khiengpol ပြောကြားချက်ကိုထိုင်းသတင်းမှာ ရေးပါတယ်။

လာအိုအစိုးရကတော့ သူတို့ထံက တာဝန်ရှိသူတွေကို စေလွှတ်ပြီး နိုင်ငံသားစိစစ်ရေး လုပ်ကိုင်   ဆောင် ရွက် ရာမှာ ကူညီမယ်လို့ အကြောင်းကြား ခဲ့တဲ့အကြောင်း၊ ဒါပေမယ့်လည်း အချိန် နီးကပ်နေသလို ဒီ လုပ်ငန်းစဉ်မှာ နိုင်ငံခြားရေးဝန်ကြီးဌာနကပါ ပါဝင် ဆောင်ရွက် ရတာ ဖြစ်လို့ အချိန်လင့်ပြီး ရက်လွန်မှာ စိုးရိမ်တယ်လို့ ဆိုပါတယ်။

နိုင်ငံသားစိစစ်ရေးလုပ်ဆောင်ဖို့ နောက်ဆုံးသတ်မှတ်ရက် ဒီဇင်ဘာ ၁၄ ရက်နေ့ပြီးရင် အလုပ်သမားဌာ န က ထိုင်းနိုင်ငံတွင်း တရားမ၀င် နေထိုင်နေတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေကို    ကြေညာဖို့ရှိတယ်လို့ ဆို ပါတယ်။ အဲဒီအခါ တရားမ၀င် နေထိုင်သူတွေဟာ ထိုင်းနိုင်ငံကနေ နယ်စပ်ဂိတ်ပေါက်တွေကနေ ကိုယ့်ဇာ တိမြေကို ပြန်ကြရမယ်။ ဒါမှမဟုတ်ရင် လူဝင်မှု ကြီးကြပ်ရေး ရုံးတွေကို ဆက်သွယ်ပြီး ပြန်လည် ပို့ဆောင်ေ ပးဖို့ အကြောင်းကြားရမယ်လို့ ဆိုပါတယ်။ နိုင်ငံတွင်းကနေ ထွက်ခွာဖို့ ပျက်ကွက်သူတွေကို ဖမ်းဆီးပြီး တ ရား စွဲဆိုမယ်လို့ အလုပ်သမားရေးရာဌာနညွှန်ချုပ်က    ပြောပါတယ်။ ထိုင်းအစိုးရက လာအို၊ မြန်မာနဲ့ ကမ္ဘောဒီးယားနိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေကို ဒီဇင်ဘာ ၁၄ ရက်နေ့ မတိုင်ခင် နိုင်ငံသားစိစစ်ကြဖို့ အစောပိုင်းကာလက သက်တမ်းတိုးပေးခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ သန်းနဲ့ချီတဲ့ လာအို၊ မြန်မာနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေက ရွှေ့ပြောင်းလုပ်သားတွေဟာ စိုက် ပျိုးရေး၊ ဆောက်လုပ်ရေးနဲ့ ရေလုပ်ငန်း စတာတွေမှာ လုပ်ကိုင်နေကြပါတယ်။

DVB

0 comments: