Pages

Sunday, November 25, 2012

“““ အစိုးရ ကို ဆန့်ကျင်လို့ အရေးယူ ခံရမှ နိုင်ငံရေး မဟုတ်ကြောင်း ”””

ယနေ့ မြန်မာနိုင်ငံမှာ ပွင့်လင်းမြင်သာမှု ရှိလာပြီး နိုင်ငံရေး ကို လွတ်လပ်စွာ ဆွေးနွေးလို့ အခွင့်အလမ်း ရ လာချိန်တွင် အများဆုံး သုံးကြသော စကားများမှာ

“ မင်းတို့က နိုင်ငံတော် အတွက် ဘယ်လောက်ပေးဆပ်ခဲ့လို့လည်း ၊ ဘာတွေ လုပ်ပေးခဲ့လို့လဲ”

ဆိုတဲ့ စကားပါပဲ။ အစိုးရကို ဆန့်ကျင်လို့ အရေးယူခံရတာကို သူသာလျှင် ပေးဆပ်ရသူ လို့ ပြောနေ သူေ တွ ၊ လှုနိုင်တန်းနိုင်တာကိုမှ စွန့်လွှတ် အနစ်နာခံသူ လို့ သတ်မှတ်သူတွေက ကိုယ့်ကိုကိုယ် ပုံဖော်ေ န ကြတာပါ။ ဒီနည်းနဲ့ မဟုတ်ပဲ နိုင်ငံအကျိုးပြု သာမန်ရဲဝန်ထမ်းလေး တစ်ယောက် နိုင်ငံခြားသင်္ဘောဆိပ် ကမ်း မှာ မူးယစ်ဆေးဝါး အမြောက်အများ ဖမ်းဆီးပေးတာ တစ်ဖက် သိန်းပေါင်းများစွာ လာဘ်ထိုးတာကို လက်မခံပဲ တာဝန်အရ ဖမ်းဆီးတာကရော နိုင်ငံတော် အတွက်မဟုတ်ပါဘူးလို့ ငြင်းလို့ မရပါဘူး။

ထို့အတူ ပလစ်စတစ် ဆိုးကျိုးများကြောင့် ကျွတ်ကျွတ်အိတ် မသုံးဖို့ နှိုးဆော်ချက်ကို လိုက်နာ ဆောင် ရွက်သော ဈေးသည်၊ အိမ်ရှင်မ တစ်ယောက် ကလည်း နိုင်ငံတော်ကို ချစ်လို့ လေးစား လိုက်နာတာ မ ဟုတ်ဘူးလား။ ကျောင်းသူ ကျောင်းသား ကလေးသူငယ် တစ်ယောက် ကျောင်းခန်းထဲမှာ စာကောင်းကော င်း သင်ပြီး ကျောင်းစည်းကမ်းကို လေးစားလိုက်နာတာဟာလည်း နောင်တစ်ချိန် ပညာသင်ကြားတတ်မြော က် လာရင် တိုင်းပြည်တာဝန် သို့မဟုတ် အိမ်ထောင်စု တာဝန် ကောင်းစွာ ထမ်းဆောင်တာ ဟာလည်း နိုင် ငံတော်ကို ၀န်ထုတ ၀န်ပိုး မဖြစ်စေတာ နိုင်ငံတော် အတွက်ပဲ မဟုတ်လား။ အစိုးရ ၀န်ထမ်းချင်း အတူတူ အသက်ကို ပဓာန မထားပဲ နိုင်ငံတော်အတွက် သွေး ချွေး တွေ ပေးဆပ်ရတာလည်း မိမိကိုယ်ကျိုး တစ်ခု ထဲ ကြည့်သူလို့ ပြောလို့ မရပါဘူး။

ယခု ပုံထဲမှာ ပါတဲ့ နိုင်ဂျီးရီးယား ကျောင်းသူလေး ၄ ယောက်ဟာ အသက် ၁၅ နှစ်အောက်ပဲ ရှိသေးပေမဲ့ ကျင်ငယ်ရေ တစ်လီတာနဲ့ မီးစက် ၄ နာရီကြာ မောင်းနှင်နိုင် ကြောင်း တီထွင်ဖန်တီး ထုတ်လုပ်ပြ သွား ပါတယ်။ ထုတ်လုပ်မှု ကုန်ကျ စားရိတ်က ၆၄ ဒေါ်လာသာ ကုန်ပါတယ်။ နိုင်ဂျီးရီးယား နိုင်ငံမှာ လူဦးရေ သန်း ၁၆၀ အနက် သန်း ၈၀ ကျော်ဟာ လျှပ်စစ်မီး မရရှိကြပါဘူး။ အခုဆို ကျောင်းသူ ဆယ်ကျော် သက် လေးတွေရဲ့ အောင်မြင်မှုကို တစ်နိုင်ငံ လုံးက လေးစား ချီးကျူး နေကြပါပြီ။ သူတို့ လည်း နိုင်ငံတော် အတွက်သာမက ကမ္ဘာ အတွက်ပါ ပေးဆပ် တာပါပဲ။

ကဲ ကျွန်တော်တို့ လေးစားဂုဏ်ယူလိုက်ကြစို့...

Say Nyon Thu

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

“““ အစိုးရ ကို ဆန့်ကျင်လို့ အရေးယူ ခံရမှ နိုင်ငံရေး မဟုတ်ကြောင်း ”””

Labels:

ယနေ့ မြန်မာနိုင်ငံမှာ ပွင့်လင်းမြင်သာမှု ရှိလာပြီး နိုင်ငံရေး ကို လွတ်လပ်စွာ ဆွေးနွေးလို့ အခွင့်အလမ်း ရ လာချိန်တွင် အများဆုံး သုံးကြသော စကားများမှာ

“ မင်းတို့က နိုင်ငံတော် အတွက် ဘယ်လောက်ပေးဆပ်ခဲ့လို့လည်း ၊ ဘာတွေ လုပ်ပေးခဲ့လို့လဲ”

ဆိုတဲ့ စကားပါပဲ။ အစိုးရကို ဆန့်ကျင်လို့ အရေးယူခံရတာကို သူသာလျှင် ပေးဆပ်ရသူ လို့ ပြောနေ သူေ တွ ၊ လှုနိုင်တန်းနိုင်တာကိုမှ စွန့်လွှတ် အနစ်နာခံသူ လို့ သတ်မှတ်သူတွေက ကိုယ့်ကိုကိုယ် ပုံဖော်ေ န ကြတာပါ။ ဒီနည်းနဲ့ မဟုတ်ပဲ နိုင်ငံအကျိုးပြု သာမန်ရဲဝန်ထမ်းလေး တစ်ယောက် နိုင်ငံခြားသင်္ဘောဆိပ် ကမ်း မှာ မူးယစ်ဆေးဝါး အမြောက်အများ ဖမ်းဆီးပေးတာ တစ်ဖက် သိန်းပေါင်းများစွာ လာဘ်ထိုးတာကို လက်မခံပဲ တာဝန်အရ ဖမ်းဆီးတာကရော နိုင်ငံတော် အတွက်မဟုတ်ပါဘူးလို့ ငြင်းလို့ မရပါဘူး။

ထို့အတူ ပလစ်စတစ် ဆိုးကျိုးများကြောင့် ကျွတ်ကျွတ်အိတ် မသုံးဖို့ နှိုးဆော်ချက်ကို လိုက်နာ ဆောင် ရွက်သော ဈေးသည်၊ အိမ်ရှင်မ တစ်ယောက် ကလည်း နိုင်ငံတော်ကို ချစ်လို့ လေးစား လိုက်နာတာ မ ဟုတ်ဘူးလား။ ကျောင်းသူ ကျောင်းသား ကလေးသူငယ် တစ်ယောက် ကျောင်းခန်းထဲမှာ စာကောင်းကော င်း သင်ပြီး ကျောင်းစည်းကမ်းကို လေးစားလိုက်နာတာဟာလည်း နောင်တစ်ချိန် ပညာသင်ကြားတတ်မြော က် လာရင် တိုင်းပြည်တာဝန် သို့မဟုတ် အိမ်ထောင်စု တာဝန် ကောင်းစွာ ထမ်းဆောင်တာ ဟာလည်း နိုင် ငံတော်ကို ၀န်ထုတ ၀န်ပိုး မဖြစ်စေတာ နိုင်ငံတော် အတွက်ပဲ မဟုတ်လား။ အစိုးရ ၀န်ထမ်းချင်း အတူတူ အသက်ကို ပဓာန မထားပဲ နိုင်ငံတော်အတွက် သွေး ချွေး တွေ ပေးဆပ်ရတာလည်း မိမိကိုယ်ကျိုး တစ်ခု ထဲ ကြည့်သူလို့ ပြောလို့ မရပါဘူး။

ယခု ပုံထဲမှာ ပါတဲ့ နိုင်ဂျီးရီးယား ကျောင်းသူလေး ၄ ယောက်ဟာ အသက် ၁၅ နှစ်အောက်ပဲ ရှိသေးပေမဲ့ ကျင်ငယ်ရေ တစ်လီတာနဲ့ မီးစက် ၄ နာရီကြာ မောင်းနှင်နိုင် ကြောင်း တီထွင်ဖန်တီး ထုတ်လုပ်ပြ သွား ပါတယ်။ ထုတ်လုပ်မှု ကုန်ကျ စားရိတ်က ၆၄ ဒေါ်လာသာ ကုန်ပါတယ်။ နိုင်ဂျီးရီးယား နိုင်ငံမှာ လူဦးရေ သန်း ၁၆၀ အနက် သန်း ၈၀ ကျော်ဟာ လျှပ်စစ်မီး မရရှိကြပါဘူး။ အခုဆို ကျောင်းသူ ဆယ်ကျော် သက် လေးတွေရဲ့ အောင်မြင်မှုကို တစ်နိုင်ငံ လုံးက လေးစား ချီးကျူး နေကြပါပြီ။ သူတို့ လည်း နိုင်ငံတော် အတွက်သာမက ကမ္ဘာ အတွက်ပါ ပေးဆပ် တာပါပဲ။

ကဲ ကျွန်တော်တို့ လေးစားဂုဏ်ယူလိုက်ကြစို့...

Say Nyon Thu
0 comments: