Pages

Friday, November 23, 2012

“““ စစ်ရေး ဆိုင်ရာ အမြင်များ ပြောင်းလဲသင့်ပြီလား ”””

 ဒီဆိုက်လေးမှာ ကျွှန်တော်စိတ်ဝင်စားတဲ့ စစ်လက်နက်များအကြောင်းကို သူငယ်ချင်းများ၊ အပေါင်းသင်း များဆီကနေ မှတ်သား၊လေ့လာပြီး အမြဲပြန်လှည်ဝေမျှပေးလျက်ရှိပါတယ်......။ တပ်မတော်ရဲ့ အားသာ ချက် ၊အားနည်းချက်များနှင့် ဖြည့်စွက်ရမည့် အချက်အတော် များများကိုလည်း မှတ်သားရပါတယ်....။ 

ကျွှန်တော်တို့ မြန်မာပြည်သူတွေအနေနှင့် ခေတ်ကာလအပိုင်းအခြား၊အပြောင်းအလဲဖြစ်လာပြီမို့လို့ နိုင်ငံတ
ကာနှင့်အညီ အမြင်တွေပြောင်းလဲလာကြပြီဖြစ်ပါတယ်....။ ထို့အတူဘဲ စီးပွားရေ၊လူမှုရေး စသည်များနှင့် အတူ နိုင်ငံတော်၏ အရေးကြီးဆုံးဖြစ်သော နိုင်ငံတော်ကာကွယ်ရေးတာဝန်ယူထားကြသည့် ကာကွယ်ရေး ဆိုင်ရာ (တပ်မတော်ဆိုင်ရာ) အမြင်များကိုလည်း စပြီးအမြင်ပြောင်းလဲသင့်ပြီလို့ မျှော်လင့်ပါတယ်.....။ ကျွှန်တော်တို့နိုင်ငံရဲ့ တည်နေရာ၊အကျယ်အဝန်းအလိုက် တပ်မတော်ဆိုတာ အင်အားတောင့်တင်းဖို့ အထူး လိုအပ်လှပါတယ်....။ ရေတပ်အင်းအားမမျှခဲ့လို့ ကျွှန်တော်တို့ ခံခဲ့ရတာတွေရှိသလို၊ လေတပ်အားမသာလို့ နားရွက်ကို တံတွေးဆွတ်ခံခဲ့ရတာတွေရှိပါတယ်....။ အဲဒီတော့ နောက်ပိုင်းမှာ နိုင်ငံတော်ရဲ့ စီးပွားရေး လုပ်ငန်းများ တိုးတက်လာတာနှင့်အမျှ ကာကွယ်ပေးနိုင်မဲ့ အင်အားတပ်ရပ်ဟာ လက်ရှိအချိန်ထက်ပင် ပိုမိုလိုအပ်လာမှာဖြစ်ပါတယ်...။

ဘာကြောင့်ဒါတွေပြောနေလည်းဆိုရင် အပြင်လောကက သတင်းတွေကို လေ့ လာကြည့်ကြရအောင် ပါခင် ဗျာ....။
 
ကျွှန်တော်တို့နှင့် ရေပိုင်နက်အငြင်းပွှားမှုဖြစ်ပြီးကတည်းက ရေတပ်ကို အလျင်အမြန်တိုးချဲ့နေတဲ့ ဘင်္ဂ လားနိုင်ငံ ကိုကြည့်ပါ....။ နိုင်ငံပင်ဆင်းရဲလှသော်လည်း ကာကွယ်ရေးပိုင်းဆိုင်ရာ အဆင့်မြှင့်တင် မှုပြု လုပ်နေ သည်ကို တွေ့ရပါမည်....။
 
(ဘင်္ဂလားဒေ့ခ်ျနိုင်ငံတပ်မတော်သည် Mig 29 များ F-7 MB,BG(ဘင်္ဂလားဒေ့ခ်ျသီးသန့် အမျိုးအစား) များပါဝင်သော လေတပ်ကို YAK-130 ၁၂စင်း၊ Su-27 တိုက်လေယာဉ်တို့ဖြင့် အင်အားဖြည့်တင်းနိုင်ရန် အလောတလျင် စီစဉ်နေပြီး။ တောင်ကိုရီးယားနိုင်ငံလုပ် ဖရီးဂိတ်စစ်သင်္ဘော တရုတ်နိုင်ငံလုပ် type 053H1 အပါအဝင် ဖရီးဂိတ် ၃စီး၊ ၆၄မီတာ ကော်ဗတ်စစ်ရေယာဉ်(တရုတ်) အသစ်များ၊ AW-109 ရဟတ် ယာဉ်များ၊ Dornier 228 NG ကင်းထောက် လေယာဉ်ပျံများ ပါဝင်သည့် ရေတပ်အတွက် တရုတ်နိုင်ငံမှ Azmat class ၆၄မီတာ ဒုံးပျံတင် ကော်ဗတ်စစ်ယာဉ်များ အပြင် ရေငုပ်သင်္ဘော ဝယ်ယူရေး အစီစဉ်ဖြင့်ပါ အင်အားဖြည့်တင်းရန် စီစဉ်ပြင်ဆင်လျက် ရှိပါသည်။) မောင်ဟန်
 
အပေါ်က စာပိုဒ်လေးဟာ ၅-၆ကြောင်းသာ ရှိပင်မဲ့ ဒါတွေဟာ ကြည်း၊ရေ၊လေ အင်းအားတိုးချဲ့မှု့ ကြီး တစ် ခုဖြစ်ပါတယ်.....။

ကြည်းတပ်မှာတော့ တရုပ်ထုတ် mbt-2000 တင့်တွေကို ဝယ်ယူထားပြီး ပထမအသုတ် ကတော့ ရောက် ရှိသွားပြီဖြစ်ပါတယ်....။ အမြောက်တပ်အတွက်လည်း တရုပ်ဆီမှ ၁၃၀မမများ၊၁၂၂မမများ ဝယ်ယူ ထားသ လို ပုံစံ-၈၁ ကဲ့သို့သော ၁၂၂မမ အတွဲလိုက်ပစ် ဒုံးပစ်လောင်ချာများလည်း ပိုင်ဆိုင်ထားကြပြီဖြစ် ပါတယ်.. ..။ အထူးတပ်ဖွဲ့များကိုလည်း အပြင်းအထန်လေ့ကျင့်နေစေပြီး တိုက်ပွဲဝင်အသင့် အမြဲပြင်ဆင် ထား ကြပြီဖြစ် သည်....။

တရုပ်စစ်တပ်သုံး ပုံစံ-၈၁ ၁၂၂မမ အတွဲလိုက်ပစ် ဒုံးပစ်ယာဉ်တစ်စင်း
ရေတပ်ကို အဓိကတိုးချဲ့နေတာကို တွေ့ရမှာဖြစ်ပါတယ်... ဖရီးဂိတ် (၅)စင်းပိုင်ဆိုင်တဲ့ သူတို့ရေ တပ်အေ နနှ င့် ဖရီးဂိတ် (၃)စင်းသာ ပိုင်ဆိုင်သေးတဲ့ မြန်မာ့ရေတပ်ကို ယှဉ်နိုင်ဖို့ ဖရီးဂိတ် (၄)စင်း ထပ်ဝယ်မယ် ဆိုတဲ့အရေးဟာ သူတို့ဘက်က ဘယ်လောက်ပြင်ဆင်ထားပြီလည်းဆိုတာ ခန့်မှန်းမိကြမှာဖြစ်ပါတယ်....။ သူတို့ပြည်တွင်းထုတ် ရေယာဉ်အပြင် တရုပ်ဆီကနေလည်း အသစ်ထပ်ဝယ်ဦးမှာဖြစ်ပါတယ်.....။ လက် ရှိအသုံးပြုနေတဲ့ အမြန်တိုက်ခိုက်ရေးယာဉ်များကိုလည်း ဒုံးစနစ်အသစ်များ ပြောင်း လဲတပ်ဆင်နေ ကြပါ ပြီ....။

လေတပ်အနေနှင့်ကလည်း သူတို့တိုးချဲ့ဖို့ကြိုးစားနေကြပါပြီ... လက်ရှိမှာ မစ်-၂၉ ၉စင်း (သို့)၁၁ ပိုင်ဆိုင် ထားကြပင်မဲ့ ရုရှားရဲ့ su-27 တွေကို ဝယ်ယူဖို့ကြိုးစားမှုဟာ တပ်မတော် (လေ) (သို့) လေကြောင်း ရန်ကာ ကွယ်ရေးတပ်ဖွဲ့များအနေနှင့် သတိထားရမဲ့အချက်တစ်ချက်ဖြစ်လာပါပြီ... ထို့အပြင် ဘက်စုံသုံးအပေါ့စား တိုက်ခိုက်ရေးလေယာဉ် yak-130 လေယာဉ်များဟာလည်း ရုရှားရဲ့ ခေတ်မှီတိုက်လေ ယာဉ်တစ် မျိုးဖြစ်နေ တဲ့အတွက်ကြောင့် တပ်မတော်အနေနှင့် ပေါ့ပေါ့တွေးလို့မရပါဘူး...။
ဘင်္ဂလားလေတပ်မှ ဝယ်ယူမည့် Yak-130 (ပုံစံတူ)
 ရန်သူ့လေတပ်မှ စိတ်ဝင်စားနေသည့် ရုရှား၏ နာမည်ကျော် SU-27 တိုက်လေယာဉ်တစ်စီး (ပုံစံတူ)
 
 ဒီပိုစ့်မှာတော့ ဘင်္ဂလားတပ်ဖွဲ့များရဲ့ စစ်အင်အားတိုးချဲ့မှုကို မြန်မာနိုင်ငံသားများ လေ့လာမိစေရန်နှင့် မိမိရန်သူ့နိုင်ငံများမှ မိမိတို့နိုင်ငံအတွက် မည်သို့ပြင်ဆင်ထားကြသည်ကို လေ့လာမိစေလိုသော ရည်ရွှယ်ချက်ဖြစ်ပါသည်....။ (စစ်ရေးအမြင်ဖြင့်သာ ဖတ်ရှုကြပါရန်...။)
 
http://mmmilitary.blogspot.com/2012/11/blog-post_22.html
 
No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: