အိုဘားမား ရန်ကုန်တက္ကသိုလ်ထဲမှာ မိန့်ခွန်းပြောသွားလိုက်တာ
ကြိုတင်ထုတ်ပြန်ထားတဲ့ မိန့်ခွန်းပြော ကြား ချက်တွေနဲ့ တစ်လုံးမှမလွဲပဲနဲ့
ဒက်ခနဲ ဒက်ခနဲ ပြောသွားလိုက်တာ အံသြစရာပါပဲ ။ဘာကြောင့်များ ပါ လိမ့်
။ဒို့နိုင်ငံကလူကြီးမင်းများကရော ဘာလို့ မိန့်ခွန်းတွေပြောတိုင်း
စာရွှက်ကြီးတွေငုံဖတ်နေရတာပါလိမ့် ။ဒါကဒီလိုရှိပါတယ်တဲ့ ။ ရန်ကုန်တက္ကသိုလ်
ခန်းမကြီးထဲက အိုဘားမား စကားပြောစင်ရဲ့ ရှေ့မှာ ဖန် plate ပြားလေးနှစ်ခု
ထောင်ထားတာ တွေ့မိကြမယ်ထင်ပါတယ် ။
မသိရင်ပဲေ၇ဒါလိုလို ကျည်ကာလိုလိုနဲ့ပေါ့ဗျာ ။တကယ်တော့
အဲဒီဖန်ပြားလေးတွေကို Teleprompter လို့ အမည်တွင်ပါတယ်
။သူ့ရဲ့အလုပ်လုပ်ပုံကတော့ တဖက်က ကွန်ပျူတာကနေ အဲဒီ Teleprompter ဆီကို
စာတွေပို့ရပါတယ် ။ အလုပ်တွေမှာ ပရောဂျက်တစ်ခုကို ပရိုဂျက်တာနဲ့
ထိုးပြတဲ့သဘောပါပဲ ။
အခုလို ပြောရမယ့် မိန့်ခွန်းတွေကို Teleprompter plate လေးထောင်ထားတော့
ပြောကြားမဲ့သူဟာ လူထု ကို တည့်တည့်ကြည့် ဝေ့ကြည့်ပြီး ပြောလို့ရတယ် ။ဟန်လည်း
မပျက်တော့ဘူးပေါ့ခင်ဗျာ ။များသော အားဖြင့် သ တင်းကြေငြာသူတွေ
အသုံးများတယ်ပေါ့ ။ ကင်မရာတွေမှာ အဲဒီပလိတ်ပြားလေး တွဲဆင် ထားသော
သ တင်းကြေငြာသူဟာ ပလိတ်ပြားလေးကို ကြည့်ပြောနေတော့
သူဟာ ကင်မရာကိုပါ ကြည့်ပြိး သား ဖြစ်နေတဲ့အတွက် ရုပ်မြင်သံကြားစက်မှာတော့
ပရိသတ်ကို တည့်တည့်ကြည့်ပြီး ပြောနေ သ လိုဖြစ်သွားရတာပေါ့ ။
အခု အိုဘားမားက Teleprompter သုံးပြီးပြောသွားတော့ လူထုကိုပါ ကြည့်ပြီး
ပြောသလိုဖြစ်တဲ့အတွက် လူထုရဲ့ အင်ပရက်ရှင်ပါရတာပေါ့ ။
ခေါင်းဆောင်တစ်ယောက်ရဲ့ ဟန်လည်း မပျက်ဘူးပေါ့ဗျာ ။ဒို့နိုင်ငံက
လူကြီးတွေလည်း သုံးသင့်တယ်လို့ အကြံပြုချင်ပါရဲ့ ။
မောင်ကျောက်ခဲ
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။